စွန့်ပစ်ခံ နှလုံးသား
ongoing

စွန့်ပစ်ခံ နှလုံးသား

viewers
0
Chapters
1
Buy 10 Chapters
Download Offline

ဆုန်ကျူယောင်သည် သေဆုံးသွားပြီး ကမ္ဘာအတုထဲကနေ ပြန်လည်နိုးထလာချိန်မှာတော့... သူမ​၏ဘဝတစ်ခုလုံးဟာ တစ်ပါးသူများ နောက်ကွယ်ကနေ ကြိုးကိုင်ထိန်းချုပ်ထားသည့် လက်တွေ့ဘဝရုပ်သံအစီအစဉ်တစ်ခုသာ ဖြစ်ခဲ့မှန်း သိလိုက်ရတော့သည်။ ကြည့်ရှုသူ ပရိသတ်ပေါင်း ဘီလီယံခန့်က ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေပြီး သူမ​၏ဘဝကို လက်ညှိုးထိုး လှောင်ပြောင် သရော်ခဲ့ကြသလို၊ ဒါရိုက်တာအဖွဲ့ကလည်း သူမကို နွံထဲကမတက်နိုင်အောင် နည်းမျိုးစုံနှင့် အခက်အခဲ အကျပ်အတည်းများ ဖန်တီးကာ ထိုးနှက်ခဲ့ကြသည်။

 

သို့သော်... ယခုတစ်ကြိမ်မှာတော့ ဆုန်ကျူယောင်ဟာ တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခဲ့သည်။ ဤတစ်ကြိမ်မှာတော့ သူမ​၏ မှတ်ဉာဏ်များကို မည်သူမှ ပိတ်ပင်ထားနိုင်ခြင်း မရှိတော့ပေ။ 

 

ဤသည်မှာ ရူးသွပ်ဆန်းပြားလွန်းသည့် ကမ္ဘာကြီးတစ်ခုပင်။ လူသားများဟာ ကိုယ့်ဘဝကိုယ် မကျေနပ်ဘဲ ငြီးငွေ့နေကြပြီး ဘယ်လို ဖျော်ဖြေရေးမျိုးကိုမဆို စိတ်ဝင်စားမှု ကုန်ခမ်းနေကြတာကြောင့် မိမိတို့​၏ စိတ်ခံစားချက်များနိုးကြွလာစေဖို့အတွက် နည်းလမ်းမျိုးစုံဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာများ လိုက်လံရှာဖွေရသည့်အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ သို့သော် နောက်ပိုင်းမှာတော့ ၎င်းတို့အားလုံး အဖိုးတန်ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိသွားကြသည်။သူမဟာ အရာရာ ပြည့်စုံလွန်းလှသူဖြစ်သောကြောင့် ၎င်းတို့အားလုံး သူမကို လက်ဖဝါးပေါ်တင်ပြီး အမြတ်တနိုးအသည်းအသန် ချစ်ခင်မြတ်နိုးလာကြရုံတင်မကဘဲ... နောက်ဆုံးမှာတော့ နတ်ဘုရားမတစ်ပါးကဲ့သို့ သတ်မှတ်ပြီးရူးသွပ်စွာ ကိုးကွယ်ဆည်းကပ်သည့်အထိ ဖြစ်သွားကြသည်။

Reviews

User Avatar
No comments yet. Be the first to share your thoughts.
Chapter 1

11 Jun, 2026

Related Novels

COMPLETED

ကျေးလက်သို့ကူးပြောင်းသွားသောမိတ်ကပ်ပညာရှင်

Admin

Ch: 2 2

၇၀ခုနှစ်က အလိုလိုက်ခံမင်းသမီးလေး

Ohmar

Ch: 0 1

အချစ်ကဒုတိယအကြိမ်

Ohmar

Ch: 0 1