သူဘာလို့ငါနဲ့လမ်းမခွဲသေးတာလဲ
English Title - Why Hasn’t He Broken Up With Me Yet?
တစ်ကြောင်းတည်း အနှစ်ချုပ်ရရင်တော့ ဝမ်းတွင်းမည်းရည်းစားလေးကို လိုက်ပိုးလို့ အောင်မြင်သွားပြီးတဲ့နောက် သူလူမှားပြီး လိုက်မိပြီဆိုတာ သဘောပေါက်သွားခဲ့ရတယ်…
ဝမ်းတွင်းမည်း တရုတ်တိုင်းရင်းဆေးဆရာဝန်လေးနဲ့ အငယ်အနှောင်းနှိမ်နင်းရေး အတိုင်ပင်ခံလေးရဲ့အကြောင်း…
ပိုင်မူနင်သည် ဘွဲ့ရခါနီး တက္ကသိုလ်ကျောင်းသားလေးဖြစ်၏။ သူက အငယ်အနှောင်းနှိမ်နင်းရေး အကြံပေးတိုင်ပင်ခံတစ်ဦးဖြစ်သည်။
တစ်နေ့တွင် သူအလုပ်ကြီးတစ်ခု အပ်ခံရ၏။
သူ ကိုင်တွယ်ရမည့်လူမှာ တရုတ်တိုင်းရင်းဆေးဆရာလေးတစ်ဦးဖြစ်ကာ မျက်ခုံးနားတွင် မှဲ့နက်လေးတစ်လုံးရှိ၏။
အကြောင်းအရင်းမှာ ထိုသူက သူ့အလုပ်ရှင်၏ချစ်သူကို နှောင့်ယှက်နေခြင်းကြောင့် ပထုတ်ပေးဖို့ရာ ပိုင်မူနင်ကိုငှားခြင်းပင်။
ပထမဆုံးအကြိမ်တွေ့ဆုံချိန်တွင် ပိုင်မူနင်က စကားစရန် လူနာအဖြစ် ဟန်ဆောင်ခဲ့သော်လည်း သူက ကျောက်ကပ်အားနည်းနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ သူ့ခမျာ တရုတ်တိုင်းရင်းဆေးများအပြည့်ပါသော အိတ်တစ်လုံးကို သယ်ဆောင်ကာ စိတ်ပျက်အားငယ်စွာ အိမ်သို့ပြန်သွားခဲ့ရသည်။
ဒုတိယအကြိမ်တွင် ပိုင်မူနင်က ထိုသူအား အရှုပ်အထွေးထဲ ဆွဲသွင်းရန်အလို့ငှာ ကြွေထည်ဖြင့်ထိဟန်ဆောင်ခဲ့ပါသော်လည်း အလွန်ပြင်းထန်သော အပ်စိုက်ကုထုံးကို ခံယူလိုက်ရသည့်အတွက် အိပ်ရာထဲမှပင် မထနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။
တတိယအကြိမ်တွင်မူ ပိုင်မူနင်က ပိုမိုထက်မြက်လာခဲ့သည်။ သူက ကွေ့ဝိုက်ကာ ပရိယာယ်သုံးမနေတော့ဘဲ တိုက်ရိုက်ဝန်ခံလိုက်၏။ ရလဒ်မှာ အမျိုးသားက သူ့အားအေးစက်စက်ငြင်းဆိုလာသည်။
"စိတ်မကောင်းပါဘူး ငါက ပိုင်[pi]ကို ဆယ်လီစိတ်[ဒဿမ] ၁၀၀၀အထိ အလွတ်ရွတ်ပြနိုင်တဲ့လူတွေကိုပဲ သဘောကျတာ"
“…?”
စစ်ဆေးမှု ပြီးဆုံး : ဒီလူက တအားကို အဆိပ်ပြင်းတာပဲ…
–
ထိုအမျိုးအသားကို ခက်ခက်ခဲခဲရသွားပြီးနောက် ပိုင်မူနင်မှာ သူ၏အလုပ်ရှင်ထံ ရလဒ်အား မပြောပြနိုင်သေးမီ အနှီတိုင်းရင်းဆေးဆရာဝန်၌ ညီငယ်လေးတစ်ဦးရှိနေသည်ကို သိလိုက်ရလေသည်။ ထိုညီလေးမှာ သူနှင့် ရုပ်ချင်းချွတ်စွပ်တူကာ မျက်ခုံးအနီး၌ မှဲ့ကလေးတစ်လုံးရှိနေ၏။
ပိုင်မူနင်တစ်ယောက် နေရာ၌ပင် ကျောက်ရုပ်ဘဝပြောင်းသွား၏။
အမေရေ သားတော့ လူမှားသွားပြီဗျို့…
-
အမြန်လမ်းခွဲနိုင်ရန်အလို့ငှာ ပိုင်မူနင်က ကလေးဆိုးဆိုးကာ ဂျီကျပြတော့သည်။
လမ်းလျှောက်နေရင်း ကျောထက်တက်စီးတတ်သလို၊ အိပ်ပျော်စေရန်လည်း ချော့သိပ်ခိုင်းတတ်သေး၏။ အနမ်းများမရလျှင် ဒေါသပေါက်ကွဲထွက်ပြတတ်ကာ သူ့အတွက်ကော်ဖီအား ကိုယ်တိုင်မဖျော်ပေးလျှင် အော်ဟစ်ငိုကြွေးပစ်သည်။
အချိန်တစ်ခုကြာပြီးနောက် သရုပ်ဆောင်ကျွမ်းကျင်သူ ပိုင်မူနင်မှာ မတွေးမိဘဲ မနေနိုင်တော့ပေ။
သူဘာလို့ ငါနဲ့လမ်းမခွဲသေးတာလဲ…
ခုချိန်ထွက်ပြေးရင် နောက်ကျသွားပြီလား…
—
မှတ်ချက်:
[ကြွေထည်ဖြင့်ထိဟန်ဆောင်သည်] တစ်စုံတစ်ဦးကြောင့် ထိခိုက်ဒဏ်ရာရဟန်ဆောင်ကာ လိမ်လည်၍ နစ်နာကြေးတောင်းခံခြင်း။
💊💊💊
27 Oct, 2026