🐰 Chapter 31


ပိုက်ဆံတစ်ပြားမှ မကုန်သော်လည်း နှစ်သစ်ကူးပွဲတော်အတွက် ပိုင်ယွီမင်၏ စိတ်အားထက်သန်မှုကမူ လျော့မသွားပေ။ 

အနီရောင်စက္ကူကို ရလာပြီးနောက် ပိုင်ယွီမင်က လိုအပ်မည့် အရွယ်အစားကို ညှပ်လိုက်လေသည်။ သူက စာရွက် ၄၀ ခန့်ကို ညှပ်လိုက်၏။ ထို့နောက် မှင်တုံးကြီးတစ်တုံးကို သွေးလိုက်ပြီး စုတ်တံနှစ်ချောင်းကို အသင့်ပြင်ထားကာ စာရွက် ၂၀ ခန့်ကိုရေးရန် ပြင်ဆင်လိုက်လေသည်။ 

ဤသည်က ပိုင်ယွီမင်၏ အတွေးဖြစ်၏။

"စာရွက်တွေ အများကြီးရေးပြီး ကြည့်လို့အကောင်းဆုံးစာရွက်ကို တံခါးမှာ ကပ်ရမယ်...”
ပိုင်ယွီမင်က သူ့လက်ရေးအခြေအနေကို သူသိလေသည်။

“ရှောင်ရှုရှု... ရှစ်စွမ်းကိုကူပြီး တောင်ခြေက မုခ်ဦးမှာ စာသွားကပ်ပေးဦးနော်..."

ယွဲ့ရွှယ်တောင်ထိပ်ရှိ တစ်ခုတည်းသောအိမ်လေးမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပျက်စီးသွားပြီဖြစ်ကာ တောင်တက်လမ်းမှာလည်း နှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။ သို့ရာတွင် တောင်ခြေရှိမုခ်ဦးကမူ ခိုင်ခိုင်ခန့်ခန့် ရှိနေဆဲဖြစ်ပြီး 'ပိုင်ယွီ' ဟူသည့် ကမ္ဗည်းစာလုံးကလည်း ရှိနေသေးလေသည်။ 

ရံဖန်ရံခါ ဖြတ်သွားတတ်သည့် တပည့်များက မုခ်ဦးကို ကြည့်လိုက်သည်နှင့် ဤတောင်က ယွဲ့ရွှယ်တောင်ထိပ်ဖြစ်ကြောင်းနှင့် တောင်ပေါ်တွင် စွမ်းအားကြီးသည့် အကြီးအကဲတစ်ယောက် နေထိုင်ကြောင်းကို သိနိုင်လေသည်။

ပိုင်ယွီမင်က သူ့တပည့်လေးအား ကြွားချင်စိတ်ဖြင့် စာရေးပြီး မုခ်ဦးတွင် သွားကပ်ခိုင်းချင်နေလေသည်။ 

ပိုင်ယွီမင်က လက်ရေးကျင့်ရန် စာရေးချင်နေသည်ကို မော့ရှုလင်သိပြီးနောက် အခွင့်ကောင်းယူကာ ပြောလိုက်၏။
"ရှစ်စွမ်း... ကျွန်တော့်မှာ တိုက်ခိုက်မှုနဲ့ တန်ပြန်တိုက်ခိုက်မှုကို ဖန်တီးနိုင်တဲ့ မန္တန်စာအုပ်ရှိတယ်... ရှစ်စွမ်း စာရေးနေရင်းနဲ့ အဲ့ဒါကို ဖတ်ချင်လား..." 

လက်ရေးက ဆိုးနေလျှင်ပင် အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးများရအောင် ရောင်းစားနိုင်လေသည်။ စက္ကူများက အလဟဿ မဖြစ်တော့ပေ။

"ဟုတ်သားပဲ... ငါတို့ဆီကို တောရိုင်းတိရစ္ဆာန်တွေ ခဏခဏ ဝင်လာတတ်တယ်... တခြားလူတွေလိုမျိုး အဆောင်စာလုံးတွေ ထည့်ထားလို့ ရတာပဲ..." 

ပိုင်ယွီမင်၏ ခေါင်းထဲတွင် ပိုက်ဆံရှာရန် အတွေးမရှိသော်လည်း သူနှင့်သူ့တပည့်လေး၏ နေထိုင်မှုဘဝကို ပိုမိုကောင်းမွန်လာရန် မျှော်လင့်နေလေသည်။

မော့ရှုလင်က ပြုံးပြီး ခေါင်းညိတ်လိုက်၏။ ပိုင်ယွီမင်ကို သူ သတိမပေးတော့ပေ။ 

ပိုင်ယွီမင်က ပိုက်ဆံနှင့် ပတ်သက်လာလျှင် စိတ်ဝင်စားမှုမရှိသော်လည်း အလုပ်ကို ဘေးဖယ်ထားပြီး အပျင်းထူနိုင်မည့် အခွင့်အရေးရှိလျှင်မူ အားအင်များ ပြည့်လာတတ်လေသည်။ သူက သူ့ကိုယ်သူ အလုပ်ရှုပ်နေသည်ဟု ထင်သော်လည်း တစ်နေ့လုံး ပျင်းနေတတ်ပြီး အမွှေးတိုင်တစ်ချောင်းနှင့် ဆော့ကစားနေတတ်လေသည်။ လူမှုရေးကိစ္စများနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့်ကိစ္စများ ရှိလာလျှင် ပိုင်ယွီမင်က သဘောမကျသော်လည်း အလေးအနက် လုပ်တတ်လေသည်။ 

ဤယုန်မိစ္ဆာက အမှန်ပင် ထူးဆန်း‌လေ၏။

ပိုင်ယွီမင်က အလေးအနက်ဖြင့် မှင်သွေးနေသည်ကို မြင်ချိန်တွင် ဂူထဲ၌ လုပ်စရာအလုပ်မရှိသည့် မော့ရှုလင်က ပြောလိုက်၏။ 
"ရှစ်စွမ်း... ကျွန်တော် တံခါးလုပ်ဖို့ သစ်ပင်သွားခုတ်လိုက်ဦးမယ်..."

"တံခါးလုပ်မလို့လား... ဘာတံခါးလဲ..." 
လက်တွင်မှင်ပေနေသည့် ပိုင်ယွီမင်က ရပ်သွားပြီး မေးလိုက်၏။

"စာရွက်ကပ်ဖို့ဆိုရင် ပြန့်ပြူးပြီး ခြောက်သွေ့တဲ့ နေရာလိုတယ်လေ..."  
မော့ရှုလင်က သတိပေးလိုက်၏။ 

သူတို့က ဂူထဲတွင်နေနေခြင်းဖြစ်ပြီး တောင်တစ်တောင်လုံးတွင် နှင်းများ ဖုံးလွှမ်းနေလေသည်။ ဂူဝတွင် နှင်းများ ဝန်းရံထားသဖြင့် အနုပညာဆန်ပြီး လှပနေသော်လည်း နှင်းများပေါ်တွင် စာကပ်မရပေ။ စာကပ်ရန်အတွက် ခိုင်ခံ့သည့် တံခါးတစ်ချပ်လိုလေသည်။

"ဟုတ်သားပဲ..." 
ပိုင်ယွီမင်က မှင်တုံးကို ချလိုက်၏။ 
"ငါလည်း လိုက်မယ်... သစ်ပင်ကြီးကို မင်းတစ်ယောက်တည်း ခုတ်နိုင်မှာ မဟုတ်ဘူး..." 

၁၀ နှစ်သား ကလေးတစ်ယောက်၏ပုခုံးက သစ်ပင်လုံးပတ်ကဲ့သို့ မကြီးပေ။ ကလေးငယ်တစ်ယောက်အား တစ်ယောက်တည်း သစ်ပင်သွားမခုတ်ခိုင်းရက်ပေ။

မော့ရှုလင်ကလည်း မငြင်းလိုက်ပေ။ သူတစ်ယောက်တည်း သစ်ပင်ခုတ်ရလျှင် အနည်းငယ် ဒုက္ခရောက်မည်မှာ အမှန်ဖြစ်သည်။ 

သို့ရာတွင် ပိုင်ယွီမင်က သူနေထိုင်သည့် ယွဲ့ရွှယ်တောင်ထိပ်တွင်ပင် လမ်းပျောက်မည်ဟု မော့ရှုလင် မထင်ထားခဲ့ပေ။ 

မော့ရှုလင်က လူကောင်သေးသဖြင့် ပိုင်ယွီမင်ဆွဲခေါ်သည့်နောက်သို့ ပါသွားပြီး မည်သည့်နေရာသို့ ရောက်နေသည်ကို ဂရုမစိုက်နိုင်ပေ။ သူက ဂူ၏အရွယ်အစားနှင့် သစ်ပင်မည်မျှခန့် ခုတ်ရမည်၊ တံခါးကို မည်ကဲ့သို့ လုပ်ရမည်ကိုသာ စဉ်းစားနေလေသည်။

သူတို့ရပ်လိုက်ချိန်တွင် မော့ရှုလင် ဂူဝသို့ ပြန်ရောက်နေသည်ကို သတိထားမိလိုက်လေသည်။ 

မော့ရှုလင်က ကြောင်အသွား၏။ သူ့မှတ်ဉာဏ်များ ပျောက်သွားသည်ဟု ထင်မိသွားပြီး သူနှင့်ပိုင်ယွီမင်က သစ်ပင်ခုတ်ပြီး ပြန်ရောက်လာကြသည်လားဟု တွေးလိုက်လေသည်။ 

သူ ပိုင်ယွီမင်ကို မော့ကြည့်လိုက်ချိန်တွင် ပိုင်ယွီမင်က ရှက်ရွံ့စွာဖြင့် ချောင်းဟန့်လိုက်သည်ကို တွေ့လိုက်ရလေ၏။ ပိုင်ယွီမင်က ဟိုကြည့်သည်ကြည့် လုပ်နေပြီး မော့ရှုလင်ကို မကြည့်ရဲပေ။

"လမ်းလျှောက်ရတာ ပင်ပန်းလိုက်တာ... ဝိညာဉ်လှေနဲ့သွားကြမလား...”

အပေါ်စီးကနေကြည့်မှ နေရာကို မှတ်မိမှာ...

မော့ရှုလင် “.........”

ပိုင်ယွီမင်က တုံးတယ်ဆိုရင်တောင် ဒီလောက်တော့ မတုံးသင့်ဘူးမလား... 

ယွဲ့ရွှယ်တောင်ထိပ်က ဘယ်လောက်ကျယ်လို့လဲ... 

ငါတောင် မနက်တိုင်း တောင်ကို တစ်ပတ်ပတ်ပြေးနိုင်တယ်... ပိုင်ယွီမင်က သူ နှစ်ပေါင်းများစွာ နေလာတဲ့နေရာမှာ ဘယ်လိုလုပ် လမ်းပျောက်နိုင်တာလဲ... 

မော့ရှုလင်၏ စိတ်ဝိညာဉ်က နှစ်ထောင်ချီပြီး ရှင်သန်ဖူးသော်လည်း ပိုင်ယွီမင်နှင့် ပတ်သက်သည့် အသိပညာများကမူ အမြဲတမ်း အသစ်ပြန်ဖြစ်နေလေသည်။

ပိုင်ယွီမင်က ကိုယ်ကာယအလုပ်နှင့် မသင့်တော်သည်ကို မော့ရှုလင် နားလည်သွားလေသည်။ 

ယခုအချိန်တွင် မော့ရှုလင်က ရှေ့ဆောင်လမ်းပြလေ၏။ မကြာမီတွင် ဖြောင့်စင်းပြီး သက်တမ်းကုန်လုနီးပါး ဖြစ်နေသည့် ဂင်ဂိုပင်တစ်ပင်ကို ရွေးလိုက်လေသည်။ ဂင်ဂိုရွက်များက ကြွေကျနေပြီး အပင်က ခြောက်သွေ့နေလေ၏။ 

ပိုင်ယွီမင်က ရိုးရှင်းသည့် နည်းလမ်းတစ်ခုဖြင့် အပင်ကို ခုတ်လှဲလိုက်လေသည်။ ထို့နောက် သိုလှောင်အိတ်ကို ဖွင့်လိုက်သည်နှင့် အပင်က အိတ်ထဲသို့ ဝင်သွားလေ၏။

သူတို့နှစ်ယောက် ဂူရှေ့သို့ ပြန်ရောက်လာချိန်တွင် ပိုင်ယွီမင်က ၁၀ မီတာခန့် ရှိသည့် သစ်ပင်ကြီးကို ထုတ်လိုက်၏။ 

ပိုင်ယွီမင်က မျက်လုံးမှေးပြီး သစ်ပင်အမြင့်ကို တစ်ခဏခန့် ကြည့်လိုက်လေသည်။ ထို့နောက် လက်ဖြင့် ဝှေ့ယမ်းလိုက်ချိန်တွင် သစ်ပင်၏အပေါ်ယံက တစ်ခဏခန့် မပြောင်းလဲသော်လည်း နောက်တစ်စက္ကန့်တွင် သစ်ပင်က နှစ်ပိုင်းကျိုးသွားလေသည်။

ပိုင်ယွီမင်က အပေါ်ပိုင်းကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ကျန်တစ်ဖက်က ဘယ်ဘက်ကို ညွှန်ပြလိုက်ချိန်တွင် အောက်ပိုင်းရှိ သစ်သားတုံးက ဘေးသို့ ရွှေ့သွား၏။ ထို့နောက် သစ်ပင်၏အပေါ်ပိုင်းက မြေကြီးပေါ်သို့ ပြုတ်ကျလာပြီး ပိုင်ယွီမင်က ထိုသစ်သားပိုင်းကို နှစ်ခြမ်းထပ်ခွဲလိုက်လေသည်။

မော့ရှုလင်က ပိုင်ယွီမင်၏ သေသပ်သော လှုပ်ရှားမှုများကို ကြည့်နေလျက် ပိုင်ယွီမင်ကို မမှတ်မိလုနီးပါး ဖြစ်သွားလေသည်။ 

အလွန်လက်ရေးဆိုးပြီး ကိုယ့်အိမ်တွင်ပင် လမ်းပျောက်တတ်သည့် သူ့ ရှစ်စွမ်းက ဤကဲ့သို့ နည်းစနစ်များကို တည်တည်ငြိမ်ငြိမ် သဘာဝကျကျဖြင့် သုံးနိုင်မည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။ 

ရုတ်တရက် မော့ရှုလင် သတိရသွားသည်မှာ ပိုင်ယွီမင်က အခြားနေရာများတွင် ညံ့သော်လည်း စိတ်ဝိညာဉ်စွမ်းအား သုံးစွဲရာတွင်မူ ကျွမ်းကျင်လေသည်။ 

ဤသည်က ပါရမီဖြစ်နိုင်၏။

“ဂူထဲမှာ အလင်းရောင် ကောင်းကောင်းမရဘူး... လျှောတံခါး လုပ်ရင်ရော ဘယ်လိုလဲ..." 
ပိုင်ယွီမင်က ပြောပြီး လက်ဖြင့် သရုပ်ပြလိုက်၏။
"တံခါးနှစ်ချပ်လုပ်ပြီး ဘယ်ညာတွန်းဖွင့်လို့ရတယ်... ညဘက်ဆိုရင် စာရွက်ကို တံခါးအစွန်းမှာ ကပ်ထားလို့ရတယ်... တံခါးကို ပိတ်လိုက်တဲ့အချိန်ကျရင် စာရွက်က အလယ်ကို ရောက်သွားလိမ့်မယ်... အဲ့လိုဆို ငါတို့ မြင်စရာမလိုတော့ဘူး... နေ့ဘက်ဆိုရင် တံခါးကို အကုန်ဖွင့်စရာမလိုဘဲ စာရွက်အတွက် နေရာချန်ထားရင် အလင်းရောင်လည်း မကွယ်ဘဲ စာရွက်ကို မြင်ရတာပေါ့..."

"ကောင်းတယ်... ရှစ်စွမ်းရဲ့အကြံက အရမ်းကောင်းတယ်..." 

မော့ရှုလင်ကလည်း ပုံမှန်တံခါးမျိုး မလုပ်ချင်ပေ။ ၎င်းက တံခါးအဖွင့်အပိတ်အတွက် အဆင်မပြေပေ။ ပိုင်ယွီမင်၏ အကြံက သူ့ပြဿနာများကို ဖြေရှင်းပေးလိုက်လေသည်။

မမျှော်လင့်ခဲ့သည်မှာ ဤပြဿနာကို ပိုင်ယွီမင်က ဖြေရှင်းပေးလိုက်ခြင်းဖြစ်လေသည်။

အမှန်ပင် လေးစားစရာ ကောင်းလေ၏။

ဦးတည်ချက်ရှိသွားသဖြင့် နှစ်ယောက်သားက ပိုပြီးကြိုးကြိုးစားစား အလုပ်လုပ်ကြလေသည်။ 

ပိုင်ယွီမင်က သစ်တုံးကြီးများကို လျှောတံခါးပုံစံရအောင် ပိုင်းဖြတ်ပေးပြီး မော့ရှုလင်က တံခါးကို ပွတ်တိုက်ထွင်းထုလေသည်။ 

ပန်းပုထွင်းထုရသည်မှာ အချိန်ကြာ၏။ ပိုင်ယွီမင်မှာ ဤကဲ့သို့ လက်ဝင်သည့် အလုပ်များကို မလုပ်တတ်သဖြင့် စာရေးရန် ပြန်ထွက်သွားလေသည်။

ပိုင်ယွီမင်က စာရွက်နှစ်ရွက်ကို ရေးလိုက်သော်လည်း စာလုံးများက ကောက်ကွေးနေလေ၏။ စုတ်တံမှာ ထိန်းရခက်ပြီး ထိပ်ဖျားက ပျော့နေသဖြင့် ပိုင်ယွီမင်မှာ အားမလိုအားမရ ဖြစ်နေလေသည်။ 

သူက လက်ရေးလှဖြစ်အောင် ကြိုးစားကြည့်သေး၏။ သို့ရာတွင် အခြားလူများရေးလျှင် လက်ရေးလှဖြစ်သော်လည်း သူရေးလိုက်ချိန်တွင်မူ တစ္ဆေတစ်ကောင် ရေးထားသည်ထက်ပင် ပိုပြီးတစ္ဆေဆန်သော စာလုံးများ ဖြစ်သွားလေသည်။ အဆုံး၌ သူက လက်ရေးလှရေးရန် မကြိုးစားတော့ဘဲ ဂရုတစိုက်နှင့် ပုံမှန်အတိုင်းသာ ရေးလိုက်လေသည်။

ထောင်လိုက်စာရွက်နှစ်ရွက်နှင့် အလျားလိုက်စာရွက်နှစ်ရွက်ရေးပြီးနောက် ပိုင်ယွီမင်က တစ်ခုခုလိုနေသကဲ့သို့ ခံစားလိုက်ရလေသည်။ 

သူ တစ်ခဏခန့် စဉ်းစားလိုက်ပြီးနောက် လျှောတံခါးနှစ်ချပ်တွင် ကပ်ရန် စာရွက်မလောက်သည်ကို သတိရသွားလေသည်။ 

သူက စာရွက်အချို့ကို အမြန်ထပ်ဖြတ်လိုက်ပြီး အကြံဉာဏ်အသစ်များကို စဉ်းစားလေသည်။ သူ စာရေးပြီးချိန်တွင် သူလိုချင်သည့်ပုံကို အမြန်ဆွဲလိုက်၏။

"ရှစ်စွမ်း... ဘာဖြစ်လို့ ခွေးပုံဆွဲနေတာလဲ... ဒီနှစ်က ယုန်နှစ်မဟုတ်ဘူးလား..." 
မော့ရှုလင်က သူ့အနားသို့ ရောက်လာပြီး ပုံကိုမြင်ချိန်တွင် နားမလည်နိုင် ဖြစ်သွားလေသည်။

မော့ရှုလင်က ပိုင်ယွီမင်အတွက် စာရွက်များ ဖြတ်ပေးနေစဉ်တွင် ပိုင်ယွီမင်ထံ၌ အကြံဉာဏ်အသစ်များ ရှိနေသည်ကို သတိထားမိသော်လည်း သူ့စိတ်ဝင်စားမှုကို မဖျက်ဆီးချင်သဖြင့် စုတ်တံချပြီးမှ အနားသို့ သွားကြည့်ခြင်း ဖြစ်လေသည်။

"ဒါက ယုန်လေ..." 
ပိုင်ယွီမင်က မျက်လုံးများကို မှေးကျဉ်းပြီး ပြောလိုက်၏။ 

စုတ်တံကိုင်ထားသည့် လက်က အနည်းငယ် တုန်နေသဖြင့် မျဉ်းကြောင်းများ ကွေးနေသည်မှလွဲပြီး သူဆွဲထားသည့် ယုန်ပုံမှာ အလွန်ဆွဲဆောင်မှုရှိသည်ဟု ထင်လေသည်။

“ဒါပေမဲ့...”

သို့သော် မော့ရှုလင်က တိုပြီးဝိုင်းနေသည့် နားရွက်များကို ထောက်ပြပြီး တစ်ခုခုမေးချင်သော်လည်း ‘ငါ စိတ်ဆိုးနေတယ်... မင်းနဲ့ စကားမပြောချင်ဘူး’ ဟူသည့် ပိုင်ယွီမင်၏ မျက်နှာအမူအရာကို မြင်ချိန်တွင် ငြိမ်သွားလေသည်။ 

မော့ရှုလင်က ပိုင်ယွီမင်ကို ချီးကျူးပြီး အခြေအနေပြန်ကောင်းအောင် လုပ်ချင်သော်လည်း ယုန်ကို ခွေးဟု ပြောမိပြီးဖြစ်သဖြင့် အဆင်မပြေနိုင်တော့ပေ။ ထို့ကြောင့် ထွက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်။

ရှစ်စွမ်းက ယုန်ဆိုရင်လည်း ယုန်ပေါ့... 

ပျော်စရာ နှစ်သစ်ကူးဖြစ်မှပဲ ပိုက်ဆံရမှာ... 

မော့ရှုလင်က အနည်းငယ် စိုးရိမ်နေလေသည်။ နောက်နှစ်ရက်အကြာတွင် ဤစာရွက်များကို သွားရောင်းချိန်၌ အခြားလူများက ဤယုန်ကို ခွေးဟုထင်ကြလျှင် ရှစ်စွမ်း၏မျက်နှာ မည်ကဲ့သို့ဖြစ်သွားမည်ကို မတွေးရဲတော့ပေ။

🐰🐰🐰

ယုန်ဝတုတ် စိတ်ကောက်သွားပြီ 😆
 

🐰 Chapter 32


တံခါးကို မြန်မြန်ဆန်ဆန် လုပ်ပြီးသွားလေသည်။ သစ်သားပြားများက အလွန်မခြောက်သေးသော်လည်း ဆောင်းတွင်းတစ်တွင်းကို ခံနိုင်မည်ဟု နှစ်ယောက်လုံးက ထင်ကြလေ၏။ 

နှစ်ယောက်သားက အတူတကွ တံခါးကို တပ်လိုက်ကြလေသည်။ နေ့ဘက် တံခါးဖွင့်ထားချိန်တွင် တံခါးရွက်ကို ဘယ်ဘက်ရှိ အပေါက်ထဲသို့ တွန်းထည့်ထားလိုက်လျှင် ဂူက ယခင်ကဲ့သို့ပင် မပြောင်းလဲဘဲ ဖြစ်နေမည်ဖြစ်သည်။ 

စာနှင့် တံခါးစောင့်ရုပ်ပုံကမူ မကပ်ရသေးပေ။ ပိုင်ယွီမင်မှာ သူ့လက်ရေးများက အလွန်ကြည့်ရဆိုးသည်ဟု ခံစားနေရသဖြင့် တံခါးနားတွင်ရပ်ပြီး စာကို စိုက်ကြည့်လိုက် စိတ်ညစ်လိုက် ဖြစ်နေလေသည်။ ပိုင်ယွီမင်က အချိန်အတော်ကြာ စဉ်းစားသော်လည်း စာကို မည်သည့်နေရာတွင် ကပ်ရမည်ကို မစဉ်းစားတတ်သဖြင့် ယာယီဘေးဖယ်ထားလိုက်လေသည်။

မော့ရှုလင်ရေးထားသည့် စာများကိုမူ ပိုင်ယွီမင်က တောင်ခြေရှိ မုခ်ဦးတွင် သွားကပ်ထားလိုက်၏။ စုတ်ချက်မှာ နဂါးနှင့်မြွေများက သစ်တောထဲဝင်သွားသကဲ့သို့ လှပသေသပ်သည့် လက်ရေးမျိုးဖြစ်သည်။ 

နှမြောစရာကောင်းသည်မှာ မော့ရှုလင်က နောက်ထပ်တစ်စုံ ထပ်မရေးပေးတော့ပေ။ မဟုတ်လျှင် ဂူတံခါး၌ ကပ်ရန် တစ်စောင်ရနိုင်သေးသည်။ 

မော့ရှုလင်က ပိုင်ယွီမင်ဆွဲထားသည့် ယုန်ပုံတံခါးစောင့်ကို မြင်ချိန်တွင် တစ်စုံတစ်ခုကို သတိရသွား၏။

ပိုင်ယွီမင်စာရေးနေသည်ကို အခွင့်ကောင်းယူပြီး မော့ရှုလင်က သာမန်ကျောက်တုံးနှစ်တုံးကို ယူကာ လူတစ်ဝက်ခန့်ရှိသည့် ယုန်ရုပ်တုနှစ်ခုကို ထုလုပ်လိုက်လေသည်။ 

ယုန်ရုပ်တုနှစ်ကောင်လုံးမှာ ထိုင်နေသည့်ပုံဖြစ်၏။ ဘယ်ဘက်ရှိယုန်က ခေါင်းအနည်းငယ်စောင်းနေပြီး မျက်လုံးမှေးကာ ငိုက်မြည်းနေသည့်ပုံစံ ဖြစ်လေသည်။ ၎င်း၏ နောက်ကျောဘက်နှင့် မြေကြီးပေါ်တွင် ဝတ္ထုစာအုပ်များက ပြန့်ကျဲနေ၏။ ညာဘက်ရှိယုန်ကမူ သစ်သီးများကို ကိုင်ပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်နေသဖြင့် မျက်လုံးများမှာ ဝိုင်းစက်ကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

ကျောက်ယုန်နှစ်ရုပ်မှာ ရိုးရှင်းပြီး သက်ဝင်လှုပ်ရှားနေသယောင် ရှိလေသည်။ 

ပိုင်ယွီမင်က ပထမဆုံးအကြိမ် ဤရုပ်တုများကို မြင်ချိန်တွင် မော့ရှုလင်က သူ၏အကျင့်ဆိုးများကို အိမ်ရှေ့တွင် ချပြလိုက်သဖြင့် မကျေမနပ် ဖြစ်သွားလေသည်။ ထို့နောက် ယုန်နှစ်ကောင်က အလွန်ချစ်စရာကောင်းနေသဖြင့် တံခါးဝတွင်သာ ထားလိုက်ပြီး အိမ်စောင့်ကျောက်တိုင်အဖြစ် သုံးလိုက်၏။

၂၅ ရက်နေ့ ရောက်သည့်အထိ ပိုင်ယွီမင်မှာ ယုန်ပုံတံခါးစောင့်စာရွက်အား မည်သည့်နေရာတွင် ကပ်ရမည်ကို မစဉ်းစားရသေးပေ။ 

သို့ရာတွင် သူ၏ပန်းချီများမှာမူ ခွေးပုံနှင့်တူနေရာမှ ယုန်ပုံစံ ပေါ်လာလေသည်။ ယုန်ပုံမှတစ်ဆင့် ယုန်တစ်ကောင်နှင့် ကောင်လေးတစ်ယောက် အပြန်အလှန် ဆက်သွယ်နေသည့်ပုံ ဖြစ်သွားလေသည်။ ထိုကောင်လေးမှာ မော့ရှုလင်ဖြစ်၏။

မော့ရှုလင်က ယုန်ပုံမှာ ယုန်နှင့်တူသည်ဟု ဝန်ခံသော်လည်း မျောက်နှင့်တူနေသည့် ကောင်လေးက သူဖြစ်သည်ဟု မဝန်ခံချင်ပေ။ လှုပ်ရှားမှုများက တုံးအပုံ ပေါ်နေလေသည်။ 

မော့ရှုလင်က တောင်းပန်လိုက်ပြီးနောက် ပိုင်ယွီမင်က ပိုနေသည့် စာရွက်များကိုယူပြီး အနည်းငယ်မျှသော ယုံကြည်ချက်ဖြင့် ဈေးတန်းသို့ ထွက်လာခဲ့လေသည်။ 

ပိုင်ယွီမင်က ဤစာရွက်များ ရောင်းထွက်မည်ဟု မထင်သော်လည်း သူ့ထံတွင် ပြုပြင်ထားသည့် ကြွက်ရုပ်များ ရှိသေးလေသည်။ မော့ရှုလင်ကလည်း ပစ္စည်းများစွာ လုပ်ထားသဖြင့် တစ်ခုခု ရောင်းထွက်နိုင်လေ၏။

ပိုင်ယွီမင်မှာ နှစ်သစ်ကူးကာလ၌ လျန်ကျီဂိုဏ်းက မည်သည့်ပုံစံ ရှိနေမည်ကို သိချင်နေလေသည်။ 

သို့ရာတွင် အမှန်တရားကို သိလိုက်ရချိန်၌ ပိုင်ယွီမင်က အလွန်စိတ်ပျက်သွားလေသည်။ 

လျန်ကျီဂိုဏ်းတွင် လူဦးရေက အလွန်ကျဲပါးလေ၏။ လမ်းတစ်လျှောက်လုံးတွင် ဆိုင်ခင်းထားသည့် တပည့်များက လေးငါးယောက်ခန့်သာရှိပြီး လမ်းသွားလမ်းလာများကလည်း နှစ်ယောက်သုံးယောက်သာ ရှိလေသည်။ သို့ရာတွင် ကောင်းကင်ပေါ်၌ ဓားစီးပြီး ပျံသန်းနေသည့် တပည့်အချို့နှင့် အကြီးအကဲအချို့ ရှိလေ၏။ သူတို့က ပျံသန်းနေစဉ် နတ်ဘုရားအာရုံကိုသုံးပြီး ဈေးတန်းထဲသို့ တစ်ချက်၊ နှစ်ချက် လှမ်းကြည့်တတ်ကြပြီး ပစ္စည်းအချို့ ဝယ်လေ့ရှိကြလေသည်။

"ငါတို့ တကယ်ပဲ ဆိုင်ခင်းမှာလား..."
ပိုင်ယွီမင်က သူမည်ကဲ့သို့ ခံစားနေရသည်ကို ထုတ်မပြောတတ်တော့ပေ။

တစ်ဖက်တွင်လည်း ဤနေရာက အလွန်မစည်ကားဘဲ လူအနည်းငယ်သာ ရှိသည်ဟု ခံစားရလေသည်။ သူ့စာရွက်များကို ချခင်းထားလျှင်ပင် မည်သူ့ထံတွင်မှ အရှက်ကွဲမည် မဟုတ်ပေ။ 

ဤအရာများက စိတ်သန့်စင် အဆောင်လက်ဖွဲ့နှင့် မတူပေ။ အဆောင်လက်ဖွဲ့များကို ရောင်းခြင်းက ယဲ့ချင်းလင်ကဲ့သို့ လူမျိုးအား ပြလိုက်လျှင် သူ့လက်ရေးဟု သိနိုင်သော်လည်း အဆောင်လက်ဖွဲ့များအား ရောထားလိုက်ပါက မည်သူကမှ သူ့လက်ရေးဟု မသိနိုင်တော့ပေ။

သို့ရာတွင် ယခုကဲ့သို့ ဆိုင်ခင်းသည်မှာမူ မတူဘဲ ‘ဒီကလူတိုင်း လာကြည့်ကြပါဦး... ဒါက ငါရေးထားတဲ့ ရုပ်ဆိုးတဲ့ စာလုံးတွေပါ... အားလုံး လာကြည့်ကြပါဦး..." ဟု ပြောနေသကဲ့သို့ ဖြစ်နေလေသည်။ 

ကွာခြားချက်မှာ ကြီးမားလွန်းသဖြင့် မည်ကဲ့သို့ ခံစားနေရသည်ကိုပင် မသိတော့ပေ။

"အင်း... ရှစ်စွမ်း... ကျွန်တော် ပထမဆုံးအကြိမ် စာရေးကြည့်ထားတာ... ဝယ်မယ့်လူရှိမလားလို့ စမ်းကြည့်ချင်လို့ပါ..."
မော့ရှုလင်က ပိုင်ယွီမင်စိုးရိမ်နေသည့် ကိစ္စကို သိသဖြင့် ဦးစွာပြောလိုက်လေသည်။ 

မော့ရှုလင်က စာရွက်တစ်ရွက်သာ ရေးဖူးပြီး ထိုစာရွက်ကိုလည်း ယွဲ့ရွှယ်တောင်ထိပ်၏ မုခ်ဦးတွင် ကပ်ထားလေသည်။ သူက ပိုင်ယွီမင် မည်ကဲ့သို့ တုံ့ပြန်မည်ကို သိချင်သဖြင့် ဤကဲ့သို့ ပြောလိုက်ခြင်းဖြစ်လေသည်။

"တပည့်လိမ္မာလေး..."
ပိုင်ယွီမင်က အလွန်ထိရှသွားသဖြင့် မည်သည်ကိုမှ မပြောနိုင်တော့ပေ။ 

ခေါင်းခံပေးမည့်လူ ရှိနေသဖြင့် ပိုင်ယွီမင်က စကားတစ်လုံးမှ မပြောတော့ဘဲ ဆိုင်ခင်းမည်ကို သဘောတူလိုက်လေသည်။ 

သေသူက ထပ်သေရန်အကြောင်း မရှိပေ။ သူ့တပည့်က ၁၀ နှစ်သာ ရှိသေးသဖြင့် မျက်နှာသာရရန် မလိုပေ။ သူက အသက်ကြီးနေပြီး ဤကဲ့သို့ ကြည့်ရဆိုးသော လက်ရေးများကို အခြားသူများ မှတ်မိသွားလျှင် အလွန်ရှက်ဖွယ်ကောင်းလေသည်။ 

သွက်လက်တက်ကြွနေသော ပိုင်ယွီမင်ကို မြင်ချိန်တွင် မော့ရှုလင်က တစ်ခဏခန့် ရင်မောသွားလေ၏။

ထို့နောက် သူ တုံ့ဆိုင်းမနေတော့ဘဲ သိုလှောင်အိတ်ကို ဖွင့်ကာ ဆိုင်ခန်းကို စတင်ခင်းလိုက်လေသည်။ 

ဈေးတန်းထဲတွင် အဆင်ပြေစေရန်နှင့် စနစ်တကျ ရှိစေရန်အတွက် အရွယ်အစားတူသော ကျောက်စားပွဲများကို ချထားပေးလေသည်။ ဆိုင်ခင်းမည့် တပည့်များက ပစ္စည်းများကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ရုံသာဖြစ်သည်။ တပည့်အများစုက ပစ္စည်းများတင်ရန်အတွက် စားပွဲခင်းတစ်ခု ခင်းလေ့ရှိကြ၏။

မော့ရှုလင်အနေဖြင့် သူ၏ပစ္စည်းများကို သီးသန့်ရောင်းမည်ဆိုလျှင် အနီရောင်ပိတ်စတစ်ခုခင်းပြီး ပိုပြီးအဆင့်မြင့်ပုံပေါ်အောင် အခြားလူများစိတ်ဝင်စားအောင် လုပ်မည်မှာ သေချာလေ၏။ 

သို့ရာတွင် ပိုင်ယွီမင်လုပ်ထားသည့် ပစ္စည်းများက အလွန်ကြည့်ရဆိုးသဖြင့် အနီရောင်ပိတ်စ ခင်းလိုက်လျှင် ကြည့်ရဆိုးသည်က ပိုမိုပေါ်လွင်သွားမည်ဖြစ်သည်။ ထို့ကြောင့် အခြားလူများမြင်လျှင် အမှိုက်လာရောင်းပြီး အချိန်ဖြုန်းနေသည်ဟု ထင်သွားစေရန် မော့ရှုလင်က ရိုးရိုးရှင်းရှင်းသာ ထားလိုက်ပြီး မည်သည်မှမလုပ်ဘဲ ပစ္စည်းများကို စားပွဲပေါ်သို့ တိုက်ရိုက်တင်လိုက်လေ၏။

မော့ရှုလင်က စာရွက်များကို တင်လိုက်ပြီးနောက် အခြားပစ္စည်းများ မတင်ရသေးမီတွင် ပိုင်ယွီမင်၏ ဘယ်ဘက်နေရာရှိ ဆိုင်ခင်းနေသော တပည့်တစ်ယောက်က အောင့်မထားနိုင်တော့ဘဲ ရယ်လိုက်သည်ကို ကြားလိုက်ရလေ၏။ 

ထို့နောက် ညာဘက်ကောင်းကင်ပေါ်တွင် ဝိညာဉ်လှေစီးလာသော အကြီးအကဲတစ်ယောက်က ရယ်ချင်စိတ်ကို ထိန်းထားလျက် ချောင်းဟန့်သံကို ကြားလိုက်ရလေသည်။ 

အဆိုးဆုံးမှာ ကျင်းတန်းအဆင့်ရှိသော တပည့်တစ်ယောက်က အနီးအနားသို့ ပျံသန်းလာစဉ်တွင် ခင်းကျင်းထားသည့် စာရွက်များကို မြင်လိုက်ရချိန်၌ လေထဲတွင် ယိုင်နဲ့ကာ ဟန်ချက်ပျက်သွားပြီး အရယ်လွန်သဖြင့် ဓားပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

ပိုင်ယွီမင်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးလာသော်လည်း ယခုအချိန်တွင် သူ တည်ငြိမ်နေရမည်ဖြစ်၏။ 

မည်သို့ပင်ဆိုစေကာမူ မော့ရှုလင်က သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ပြီး ခင်းကျင်းလိုက်လေသည်။ ပိုင်ယွီမင်ကမူ ဤစာရွက်များကိုရေးသူက သူမဟုတ်သကဲ့သို့ ဟန်ဆောင်ကာ ကုလားထိုင်လေးတစ်လုံးကို တည်တည်ငြိမ်ငြိမ် ထုတ်လိုက်လေ၏။ ထို့နောက် ကုလားထိုင်ပေါ်တွင် မှီထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်လေသည်။

မော့ရှုလင်မှာ ပိုင်ယွီမင်က ထူးဆန်းသည့် ဝတ္ထုစာအုပ်များကို ဖတ်နေသည်ဟု ထင်သဖြင့် ဂရုမထားပေ။ ထို့နောက် သူ လှည့်ကြည့်လိုက်ချိန်တွင် "ချီဓားသိုင်းပညာ" ဟူသည့် စကားလုံးသုံးလုံးကို တွေ့သွားလေ၏။ 

ပိုင်ယွီမင်က ဗဟုသုတကြွယ်ဝသော စာပေပညာရှင်ပုံပေါ်သဖြင့် မော့ရှုလင်မှာ ကြောင်အသွားလေသည်။

"ချီဓားသိုင်းပညာ" ဟူသည့် စာအုပ်က ဓားသိုင်းသမားများ မဖြစ်မနေဖတ်ရမည့် ဂန္တဝင်လက်ရာကောင်း စာအုပ်တစ်အုပ် ဖြစ်လေသည်။ စာသားများက တိုပြီး လေးနက်ကာ စာပေအဆင့်အတန်း မြင့်မားမှုမရှိလျှင် ဤစာအုပ်မျိုးကို ဖတ်ရန်မှာ မဖြစ်နိုင်ပေ။ ဤကဲ့သို့ စာအုပ်မျိုးက ပိုင်ယွီမင်လက်ထဲသို့ ရောက်နေသည်ကို မော့ရှုလင်မှာ မယုံကြည်နိုင် ဖြစ်နေလေသည်။ 

သို့ရာတွင် ယခုအချိန်၌ ပိုင်ယွီမင်က သူ့စိတ်ကူးထဲရှိ ရှစ်စွမ်းတစ်ယောက်၏ ပုံရိပ်နှင့် အမှန်တကယ် ကိုက်ညီနေသဖြင့် မော့ရှုလင်မှာ မနေနိုင်ဘဲ အထပ်ထပ်အခါခါ လှည့်ကြည့်မိနေလေသည်။

တစ်ချိန်က သူ့စိတ်ကူးထဲရှိ ရှစ်စွမ်းပုံစံမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ရုပ်ရည်၊ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိသော အကျင့်စရိုက်၊ မွေးရာပါ ပါရမီရှင်၊ နက်နဲမြင့်မားသော ကျင့်ကြံဆင်၊ ကြင်နာတတ်သော နှလုံးသား၊ အကောင်းနှင့်အဆိုးကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပြီး သူကဲ့သို့ မိစ္ဆာကျင့်ကြံသူကို သည်းခံနိုင်သည့် လူမျိုးဖြစ်လေသည်။ သူ့ရှစ်စွမ်းက သူ့ကို အလွယ်တကူ စွန့်ပစ်မည် မဟုတ်ပေ။ 

မော့ရှုလင်က ပိုင်ယွီမင်အား ချီဓားသိုင်းပညာကဲ့သို့ နက်ရှိုင်းသည့် စာအုပ်အား ဖတ်နိုင်မဖတ်နိုင်ကို မေးချင်နေပြီး ပိုင်ယွီမင်ထံမှ ပညာဗဟုသုတများရမည့် စကားလုံးအနည်းငယ်ကို ကြားရရန် မျှော်လင့်နေလေသည်။

သို့ရာတွင် သူတို့ဆိုင်ဘက်သို့ လူသုံးယောက်က လျှောက်လာနေသဖြင့် မော့ရှုလင်က သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး ဝယ်သူများကို ကြိုဆိုလေသည်။

မော့ရှုလင်ထင်ထားသကဲ့သို့ပင် ထိုလူသုံးယောက်က ပိုင်ယွီမင်၏ စာရွက်များကို လာကြည့်ခြင်းဖြစ်လေသည်။ 

အနီရောင်စက္ကူပေါ်တွင် အနက်ရောင်မှင်ဖြင့် ရေးထားသည့် စာများက ကောင်းကင်တွင် ပျံသန်းနေလျှင်ပင် အမြင်အာရုံကို ဖမ်းစားနိုင်လေသည်။ လူများက သတိထားမိသည်နှင့် မကြည့်ဘဲ မနေနိုင်ကာ စာရွက်များပေါ်ရှိ ကြည့်ရဆိုးသော စာလုံးများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။ ထို့နောက်တွင်မူ ထိုလူသုံးယောက်က စာရွက်ပေါ်ရှိ ပုံမှန်မဟုတ်သည့် စိတ်ဝိညာဉ်စွမ်းအားများကို ခံစားမိသွားကြပြီး ဘေးတွင် ထိုင်နေသည့် ပိုင်ယွီမင်ကို မြင်သွားလေသည်။ 

ရောက်လာသည့်လူများက ပိုင်ယွီမင်၏ အသုံးမဝင်သော ပစ္စည်းများကို လာယူရန် အခွင့်ကောင်းယူကြမည်ဖြစ်သည်။ အမျိုးမျိုးသော အတွေးများဖြင့် လူများက သူတို့ဆိုင်ရှေ့သို့ စုဝေးရောက်ရှိလာကြလေသည်။

🐰🐰🐰

🐰 Chapter 33


မော့ရှုလင်က အကျိုးမရှိသည့် ကိစ္စများအပေါ်တွင် အချိန်မဖြုန်းတတ်ပေ။ သူက ပိုင်ယွီမင်၏ စာရွက်များကို ရောင်းရန်နှင့် ပိုင်ယွီမင်အား သူနှင့်အတူ လိုက်လာရန် အတင်းအကျပ် တိုက်တွန်းခဲ့ခြင်းမှာ ပိုင်ယွီမင်၏ စာရွက်များက လူများ၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်နိုင်သည့် ထူးခြားသောအာနိသင် ရှိသောကြောင့် ဖြစ်လေသည်။

“ရှစ်ရှုနဲ့ ရှစ်ရှုန်းတို့နှစ်ယောက် ကြိုက်တာကြည့်ပြီး ရွေးလို့ရပါတယ်... ဒါလေးတွေက ကိုယ်တိုင်လုပ်ထားတဲ့ လက်မှုပစ္စည်းတွေပါ... ကျွန်တော် အသေးစိတ် ရှင်းပြပေးပါမယ်... ဆိုင်လေးက သေးပေမဲ့ ဒီပစ္စည်းတွေက စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်..."

မော့ရှုလင်က ချိုချိုသာသာ ပြုံးပြလိုက်၏။ သို့ရာတွင် သူ စကားပြောချိန်၌ ပိုင်ယွီမင်၏ အဆင့်အတန်းက ဤနေရာရှိလူများ၏ အဆင့်အတန်းထက် မြင့်မားသည်ကို တည့်တိုးပြောလိုက်လေသည်။ 

နှစ်ယောက်လုံးက အကြီးအကဲများ ဖြစ်လျှင်ပင် တစ်ဖက်လူ၏တပည့်က သူ့အား ရှစ်ရှုဟုခေါ်ဆိုပါက ထိုတပည့်၏ရှစ်စွမ်းက သူ့ထက်အဆင့်ပိုမြင့်သည်ဟု အဓိပ္ပာယ်ရလေသည်။

ဖူရုန်ရှင်းက မော့ရှုလင်၏ စကားကို ကြားချိန်တွင် မျက်မှောင်ကြုတ်သွားသော်လည်း ပိုင်ယွီမင်ကို သေသေချာချာ ကြည့်လိုက်ချိန်တွင် ပိုင်ယွီမင်က ဂိုဏ်းထဲ၌ ထူးခြားသော အဆင့်အတန်းရှိသူဖြစ်နိုင်သည်ကို နားလည်သွားပြီး ကျောရိုးထဲအထိ အေးစိမ့်သွားလေသည်။ 

ကံကောင်းထောက်မစွာဖြင့် ပိုင်ယွီမင်က စိတ်မဆိုးပေ။ မဟုတ်လျှင် သူ အသက်ပျောက်သွားနိုင်၏။ 

ဖူရုန်ရှင်းက ပိုင်ယွီမင်ကို အလျင်အမြန် အရိုအသေ ပေးလိုက်ပြီး ပိုင်ယွီမင်ကလည်း လောကကြီးအပေါ် ရန်ငြှိုးမရှိသော နတ်ဘုရားတစ်ပါးကဲ့သို့ ဟန်ဆောင်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်လေသည်။

မော့ရှုလင်၏ ကျင့်ကြံဆင့်ကနိမ့်ပြီး နောက်မှဂိုဏ်းထဲသို့ ဝင်လာသူဖြစ်သဖြင့် ကျန်တပည့်နှစ်ဦးကို ရှစ်ရှုန်းဟု ခေါ်ရမည်ဖြစ်လေသည်။ ထို့ကြောင့် ရှစ်ရှုန်းဟု အခေါ်ခံရသော တပည့်နှစ်ယောက်က အကြီးအကဲထက်ဦးအောင် ဆိုင်ပေါ်ရှိ ပစ္စည်းများအား ကြည့်လိုက်လေ၏။ 

ပျက်စီးနေပုံပေါက်သော ကြွက်ရုပ်များ၊ အမျိုးမျိုးသော အဆင့်နိမ့်မန္တန်စာရွက်များ၊ သေသေသပ်သပ် ထုဆစ်ထားသော အဆင့်နိမ့် သစ်သားရုပ်များ၊ အဆောင်လက်ဖွဲ့များ၊ အလွန်ကြည့်ရဆိုးသော နှစ်သစ်ကူးစာသားများနှင့် ယုန်ပုံဖြစ်သော်လည်း ခွေးပုံပေါက်နေသော နှစ်သစ်ကူးပန်းချီကား... 

ဆိုင်တစ်ခုလုံးနီးပါးက ကြည့်ရဆိုးသော လက်မှုပစ္စည်းများနှင့် ပြည့်နှက်နေလေ၏။ ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံဖြင့် ဤပစ္စည်းများအနက်မှ မည်သည့်အရာက ဘေးတွင်ထိုင်နေသော ထူးခြားပုံပေါ်သည့် ပိုင်ယွီမင်လုပ်ထားသည့် ပစ္စည်းဖြစ်နိုင်မည်ကို ခန့်မှန်းရန် ခက်ခဲလှလေသည်။ 

အမှန်တွင် သူတို့သုံးယောက်၏ ရည်ရွယ်ချက်က တူညီလေသည်။ သူတို့က ချီသန့်စင်ခြင်းအဆင့်ရှိသော တပည့်လေး လုပ်ထားသည့် ပစ္စည်းများကို စိတ်မဝင်စားကြဘဲ ပိုင်ယွီမင်လုပ်ထားသော ပစ္စည်းများ ရှိ၊ မရှိကို သိချင်နေကြခြင်း ဖြစ်လေသည်။ 

သူတို့က ပိုင်ယွီမင်၏ အသုံးမလိုသော ပစ္စည်းများအား ရနိုင်မည်လားဟူသော အတွေးဖြင့် အပြေးလာကြည့်ကြခြင်းသာ ဖြစ်လေ၏။

တပည့်ကို ချစ်ခင်သော ရှစ်စွမ်းအချို့က တပည့်ဖြစ်သူ ဆိုင်ခင်းနိုင်ရန်အတွက် ပစ္စည်းကောင်းကို ရည်ရွယ်ချက်ရှိရှိ ထည့်ပေးတတ်ကြလေသည်။ တစ်ခါတရံတွင် အလွန်အဖိုးတန်သော ပစ္စည်းများကြောင့် လူများက မဝယ်နိုင်လျှင်ပင် လာရောက်ကြည့်ရှုလေ့ရှိကြလေသည်။ ဤသည်မှာ အရောင်းမြှင့်တင်သည့် နည်းဗျူဟာတစ်ခု ဖြစ်လေသည်။ 

မော့ရှုလင်ကမူ ပိုပြီး ပြတ်သားလေ၏။ သူ၏ရှစ်စွမ်းကို ဆိုင်တွင် ထိုင်ခိုင်းထားပြီး လူများကို ဖိအားပေးထားလေသည်။

ကုန်းရှော့က ပျက်စီးနေပုံပေါ်သော ကြွက်ရုပ်များကို စိတ်ဝင်စားသွားလေ၏။ 

ကြွက်ရုပ်များအား ပြုပြင်ခြင်းက လျန်ကျီဂိုဏ်းတွင် အတွေ့အများဆုံး အလုပ်တစ်ခု ဖြစ်လေသည်။ တပည့်အများစုက မပြုပြင်နိုင်သော ကြွက်ရုပ်များကို ပြန်လည်ပြုပြင်ပြီး ရောင်းချတတ်ကြ၏။ သို့ရာတွင် ဤကြွက်ရုပ်များက အလွန်ရုပ်ဆိုးသော်လည်း စိတ်ဝိညာဉ်စွမ်းအားများ ပြည့်လျှံနေပြီး သက်ဝင်လှုပ်ရှားနေပုံ ပေါ်လေသည်။ အမြင်အာရုံက တစ်ခုခုထူးခြားနေသယောင် ရှိလေ၏။ 

ဤသည်မှာ ဆရာဖြစ်သူက တပည့်အား အသုံးမလိုသည့် ပစ္စည်းများအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သင်ပေးသည့် သင်ခန်းစာဖြစ်မည်ဟု ကုန်းရှော့က ခန့်မှန်းလိုက်လေသည်။

ကုန်းရှော့မှာ အပြင်တပည့်တစ်ယောက် ဖြစ်သော်လည်း ဈေးတန်းများတွင် အသုံးမလိုသည့် ပစ္စည်းများကို ဝယ်ယူပြီး ပြန်လည်ရောင်းချခြင်းဖြင့် တစ်နှစ်လျှင် အလယ်အလတ် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာကျော်အထိ ရှာဖွေနိုင်လေသည်။ 

ဤငွေပမာဏက အဆင့်မြင့်ကျင့်ကြံသူများအတွက် အနည်းငယ်သာ ဖြစ်သော်လည်း အပြင်စည်းရှိ သာမန်ကြီးကြပ်သူများအနေဖြင့် တစ်လလုံးပတ်ပြေးနေရပြီး တန်ဖိုးရှိသော ပစ္စည်းများကို ကြိုးစားရှာဖွေရကာ ဆုလဒ်အချို့ ရရှိလေသည်။ ပျမ်းမျှအားဖြင့် သူတို့က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးခန့်သာ ရတတ်လေသည်။ 

ကျင်းတန်းအဆင့်ရှိသော အပြင်တပည့်တစ်ယောက် အနေဖြင့် ဤမျှဝင်ငွေရရှိခြင်းမှာ အဆင့်တူသူများထဲတွင် ထိပ်တန်းဖြစ်လေသည်။

ကုန်းရှော့က သူ၏အမြင်ကို ယုံကြည်ပြီး ဆိုင်ပေါ်ရှိ ရတနာကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေသည်။

ကုန်းရှော့က ကြွက်ရုပ်ကို ကောက်ကိုင်ပြီး မေးလိုက်၏။
"ရှစ်တိ... ဒီကြွက်ရုပ်တွေကို ဘယ်လောက်နဲ့ ရောင်းတာလဲ..."

မော့ရှုလင်က ဖြူစင်စွာ ပြုံးပြကာ ချိုသာစွာဖြင့် ပြောလိုက်လေသည်။
"ရှစ်ရှုန်း... ဒီကြွက်ရုပ်က ချောင်းနားထောင်နိုင်ပြီး အမဲလိုက်နိုင် ပေါက်ကွဲနိုင်တဲ့ ရတနာကြွက်ရုပ်ပါ…စိတ်ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်စွမ်းက အရမ်းကောင်းတာမလို့ ရှစ်ရှုန်း ပစ္စည်းကောင်းတွေ ရှာတဲ့နေရာမှာ သေချာပေါက် ကူညီပေးနိုင်မှာပါ... ဒီကြွက်ရုပ်အတွက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးဆိုရင် အဆင်ပြေရဲ့လား..."

အပြစ်ကင်းစင်သော အပြုံးလေးဖြင့် အံ့အားသင့်စရာကောင်းသော ဈေးနှုန်းကို ပြောလိုက်ခြင်းဖြစ်လေသည်။ 

ကုန်းရှော့သာမကဘဲ ဘေးရှိ လူနှစ်ယောက်ကပါ ဤကြောက်မက်ဖွယ်ကောင်းသော ဈေးနှုန်းကြောင့် လန့်သွားလေ၏။ 

ဤကဲ့သို့ ကြွက်ရုပ်မျိုးက ဂိုဏ်းထဲတွင် အနိမ့်ဆုံးအဆင့် ပစ္စည်းများသာ ဖြစ်လေသည်။ ကာကွယ်နိုင်စွမ်းမရှိဘဲ အမဲလိုက်ရုံသာ လုပ်နိုင်သည့် ကြွက်ရုပ်ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးလျှင် ငါးကောင်ခန့် ရနိုင်လေ၏။ ကာကွယ်ရေးစွမ်းရည် အနည်းငယ်ပါဝင်ပြီး အရည်အသွေး အနည်းငယ် ပိုကောင်းလျှင်ပင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးစာသာ တန်ဖိုးရှိလေသည်။ 

ထို့အပြင် လျန်ကျီဂိုဏ်း၏ အကျိုးခံစားခွင့်များအရ အပြင်ထွက်ပြီး လုပ်ဆောင်ရသည့် တာဝန်များအတွက် ကြွက်ရုပ်များကို အခမဲ့ ရရှိနိုင်လေသည်။

တန်ဖိုးမရှိလုနီးပါးဖြစ်သည့် ပစ္စည်းတစ်ခုကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် တောင်းရဲလေသည်။ 

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ညီမျှလေ၏။ 

ဒီချစ်စရာကောင်းတဲ့ ရှစ်တိလေးကို ကြည့်ဦး... သူက တစ်ခွန်းတည်းနဲ့ ငါ့ရဲ့ ရက်ပေါင်းတစ်ရာကျော်စာ ဝင်ငွေကို တောင်းလိုက်တာလား... ပြီးတော့ အဆင်ပြေရဲ့လားလို့တောင် မေးရဲသေးတယ်...

ကုန်းရှော့ကမူ "သေချာပေါက် အဆင်မပြေဘူး" ဟုသာ ပြောချင်နေလေသည်။ 

ကုန်းရှော့ စကားမပြောရသေးမီတွင် ဘေးရှိ အကြီးအကဲက မျက်မှောင်ကြုတ်လိုက်၏။
"ဒီအဘိုးကြီးကိုလည်း ဒီပစ္စည်းကောင်းလေးတွေကို ကြည့်ခွင့်ပေးပါဦး..."

ဖူရုန်ရှင်း၏ လေသံက အနည်းငယ် ဆိုးနေလေသည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ပိုင်ယွီမင်ကြောင့် စကားကို ယဉ်ယဉ်ကျေးကျေး ပြောနေသော်လည်း သူ၏မျက်လုံးများကမူ ဤကြွက်ရုပ်က ထိုဈေးနှုန်းနှင့် မတန်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။ 

ပိုင်ယွီမင်ကမူ စာအုပ်ကို အလေးအနက် ဖတ်နေပုံရပြီး စိတ်ဝင်စားနေသယောင် ဖြစ်နေကာ မျက်တောင်ပင်မခတ်ပေ။ 

ဖူရုန်ရှင်းက ပိုင်ယွီမင် စိတ်မဆိုးသည်ကို အတည်ပြုလိုက်ပြီးနောက် အနည်းငယ် စိတ်အေးသွားလေသည်။ သူ အနည်းငယ် စိတ်မြန်သွားသည်ကို နောင်တရမိသွား၏။ ပစ္စည်းများက ဝယ်ရန်မတန်သော်လည်း ပစ္စည်းလေးတစ်ခုအတွက် အတိုင်းအဆမရှိ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်တစ်ဦးအား မပစ်မှားချင်ပေ။

"ရှစ်ရှု... ကြည့်ပါ..."
မော့ရှုလင်က ပြုံးလျက် ကြွက်ရုပ်တစ်ကောင်ကိုယူပြီး ဖူရုန်ရှင်းကို ကမ်းပေးလိုက်၏။ 

သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော တပည့်တစ်ယောက်က ကြွက်ရုပ်ကို ကြည့်ရုံသာကြည့်ပြီး မယူသည်ကို မြင်ချိန်တွင် မော့ရှုလင်က လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်လေသည်။ 

မော့ရှုလင်က ကြွက်ကို ပေးနေချိန်တွင် ရက်ရက်ရောရောရှိပြီး လေသံကလည်း ယုံကြည်ချက်အပြည့် ဖြစ်နေလေသည်။
"ကျွန်တော်က ပစ္စည်းချင်း ယှဉ်ရမှာကို မကြောက်ပါဘူး... ပစ္စည်းကို မသိမှာကိုပဲ ကြောက်တာပါ... ရှစ်ရှုန်း... ဒီကြွက်ရုပ်က ဒီဈေးနဲ့ တန်မတန်ဆိုတာ ကျွန်တော့်ကို ကူကြည့်ပေးပါဦး..."

မူလတွင် ရှီဟိုင်ချန်းက ဤကြွက်ရုပ်ကို စိတ်မဝင်စားပေ။ 

ပစ္စည်းရောင်းသူများက အနည်းငယ် ကြွားဝါတတ်ကြ၏။ ဖရဲသီးရောင်းသည့်ဆိုင်က သူတို့ဖရဲသီးအား ချိုသည်ဟု ပြောမည်ဖြစ်သည်။ ဒိုင်းကာရောင်းသည့် ဆိုင်ကလည်း သူတို့ဒိုင်းက မဖောက်နိုင်ဟု ပြောမည်ဖြစ်၏။ သို့ရာတွင် နောက်ဆုံး၌ ပေးသည့်ဈေးနှင့်တန်သည့် ပစ္စည်းကိုသာ ရကြလေသည်။ 

ရှီဟိုင်ချန်းမှာ သူ့ရှေ့ရှိ ရှစ်တိက ဈေးမြင့်မြင့်တောင်းရဲသဖြင့် တစ်ခုခု ထူးခြားမည်ဟု ယုံကြည်လေသည်။ 

ထို့အပြင် ဤနေရာတွင်  á€Ąá€€á€źá€Žá€¸á€Ąá€€á€˛á€á€…်ယ္ဏက်ရသိန္သဖဟငအ် ဤကောင်လေးက အကြီးအကဲတစ်ယောက်ရှေ့တွင် စကားကို လျှောက်ပြောရဲမည်ဟု ရှီဟိုင်ချန်း မထင်ပေ။ ဈေးအနည်းငယ် ကြီးနေလျှင်ပင် ဤသည်က တမင်တကာ ဈေးတင်ရောင်းခြင်း မဟုတ်နိုင်ပေ။

ဤကြွက်ရုပ်ကို ကြည့်ရန်ပင် မလိုချေ။ ဂိုဏ်းမှပေးသည့် ကြွက်ရုပ်ထက် များစွာပိုကောင်းသည်ကမူ သေချာလေသည်။ 

ဒါပေမဲ့ ဘယ်လောက်တောင် ပိုကောင်းနေတာမလို့လဲ... ပေးရတဲ့ဈေးနဲ့ တန်မတန် ဆိုတာကတော့ ပြောရခက်တယ်...

မော့ရှုလင်၏ စိတ်အားထက်သန်မှုကို မငြင်းနိုင်သဖြင့် ရှီဟိုင်ချန်းက သူကမ်းပေးသည့် ကြွက်ရုပ်ကို ယူပြီး သေသေချာချာ ကြည့်လိုက်လေသည်။ 

အပြင်တပည့်တစ်ယောက်အနေဖြင့် ရှီဟိုင်ချန်း၏ ကျင့်ကြံဆင့်က နိမ့်သော်လည်း သူ့လက်ထဲတွင် ပစ္စည်းကောင်းများစွာ ရှိလေသည်။ ထို့ကြောင့် သူ၏အမြင်က သာမန်တပည့်များထက် သာလွန်လေသည်။

ကြွက်ရုပ်ကို တစ်ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် ရှီဟိုင်ချန်းမှာ ဤကြွက်ရုပ်၏ ထူးခြားမှုကို ရှာမတွေ့ပေ။ ကြွက်ရုပ်က စိတ်ဝိညာဉ်စွမ်းအားများ ပြည့်လျှံနေသည်ကို သိသော်လည်း အခြားကောင်းသည့် အချက်ကို ရှာမတွေ့ပေ။ 

အကြီးအကဲဖူရုန်ရှင်းကမူ အနည်းငယ် မြင်နိုင်သော်လည်း အလုံးစုံကို မမြင်နိုင်သဖြင့် မျက်နှာမပျက်စေရန် ဝင်မပါတော့ပေ။

"ရှစ်ရှုနဲ့ ရှစ်ရှုန်းတို့ ကြည့်လိုက်ပါ..."
မော့ရှုလင်က ကြွက်ရုပ်တစ်ရုပ်ကို ကောက်ကိုင်ပြီး မိတ်ဆက်ပေးလိုက်၏။
"ဒီကြွက်ရုပ်က သေးငယ်ပြီး ဘာမှမထူးခြားသလို ထင်ရပေမဲ့ တကယ်တော့ လျှို့ဝှက်ချက်တွေရှိပါတယ်..."

🐰🐰🐰

🐰 Chapter 34


သာမာန်ကြွက်ရုပ်များနှင့်ယှဉ်လျှင် ပိုင်ယွီမင်၏ ကြွက်ရုပ်များက များစွာမထူးခြားပေ။ 

သို့ရာတွင် ဤကွာခြားချက် အနည်းငယ်ကပင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးစာ တန်ကြေးရှိရန် လုံလောက်လေသည်။

မော့ရှုလင်က သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်ချိန်တွင် ကြွက်ရုပ်က သူ့လက်ထဲတွင် သွက်သွက်လက်လက် လှုပ်ရှားလာလေ၏။ ထိုမျှမကဘဲ ဤကြွက်ရုပ်မှာ ဟဲ့ရှန်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိအားကို ထုတ်လွှတ်နေလေသည်။

ချီသန့်စင်ခြင်းအဆင့်ရှိသည့် သာမာန်တပည့်တစ်ယောက်က စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို ထည့်သွင်းလိုက်ရုံဖြင့် ဟဲ့ရှန်းအဆင့် ကျင့်ကြံသူ၏ဖိအားကို သုံးနိုင်သည်မှာ အမှန်ပင် အသုံးဝင်လေသည်။ 

အထူးသဖြင့် တောထဲတွင် မိမိထက် များစွာအဆင့်မြင့်သည့် သားရဲများနှင့် တွေ့ချိန်၌ ဤကဲ့သို့ ထိန်းချုပ်နိုင်သည့် ကြွက်ရုပ်များက ရိုးရှင်းသည့် အသက်ကယ်လက်နက်များ ဖြစ်လေသည်။ 

စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်လိုက်ရုံဖြင့် ကြွက်ရုပ်က အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်၏ ဖိအားကို ထုတ်ပေးမည်ဖြစ်သဖြင့် အသိဉာဏ်နည်းသည့် သားရဲများက သူတို့ထက် သာလွန်သော ပြိုင်ဘက်နှင့် တွေ့သည်ဟုထင်ပြီး တိုက်ခိုက်ခြင်းမပြုဘဲ ဆုတ်ခွာသွားကြမည်ဖြစ်သည်။

အလယ်အလတ်မှ အဆင့်မြင့်အထိရှိသော သားရဲများအား ခြောက်လှန့်နိုင်သည့် ဤကြွက်ရုပ်အတွက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ကုန်ကျလေသည်။ 

ဤကဲ့သို့ တွေးမိချိန်တွင် သုံးယောက်လုံးမှာ ဤကြွက်ရုပ်၏ ဈေးနှုန်းက မများမနည်းဘဲ ကွက်တိဖြစ်သည်ဟု ခံစားလိုက်ရ၏။

"ငါ... ငါ သုံးကောင်ယူမယ်..."
ကုန်းရှော့မှာ ဤပစ္စည်းက ကိုယ်တိုင်သုံးနိုင်သည့်အပြင် အမြတ်တင်ပြီး ပြန်ရောင်းနိုင်သည်ဟု တွေးကာ ချက်ချင်းပြောလိုက်လေ၏။

"ငါကတော့ နှစ်ကောင်ယူမယ်..."
ရှီဟိုင်ချန်းကလည်း ပစ္စည်းကုန်သွားမည်ကို စိုးရိမ်သဖြင့် အလောတကြီး ပြောလိုက်၏။

 á€›á€žá€Žá€Ÿá€­á€Żá€„်ခဝန်းက ဤကဲ့သို့ သွက်လက်သည့် ကြွက်ရုပ်များကို အရေးတကြီး လိုအပ်နေလေသည်။ 

သူက ကိုယ့်ကိုယ်ကိုယ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရန်နေရာအတွက် အခွင့်အရေးရှိသည်ဟု ယူဆထားလေသည်။ လျှို့ဝှက်နယ်မြေထဲတွင် ကျင်းတန်းအဆင့်ထက်မြင့်သော ကျင့်ကြံသူများ မရှိနိုင်သော်လည်း သားရဲမျိုးစုံရှိမည်မှာ သေချာလေသည်။ ဤကြွက်ရုပ်၏ ဟဲ့ရှန်းအဆင့်ရှိသောဖိအားက ထိုနေရာတွင် အသုံးဝင်လာနိုင်လေသည်။

"ကျန်တာအကုန်လုံးကို ငါယူမယ်..."
မော့ရှုလင်က ကြွက်ရုပ်ငါးကောင်ကို ရောင်းလိုက်ပြီး စားပွဲပေါ်၌ သုံးကောင်သာ ကျန်သည်ကို မြင်ချိန်တွင် ဖူရုန်ရှင်းက အမြန်ပြောလိုက်၏။ 

ဖူရုန်ရှင်းက ဤကဲ့သို့ အခွင့်အရေးသမားဆန်သည့် ကြွက်ရုပ်များကို မကြိုက်သော်လည်း လျှို့ဝှက်နယ်မြေအကြောင်းကို တွေးမိလိုက်လေသည်။ သူ့တပည့်က ဝင်ရန်နေရာရခဲ့လျှင် သူ့တပည့်အတွက် ကာကွယ်ရေးပစ္စည်းတစ်ခုခုကို ပေးရမည်ဖြစ်၏။

ဖူရုန်ရှင်းက အဆောင်လက်ဖွဲ့များ ရေးသည့်နေရာတွင် ကျွမ်းကျင်သော်လည်း သူက နှစ်ပေါင်း ၁၀၀ ကျော်မှ အဆင့်တစ်ခု တက်လာသူဖြစ်သဖြင့် သူ၏ကျင့်ကြံဆင့်မှာ အလွန်မတည်ငြိမ်သေးပေ။ 

သူက ဤကြွက်ရုပ်ကဲ့သို့ စက်ကိရိယာလေးများကို လုပ်နိုင်သော်လည်း သူ၏ကျင့်ကြံဆင့်ဖြင့် ဟဲ့ရှန်းအဆင့် ဖိအားမျိုး ထွက်လာအောင် မလုပ်နိုင်ပေ။ ဖူရုန်ရှင်း၏ အမြင့်ဆုံးလုပ်နိုင်စွမ်းမှာ တုန်းရွှီအဆင့်သာ ရှိလေသည်။ 

ကိုယ်တိုင် အပင်ပန်းခံပြီး လုပ်လျှင်ပင် ဤကဲ့သို့ အရည်အသွေးမျိုး မရနိုင်သဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပေးပြီး ပစ္စည်းကို တိုက်ရိုက်ဝယ်လိုက်သည်က ပိုကောင်းလေသည်။

"ဟုတ်ကဲ့ပါ... အကြီးအကဲနဲ့ ရှစ်ရှုန်းတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကြွက်ရုပ်တစ်ကောင်စီအတွက် သာမာန်ခြေရာခံ အမဲလိုက်ကြွက်ရုပ်နှစ်ကောင်စီ လက်ဆောင်ပေးပါ့မယ်... ဒီလိုမျိုး တွဲသုံးရင် ပိုပြီးထူးခြားတဲ့အပြင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားကိုပါ ဖန်တီးပေးနိုင်လို့ ရန်သူတွေကို ခြောက်လှန့်တဲ့နေရာမှာ ပိုထိရောက်ပါတယ်..."

မော့ရှုလင်က ပြုံးကာ ပစ္စည်းများကို ထုပ်ပိုးပေးလိုက်ပြီး အရောင်းအဝယ် လုပ်လေသည်။ 

ကုန်းရှော့မှာ သာမာန်ကြွက်ရုပ်များဟု ကြားလိုက်စဉ်တွင် အနည်းငယ် စိတ်ပျက်သွားသော်လည်း ကြွက်ရုပ်များပေါ်တွင် အားဖြည့်အစီအရင်များ ပါဝင်နေသည်ကို မြင်ချိန်၌ သူ အမြတ်ရလိုက်သည်ဟု ခံစားရလေသည်။ 

ဤကဲ့သို့ ပြုပြင်ထားသည့် သာမန်ကြွက်ရုပ်များက စားရန်လည်း အရသာမရှိ၊ ပစ်ရန်လည်း နှမြောစရာကောင်းသည့် ကြက်ရိုးများ ဖြစ်လေသည်။

သာမန်လူများက ဤလက်ဆောင်ပေးသည့် ကြွက်ရုပ်နှစ်ကောင်ကြောင့် အဓိကပစ္စည်းကို ဝယ်မည်မဟုတ်ပေ။ 

သို့ရာတွင် ပစ္စည်းတစ်ခု ဝယ်ပြီးချိန်၌ လက်ဆောင်ရလျှင် သို့မဟုတ် ပစ္စည်း၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့် ပစ္စည်းများအားရရှိလျှင် ဝယ်သူမှာ ဤပစ္စည်းကို ဝယ်ရသည်က တန်သည်ဟု ခံစားရမည်ဖြစ်ပြီး ဆိုင်ပေါ်ရှိ အခြားပစ္စည်းများကိုပါ ဆက်ကြည့်ရန် စိတ်ဝင်စားသွားစေလေသည်။ အဆင်ပြေလျှင် အခြားပစ္စည်းများလည်း ရောင်းရနိုင်ပြီး ဝယ်ချင်စိတ်ကို ပိုမိုဆွဲဆောင်နိုင်လ၏။

ကုန်းရှော့ကိုယ်တိုင်ကလည်း အရောင်းအဝယ်ကိစ္စများကို မကြာခဏ လုပ်နေသူဖြစ်သဖြင့် ပိုက်ဆံမသုံးချင်သည့် ဖောက်သည်၏စိတ်ကို ဆွဲဆောင်ရန် ကြိုးစားမည့်အစား ဝယ်ချင်စိတ်ပေါက်ပြီးသားဖြစ်သည့် ဖောက်သည်များကို ထပ်ပြီးဆွဲဆောင်သည်က ပိုထိရောက်သည်ကို သူ နားလည်လေသည်။ 

လူများက ဝယ်ချင်စိတ်မရှိချိန်၌ အမြှုပ်ထွက်မတတ် ပြောနေလျှင်ပင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် ရမည်မဟုတ်ပေ။ သို့ရာတွင် ပိုက်ဆံသုံးရန် ဝန်မလေးသည့် ဖောက်သည်နှင့် တွေ့ချိန်၌ စူးစမ်းလိုစိတ် အနည်းငယ်ကို ထည့်ပေးလိုက်ရုံဖြင့် ထိုဖောက်သည်၏ ပိုက်ဆံအိတ်ကို အကြိမ်ကြိမ် နှိုက်ယူနိုင်လေသည်။

သူတို့ရှေ့ရှိ ဤကောင်လေးက အမှန်ပင် ကြက်သူခိုးလေးဖြစ်၏။ 

ကုန်းရှော့က ဆိုင်ခင်းလာသည်မှာ နှစ်အတော်ကြာနေသော်လည်း သူ့ရှေ့ရှိ ဆယ်နှစ်သားကလေးကိုမူ မယှဉ်နိုင်ပေ။ 

ဖူရုန်ရှင်းနှင့် ရှီဟိုင်ချန်းတွင်လည်း တူညီသည့်အကြံ ရှိလေသည်။ သူတို့က လက်ဆောင်နှစ်ခုကို ရလိုက်ချိန်တွင် ဤပစ္စည်းအား သီးသန့်ရောင်းလျှင် ဝယ်မည်မဟုတ်သော်လည်း လက်ဆောင်ရချိန်တွင်မူ အနည်းငယ်မြတ်သည်ဟု ခံစားရလေသည်။ 

ပိုင်ယွီမင်၏ စိတ်ထဲတွင် အလွန်ပျော်နေလေ၏။ တပည့်လေးက ပစ္စည်းများကို ဤမျှရောင်းရမည်ဟု မထင်ထားခဲ့ပေ။ သူလုပ်ထားသည့် ကြွက်ရုပ်များအားလုံးက  á€›á€ąá€Źá€„á€şá€¸á€‘á€˝á€€á€şá€žá€˝á€Źá€¸á€œá€ąáá‹

ဆိုင်တွင်ထိုင်ကာ ဖိအားပေးထားရန်နှင့် စကားများလျှောက်ပြောပြီး လေထုကို မပျက်စေရန် သူ့တပည့်လေး ပြောထားသည်ကို သတိရပြီး ပိုင်ယွီမင်က စာအုပ်ကို ပိုပြီးအလေးအနက်ဖြင့် ဖတ်နေလိုက်လေသည်။ 

ပစ္စည်းဝယ်ထားသည့် သုံးယောက်ကမူ မပြန်သွားသေးဘဲ ဆိုင်ပေါ်ရှိ အခြားပစ္စည်းများကို ဆက်ကြည့်ချင်နေကြလေသည်။

ဖူရုန်ရှင်းက အကြီးအကဲတစ်ယောက်အနေဖြင့် ဤပစ္စည်းများထဲတွင် ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအားများကို မြင်နိုင်ရန် နည်းစနစ်အချို့ သုံးလိုက်၏။ 

စားပွဲပေါ်ရှိ အဆောင်လက်ဖွဲ့များက ကြည့်ရသည်မှာ အလွန်သာမန်ဆန်ပြီး သစ်သားရုပ်များကလည်း သာမာန်ဆန်လေသည်။ ဤလက်ဆောင်များကို မည်သူ့အား ပေးရမည်ကို မသိသော်လည်း ဈေးမကြီးလျှင် ဝယ်သွားပြီး နောက်မှ စမ်းကြည့်လိုက်မည်ဖြစ်သည်။

သို့ရာတွင် သူ၏အကြည့်က အဆောင်လက်ဖွဲ့များထံသို့ ရောက်သွားချိန်တွင် အံ့အားသင့်သွားလေ၏။ ဤအဆောင်လက်ဖွဲ့များက ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်နေပြီး ဟဲ့ရှန်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားမျိုး ရှိနေပုံရလေသည်။ 

သူက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ကြည့်ရဆိုးသည့် နှစ်သစ်ကူးစာများကို ကြည့်လိုက်လေသည်။ ဤစာများထဲတွင် ချူချောင်အဆင့် တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်နိုင်သည့် အစီရင်တစ်ခု ပါနေလေ၏။ 

ဘယ်သူကများ နှစ်သစ်ကူးစာတွေပေါ်မှာ စွမ်းအားတွေလာကျင့်နေတာလဲ... စိတ်ဝိညာဉ်စွမ်းအားတွေ အရမ်းများလွန်းလို့ ဖြုန်းစရာနေရာ မရှိတော့လို့လား… 

ဖူရုန်ရှင်းက ရင်ထဲရှိ တုန်လှုပ်မှုများကို ထိန်းချုပ်ထားပြီး အလွန်ရုပ်ဆိုးသည့် ခွေးပုံများကို ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားလေ၏။

ဒီလောက်တောင် ကြွယ်ဝတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ...

ဖူရုန်ရှင်းခန့်မှန်းရလျှင် ရုပ်ဆိုးသည့် ခွေးပုံ (၇) ပုံက ဟဲ့ရှန်းအဆင့်တွင် ရှိနေပြီး ကျန်တစ်ပုံက တုန်းရွှီအဆင့်တွင် ရှိနေသည်။ ပုံတစ်ပုံစီက သူ့ကျင့်ကြံဆင့်ထက် ပိုမြင့်သည့် ဖိအားများရှိနေသဖြင့် ဤသည်မှာ သူသိနိုင်သည့် အဆင့်မဟုတ်တော့ပေ။ ဖူရုန်ရှင်းအနေဖြင့် ထိုပုံများ၏ ထူးခြားသည့် အကျိုးသက်ရောက်မှုကို မမြင်နိုင်ပေ။

"တစ်ဆိတ်လောက်... တပည့်လေး... ဒီ’ခွေးနှစ်’နှစ်သစ်ကူးစာရွက်တွေက ဘယ်လောက်လဲ… ပြီးတော့ ဒီစာတွေရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ…"
ဖူရုန်ရှင်းက အလွန်လှုပ်ရှားနေသည့် စိတ်ကို ထိန်းချုပ်ကာ မေးလိုက်လေ၏။

မော့ရှုလင် “.......”

‘ခွေးနှစ်’ ဟူသော စကားကို ကြားချိန်တွင် မော့ရှုလင်မှာ ပိုင်ယွီမင်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိ၏။ 

ပြီးခဲ့တဲ့တစ်ခေါက်က ဘာဖြစ်လို့ ခွေးပုံဆွဲထားတာလဲလို့ မေးလိုက်တုန်းက ပိုင်ယွီမင် အကြာကြီး စိတ်ကောက်နေခဲ့တာ... အခုတော့ လူပုံအလယ်မှာ ခွေးပုံလို့ အပြောခံလိုက်ရပြီ... ပိုင်ယွီမင် စိတ်ဆိုးပြီး ဝယ်သူကို ရိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ... 

‘ခွေးနှစ်’ဟု အပြောခံရသဖြင့် ပိုင်ယွီမင် မည်မျှစိတ်ဆိုးနေမည်ကို စိုးရိမ်နေသည့်စိတ်က သူ သေလုနီးပါး အလိုက်ခံရစဉ်က စိုးရိမ်စိတ်ထက်ပင် ပိုမိုကြီးမားနေမည်ဟု မထင်ထားခဲ့ပေ။ 

မော့ရှုလင်က ထိတ်လန့်တကြားဖြစ်နေပြီး ပိုင်ယွီမင်၏ တည်ငြိမ်နေသော်လည်း သံသယဖြစ်ဖွယ်ကောင်းသည့် မျက်နှာအမူအရာကို ကြည့်လိုက်လေသည်။

ပိုင်ယွီမင်က မော့ရှုလင် စိုးရိမ်နေသည်ကို သတိထားမိသွားပြီး သူ့ကို ကြည့်လိုက်၏။ ပိုင်ယွီမင်ထံတွင် စိတ်ဆိုးနေသည့် အရိပ်အယောင် လုံးဝမရှိပေ။ 

မော့ရှုလင်က ချက်ချင်း စိတ်အေးသွားပြီး အကြောင်းပြချက်ကို စတင်စဉ်းစားနေလိုက်လေသည်။ သို့ရာတွင် မည်သို့ပင်စဉ်းစားစေကာမူ ပိုင်ယွီမင်၏ အဆင့်အတန်းအတန်းအရ အကြီးအကဲ ပြောလိုက်သည့် ‘ခွေးနှစ်’ နှစ်သစ်ကူးစာများမှာ ပိုင်ယွီမင် ဆွဲထားသည့် ‘ယုန်နှစ်’ နှစ်သစ်ကူးစာများဖြစ်ကြောင်းကို ပြောပြရမည်ဖြစ်သည်။

ဖူရုန်ရှင်းက တပည့်လေး၏အဖြေကို စောင့်နေစဉ်တွင် တပည့်လေးက ထိုင်နေသည့် အကြီးအကဲအား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရလေသည်။ ဤစာများက အလွန်စျေးကြီးနေသဖြင့် တပည့်လေးက မရောင်းရဲခြင်းဖြစ်သည်ဟု သူ ထင်လိုက်၏။ 

ဖူရုန်ရှင်းက သူ့ကိုယ်သူ အမှန်တရားအား နားလည်သွားသည်ဟုထင်ကာ ပိုင်ယွီမင်ကို ဦးညွတ်ပြီး ယဉ်ကျေးစွာ မေးလိုက်လေသည်။
"အကြီးအကဲကို နှုတ်ဆက်ပါတယ်... ကျွန်တော် မေးပါရစေ... ဒီ’ခွေးနှစ်’နှစ်သစ်ကူး စာရွက်တွေကို စျေးဘယ်လောက်နဲ့ ရောင်းတာပါလဲ…"

မော့ရှုလင်မှာ မျက်လုံးပြူးသွား၏။ 
ဒီအကြီးအကဲတော့ သေတော့မှာပဲ… 

သို့ရာတွင် သူ့မျက်လုံးထောင့်မှ ကြည့်လိုက်စဉ် ပိုင်ယွီမင်က အနည်းငယ်မျှပင် ဒေါသမထွက်သည်ကို မြင်လိုက်ရလေသည်။ အမှန်ပင် ထူးဆန်းနေလေ၏။ 

ပိုင်ယွီမင်က နှုတ်ခမ်းထောင့်တွန့်ရုံသာ ပြုံးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း...”

မော့ရှုလင် “.......”

မှင်အမဲရောင်တွေ ပေးနေပြီးတော့ စိတ်ဝိညာဉ်စွမ်းအား နည်းနည်းပဲပါတဲ့ အနီရောင် စက္ကူအစုတ်လေးကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းတောင် တောင်းရဲတယ်ပေါ့... ပိုင်ယွီမင်က ဘာဖြစ်လို့ စိတ်ဆိုးနေပုံမပေါ်တာလဲ... အင်း... ကြည့်ရတာတော့ ကောင်းကင်ကိုတောင် ဖောက်ခွဲချင်လောက်တဲ့အထိ စိတ်ဆိုးနေတာပဲ ဖြစ်ရမယ်…

🐰🐰🐰

🐰 Chapter 35


ဖူရုန်ရှင်းမှာ ပိုင်ယွီမင် ပြောလိုက်သည့် စျေးနှုန်းကြောင့် အံ့ဩထိတ်လန့်သွားလေသည်။ 

ပုံမှန်အားဖြင့် ဖူရုန်ရှင်းက တုန်းရွှီအဆင့်ရှိသော အသက်ကယ်မှော်လက်နက်တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းကျော်ခန့် ပေးရလျှင်ပင် ဝယ်ခဲလေသည်။ 

သို့ရာတွင် ယခုအချိန်၌ ဖူရုန်ရှင်းက ပစ္စည်းကောင်းတစ်ခုနှင့် လွဲချော်သွားမည်ကို စိုးရိမ်သဖြင့် မေးလိုက်၏။
"ဒီက တပည့်လေးကို မေးချင်လို့ပါ... ဒီစာရွက်တွေက ဘယ်လိုအာနိသင်များ ရှိလို့လဲ…"

နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ဖူရုန်ရှင်းမှာ အသက်အရွယ် ရလာသော်လည်း အဆင့်တက်ရန် အလှမ်းဝေးနေဆဲ ဖြစ်လေသည်။ သူ့ကျင့်ကြံဆင့်ကို အလျင်အမြန် တက်ချင်လျှင် အတွေ့အကြုံ များစွာရှာရန် လိုအပ်လေသည်။ သို့ရာတွင် အသက်ကယ်လက်နက်မပါဘဲ အပြင်လောကသို့ အတွေ့အကြုံ ထွက်ရှာလျှင် မည်သည့်အရာများနှင့် ကြုံတွေ့ရမည်ကို မည်သူမှ မသိနိုင်ပေ။ မိမိအသက်ကို ကာကွယ်နိုင်မည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဟူသော ပမာဏက ပြောပလောက်သောပမာဏ မဟုတ်တော့ပေ။

ဖူရုန်ရှင်းက အဆင့်မြင့်ပစ္စည်းများကို ဤမျှအလိုရှိနေမည်ဟု မော့ရှုလင် မထင်ထားခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဖူရုန်ရှင်းက မကြာမီတွင် အပြင်လောကသို့ထွက်ပြီး ကျင့်ကြံတော့မည်ကို ပြသနေလေ၏။ 

တုန်းရွှီအဆင့် မှော်လက်နက်များအတွက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပေးရလျှင်ပင် စျေးသက်သာသည်ဟု ယူဆနိုင်လေသည်။ သို့ရာတွင် ဤစာလုံးများက သာမန်စက္ကူအနီပေါ်တွင် ရေးထားခြင်းဖြစ်ပြီး ထူးခြားမှုမရှိပေ။ စိတ်ဝိညာဉ်စွမ်းအားများစွာ ပါဝင်နေလျှင်ပင် ကုန်ကြမ်းပစ္စည်းက ပျက်စီးလွယ်လေ၏။ ဆုတ်ပြဲသွားသည်နှင့် တစ်ခါသုံးပစ္စည်းအဖြစ်သို့ ရောက်သွားမည်ဖြစ်သဖြင့် တန်ဖိုးလျော့ကျသွားလေသည်။ 

သို့သော် ဤစျေးနှုန်းက သူ့ရှစ်စွမ်းပြောလိုက်သည့် စျေးဖြစ်သဖြင့် ရှစ်စွမ်း မျက်နှာမပျက်အောင် သူက ထိန်းရမည်ဖြစ်၏။

မော့ရှုလင်က ဆုံးဖြတ်လိုက်ပြီးနောက် ရှင်းပြလေသည်။
"ဒီစာရွက်တွေမှာ အကျိုးသက်ရောက်မှု အမျိုးမျိုးရှိပါတယ်...”

“အကြီးအကဲ... ဒီပစ္စည်းက တစ်ခါပဲ သုံးလို့ရတယ်ဆိုရင်တောင် တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ အစီအရင်ကို ထည့်သွင်းထားတာပါ... အဲ့ဒါကြောင့် ဒါက ကာကွယ်ရေးလက်နက်သက်သက်ပဲ မဟုတ်ပါဘူး... 

“ဒီစာရွက်ကို အိမ်ရှေ့တံခါးဝမှာ ကပ်ထားလိုက်ရင် အထဲမှာနေတဲ့သူတွေကို ကာကွယ်ပေးနိုင်ပါတယ်... အဲ့လိုပါပဲ... ကိုယ်နဲ့မကွာ ဆောင်ထားလို့ရသလို ကာကွယ်ရေးပစ္စည်းတွေမှာလည်း ကပ်ထားလို့ရပါတယ်... “

“အဲဒါအပြင် အဆင့်မြင့်မှော်လက်နက် တော်တော်များများက ကုန်ကြမ်းပစ္စည်း ကန့်သတ်ချက်တွေရှိပြီးတော့ သုံးစွဲမယ့်လူကလည်း ကျင့်ကြံဆင့် မြင့်ဖို့လိုအပ်ပါတယ်... ဒါပေမဲ့ ဒီစာရွက်တွေကတော့ မလိုပါဘူး... စိတ်ဝိညာဉ်စွမ်းအား နည်းနည်းလေးရှိရုံနဲ့ ချက်ချင်း အသုံးပြုနိုင်ပါတယ်... အသက်အန္တရာယ်နဲ့ ကြုံနေရတဲ့ အချိန်မျိုးမှာတောင် စိတ်ဝိညာဉ်စွမ်းအား အများကြီးကို ဖြုန်းတီးစရာ မလိုပါဘူး...” 

“အဆင့်မြင့် သိုလှောင်အိတ်ထဲကို ထည့်ထားမယ်ဆိုရင်လည်း စာလုံးတွေကို မထိခိုက်နိုင်ပါဘူး... “

“ပြီးတော့ တုန်းရွှီအဆင့် မှော်လက်နက်တွေက ပုံမှန်ဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းလောက် ပေါက်စျေးရှိပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းပဲ ယူတာပါ... “

“အကြီးအကဲအနေနဲ့ တုန်းရွှီအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရှာပြီး တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ တစ်ခါသုံးလက်နက်ကို လုပ်ခိုင်းမယ်ဆိုရင်တောင် သူတို့က လုပ်ပေးမယ်ဆိုတာ သေချာလို့လား…”

“အကြီးအကဲ သေချာစဉ်းစားကြည့်ပါဦး... အသက်အန္တရာယ်နဲ့ ကြုံလာတဲ့အချိန်ကျရင် တစ်ခါသုံးဖြစ်နေလို့ဆိုပြီး နှမြောနေမှာလား…” 

“အသက်အန္တရာယ်နဲ့ ကြုံနေရတဲ့အချိန်မှာ ဒီစာရွက်တွေကို ပစ်ပေါက်လိုက်လို့ရပါတယ်... ပြင်ပအားတစ်ခုခုနဲ့ ထိတွေ့သွားတာနဲ့ ဒီစာရွက်တွေက အကြီးအကျယ် ပေါက်ကွဲပါလိမ့်မယ်... တိုက်ခိုက်တဲ့အား ပြင်းလေလေ ထိန်းချုပ်ရခက်လေလေ ဖြစ်မှာပါ... "

သူ့စကားကြောင့် ဖူရုန်ရှင်းသာမက ပိုင်ယွီမင်ပါ အံ့အားသင့်သွားလေသည်။ 

ဆိုင်မဖွင့်မီက သူတို့နှစ်ယောက် တိုင်ပင်ထားသဖြင့် ပစ္စည်းများ၏ ခန့်မှန်းစျေးနှုန်းကို သူသိလေသည်။ မော့ရှုလင်၏ တွက်ချက်မှုများအရ ဤနှစ်သစ်ကူးစာများကို စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းရှစ်သောင်းဖြင့် ရောင်းနိုင်၏။ ပစ္စည်းတန်ဖိုး နားလည်သူနှင့်တွေ့လျှင် တစ်သိန်းရှစ်သောင်းအထိ လျှော့ရောင်းနိုင်လေသည်။ 

ကုန်ကြမ်းညံ့ဖျင်းခြင်းမှာ အားနည်းချက်ဟု ပြောနိုင်၏။ ပန်းချီက မည်မျှပင်လှစေကာမူ (၂)နှစ်သာ ခံမည်ဖြစ်သည်။ အကြီးအကဲတစ်ယောက်အတွက် (၂)နှစ်ဆိုသည်မှာ အလွန်တိုတောင်းလှလေသည်။ 

မော့ရှုလင်က ဤမျှစကားများနေရခြင်းမှာ ဆရာဖြစ်သူ၏ မျက်နှာကို ကာကွယ်ပေးရန် ဖြစ်လေသည်။

မော့ရှုလင်၏ မရပ်မနား ကြွားလုံးထုတ်နေမှုများကို နားထောင်ပြီးနောက် ပိုင်ယွီမင်၏ ရင်ထဲတွင် နွေးထွေးသွားလေသည်။ 
ငါ့တပည့်လေးက တကယ်ကို အလိုက်သိပြီး အားကိုးရတာပဲ…

"အကြီးအကဲကို နောက်ဆုံးတစ်ခု ပြောချင်ပါတယ်..."
မော့ရှုလင်က လေးနက်သည့် ပုံစံဖြင့် အသံတိုးကာ ပြောလိုက်၏။

"သာမန်စက္ကူတစ်ရွက်ပေါ်ကို ဒီလောက်အဆင့်မြင့်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ထည့်သွင်းနိုင်တဲ့ ကျင့်ကြံသူမျိုးကို အကြီးအကဲ မြင်ဖူးလို့လား... “

“တိုက်ပွဲဖြစ်တဲ့အချိန်ကျရင် တစ်ဖက်ရန်သူက ဒါကို လုံးဝထင်ထားမှာ မဟုတ်ဘူး... “

“ဒီလိုဆိုရင်တောင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း ပေးရတာကို မတန်ဘူးလို့ အကြီးအကဲ ထင်နေတုန်းပဲလား…"

မူလတွင် ဖူရုန်ရှင်းက စျေးနှုန်းကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းအောက်သာ ပေးချင်သော်လည်း မော့ရှုလင်၏ စကားများကို နားထောင်ပြီးနောက် ဤကဲ့သို့ ပစ္စည်းမျိုးကို တွေ့ရသည်မှာ ကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ ဤကဲ့သို့ မှော်လက်နက်မျိုးအား နောက်တစ်ကြိမ် မတွေ့ရတော့မည်ကို စိုးရိမ်လျက် ဖူရုန်ရှင်းက ချက်ချင်းပင် ပိုက်ဆံထုတ်လိုက်လေသည်။

မော့ရှုလင်က လိပ်ထားသည့် စာရွက်များကို ထည့်ရန်အတွက် ထိန်းသိမ်းပေးသည့် အစီအရင်ပါဝင်သော ဝါးကျည်တောက်တစ်ခုကို ပြင်ဆင်ထားလေသည်။ ဝါးကျည်တောက်ကို ရိုးရှင်းစွာ ပြုလုပ်ထားသဖြင့် မည်သူမဆို အလွယ်တကူ ထုတ်ယူနိုင်လေသည်။ 

ဖူရုန်ရှင်းက အစီအရင်ပညာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း မော့ရှုလင်ပြုလုပ်နေသည်များကို စိတ်ဝင်တစား ကြည့်နေမိလေ၏။ 

စျေးကြီးလျှင်ပင် ဝယ်ယူသည့် အတွေ့အကြုံကို ပိုမိုသက်တောင့်သက်သာရှိစေရန် ပစ္စည်းများကို ထုပ်ပိုးပေးသည့် ဝန်ဆောင်မှုက ဝယ်သူများကို စိတ်ကျေနပ်မှုရအောင် လုပ်ဆောင်သင့်လေသည်။ သို့မှသာ စျေးဝယ်သူများက စိတ်ထဲတွင် တန်သည်ဟု ခံစားရမည်ဖြစ်သည်။

ဘေးရှိ ကုန်းရှော့နှင့် ရှီဟိုင်ချန်းတို့က စိတ်ဝင်စားနေကြသော်လည်း ကံဆိုးစွာဖြင့် သူတို့အိတ်ထဲတွင် ငွေများစွာမရှိသဖြင့် ဤမျှစျေးကြီးသော ပစ္စည်းများကို မဝယ်နိုင်ကြပေ။ ထို့ကြောင့် ကျန်ရှိသော နှစ်သစ်ကူးစာရွက်များ၏ စျေးနှုန်းကိုသာ မေးမြန်းရတော့လေသည်။ 

ပထမဆုံး ရောင်းလိုက်သည့် နှစ်သစ်ကူးစာရွက်များ၏ တန်ဖိုးက မြင့်သွားသဖြင့် မော့ရှုလင်က မူလစျေးနှုန်းဖြင့် မရောင်းနိုင်တော့ပေ။ 

ဟဲ့ရှန်းအဆင့်ရှိသော ‘ယုန်နှစ်’နှစ်သစ်ကူးစာရွက်များကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းခန့် သတ်မှတ်လိုက်၏။ အပြင်တပည့်ဖြစ်သည့် ကုန်းရှော့မှာ စျေးနှုန်းက သူထင်ထားသည်ထက် များနေသဖြင့် ထိတ်လန့်သွား၏။ မိသားစုနောက်ခံရှိသည့် အတွင်းတပည့် ရှီဟိုင်ချန်းကမူ အံကြိတ်ကာ တစ်ခုဝယ်လိုက်လေသည်။ ဖူရုန်ရှင်းမှာ တစ်ခုတည်းဝယ်လျှင် အသုံးမဝင်နိုင်ဟု ခံစားရသဖြင့် နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းကို ထပ်ထုတ်ပြီး နောက်ထပ်နှစ်ရွက် ဝယ်ယူလိုက်သဖြင့် စာရွက်လေးရွက်သာ ကျန်တော့လေသည်။ 

ကျန်ရှိသော စာရွက်များက ဖန်ရှန်းအဆင့်နှင့် အထွတ်အထိပ်အဆင့်များသာဖြစ်ပြီး လက်ရေးနှင့် ကုန်ကြမ်းမှာ အလွန်ညံ့ဖျင်းသဖြင့် စျေးမကြီးတော့ပေ။ 

စျေးပေါလျှင် ရောင်းရပိုလွယ်၏။ ဖန်ရှန်းအဆင့်နှင့် အထွတ်အထိပ်အဆင့်စာရွက်များက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးနှင့် သုံးရာ အသီးသီးဖြင့် ရောင်းထွက်သွားလေသည်။

ပိုက်ဆံများစွာ သုံးစွဲပြီးနောက် သူတို့၏ သိုလှောင်အိတ်များက ထိခိုက်သွားသဖြင့် ဖူရုန်ရှင်းမှာ ဤဆိုင်တွင် ဆက်မနေသင့်တော့ကြောင်း ခံစားရသော်လည်း ဆိုင်တွင် ပစ္စည်းကောင်းများ ကျန်နေခဲ့မည်ကို စိုးရိမ်နေလေသည်။ 

ကျန်နှစ်ယောက်ကလည်း အလားတူ ခံစားနေရလေသည်။ 

အထူးသဖြင့် အပြင်တပည့် ကုန်းရှော့ဖြစ်၏။ သူက လွန်ခဲ့သောနှစ်များ၌ ဆိုင်ခင်းရောင်းချပြီး ပိုက်ဆံများစွာ ရှာနိုင်သည်ဟု ထင်ထားခဲ့သော်လည်း သူလက်လှမ်းမမှီနိုင်သည့် ပစ္စည်းကောင်းများကို မြင်ရချိန်တွင် ပိုက်ဆံပိုရှာရန် စိတ်အားတက်ကြွလာခဲ့လေသည်။

"ဒါက ဘာလဲ…"
ဖူရုန်ရှင်းက မေးလိုက်သော်လည်း ပစ္စည်းကောင်းဖြစ်နေပြီး သူ၏သိုလှောင်အိတ် ပြောင်သွားမည်ကို ကြောက်နေမိလေသည်။

"အကြီးအကဲ... ဒါက ဟဲ့ရှန်းအဆင့် စိတ်သန့်စင်တဲ့ အဆောင်လက်ဖွဲ့တွေပါ... တစ်ရွက်ကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၈၀ တုံး ကျသင့်ပါတယ်... စျေးဆစ်လို့ မရပါဘူး..."

မော့ရှုလင်က လက်ရေးအလှဆုံးတစ်ခုကို ရွေးထုတ်ကာ ဖြန့်ပြလိုက်လေသည်။ 

ချန်ဝူတောင်ထိပ်က ကုန်ကြမ်းထုတ်ပေးပြီး သူတို့ထံမှ စျေးနှိမ်ဝယ်ကာ လက်ခအနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးတုံး ထည့်ပေါင်းပြီး ပြန်ရောင်းလေ့ရှိလေသည်။ ယခု ဆိုင်ခင်းပြီး ချရောင်းရာတွင် မော့ရှုလင်အနေဖြင့် ကုန်ကြမ်းတန်ဖိုးနှင့် အမြတ်ကို ထည့်တွက်ရမည်ဖြစ်သဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၈၀တုံး ယူမှသာ အဆင်ပြေမည်ဖြစ်သည်။

ဖူရုန်ရှင်းက ခေါင်းညိတ်လိုက်သော်လည်း စကားထပ်မပြောတော့ပေ။ 

ပုံမှန်အားဖြင့် အဆင့်ပေါင်းစုံပါဝင်သည့် စိတ်သန့်စင်အဆောင်လက်ဖွဲ့များကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀ ဖြင့် ရောင်းချလေ့ရှိ၏။ ဤဆိုင်တွင် ၄၈၀ သာဖြစ်သဖြင့် ဈေးသင့်ပြီး ပြန်ရောင်းလျှင်ပင် မြတ်နိုင်လေသည်။ 

သို့ရာတွင် ဖူရုန်ရှင်းထံ၌ ထိုကဲ့သို့ အဆောင်လက်ဖွဲ့မျိုးရှိသဖြင့် ဝယ်ချင်စိတ်က အလွန်မမြင့်ပေ။

မော့ရှုလင်မှာလည်း ဖူရုန်ရှင်းက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း (၁၄) သိန်းခန့်ကို သုံးစွဲပြီးနောက် သိုလှောင်အိတ်မှာ အလွန်ထိခိုက်သွားသဖြင့် ထပ်ဝယ်ရန် ခက်ခဲမည်ကို သိလေသည်။

ထို့ကြောင့် မော့ရှုလင်က ပြုံးကာ ပြောလိုက်၏။
"ဒီတပည့်အနေနဲ့ အကြီးအကဲ ဒါတွေကို ဝယ်ဖို့ အကြံမပေးချင်ပါဘူး... အကြီးအကဲအနေနဲ့ ဂိုဏ်းကပေးတဲ့ ထောက်ပံ့ကြေးကိုသုံးပြီး ချန်ဝူတောင်ထိပ်မှာ အရည်အသွေး ပိုကောင်းပြီး စျေးသက်သာတဲ့ စိတ်သန့်စင် အဆောင်လက်ဖွဲ့တွေကို လဲလှယ်နိုင်ပါတယ်..."

အကြီးအကဲများအနေဖြင့် စိတ်သန့်စင် အဆောင်လက်ဖွဲ့များကို ဝယ်ယူချင်လျှင် ပြင်ပဆိုင်တွင် ဝယ်သည်ထက် တောင်ထိပ်တွင် ဝယ်သည်က ပိုမိုသက်သာလေသည်။ 

ဤသည်က အကြီးအကဲအဆင့်များ၏ အကျိုးခံစားခွင့်ဖြစ်၏။ 

ဖူရုန်ရှင်းက မော့ရှုလင်၏ စကားကို နားလည်လေသည်။ ပုံမှန်အားဖြင့် ချန်ဝူတောင်ထိပ်တွင် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များက လက်ကျန်မရှိတတ်ပေ။ ယခု မော့ရှုလင်၏ စကားအရ သူက စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို ထပ်ရေးပြီး ချန်ဝူတောင်ထိပ်တွင် ရောင်းမည်မှာ ထင်ရှားလေသည်။

“ကောင်းတယ်... ကောင်းတယ်...” 
ဤတပည့်လေးက အလွန်ပါးနပ်သည်ဟု ဖူရုန်ရှင်းက တွေးလိုက်၏။ သူက ဆိုင်တွင် ပစ္စည်းများပိုရောင်းရရန် ကြွားလုံးထုတ်ပြီး အတင်းအကျပ် မရောင်းချပေ။ 

ဖူရုန်ရှင်းက စိတ်အခြေအနေ ကောင်းသွားသဖြင့် ချက်ချင်းမပြန်သေးဘဲ သာမာန်ဟု ထင်ရသည့် ပစ္စည်းနှစ်ခုကို ဆက်ပြီးကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ စျေးမကြီးလျှင် ထပ်ဝယ်လိုက်မည်ဖြစ်၏။

ပိုင်ယွီမင်ကမူ စာဖတ်နေသည့် ကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်မူ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းကို တွေးပြီး ပျော်မြူးနေလေ၏။

ငါ ဒီတိုင်းပြောလိုက်တဲ့ စျေးက တကယ်ကြီး ရောင်းထွက်သွားတာလား… 

အိမ်မှာ အခန်းဘယ်နှစ်ခန်းလောက် ထပ်တိုးပြီး ဆောက်လို့ရပြီလဲ… ငါးခန်းလား… ခြောက်ခန်းလား… မဟုတ်သေးဘူး... ငါ့မှာ တစ်သန်းတောင် ရှိနေပြီပဲ... အိမ်ကောင်းကောင်းတစ်လုံးတော့ ဝယ်မှဖြစ်မယ်...

တပည့်လေးအတွက်လည်း အိမ်တစ်လုံးလောက် ဝယ်ပေးရမယ်... 

အိမ်ရှိမှ တပည့်လေး အရွယ်ရောက်လာတဲ့ အချိန်ကျရင် အိမ်ထောင်ဖက်ရှာဖို့ ပိုလွယ်မှာ...

🐰🐰🐰

Search Novels