🐰 Chapter 6


ပိုင်ယွီမင်က သွေးစွန်းနေသော လက်ကိုင်ပဝါကို သန့်စင်ခြင်းမန္တန်ဖြင့် သန့်စင်လိုက်ပြီးနောက် လက်ကိုင်ပဝါက ချက်ချင်း သန့်ရှင်းသွားလေသည်။ 

ပိုင်ယွီမင်က လက်ကိုင်ပဝါတွင် သွေးများစွန်းထင်းခဲ့သည်ကို သိသော်လည်း သေသေချာချာ ခေါက်သိမ်းပြီး သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်လေ၏။ သူက ပိုက်ဆံကို မဖြုန်းတီးနိုင်သူ ဖြစ်သဖြင့် အရင်းအမြစ်များကို ချွေတာချင်လေသည်။

ပိုင်ယွီမင်က စုတ်ပြတ်နေသော လက်ကိုင်ပဝါလေးကိုပင် ဤကဲ့သို့ တန်ဖိုးထားနေသည်ကို မြင်ချိန်၌ မော့ရှုလင်မှာ အနည်းငယ် အားနာသွားလေသည်။ ဤကဲ့သို့ ဆင်းရဲသော အကြီးအကဲမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ 

သို့ရာတွင် မော့ရှုလင်က ပိုင်ယွီမင်ကို အထင်သေးမည့်အစား သူ၏အပြုအမူကို အသိအမှတ်ပြုလိုက်လေသည်။ အရှက်တရားမရှိလျှင်ပင် ရိုးသားမှန်ကန်နေသမျှ ကာလပတ်လုံး မည်မျှပင် ဆင်းရဲနေစေကာမူ လူများကို သတ်ဖြတ်လုယက်နေသော မိစ္ဆာကျင့်ကြံသူများထက် အဆပေါင်းရာချီ သာလွန်လေသည်။

မော့ရှုလင်၏ ကြောင်အနေသော မျက်နှာကို မြင်ချိန်တွင် ပိုင်ယွီမင်က မော့ရှုလင်၏ခေါင်းကို ပုတ်လိုက်၏။ 
"မသိရင်လည်း ကိစ္စမရှိပါဘူး...ငါတို့ လမ်းမေးကြည့်ကြတာပေါ့..." 

ပိုင်ယွီမင်က အကြီးအကဲတစ်ဦးဖြစ်သော်လည်း ဤကမ္ဘာသို့ ရောက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိသေး၏။ ဤကမ္ဘာကြီးက ပျင်းရိဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း အပြင်ထွက်ချိန်တွင် အချိန်မရွေး အသတ်ခံရနိုင်ခြေရှိလေသည်။ 

ဇာတ်ကောင်၏အကျင့်စရိုက်မှ သွေဖည်ခြင်းကို ရှောင်ရှားရန်နှင့် အသက်အန္တရာယ်ရှိသော အခြေအနေများကို ရှောင်ရှားရန် ပိုင်ယွီမင်က တတ်နိုင်သမျှ အပြင်မထွက်ဘဲ တောင်ထိပ်တွင်သာ ပုန်းအောင်းနေလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ဖြစ်လာခြင်းဖြစ်၏။ လစဉ်ထောက်ပံ့ကြေးပေးသည့် နေ့မှလွဲပြီး သူက တစ်နေ့လုံးလှဲနေကာ ဝတ္ထုဖတ်နေလေ့ရှိသည်။ စာမဖတ်ချင်သည့် အချိန်တွင် သိုင်းပညာကို လေ့လာပြီး ကျင့်ကြံနည်းအသစ်အချို့ကို လေ့လာတတ်လေသည်။ 

ပိုင်ယွီမင်၏ဘဝက ရိုးရှင်းသော်လည်း သူက အလွန်သဘောကျလေ၏။ 

မည်သူ၏ လွှမ်းမိုးမှုကိုမှ မခံရဘဲ သူလုပ်ချင်သည့်ကိစ္စများကို လုပ်နိုင်သည့်အပြင် နေထိုင်စားသောက်ရန်အတွက် စိုးရိမ်စရာမလိုဘဲ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရုံဖြင့် ဗိုက်ပြည့်လေသည်။ ထို့အပြင် လစဉ်ထောက်ပံ့ကြေးများကိုလည်း ရရှိနိုင်သေး၏။ 

ဘဝက အလွန်လှပသဖြင့် ပိုင်ယွီမင်က လျန်ကျီဂိုဏ်းမှ ထွက်သွားရန် ဆန္ဒမရှိပေ။

မော့ရှုလင်ကမူ လမ်းကို သိလေ၏။ 

ယခင်က လျန်ကျီဂိုဏ်းအတွင်းတွင် ခေါင်းဖြူမိစ္ဆာကို လိုက်လံရှာဖွေခဲ့ဖူးလေသည်။ လျန်ကျီဂိုဏ်းရှိ အဓိကအဆောက်အအုံများသာမက အကြီးအကဲများ သွားလာတတ်သည့် နေရာများကိုပင် မော့ရှုလင်က ကောင်းစွာ သိလေသည်။ 

သို့ရာတွင် ယခုအချိန်၌ သူက ဆယ်နှစ်သားကောင်လေးတစ်ယောက်သာ ဖြစ်သဖြင့် ထိုကဲ့သို့ စကားများကို မပြောနိုင်ပေ။

မော့ရှုလင်က တစ်ခဏခန့် စဉ်းစားပြီးနောက် သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်၏။ 
"တပည့်တွေ အဆင်ပြေဖို့အတွက် လျန်ကျီဂိုဏ်းက ကိစ္စတော်တော်များများကို တောင်ထိပ်တစ်ခုတည်းမှာပဲ ဖြေရှင်းလို့ရတယ်လို့ ကြားဖူးပါတယ်... ခါးချိတ်တံဆိပ်ပြား ထုတ်ပေးတဲ့နေရာက လစဉ်ထောက်ပံ့ကြေးထုတ်တဲ့ နေရာနားမှာပဲ ရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်..." 

၎င်းမှာ မှန်၏။ မည်သည့်ဂိုဏ်းတွင်ဖြစ်စေ ကျင့်ကြံဆင့်နိမ့်သော တပည့်များ၏ အရေအတွက်မှာ အများဆုံးဖြစ်လေသည်။ ချီသန့်စင်ခြင်းအဆင့်တွင် သူတို့က ဓားဖြင့် မပျံသန်းနိုင်ကြပေ။

အကြီးအကဲများက တပည့်များကို လက်ခံပြီးနောက် သူတို့၏ ကိစ္စကြီးငယ်ကို တပည့်များကသာ လုပ်ဆောင်ပေးရလေသည်။ အလုပ်လုပ်ရာတွင် နှေးကွေးနေခြင်းနှင့် အမှားအယွင်းဖြစ်ခြင်းများကို ရှောင်ရှားရန်အတွက် အသုံးများသော အဖွဲ့အစည်းများကို ချန်ဝူတောင်ထိပ် သို့မဟုတ် ၎င်း၏ အနီးအနားတွင်သာ ပြုလုပ်ထားလေ့ရှိသည်။

"ဖြစ်နိုင်တယ်... ဒါဆို သွားကြတာပေါ့..." 

ပိုင်ယွီမင်က စိတ်ဝိညာဉ်လှေကို မမောင်းနှင်မီ ချီးကျူးစကား ပြောလိုက်လေ၏။ 
"မင်းက တကယ့်ကို လည်တဲ့ကလေးလေးပဲ..." 

မော့ရှုလင်က နှုတ်ခမ်းထောင့်ကို တွန့်လိုက်သော်လည်း ပြုံးမပြခဲ့ပေ။ 

သူ၏အတိတ်ဘဝတွင် မိစ္ဆာသခင်ဖြစ်ခဲ့သည်ကို တွေးမိပြီး ယခုကဲ့သို့ ယုန်မိစ္ဆာငယ်လေးတစ်ကောင်၏ ‘လည်တဲ့ကလေးလေး’ဟု ခေါ်ဆိုခြင်းကို ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ဤယုန်သားရဲဝိညာဉ်လေးက အမှန်ပင် ရဲတင်းလွန်းလေ၏။

ပိုင်ယွီမင်က စိတ်ဝိညာဉ်ကျောက်တုံးများ ပေးသည့်နေရာကို ရင်းနှီးသဖြင့် လှစ်ခနဲ အမြန်ပျံသန်းသွားလေသည်။ 

ချန်ဝူတောင်ထိပ်ကို အတွင်းဂိုဏ်းနှင့် အပြင်ဂိုဏ်းကြားတွင် တည်ထားသဖြင့် အတွင်းတပည့်နှင့် အပြင်တပည့်များအားလုံးက လွတ်လပ်စွာ ဝင်ထွက်နိုင်လေသည်။ လျန်ကျီဂိုဏ်းက ပိုမိုကြီးမားလာသည်နှင့်အမျှ တောင်ထိပ်တွင် လူမထူထပ်စေရန် အခြားသော တောင်ထိပ်လေးခုကို တာဝန်ခွဲဝေယူရန် ထပ်မံထည့်သွင်းခဲ့လေသည်။

အပြင်ဂိုဏ်းရှိ တပည့်များက အကြီးအကဲများနှင့် မကြာခဏ တွေ့ဆုံရသည့် အကြောင်းအရင်းတစ်ခုလည်း ရှိသေးလေသည်။

အတွင်းတပည့်များတွင် သူတို့ကို သင်ကြားပေးသည့် ရှစ်စွမ်းရှိပြီး ကျင့်ကြံရန်အတွက် သူတို့၏ ရှစ်စွမ်းနောက်သို့ လိုက်ရလေသည်။ ထိုအတွင်းတပည့်များ၏ အရေအတွက်မှာ အလွန်နည်းပါးပြီး လူအင်အားလိုအပ်ချက် ရှိတတ်လေသည်။ 

အပြင်တပည့်များတွင် ပုံမှန်အတန်းများရှိပြီး သင်ခန်းစာများကို အကြီးအကဲများထံမှ သင်ကြားရလေ၏။

အပြင်တပည့်များက အရင်းအမြစ်ခွဲဝေမှု၌ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ရရှိသော်လည်း သူတို့၏အဓိကဝင်ငွေမှာ ဂိုဏ်း၏တာဝန်များကို လက်ခံဆောင်ရွက်ပေးခြင်းမှ ဖြစ်လေသည်။ ပိုမိုကောင်းမွန်သော ဘဝကို ရရှိရန်အတွက် အပြင်တပည့်များက အကြီးအကဲများရှေ့တွင် မျက်နှာရစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြပြီး အကြီးအကဲများက သူတို့ကို တပည့်အဖြစ် ထပ်မံလက်ခံရန် တောင်းဆိုကြလေသည်။

မော့ရှုလင်က အတိတ်ဘဝတွင် ဝိညာဉ်ဇစ်မြစ်များ ဖျက်ဆီးခံခဲ့ရသဖြင့် ထိုနည်းလမ်းကို မတွေးခဲ့မိပေ။ သို့ရာတွင် အကြီးအကဲများက ခြွင်းချက်အနေဖြင့် တပည့်လက်ခံသည့် ကိစ္စများကို ကြားဖူးလေသည်။

ယခုအချိန်တွင် ထိုအပြင်တပည့်များက ခေါင်းမော့ကာ မနာလိုစိတ်၊ ရည်မှန်းချက်ကြီးသော စိတ်များဖြင့် ကြည့်နေကြလေသည်။ သူတို့က သူ၏ရှစ်စွမ်းကိုမဟုတ်ဘဲ ဓားဖြင့်ပျံသန်းနိုင်သည့် အခြားကျင့်ကြံသူများအား ကြည့်နေခြင်း ဖြစ်နိုင်သည်ကို သိသော်လည်း မော့ရှုလင်က အမှတ်တမဲ့ဖြင့် ပိုင်ယွီမင်၏ ဝတ်ရုံအနားကို ဆွဲကိုင်ထားလိုက်လေသည်။

ပိုင်ယွီမင်က သူ့ခါးထက် အနည်းငယ်သာ မြင့်သည့် မော့ရှုလင်ကို ကြည့်ပြီး မော့ရှုလင်က လူစိမ်းများကြားတွင် ကြောက်နေသည်ဟုထင်ကာ ပြုံးပြလိုက်၏။ 
"မကြောက်နဲ့... သူတို့အားလုံးက မင်းရဲ့ရှစ်ရှုန်းရှစ်တိတွေပါပဲ... မင်းကို အနိုင်မကျင့်ကြပါဘူး..."

မူလတွင် မော့ရှုလင်က ကလေးတစ်ယောက်ကဲ့သို့ ပြုမူချင်နေခြင်းဖြစ်သဖြင့် မော့ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းများက ချက်ချင်း သနားစဖွယ်ဖြစ်လာကာ ကြောက်ရွံ့နေသော လေသံဖြင့် ပြောလိုက်လေသည်။ 
"ရှစ်စွမ်းမှာ တခြားတပည့်တွေ ရှိလာခဲ့ရင် ကျွန်တော့်ကို မလိုချင်တော့ဘူးလား..."

မော့ရှုလင်၏ရင်ထဲတွင် မသက်မသာ ဖြစ်နေလေသည်။ 

သူ့အနေဖြင့် ပိုင်ယွီမင်က တပည့်အသစ်များ လက်ခံခြင်းကို မတားဆီးနိုင်ပေ။ သို့ရာတွင် ပိုင်ယွီမင်ထံ၌ တပည့်အသစ်များ ရှိလာလျှင် သူ၏အခြေအနေက ပိုပြီးအခက်တွေ့လာမည်မှာ သေချာလေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." 
ပိုင်ယွီမင်က မော့ရှုလင်၏ခေါင်းကို ပုတ်ပေးလိုက်၏။ 
"စိတ်မပူပါနဲ့... ငါက လူသားတွေသုံးတဲ့ မန္တန်တွေကို မသိဘူး... တပည့်အသစ် လက်ခံလိုက်တာက အန္တရာယ်များတယ်..."

ပိုင်ယွီမင်က အလွန်သတိထားတတ်လေသည်။ 

မော့ရှုလင်ကို လက်ခံခဲ့ခြင်းကလည်း မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်များက ပျက်စီးသွားသောကြောင့် ဖြစ်လေသည်။ မူရင်းဇာတ်ကြောင်းအရ မော့ရှုလင်ထံတွင် လမ်းတစ်လမ်းသာရှိပြီး ၎င်းမှာ မိစ္ဆာဖြစ်လာရန် ဖြစ်လေသည်။ ကျင့်ကြံရေးလမ်းစဉ်ထဲသို့ မဝင်ရောက်နိုင်သော တပည့်အတွက် ပိုင်ယွီမင်က ထိုရှုပ်ထွေးသော ကျင့်ကြံနည်းများကို သင်ကြားပေးရန် မလိုပင်။

ပိုင်ယွီမင်က တပည့်များကို အမှန်ပင် လက်မခံချင်ပေ။ သူက မော့ရှုလင်၏ မျက်နှာသာပေးမှုကိုသာ ရယူလိုခြင်းဖြစ်ပြီး နောင်တွင် ခေါင်းဖြူမိစ္ဆာ၏ စွပ်စွဲလုပ်ကြံမှုကို ခံရချိန်တွင် မော့ရှုလင်က သူ့ကို ကူညီနိုင်ရန်နှင့် အသတ်ခံရပြီး ယုန်သားမွေးပဝါ ဖြစ်လာမည့် ကံကြမ္မာမှ ရှောင်ရှားနိုင်ရန် ဖြစ်လေသည်။ 

မူရင်းဇာတ်ကြောင်းကို မပြောင်းလဲနိုင်လျှင်လည်း ပိုင်ယွီမင်က ပစ္စည်းများကို ထုပ်ပိုးလျက် မော့ရှုလင်နောက်သို့ လိုက်သွားကာ မိစ္ဆာလောကတွင် နေထိုင်သွားချင်လေသည်။

မည်သို့ပင်ဆိုစေကာမူ သူက သေရမည်ဖြစ်သည်။ နာမည်ပင်မရှိသော အမြောက်စာဇာတ်ကောင်များအတွက် ပိုင်ယွီမင်က အနှောင့်အယှက်သာ ဖြစ်သဖြင့် သူတို့အားလုံးကို သူ၏သူခိုးသင်္ဘောပေါ်သို့ ခေါ်မတင်နိုင်ပေ။
[T/N - သူခိုးသင်္ဘောဆိုတာကလေ တင်စားပြီးပြောလိုက်တာပါ... ဘယ်အချိန်မြုပ်နိုင်မှန်းမသိ ဘယ်အချိန်မိသွားမှန်းမသိတဲ့ သင်္ဘောလို့ပြောတာပါ... သူက ဘယ်အချိန်သေရမယ်မှန်းမသိလို့ တခြားလူတွေကို သူနဲ့အတူတူလိုက်သေဖို့ ခေါ်မထားချင်ဘူးလို့ ပြောတာပါ...]

မော့ရှုလင်က ဝမ်းနည်းနေသကဲ့သို့ ဟန်ဆောင်လျက် ခေါင်းညိတ်ပြလိုက်လေသည်။ သူက ရံဖန်ရံခါတွင် ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် သူ့ရှစ်စွမ်းကို မော့ကြည့်ကာ ပိုင်ယွီမင် ထွက်ပြေးသွားမည်ကို စိုးရိမ်နေသကဲ့သို့ သူ့လက်ကလေးများက သူ့ရှစ်စွမ်း၏ ဝတ်ရုံစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

ပိုင်ယွီမင်က သူတို့နှစ်ယောက် ပိုမိုနီးကပ်စေရန် မော့ရှုလင်၏ ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး သူ့အနေဖြင့် တပည့်အသစ် ထပ်မံလက်ခံလိုခြင်း မရှိသည်ကို သက်သေပြလိုက်လေသည်။

အပြင်တပည့်များက မော့ရှုလင်ကို ပိုင်ယွီမင်က ဤကဲ့သို့ ကာကွယ်ပေးနေသည်ကို မြင်ချိန်တွင် ပိုင်ယွီမင်က တပည့်အသစ် လက်ခံမည့် အခွင့်အရေးမှာ အလွန်နည်းပါးကြောင်း နားလည်သွားကြပြီး ချက်ချင်းပင် ဖားနေခြင်းများကို ရပ်လိုက်ကြလေသည်။

သူတို့က ဂိုဏ်း၏စည်းကမ်းချက်များအရ ဝိညာဉ်လှေပေါ်မှ ဆင်းလိုက်ပြီး ဝိညာဉ်လှေကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။

ခြေထောက်များက မြေပြင်ပေါ်သို့ ရောက်သွားချိန်တွင် အပေါ်မှ ငုံ့ကြည့်စဉ်က သေးငယ်သည်ဟု ထင်ရသောအပင်များနှင့် အဆောက်အအုံများက ပိုမိုကြီးမားလာလေသည်။ 

ဤကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအားများနှင့် မန္တန်များရှိ၏။ သိုင်းပညာ၏ အရှိန်အဝါကို ပိုမိုကြီးမားစေရန် သစ်ပင်များကို မြင့်မားပြီး ထူထပ်အောင် ပြုလုပ်ထားလေသည်။ 

အဆောက်အအုံများက အနည်းငယ် ပိုကောင်း၏။ တရုတ်အိမ်များ၏ တည်ဆောက်ပုံများအရ အများအားဖြင့် အဆောက်အအုံတစ်ခုတွင် သုံးထပ်၊ လေးထပ် သို့မဟုတ် ငါးထပ်ရှိပြီး သစ်ပင်များ၏အမြင့်ထက် များစွာပိုနိမ့်လေသည်။ 

သို့ရာတွင် မြင့်မားသော အဆောက်အအုံများလည်း ရှိ၏။ လျန်ကျီဂိုဏ်းတွင် အတွင်းတပည့်နှင့် အပြင်တပည့်များ ကျင့်ကြံရန်အတွက် အထပ်တစ်ရာရှိသော စမ်းသပ်မျှော်စင်တစ်ခု ရှိလေသည်။ ကောင်းကင်ထိ မြင့်မားသော အဆောက်အအုံကို မြင်လိုက်ရချိန်တွင် ပိုင်ယွီမင်က အံ့အားသင့်သွားလေ၏။ သူ့စိတ်ထဲတွင် အမျိုးသားဇာတ်လိုက်က ထိုမြင့်မားသော မျှော်စင်ပေါ်တွင် တိုက်ခိုက်နေသည့်မြင်ကွင်းကို မြင်ယောင်ကြည့်မိပြီး ချက်ချင်း တက်ကြွလာလေသည်။ 

သို့ရာတွင် မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်များက ပျက်စီးနေပြီး သူကလည်း အပြင်ကိစ္စများကို ဂရုမစိုက်သဖြင့် ဤမျှော်စင်နှင့် တွေ့ကြုံရမည့်ကံကို လွဲချော်ရန် ဖြစ်လာခဲ့လေသည်။

အေးချမ်းသော ဆောင်းရာသီ ဖြစ်သော်လည်း ချန်ဝူတောင်ထိပ်ရှိ အဆောက်အအုံများတွင် နှင်းအနည်းငယ်သာ ရှိလေသည်။ ချန်ဝူတောင်ထိပ်တွင် နှင်းမကျစေရန် အထူးသတ်မှတ်ထားခြင်း မရှိသော်လည်း ချန်ဝူတောင်ထိပ်ကို စီမံခန့်ခွဲသည့် တောင်ထိပ်သခင်အသစ်က အဖြူရောင် သို့မဟုတ် အေးမြသော ရာသီဥတုကို မနှစ်သက်သဖြင့် အထူးအစီအရင်တစ်ခု ပြုလုပ်ကာ တောင်ထိပ်ပေါ်သို့ နှင်းမကျစေရန် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ 

ကိုယ်ရေးကိုယ်တာ နှစ်သက်မှုကို မစဉ်းစားလျှင်ပင် ချန်ဝူတောင်ထိပ်သခင်အသစ်၏ လုပ်ရပ်က တပည့်များစွာ၏ ထောက်ခံမှုကို ရရှိခဲ့လေသည်။ အပူချိန်က နွေးထွေးနေပြီး နှင်းများမရှိသဖြင့် လမ်းလျှောက်ရသည်မှာ များစွာပိုပြီး လွယ်ကူလေသည်။

တပည့်အသစ်များက စိတ်ဝိညာဉ်ကျောက်တုံးကို ပထမဆုံးအကြိမ် လက်ခံရရှိမည် ဖြစ်သဖြင့် မော့ရှုလင်ကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံး မရသေးသည့်တပည့်များက ပူပန်နေကြလေသည်။

ယနေ့တွင် အဖြူအမဲတပည့်ဝတ်စုံများကို ဆင်တူဝတ်ထားသည့် တပည့်များစွာက ချန်ဝူတောင်ထိပ်တွင် ရှိနေကြသဖြင့် ဈေးကဲ့သို့ ဆူညံနေကြလေသည်။

ပိုင်ယွီမင်က အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံနွယ်များက ထင်ရှားနေကာ တပည့်ဝတ်စုံကို ဝတ်မထားသည့် တပည့်တစ်ဦးနှင့်အတူ ရှိနေလေသည်။ သူက စည်းကမ်းကြီးသော လျန်ကျီဂိုဏ်း၏ပုံစံနှင့် အလွန်ပင် ကွဲပြားနေလေသည်။ 

စိတ်ထဲတွင် သိုဝှက်ထားသည့် အတွေးများရှိသော အပြင်တပည့်များ ရှိသော်လည်း ပိုင်ယွီမင်၏ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ကိုမြင်ပြီး နောက်ဆုတ်သွားကြသည့် အတွင်းတပည့်များက ပိုများလေသည်။

ပိုင်ယွီမင်က မြေပြင်ပေါ်သို့ ဆင်းပြီးနောက် တစ်စုံတစ်ယောက်ကို မေးမြန်းရန် စဉ်းစားနေသော်လည်း သူက ရေပြင်ကို ဖြတ်တောက်သည့် ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေမည်ကို မသိခဲ့ပေ။ သူသွားသည့် နေရာတိုင်းတွင် လူများက အလိုအလျောက် ဘေးနှစ်ဖက်သို့ ကပ်သွားကြလေ၏။ သူတို့က အလွန် ယဉ်ကျေးနေသည်လား သို့မဟုတ် သူ့အသွင်အပြင်ကြောင့် ကြောက်ရွံ့နေကြသည်လားကို သူ မသိပေ။

ပိုင်ယွီမင်က ချက်ချင်းပင် အာရုံစိုက်ခံလိုက်ရလေသည်။ 

အစိမ်းပုပ်ရောင်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ခေါက်ယပ်တောင်ကို ကိုင်ထားလျက် ခန်းမဆောင်ထဲမှ အလျင်စလို ထွက်လာလေသည်။ သူ၏မျက်နှာပေါ်တွင် တောက်ပနေသော အပြုံးတစ်ခုရှိနေပြီး ဝါးပင်ကဲ့သို့ လန်းဆန်းခန့်ညားသော အသွင်အပြင်ဖြင့် ပိုင်ယွီမင်အနားသို့ ရောက်လာလေသည်။ 

သူက ပိုင်ယွီမင်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
"ချန်ဝူတောင်ထိပ်သခင် ကျူးချင်က အကြီးအကဲပိုင်ကို နှုတ်ဆက်ပါတယ်..."

ပိုင်ယွီမင်က အိမ်တွင် ဆင်းရဲသော်လည်း သူ့ကို ဂိုဏ်းချုပ်ဟောင်း၏ဇနီးက အလွန်သဘောကျကာ တိုက်ပွဲများစွာကို အတူတူဆင်နွှဲဖူးလေသည်။ သူ၏ကျင့်ကြံဆင့်မှာ ဂိုဏ်းအတွင်းရှိ ထိပ်တန်းအယောက် ၂၀ တွင် ပါဝင်ပြီး ယခုလက်ရှိ ဂိုဏ်းချုပ်ပင်လျှင် သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရလေသည်။ ထို့ကြောင့် ပိုင်ယွီမင်က ချန်ဝူတောင်ထိပ်သခင်၏ အရိုအသေပေးမှုကို ခံယူရန် အပြည့်အဝ ထိုက်တန်လေသည်။ 

ပတ်ဝန်းကျင်ရှိ တပည့်များမှာ ပိုင်ယွီမင်က အကြီးအကဲတစ်ဦးဖြစ်ကြောင်း သိသော်လည်း ထိုကဲ့သို့ အဆင့်အတန်းမျိုး ရှိနေကာ ချန်ဝူတောင်ထိပ်သခင်ကပင်လျှင် ဤကဲ့သို့ ယဉ်ကျေးရသည်ကို မသိခဲ့ကြပေ။

"အင်း..."
ပိုင်ယွီမင်က လက်ယမ်းလိုက်ပြီး ရှန့်ကွမ်းကျူးချင်ကို မတ်တတ်ရပ်ရန် လက်ဟန်ပြလိုက်သည်။

“အကြီးအကဲပိုင် တစ်ခုခုခိုင်းစရာရှိလို့လား... အကြီးအကဲပိုင်ကို ကူညီခွင့်ရရင် ကျွန်တော် ဝမ်းသာမိမှာပါ..."

ကျူးချင်၏ စကားလုံးတိုင်းက သူ့ကိုဖားနေပြီး မျက်လုံးများက ပိုင်ယွီမင်၏ မျက်လုံးကို မကြည့်ရဲဘဲ ပိုင်ယွီမင်၏ ဝတ်ရုံကိုသာ ကြည့်နေလေသည်။ 

ပိုင်ယွီမင်က မပြောချင်ပေ။ သို့ရာတွင် ရှန့်ကွမ်းကျူးချင်က လိမ္မာပါးနပ်သဖြင့် ပိုင်ယွီမင်၏ အဝတ်အစားကို ကိုင်ထားသည့် ကလေးတစ်ယောက်ကို မြင်ကာ သိလိုက်လေသည်။

မော့ရှုလင်က သာမန်လူများ ဝတ်ဆင်သည့် ကြမ်းတမ်းသော လျှော်သားကို ဝတ်ဆင်ထားပြီး ခါးချိတ်တံဆိပ်လည်း မရှိဘဲ ပိုင်ယွီမင်၏ အနောက်တွင် ပုန်းနေလေသည်။ 

ရှန့်ကွမ်းကျူးချင်က စဉ်းစားလိုက်ပြီးနောက် ချက်ချင်း နားလည်သွားလေ၏။

ရှန့်ကွမ်းကျူးချင်က ခေါက်ယပ်တောင်ကို သိမ်းလိုက်ပြီး သူတို့နှစ်ယောက်ကို ခန်းမဆောင်အတွင်းသို့ ဝင်ရန် ကြိုဆိုလိုက်လေသည်။ 
"အကြီးအကဲပိုင်က တပည့်လေးကို စာရင်းသွင်းပေးဖို့ ခါးချိတ်တံဆိပ်ပြားရယ် စိတ်ဝိညာဉ်ကျောက်တုံးရယ် တပည့်ဝတ်စုံရယ် ယူလာပေးဖို့ ရောက်လာတာမလား... အကြီးအကဲပိုင် ကျေးဇူးပြုပြီး အထဲကိုကြွပါ..."

သူ့ခန့်မှန်းချက်က မှန်သွားသဖြင့် ပိုင်ယွီမင်က အံကြိတ်ကာ ရှန့်ကွမ်းကျူးချင်နောက်သို့ လိုက်ပြီး ခန်းမဆောင်ထဲသို့ ဝင်သွားလေသည်။ 

ရှန့်ကွမ်းကျူးချင်က အသက်နှစ်ထောင်ကျော်ဖြစ်သော်လည်း ဟဲ့ရှန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် သူ၏အသွင်အပြင်က ၂၇ နှစ်ခန့် အရွယ်ဖြစ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ချောမောလေသည်။ သူက အမျိုးသမီးတပည့်များကြားတွင် လူကြိုက်အများဆုံးလူ ဖြစ်လေသည်။

ကြည့်နေကြသည့် တပည့်များမှာ ပိုင်ယွီမင်က တောင်ထိပ်သခင်ကိုယ်တိုင် ဖိတ်ခေါ်ရသည့် ဂုဏ်သရေရှိလူဟု ထင်နေသော်လည်း အမှန်တရားကို သိနေသည့် ပိုင်ယွီမင်က မည်သို့လုပ်ရမည်ကို မသိတော့ဘဲ ထိုပါးနပ်သော အဘိုးကြီးနောက်သို့သာ လိုက်သွားလေသည်။ 

ပိုင်ယွီမင်မှာ ရှန့်ကွမ်းကျူးချင်က သူ့အား မည်သည့်အတွက်ကြောင့် ဤမျှဖားနေသည်ကို သိသဖြင့် ကောင်းမွန်သော အမူအရာ ရှိမနေပေ။ 

ဤလူအိုကြီးက သူ၏ယုန်အမွေးကို လိုချင်နေသည်မှာ သိသာလေသည်။

🐰🐰🐰

🐰 Chapter 7


သို့ရာတွင်  á€˜á€ąá€¸á€•á€á€şá€á€”á€şá€¸á€€á€ťá€„á€şáŒ ရပ်ကြည့်နေကြသည့်လူများ ရှိနေပြီး သူ့တပည့်လေးကလည်း ကြောက်ရွံ့စွာဖြင့် သူ့ဝတ်ရုံကို ဆုပ်ကိုင်ထားကာ ပိုင်ယွီမင်ကိုယ်တိုင်ကလည်း ခါးချိတ်တံဆိပ်အား မည်သည့်နေရာ၌ သွားယူရမည်ကို မသိပေ။ ရှန့်ကွမ်းကျူးချင်၏ ဖားယားနေမှုက သူ့အား မီးပုံပေါ် တင်ခံထားရသကဲ့သို့ ဖြစ်နေသည်ကို သိသော်လည်း ပိုင်ယွီမင်မှာ အံကြိတ်လျက် ထိုအဖိုးကြီးနောက်သို့ လိုက်သွားရလေသည်။

လူတိုင်းက မျက်နှာသာရချင်ကြသူများ ဖြစ်သဖြင့် အချို့စကားများကို သီးသန့် အေးအေးဆေးဆေး ပြောသင့်လေသည်။ 

ရှန့်ကွမ်းကျူးချင်မှာ အကြီးအကဲပေါင်းများစွာအနက်မှ တောင်ထိပ်သခင်တစ်ယောက် ဖြစ်လာသူဖြစ်သဖြင့် စိတ်ထဲရှိသမျှကို မျက်နှာပေါ်တွင် ဖော်ပြတတ်သည့် ယုန်မိစ္ဆာလေး ပိုင်ယွီမင်အား မည်သို့ကိုင်တွယ်ရမည်ကို သိလေသည်။

ရှန့်ကွမ်းကျူးချင်မှာ လိုအင်ဆန္ဒများ ကင်းမဲ့နေသည့် ပိုင်ယွီမင်နှင့် မတူပေ။ သူက ပိုင်ယွီမင်အား တတိယထပ်ရှိ ဝရံတာလက်ရန်းနားသို့ ခေါ်သွားလေသည်။ ပိုင်ယွီမင်က အောက်ထပ်တွင် သွားလာနေကြသည့် လူများကို ကြည့်လိုက်၏။ အတွင်းတပည့်နှင့် အပြင်တပည့် အချို့မှာ သူတို့အား တစ်ခါတရံတွင် မော့ကြည့်နေကြလေသည်။

ပိုင်ယွီမင်၏ စကားများက ရင်ထဲတွင်သာ တစ်စို့နေပြီး လည်ချောင်းဝသို့ ရောက်မလာနိုင်ခဲ့ပေ။

ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်နှင့် မော့ရှုလင်အား ဝရံတာတွင် နေရာချထားပေးပြီးနောက် အောက်ထပ်ရှိ ကိစ္စများကို ဆောင်ရွက်ရန် သူ၏တပည့်တစ်ဦးကို စေလွှတ်လိုက်လေသည်။ ထို့နောက် ပိုင်ယွီမင်အား မည်သည်ကိုမျှ စိတ်မပူဘဲ အေးအေးဆေးဆေးနေရန် ပြောလေ၏။ 

ပိုင်ယွီမင်မှာ သူ၏ယုန်မွေးအား အလဲအလှယ်အနေဖြင့် မည်သို့ပေးရမည်ကို တွေးတောလျက် လက်ဖက်ရည်ကိုသာ သောက်နေတော့သည်။

အတိတ်ဘဝတွင် မော့ရှုလင်က မိစ္ဆာဧကရာဇ်ဖြစ်လာနိုင်ခဲ့သဖြင့် ဤမျှရိုးရှင်းသော လုပ်ထုံးလုပ်နည်းကို နားမလည်ဘဲမနေပေ။ သို့ရာတွင် ဤယုန်မိစ္ဆာပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်၏ စကားအနည်းငယ်ဖြင့် စိတ်ယိုင်သွားသည့်အထိ အလွန်ပင်ပျော့ညံ့နေမည်ဟု မထင်ထားခဲ့ပေ။ 

ရှန့်ကွမ်းကျူးချင်က ရုပ်ရည်ချောမောသော်လည်း သူ့စိတ်ထဲတွင် လှည့်ကွက်များစွာ ရှိသည်ကို သိလေသည်။ စိမ်းလန်းသော ဝါးပင်ကဲ့သို့ အပြင်ပန်းက ဖြောင့်မတ်ပြီး အဆစ်အပိုင်းများ ထင်ရှားသော်လည်း မြေကြီးအောက်တွင် အမြစ်များက ရှုပ်ထွေးနေလေသည်။ ရှန့်ကွမ်းကျူးချင်၏ နယ်မြေထဲသို့ အခြေချမိသည်နှင့် သူ့လက်ခုပ်ထဲမှ လွတ်မြောက်ရန် မလွယ်ကူပေ။

မော့ရှုလင်က ယခင်ဘဝတွင် ရှန့်ကွမ်းကျူးချင်ကြောင့် အလွန်ပင် ဒုက္ခရောက်ခဲ့ဖူးလေသည်။ 

သို့ရာတွင် လူတိုင်းက ကိုယ့်လမ်းကိုယ်သာ လျှောက်နေကြပြီး သဘောထားကွဲလွဲမှုများမှာ ပုဂ္ဂိုလ်ရေးရာ မုန်းတီးမှုများမဟုတ်ပေ။ အနည်းဆုံး ရှန့်ကွမ်းကျူးချင်က ယဉ်ကျေးသူဖြစ်သဖြင့် မော့ရှုလင်က သူ့ကို စိတ်ထဲမထားပေ။ 

သို့သော် ပိုင်ယွီမင်၏ခန္ဓာကိုယ်တွင် ရှန့်ကွမ်းကျူးချင်ကဲ့သို့ လူမျိုး၏ အာရုံစိုက်မှုကို ရလောက်အောင်အထိ မည်သည့်အရာများ ရှိနေသည်ကို မော့ရှုလင်က နားမလည်နိုင် ဖြစ်နေလေသည်။ 

ယခင်ဘဝ၌ ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်ကဲ့သို့ လူမျိုး၏ အကူအညီကိုရခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မှာ အလွန်ပင် လွယ်ကူမည်ဖြစ်သည်။ ရှန့်ကွမ်းကျူးချင်က တောင်ထိပ်သခင် တစ်ယောက်ဖြစ်သဖြင့် ပိုင်ယွီမင်က အမှန်တကယ် အပြစ်ကျူးလွန်ခဲ့လျှင်ပင် ရှန့်ကွမ်းကျူးချင်က ရှေ့ထွက်ပြီး ပိုင်ယွီမင်အတွက် အာမခံပေးလျှင် ယုန်သားမွေးပဝါ အလုပ်ခံရမည့် ကံကြမ္မာကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ 

ဖြစ်နိုင်သည်မှာ အစောပိုင်းတွင် ပိုင်ယွီမင်နှင့် ရှန့်ကွမ်းကျူးချင်က အဆင်ပြေခဲ့ပြီး နောက်ပိုင်းမှ ဆက်ဆံရေး တင်းမာသွားခြင်းလည်း ဖြစ်နိုင်လေသည်။

မော့ရှုလင်က ထိုအကြောင်းကို မစဉ်းစားနိုင်တော့သဖြင့်  á€™á€źá€…်ရ္ကို တစ်ခဏခန့် စီးဆင်းခွင့်ပေးလိုက်လေသည်။ အချိန်ကသာ သူ့ကို အဖြေပေးလိမ့်မည်ဖြစ်၏။ 

ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်ကို လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းပေးပြီး စကားဖောင်ဖွဲ့နေသော်လည်း ပိုင်ယွီမင်အား မည်သည့်အရာကိုမျှ ကိုယ်တိုင်လုပ်ခွင့်မပြုပေ။ 

သူက အလဲအလှယ်ကိစ္စကိုလည်း မပြောဘဲ ပိုင်ယွီမင်အပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကောင်းပြနေလေသည်။ ယုန်မိစ္ဆာလေးက ပျာယာခတ်နေပြီး မည်သို့ငြင်းပယ်ရမည်ကို မသိသည့် အမူအရာဖြစ်နေသဖြင့် ရှန့်ကွမ်းကျူးချင်မှာ ကျေနပ်နေလေသည်။

ပြောရမည်ဆိုလျှင် သူကလည်း ကျင့်ကြံရေးလောကမှ လူများကဲ့သို့ပင် ဤယုန်မိစ္ဆာပိုင်ယွီမင်ကို ရှောင်ခဲ့ဖူးလေသည်။ 

ကျင့်ကြံရေးလောကရှိ အဆင့်အတန်းမြင့်မားသော ကျင့်ကြံသူအများစုမှာ သူတို့၏ ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်ကြပြီး မိစ္ဆာကျင့်ကြံသူများနှင့် မပတ်သက်လိုကြပေ။ 

ဤသည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်အထိသာ ဖြစ်လေသည်။

ပိုင်ယွီမင်က လမ်းမှားတတ်သည်။ လမ်းညွှန်အမှတ်အသားများမရှိသည့် ကျင့်ကြံရေးလောကတွင် သွားလာရသည်မှာ သူ့အတွက် ပိုပြီးဆိုးဝါးလေ၏။ 

အထူးသဖြင့် ဓားဖြင့် မည်သို့ပျံရမည်ကို မသိသော ပိုင်ယွီမင်က ကျင့်ကြံရေးလောကသို့ ပထမဆုံးရောက်ရှိချိန်တွင် သူက ယွဲ့ရွှယ်တောင်ကြားသို့ ရောက်ရှိနေသည်ကိုပင် မသိခဲ့ပေ။ 

ထို့ကြောင့် ပိုင်ယွီမင်က ခြေကျင်ဖြင့်သာ တောင်အောက်သို့ ဆင်းခဲ့ရလေသည်။

လျန်ကျီဂိုဏ်းတွင် အထူးသတ်မှတ်ချက် တစ်ခုရှိ၏။ တောင်ထိပ်ကို တောင်ထိပ်သခင်က ပိုင်ဆိုင်သော်လည်း တောင်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့် တောင်ခြေများမှာ လျန်ကျီဂိုဏ်း၏ အများပိုင်နယ်မြေဖြစ်လေသည်။

ရှန့်ကွမ်းကျူးချင်က ဂိုဏ်း၏တောင်ထိပ်သခင် ဖြစ်လာသည်မှာ သုံးနှစ်ခန့်သာ ရှိသေးပြီး အလုပ်လုပ်ရန် အလွန်တက်ကြွနေချိန် ဖြစ်လေသည်။ ထို့ကြောင့် ဂိုဏ်း၏အများပိုင်နယ်မြေတွင် အမျိုးသားတစ်ယောက်က လမ်းပျောက်နေသည်ကို မြင်ချိန်တွင် သူက ကူညီပေးရန် ဆုံးဖြတ်ခဲ့၏။ 

ထိုအခါမှသာ ပိုင်ယွီမင်ထံတွင် ကျင့်ကြံမှုဆိုင်ရာ ပြဿနာရှိနေပြီး မှတ်ဉာဏ်များ ဝေဝါးနေသည်ကို သိခဲ့ရသည်။ ဤသည်က အလွန်ကြီးမားသော ကိစ္စမဟုတ်ပေ။ ကျင့်ကြံရေးလမ်းစဉ်တွင် အတားအဆီးများစွာရှိပြီး ကျင့်ကြံနည်း မှားယွင်းမှုများအပြင် မသန့်စင်ရသေးသည့် စိတ်ဝိညာဉ်အသီးများကို စားမိပြီး ရူးသွပ်သွားသော တပည့်များပင် ရှိတတ်လေသည်။

ရှန့်ကွမ်းကျူးချင်က သံသယရှိနေသော်လည်း ကျင့်ကြံဆင့်ကို မသိရသည့် ပိုင်ယွီမင်အား ကူညီပေးရန် ရွေးချယ်ခဲ့လေသည်။ 

သို့ရာတွင် ပိုင်ယွီမင်မှာ မိစ္ဆာဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ ရှန့်ကွမ်းကျူးချင်က နောင်တရသွားသော်လည်း သူက ကူညီမည်ဟု ပြောထားခဲ့သဖြင့် ပိုင်ယွီမင်ကို သူ့တောင်ထိပ်သို့ တတ်နိုင်သမျှ မြန်မြန်ပြန်ပို့ပေးရန် လုပ်လိုက်လေသည်။ 

ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်နှင့် စကားပြောပြီးနောက် သူက သူဖတ်ဖူးသည့် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းလာခဲ့သည်ကို တဖြည်းဖြည်း နားလည်လာခဲ့လေသည်။ ရှန့်ကွမ်းကျူးချင်မှာ ပိုင်ယွီမင်က ဝေဝါးသော မှတ်ဉာဏ်များကြားမှ လျန်ကျီဂိုဏ်း၏ လျှို့ဝှက်ချက်များစွာကို ပြောနိုင်သည်ကို တွေ့ချိန်တွင် သံသယများကို လျှော့ချလိုက်ပြီး ပိုင်ယွီမင်ထံတွင် ကျင့်ကြံမှုဆိုင်ရာ ပြဿနာရှိနေသည်ဟု ယုံကြည်သွားလေသည်။ 

ပိုင်ယွီမင်ကလည်း ဤကမ္ဘာတွင် ချောချောမွေ့မွေ့ဖြင့် အခြေချနိုင်ပြီး ဝိညာဉ်အလဲခံရသည့်ကိစ္စအား သိသွားမည်ကို မစိုးရိမ်တော့ပေ။ 

ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်ကို ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်အချို့ပေးရန် ဆုံးဖြတ်ခဲ့လေသည်။

ရှန့်ကွမ်းကျူးချင်က ချန်ဝူတောင်ထိပ်သခင်ဖြစ်သဖြင့် သာမန်ပစ္စည်းများကို စိတ်မဝင်စားပေ။ ပိုင်ယွီမင်ကို ကူညီခဲ့သည်ကလည်း အားစိုက်ထုတ်ရန် မလိုသည့်ကိစ္စဖြစ်သဖြင့် ပိုင်ယွီမင်၏စေတနာကို လက်ခံပြီး ထိုနေရာ၌ပင် သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်ရန် ရည်ရွယ်ခဲ့လေသည်။ 

သို့ရာတွင် သိုလှောင်အိတ်ကို ဖွင့်ကြည့်ချိန်၌ သူထင်ထားသည့် ရတနာနှင့် မှော်လက်နက်များကို မတွေ့ရဘဲ အထဲတွင် အမွေးလုံးတစ်ဆုပ်ကိုသာ တွေ့လိုက်ရလေသည်။

ပိုင်ယွီမင်က ကောင်းမွန်သော လက်ဆောင်ကို မစဉ်းစားတတ်သဖြင့် သူ့အမွေးများကို အဖိုးမဖြတ်နိုင်သော ရတနာများဟု ဆုံးဖြတ်ကာ အမွေးအနည်းငယ်ကိုရိတ်ပြီး ရှန့်ကွမ်းကျူးချင်ကို ပေးခဲ့ခြင်းဖြစ်သည်။

၎င်းက တစ်စင်တီမီတာခန့်ရှိသော အမွေးလုံးလေးဖြစ်ပြီး ထိုအမွေးများကို မရှုပ်ထွေးစေရန် သေတ္တာလေးထဲ၌ ထည့်ထားလေသည်။ 

သေတ္တာကိုကိုင်ထားသည့် ရှန့်ကွမ်းကျူးချင်က အမွေးလုံးကို မြင်လိုက်ရချိန်တွင် အလွန်အံ့ဩသွားပြီး ဤလက်ဆောင်က အလွန်တန်ဖိုးရှိသဖြင့် သူလက်မခံဝံ့ကြောင်း ပြောခဲ့လေသည်။ 

ပိုင်ယွီမင်မှာ ၎င်းက သူ၏ကိုယ်ပိုင်အမွေးများဖြစ်သဖြင့် ပိုက်ဆံမကုန်ကြောင်းနှင့် နောင်တွင်လည်း ရှန့်ကွမ်းကျူးချင်၏ အကူအညီအား လိုအပ်နိုင်သည်ကို ရှက်ရွံ့စွာဖြင့် ပြောမှသာ ရှန့်ကွမ်းကျူးချင်က လက်ခံခဲ့လေသည်။

သို့ရာတွင် ထိုအချိန်မှစပြီး ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေခဲ့လေသည်။ သူက ပိုင်ယွီမင်၏ ယုန်နားရွက်များကို ဆွဲကိုင်ပြီး သူ့အား များစွာကျေးဇူးတင်အောင်လုပ်ကာ ကိုယ်ပေါ်ရှိ ယုန်မွေးအားလုံးကို ရိတ်ယူချင်နေသကဲ့သို့ ဖြစ်လေသည်။ 

ယခုတစ်ကြိမ် ရှန့်ကွမ်းကျူးချင်နှင့် တည့်တည့်တိုးချိန်တွင် အိတ်ထဲတွင် ပါလာသည့် အလိုအလျောက်ကျွတ်သော ယုန်မွေးများမှာ သူ့ကိုပေးရန် မလုံလောက်ကြောင်း ခံစားလိုက်ရလေသည်။

သူ့ယုန်မွေးများအား မကာကွယ်နိုင်တော့သည်ကို သိသော်လည်း ပိုင်ယွီမင်က ဝရံတာတွင် သက်တောင့်သက်သာ ထိုင်နေလျက် သူ့ကိစ္စများအား ကူညီပေးရန် ရှန့်ကွမ်းကျူးချင်ကို စောင့်နေကာ လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် ဝိညာဉ်လက်ဖက်ရည်ကို သောက်နေလေသည်။ ခံစားချက်က အလွန်လန်းဆန်းလေ၏။

ချမ်းသာသူများ၏ဘဝက အလွန်ပင် ပျင်းရိဖွယ်ကောင်းလေသည်။

မကြာမီတွင် ရှန့်ကွမ်းကျူးချင်၏တပည့်က မော့ရှုလင်၏ ခါးချိတ်တံဆိပ်ပြားနှင့် ယခုလအတွက် မော့ရှုလင်ရရှိမည့် အရင်းအမြစ်များကို ယူလာလေသည်။ 
“တပည့်တွေက တစ်လကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး၊ အလယ်အလတ်အဆင့် ပိကုဆေးလုံးတစ်လုံးနဲ့ အဆင့်နိမ့် စိတ်ဝိညာဉ်ဆေးရည် သုံးပုလင်းကို ရရှိနိုင်ပါတယ်... မော့ရှစ်တိ ရတာက အရေအတွက် နည်းနည်းပါပဲ... ဒီသိုလှောင်အိတ်နဲ့ အထဲမှာပါတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ လက်နက်တွေ၊ အစားအစာတွေနဲ့ အဝတ်အစားတွေကတော့ မော့ရှစ်တိအတွက် ကျွန်တော့်ရဲ့ ရှစ်စွမ်းပေးတဲ့ နှုတ်ဆက်လက်ဆောင်ပါ... ပြီးတော့ ယွဲ့ရွှယ်တောင်ကြားမှာ အေးနေတာမလို့ မော့ရှစ်တိက ဒီပစ္စည်းတွေကို လက်ခံပေးပါဦး..."

ရှန့်ကွမ်းကျူးချင်၏ တတိယတပည့်က ကိစ္စများကို အမြဲတမ်း စနစ်တကျ လုပ်ဆောင်တတ်လေသည်။

ရှန့်ကွမ်းကျူးချင်က လက်ဆောင်ပေးရန် မပြောသော်လည်း ပိုင်ယွီမင်ထံမှ မျက်နှာသာရရန် မြှောက်ပင့်နေသည်ကို ခန့်မှန်းနိုင်လေသည်။ ထို့နောက် မော့ရှုလင်၏ အဝတ်အစားများကို ကြည့်ပြီး ရှစ်စွမ်းအသစ် ပိုင်ယွီမင်က တပည့်တစ်ယောက်အား မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကို မသိသည်မှာ ထင်ရှားသဖြင့် ပိုင်ယွီမင်၏ စည်းကမ်းမဲ့သော အကျင့်စရိုက်ကို ပေါ်လွင်စေလေသည်။ 

ယဲ့ချင်းလင်က ပိုင်ယွီမင်ကို စိတ်ကျေနပ်အောင် ပြုလုပ်ချင်လျှင် ပိုင်ယွီမင် သတိမထားမိသည့်နေရာများကို ဖြည့်ဆည်းပေးရန် လိုအပ်လေသည်။

မော့ရှုလင်က အံ့ဩသွားလေ၏။ ထိုသူ ပြင်ဆင်ပေးထားသည့် အရာများမှာ ယခုအချိန်တွင် သူလိုအပ်နေသည့် အရာများ ဖြစ်လေသည်။ 

သို့ရာတွင် မော့ရှုလင်က ချက်ချင်းလက်မခံဘဲ ပိုင်ယွီမင်ကို မော့ကြည့်လိုက်၏။ ပစ္စည်းများကို လက်ခံရန် သူက ပိုင်ယွီမင်၏ ခွင့်ပြုချက်ကို လိုအပ်လေသည်။ 

ပိုင်ယွီမင်မှာ ရှန့်ကွမ်းကျူးချင်၏ လူများက ဤကဲ့သို့ ဂရုတစိုက် ပြင်ဆင်ပေးထားမည်ကို မထင်ထားခဲ့ပေ။ 

ယဲ့ချင်းလင်သာ မပြောလျှင် မော့ရှုလင်အတွက် နွေးထွေးသည့်ပစ္စည်းများ ယူပေးရန် မစဉ်းစားမိခဲ့ပေ။ သူ့တပည့်က ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးသည့် ကလေးတစ်ယောက် ဖြစ်သဖြင့် အအေးဒဏ်ခံနိုင်ရန် ပစ္စည်းများ ဝယ်ပေးသင့်လေသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ယွီမင်အနေဖြင့် သူ့တပည့်လေးကို ပိုပြီးဂရုစိုက်ပေးရန် လိုအပ်လေ၏။

ပိုင်ယွီမင်က ခေါင််းညိတ်ပြကာ ပစ္စည်းများကို လက်ခံရန် မော့ရှုလင်ကို အချက်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း..."
မော့ရှုလင်က ပိုင်ယွီမင်၏ ခွင့်ပြုချက်ဖြင့် ယဲ့ချင်းလင်ပေးသည့် ပစ္စည်းများကို တရိုတသေ လက်ခံလိုက်လေသည်။ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ချိန်တွင် ယဲ့ချင်းလင်ပြောသကဲ့သို့ ဖြစ်သည်ကို တွေ့ရလေသည်။ ထို့အပြင် ယဲ့ချင်းလင်ပြောသည်ထက် ပိုမိုများပြားပြီး ပိုမိုကောင်းမွန်နေလေသည်။

ရှန့်ကွမ်းကျူးချင်က သူ့ရှစ်စွမ်းအား အလွန်ပင် မျက်နှာသာပေးပုံပေါ်လေသည်။

ပိုင်ယွီမင်က ကောင်းမွန်သည့် နောက်ခံတစ်ခု ဖြစ်ပုံပေါ်လေ၏။ 

မော့ရှုလင်က သိုလှောင်အိတ်ထဲကို စစ်ဆေးကြည့်ချိန်တွင် သူ့မျက်ဝန်းထဲ၌ မည်သည့်လှုပ်ရှားမှုမှမရှိဘဲ သူ့အမူအရာက တည်ငြိမ်နေလေသည်။

ယဲ့ချင်းလင်က အံ့အားသင့်သွားလေ၏။ သူကိုယ်တိုင် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ ထည့်ခဲ့သဖြင့် အထဲတွင် မည်မျှကောင်းမွန်သည့်ပစ္စည်းများ ပါဝင်သည်ကို သိလေသည်။ မော့ရှုလင်၏ နောက်ခံကို အစောက စုံစမ်းထားခဲ့သဖြင့် မော့ရှုလင်က ဝေးလံသည့်တောင်ကြားတစ်ခုမှ တောင်ထိပ်သခင်၏သားဖြစ်ပြီး သူ့မိဘများက မော့ရှုလင်ကို စိတ်ဝိညာဉ်ပစ္စည်းများအား ခွဲခြမ်းစိတ်ဖြာသည့် အသိပညာကို သင်ကြားပေးခဲ့ကြောင်း သိလေသည်။ 

ဆရာနှင့် တပည့်က တူညီကြလေ၏။ 

ပိုင်ယွီမင်ကဲ့သို့ ထူးခြားသော ရှစ်စွမ်းရှိသည့် တပည့်ဖြစ်သူက ပြင်ပပစ္စည်းများကြောင့် စိတ်လှုပ်ရှားမှုမရှိသည်မှာ ပုံမှန်ဖြစ်နိုင်လေသည်။

သို့ရာတွင် ယဲ့ချင်းလင်က မော့ရှုလင်တည်ငြိမ်နေရသည့် အကြောင်းပြချက်ကို မစဉ်းစားနိုင်ခဲ့ပေ။ အမှန်တွင် မော့ရှုလင်က စိတ်ဝိညာဉ်လက်နက်များနှင့် မိစ္ဆာလက်နက်များစွာကို မြင်ဖူးထားသည့် မိစ္ဆာဧကရာဇ်တစ်ယောက် ဖြစ်ခဲ့သဖြင့် ဤကဲ့သို့ ပစ္စည်းများအပေါ် ခံစားချက်မရှိခြင်း ဖြစ်လေသည်။

မော့ရှုလင်က ပစ္စည်းများကို စစ်ကြည့်လိုက်ပြီးနောက် သူလိုအပ်သည့် ပစ္စည်းတစ်ခု မပါသေးသည်ကို တွေ့သဖြင့် အမြန်ပင် ဦးညွတ်ကာ မေးလိုက်လေသည်။
"ရှစ်ရှုန်း... ကျွန်တော့်ရဲ့ တပည့်ဝတ်စုံကို ဘယ်နေရာမှာ ထုတ်ရမှာပါလဲ..."

ယဲ့ချင်းလင်က မော့ရှုလင်၏ တည်ငြိမ်မှုကို အံ့ဩနေခဲ့သဖြင့် စကားမဆုံးသေးသည်ကို သတိရသွားကာ အမြန်ပြောလိုက်လေသည်။
"ဒီနှစ် တပည့်အသစ်တွေ အများကြီးဝင်တာမလို့ တပည့်ဝတ်စုံတွေက မလုံလောက်သေးဘူး... မော့ရှစ်တိ အလျင်လိုနေတယ်ဆိုရင် ဒီနေ့ပဲ အောက်ထပ်မှာ ကိုယ်တိုင်း သွားပေးလို့ရတယ်... စာရင်းသွင်းထားတဲ့ တပည့်အမှတ်စဉ်ကို အရင်ပေးလိုက်ပါ... အဲ့ဒါဆိုရင် အကြာကြီး စောင့်စရာမလိုဘူး..."

တပည့်ဝတ်စုံက သာမန်အဝတ်အစားမဟုတ်ပေ။ ၎င်းတွင် အခြေခံအစီအရင်များ ထည့်သွင်းထားပြီး ဆောင်းတွင်းအအေးဒဏ်နှင့် နွေရာသီ၏အပူဒဏ်ကို ခံနိုင်ရုံသာမက သာမာန်လူများ၏ရန်မှလည်း ကာကွယ်ပေးနိုင်သဖြင့် အလွန်ပင် အသုံးဝင်လေသည်။

မော့ရှုလင်က ယဲ့ချင်းလင်ကို တစ်ဖန်ကျေးဇူးတင်လိုက်ပြီးနောက် မူလနေရာတွင် ပြန်ထိုင်လိုက်လေသည်။ 

ရှန့်ကွမ်းကျူးချင်က သူ့တပည့်ကို ပြန်ရန် လက်ဟန်ပြလိုက်ပြီးနောက် ယဲ့ချင်းလင်က ဦးညွတ်ကာ ထွက်သွားလေသည်။

မကြာမီတွင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားလေ၏။ မော့ရှုလင်က ပိုင်ယွီမင်ထွက်ခွာရန် စောင့်နေစဉ်တွင် ရှန့်ကွမ်းကျူးချင်ကလည်း အပေးအယူအတွက် စောင့်နေလေသည်။ 

ပိုင်ယွီမင်က တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် သိုလှောင်အိတ်ထဲမှ အဖြူရောင်အမွေးတစ်ဆုပ်ကို ထုတ်ပေးလိုက်လေသည်။

မော့ရှုလင်၏ မျက်ဝန်းများက လှုပ်ရှားသွား၏။ 

ဒါက ငါ့ကို ပိုင်ယွီမင်ပေးခဲ့တဲ့ လက်ဆောင်မလား... အခု သူက ဒီဟာကို ရှန့်ကွမ်းကျူးချင်ကို ပေးချင်နေတာလား...

ရှန့်ကွမ်းကျူးချင်က ဒါကိုမြင်ပြီးရင် ရှက်ပြီးဒေါသထွက်သွားမှာကို သူ မစိုးရိမ်ဘူးလား…

🐰🐰🐰

🐰 Chapter 8


"အစ်ကိုရှန့်ကွမ်း... ဒါက ကျွန်တော် သေတ္တာလေးတောင် လုပ်ဖို့အချိန်မရလိုက်ဘူး... အားနာစရာကောင်းလိုက်တာ..."

"ဘာအားနာစရာရှိလို့လဲ... ဒီလိုလက်ဆောင်ကို လက်ခံရတဲ့ ကျွန်တော်ကမှ အားနာရမှာပါ..."

ရှန့်ကွမ်းကျူးချင်က သေတ္တာကို ဂရုစိုက်ရန် အချိန်မရှိချေ။ သူက အမွေးလုံးလေးကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ လက်နှစ်ဖက်ဖြင့် အမြန်ယူလိုက်လေ၏။ လေတိုက်ပြီး လွင့်သွားမည်ကို စိုးရိမ်သဖြင့် လက်ဖြင့်ကာထားပြီး မျက်တောင်မခတ် စိုက်ကြည့်နေလေသည်။

မော့ရှုလင် “.....”

မော့ရှုလင်မှာ ရှန့်ကွမ်းကျူးချင်၏ အမူအရာကိုကြည့်ပြီး သူ့အမြင်များက မှားနေသည်လားဟု စဉ်းစားနေလေသည်။ 

ဒီအမွေးလုံးလေးက ခုနကစကားတွေထက် တန်ဖိုးရှိတယ်ဆိုတာ ဖြစ်နိုင်လို့လား...

ကျင့်ကြံရေးလောကရှိ ပစ္စည်းများမှာ အလွန်ထူးဆန်းလေသည်။ အချို့ပစ္စည်းများက စွမ်းအားကြီးပြီး တစ်ချက်ကြည့်ရုံဖြင့် ပစ္စည်းကောင်းဖြစ်ပုံ ပေါ်လေ၏။ အချို့ပစ္စည်းများကမူ ကြည့်ရဆိုးပြီး သာမာန်ဆန်သော်လည်း အမှန်တွင် ရှားပါးရတနာများ ဖြစ်လေသည်။

မော့ရှုလင်က မိစ္ဆာအရှင်သခင်တစ်ယောက် ဖြစ်ဖူးသော်လည်း သူ့အချိန်များကို ကျင့်ကြံခြင်းနှင့် လက်စားချေခြင်းတွင်သာ ကုန်ဆုံးခဲ့လေသည်။ ထို့ကြောင့် ပစ္စည်းကောင်းများကို အမြဲတမ်း လဲလှယ်နေတတ်သည့် ချန်ဝူတောင်ထိပ်သခင် ရှန့်ကွမ်းကျူးချင်ကဲ့သို့ ပစ္စည်းကောင်းများစွာကို မသိနိုင်ပေ။

အောက်ထပ်ရှိ တပည့်များကလည်း ပိုင်ယွီမင်ပေးလိုက်သည့် ပစ္စည်းကို မမြင်ရသလို စိတ်ဝိညာဉ်စွမ်းအားများကိုလည်း မခံစားရပေ။ သို့ရာတွင် ချန်ဝူတောင်ထိပ်သခင်က အလွန်စိတ်လှုပ်ရှားနေပြီး ထိုအမည်မသိပစ္စည်းကို အဖိုးတန်သေတ္တာထဲသို့ ဂရုတစိုက် ထည့်နေသည်မှာ အလွန်ပင် ထူးဆန်းလေသည်။

"အစ်ကိုရှန့်ကွမ်း သဘောကျရင် ပြီးတာပါပဲ... ဒါက သူ့အလိုလိုကျွတ်နေတဲ့ အမွေးတွေပါပဲ... အရည်အသွေးကတော့ သိပ်မကောင်းဘူး..."

ပိုင်ယွီမင်မှာ ရှက်ရွံ့နေပြီး နားရွက်ဖျားများပင် နီရဲလာလေသည်။

"အာ... ဟုတ်သားပဲ..."
ရှန့်ကွမ်းကျူးချင်မှာ တိရစ္ဆာန်များက အမွေးကျွတ်တတ်သည်ကို ရုတ်တရက် သတိရသွားပြီး အသံတိုးတိုးဖြင့် မေးလိုက်လေသည်။ 
"အကြီးအကဲပိုင်... ပုံမှန်ဆိုရင် အမွေးဘယ်လောက်များများ ကျွတ်လေ့ရှိလဲ... ကျွန်တော် ဘယ်လိုပုံစံမျိုးနဲ့မဆို စုဆောင်းချင်ပါတယ်... စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ မှော်လက်နက်တွေ၊ ကျင့်စဉ်စာအုပ်တွေနဲ့ လဲလို့ရပါတယ်... အကြီးအကဲပိုင် ဘာပဲလိုချင်လိုချင် ကျွန်တော် ရှန့်ကွမ်းကျူးချင်က အကုန်ဖြည့်ဆည်းပေးဖို့ ဝန်မလေးပါဘူး..."

ဘေးတွင်ထိုင်နေသော မော့ရှုလင်က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
အဲ့အမွေးလုံးက ပိုင်ယွီမင်ရဲ့ ယုန်မွေးတွေဖြစ်နေတာလား...

စဉ်းစားကြည့်လျှင် ဖြစ်နိုင်လေသည်။ ယခင်ဘဝတွင် ပိုင်ယွီမင်၏ အမွေးများဖြင့် ပြုလုပ်ထားသော ယုန်သားမွေးပဝါက အလွန်ကောင်းမွန်သော ကာကွယ်ရေးလက်နက်တစ်ခု ဖြစ်ခဲ့၏။ သို့သော် သူ့မှတ်ဉာဏ်ထဲရှိ ယုန်သားမွေးပဝါက စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေပြီး နူးညံ့ဖြူဖွေးနေသော်လည်း ပိုင်ယွီမင်လက်ထဲရှိ အမွေးလုံးက ဖွာလန်ခြောက်သွေ့ကာ ဝါကျင့်ကျင့် ဖြစ်နေလေသည်။

မသန့်စင်ရသေးလို့များလား...

မော့ရှုလင်က နားမလည်နိုင်တော့ပေ။
"အဟမ်း..."

ပိုင်ယွီမင်မှာ သူ့အမွေးများက အကောင်းဆုံး ကာကွယ်ရေးပစ္စည်းဖြစ်သည်ကို သိသော်လည်း ရှန့်ကွမ်းကျူးချင်၏လေသံက ပိုလွန်းနေသဖြင့် အနေခက်လာလေသည်။ 
"ဒါက... နောက်မှ... နောက်မှ ပြောကြတာပေါ့... တစ်ခုခုလိုအပ်ရင် ကျွန်တော် ပေးပါမယ်... အစ်ကိုရှန့်ကွမ်း ကျွန်တော် အရင်သွားတော့မယ်နော်..."

"ကျွန်တော်ကပဲ မယဉ်ကျေးသလို ဖြစ်သွားပါပြီ... အကြီးအကဲပိုင် ကြွပါ..."
 
ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်၏ အကျင့်စရိုက်ကို ကောင်းကောင်းသိသဖြင့် ပိုင်ယွီမင်အနေခက်နေလျှင် ‌သူဆက်မပြောတော့ပေ။

ပိုင်ယွီမင်ကဲ့သို့ အကျင့်စရိုက်ရှိသူများက အခြားလူများ၏ တိုက်တွန်းနှောင့်ယှက်ခြင်းကို အကြောက်ဆုံးဖြစ်၏။ သို့သော် သူတို့၏ဆက်ဆံရေးကို ထိန်းထားနိုင်သမျှ ကာလပတ်လုံး ပိုင်ယွီမင်က အကူအညီ လိုအပ်လျှင် သူ့အား ပထမဆုံးလာရှာမည်ဖြစ်ပြီး ထိုအခါမှ လက်နက်လုပ်ရန် ပစ္စည်းများကို ထပ်မံရရှိနိုင်မည် ဖြစ်လေသည်။

တိရစ္ဆာန်အမွေးများက အမြဲတမ်း ကျွတ်နေတတ်သဖြင့် ၎င်းမှာ ရေရှည်စီးပွားရေးတစ်ခု ဖြစ်လေသည်။

ရှန်ကွမ်းကျူးချင်က သူ့ယပ်တောင်ကို ခတ်နေလျက် ပိုင်ယွီမင်၏အမွေးများက ခြောက်သွေ့ဖွာလန်နေသည်ကို သတိရကာ သူ့တပည့်ကိုခေါ်ပြီး မုယောစပါး၊ နှမ်းနက်၊ ပဲနောက်နှင့် အခြားသော အမွေးအတွက်ကောင်းသည့် အစားအစာများကို ယွဲ့ရွှယ်တောင်ထိပ်သို့ ပို့ခိုင်းလိုက်လေသည်။ နောက်တစ်ကြိမ်တွင် ထိုယုန်မိစ္ဆာလေးထံမှ ပိုမိုကောင်းမွန်သော အမွေးများကို ရရှိနိုင်ရန် မျှော်လင့်နေလေ၏။

ပိုင်ယွီမင်က မော့ရှုလင်ကို တပည့်ဝတ်စုံ ထုတ်ပေးသည့် နေရာသို့ လိုက်ပို့လေသည်။

ထိုနေရာတွင် လူတန်းရှစ်တန်းရှိပြီး တစ်တန်းလျှင် လူအယောက်ပေါင်း လေးငါးရာခန့် ရှိလေ၏။ ဤနေရာရှိ တပည့်များကလည်း မော့ရှုလင်ကဲ့သို့ ကိုယ်တိုင်းပေးပြီး တပည့်ဝတ်စုံကို အမြန်ဆုံးရချင်နေကြသည်မှာ ထင်ရှားလေသည်။

ပိုင်ယွီမင်က လူအရေအတွက်ကို ကြည့်ပြီး အံ့ဩနေစဉ်တွင်ပင် နောက်ထပ် တပည့်တစ်ဒါဇင်ခန့် ရောက်လာပြီး မော့ရှုလင်ရှေ့တွင် တန်းစီလိုက်ကြလေသည်။

"မင်းလည်း တန်းစီလိုက်ဦး... ငါ ခဏနေရင် ပြန်လာခေါ်မယ်..."
 
ပိုင်ယွီမင်က လူတန်းအဆုံးတွင် ရောက်နေသော တပည့်လေးကို ကြည့်ပြီး သူ့အနားသို့ လျှောက်သွားလေသည်။ 
"မင်း တစ်ခုခုလိုချင်တာ ရှိသေးလား... ငါဝယ်ပေးမယ်..."

ပိုင်ယွီမင်၏စကားကြောင့် အခြားတပည့်များက မနာလိုစိတ်များဖြင့် ချက်ချင်း လှည့်ကြည့်လာကြပြီး ဤသူက မည်သည့်အကြီးအကဲဖြစ်ကြောင်း စူးစမ်းကြတော့လေသည်။

မော့ရှုလင်ကလည်း ထိုအကြည့်များကို ခံစားမိသဖြင့် ခေါင်းခါပြလိုက်၏။ 
"ကျေးဇူးတင်ပါတယ် ရှစ်စွမ်း... သိုလှောင်အိတ်ထဲက ပစ္စည်းတွေနဲ့တင် လုံလောက်ပါပြီ..."

"ဟုတ်ပြီ... ဒါဆို ဒီမှာပဲ လိမ်လိမ်မာမာစောင့်နေ..."
ပြောပြီးနောက် ပိုင်ယွီမင်က အမြန်ထွက်သွားလေသည်။

ပိုင်ယွီမင်ထွက်သွားသည်နှင့် ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် စကားပြောသံများက ချက်ချင်း ထွက်ပေါ်လာလေသည်။

"ဘယ်လောက်တောင် နူးညံ့တဲ့ရှစ်စွမ်းလဲ... ဒီလိုရှစ်စွမ်းမျိုးရှိရတာ ဘဝအဆက်ဆက် ကောင်းချီးပဲ..."

"စိတ်ဝိညာဉ်စွမ်းအင်က အားကောင်းပေမဲ့ မိစ္ဆာကျင့်ကြံသူနဲ့ တူနေတယ်... သူက မိစ္ဆာတော့ မဟုတ်ဘူးမလား..."
 
"လျန်ကျီဂိုဏ်းမှာ မိစ္ဆာကျင့်ကြံသူ အကြီးအကဲတွေရှိတယ်လို့ ကြားတယ်... ဘယ်သူလဲတော့မသိဘူး..."

"ဟမ့်... မိစ္ဆာကျင့်ကြံသူကို ဆရာတင်ရမယ့်အစား  á€žá€ąá€á€Źá€€á€™á€žá€€á€ąá€Źá€„်းဌးမယ်... မိစ္ဆာမျိုးနွယ်တွေကို ယဉ်ပါးအောင် လုပ်လို့မရဘူး... အသားစားတဲ့ မိစ္ဆာတွေက သာမန်လူတွေကို စားသောက်ကြတာ... လူသားတစ်ယောက်အနေနဲ့ မိစ္ဆာကျင့်ကြံသူအားလုံးကို သူတို့နေရာဆီ ပြန်မောင်းထုတ်သင့်တယ်..."

"မင်းပြောတာ မှားနေပြီ... မိစ္ဆာကျင့်ကြံသူ အမျိုးအစားတွေက ထောင်နဲ့ချီပြီးရှိတယ်... အသားစားတဲ့သူတွေရှိပေမဲ့ ကြင်နာတတ်ပြီး ငြိမ်းချမ်းတဲ့သူတွေလည်း ရှိပါတယ်... မိစ္ဆာတိုင်းကို မကောင်းပြောလို့ မရဘူးလေ..."
 
"ဒါပေမဲ့ ငါကတော့ မိစ္ဆာတိုင်းကို မုန်းတယ်... ငါ့မိဘတွေကို မိစ္ဆာသားရဲတွေက သတ်သွားတာ..."

"မိစ္ဆာလမ်းစဉ်ကျင့်ကြံတာက လူသားတွေကျင့်ကြံတာနဲ့ မတူဘူး... အဲ့ကလေးက မိစ္ဆာကျင့်ကြံသူဆီမှာ တပည့်ဖြစ်တယ်ဆိုရင် နောင်တစ်ချိန်ကျ သူ့အတွက် ခက်ခဲလိမ့်မယ်ထင်တယ်..."

ထိုလူများက မော့ရှုလင် မကြားနိုင်ဟု ထင်နေကြသော်လည်း အမှန်တွင် သူက ထိုစကားများကို ကြားနေရလေသည်။ သို့ရာတွင် သူက ကဲ့ရဲ့ရှုတ်ချသံများကို များစွာကြားခဲ့ဖူးသဖြင့် သူတို့၏စကားများကို စိတ်ထဲမထားချေ။

ပိုင်ယွီမင်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ထောက်ပံ့ကြေးကို သွားယူပြီးနောက် အနီးဆုံးမြို့လေးသို့ ပစ္စည်းဝယ်ရန် သွားလေသည်။

သူက တစ်လလျှင် တစ်ကြိမ်သာ တောင်အောက်ဆင်းသဖြင့် ပစ္စည်းဝယ်ရာတွင် တွန့်ဆုတ်နေခြင်းမရှိချေ။  á€•á€…á€šá€…á€Šá€şá€¸á€á€šá€şá€›á€Źá€á€˝á€„á€şá€œá€Šá€şá€¸ နှစ်မျိုးသာဝယ်လေ့ရှိပြီး ၎င်းက အစားအစာနှင့် ဝတ္ထုစာအုပ်များသာ ဖြစ်လေသည်။

သို့ရာတွင် အစားအစာများက စိတ်ဝိညာဉ်ကျောက်တုံးများစွာ ကုန်ကျသဖြင့် အနည်းငယ် စျေးကြီးလေသည်။ ထို့ကြောင့် ပိုင်ယွီမင်က တွန့်ဆုတ်နေပြီး များစွာမဝယ်ရဲပေ။

ဝတ္ထုစာအုပ်များကမူ စျေးသက်သာသော်လည်း ပိုင်ယွီမင်က တစ်ကြိမ်လျှင် စာအုပ်တိုင်းကို မဝယ်နိုင်ချေ။ ပိုင်ယွီမင်ကြောင့် ပျက်စီးလုနီးပါး စာအုပ်ဆိုင်ပင် နာလန်ပြန်ထူလာခဲ့၏။ မကြာသေးသည့်အချိန်တွင် စာရေးဆရာများက ပိုင်ယွီမင်ကြိုက်တတ်သည့် ပုံစံမျိုးကို သူတစ်ယောက်တည်းအတွက် သီးသန့်ရေးသားပေးနေကြလေသည်။

စာအုပ်ဆိုင်ပိုင်ရှင်က ပိုင်ယွီမင်ကို မြင်ချိန်တိုင်း၌ နေမင်းကြီးထက်ပင် ပိုမိုတောက်ပစွာ ပြုံးပြတတ်လေသည်။ ပိုင်ယွီမင်၏ ငြိမ်သက်သော အကျင့်စရိုက်ကြောင့် စာအုပ်ဆိုင်ပိုင်ရှင်က ထိုဖောက်သည်ကြီး ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး စကားများများမပြောဘဲ အမြဲတမ်း ပြုံးနေသည့်ပုံစံကိုသာ ထိန်းသိမ်းထားလေသည်။

ပိုင်ယွီမင်က စာအုပ်ဆိုင်ထဲသို့ ဝင်သည့်အချိန်တိုင်းတွင် ဆိုင်ရှင်ထံမှ ထူးခြားသော အငွေ့အသက်တစ်ခုကို ခံစားရသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လေသည်။
 
သို့ရာတွင် စာအုပ်များစွာ ဖတ်သူများ၌ ထူးခြားသော အငွေ့အသက် ရှိတတ်သည်ဟု  á€€á€źá€Źá€¸á€–ူး၏။ အိုတာခုတစ်ယောက်အနေဖြင့် ပိုင်ယွီမင်က သူနှင့်ဝါသနာတူသူများကို ခွဲခြားမဆက်ဆံသင့်ပေ။

[T/N - အိုတာခုဆိုတာက အိမ်တွင်းအောင်းပြီး animeကြည့်/ စာဖတ်နေတတ်တဲ့လူတွေကို ပြောတာပါ...]

ယခုရာသီအတွက် ဝတ္ထုအသစ်ကို ဝယ်ပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးအချို့ ကျန်သေးလေသည်။ ပုံမှန်ဆိုလျှင် ကျန်သည့်ကျောက်တုံးများကို အစားအစာဝယ်ရန် သုံးစွဲမည်ဖြစ်သော်လည်း သူ့တပည့်အသစ်လေးကို သတိရလိုက်သဖြင့် တပည့်လေးထံမှ မျက်နှာသာရရန်အတွက် ကောင်းမွန်သော လက်ဆောင်တစ်ခုဝယ်ရန် ဆုံးဖြတ်လိုက်လေသည်။

အချိန်အတော်ကြာ ရွေးချယ်ပြီးနောက် နောက်ဆုံးကျန်သော စိတ်ဝိညာဉ်ကျောက်တုံးကို သုံးစွဲကာ  á€á€•á€Šá€ˇá€şá€œá€ąá€¸á€€á€­á€Ż ပြန်သွားခေါ်ရန် လုပ်လိုက်သည်။

နေဝင်ချိန်ရောက်မှ နှစ်ယောက်သားက နေဝင်ဆည်းဆာအလှကို ခံစားလျက် ယွဲ့ရွှယ်တောင်ထိပ်သို့ ပြန်ရောက်လာကြလေသည်။

နှစ်ယောက်လုံး ပင်ပန်းနေသော်လည်း ဤခရီးက တန်ဖိုးရှိလေသည်။ မော့ရှုလင်က အခန်းထဲသို့ ပြန်တော့မည်ဖြစ်ကြောင်း သူ့ရှစ်စွမ်းကို ပြောလိုက်၏။

"ခဏနေဦး..." 
ပိုင်ယွီမင်က မော့ရှုလင်ကို တားလိုက်၏။
 
"အရင်တစ်ခေါက်က ရှစ်စွမ်းတစ်ယောက်အနေနဲ့ ငါမင်းကို ဘာမှ ကောင်းကောင်းမွန်မွန် မပေးရသေးဘူး... ဒီတစ်ခေါက် အပြင်ထွက်တုန်း မင်းအတွက် လက်ဆောင်ဝယ်လာတယ်..."

မော့ရှုလင်မှာ ရှစ်စွမ်းက သူ့အတွက် လက်ဆောင်ဝယ်လာသည်ဟု ကြားချိန်တွင် ချက်ချင်း ကျေးဇူးတင်လိုက်၏။ ရှန့်ကွမ်းကျူးချင်ထံမှ ရခဲ့သည့် သိုလှောင်အိတ်ကြောင့် မော့ရှုလင်က ပိုင်ယွီမင်၏လက်ဆောင်အပေါ်  á€Ąá€”ည်းငယ် မျှော်လင့်နေလေသည်။

ထို့နောက် ပိုင်ယွီမင်၏လက်ထဲတွင် အဝါရောင်နှင့် အနီရောင် ရောယှက်ထားသော သိုးမွေးထည်တစ်စကို မြင်လိုက်ရလေသည်။ အရောင်က အလွန်တောက်ပြောင်နေပြီး အနံ့ကလည်း အမှန်ပင် ဆိုးရွားလေသည်။

ပိုင်ယွီမင်က ထိုအထည်စကို စိတ်လှုပ်ရှားစွာ ဖြန့်ပြလိုက်ချိန်တွင် မော့ရှုလင်၏ နှုတ်ခမ်းများက တွန့်သွားလေ၏။

၎င်းမှာ ကျားခေါင်းပုံစံ ခေါင်းဆောင်းတစ်ခု ဖြစ်လေသည်။

ထိုကဲ့သို့ ခေါင်းဆောင်းက သာမာန်ကလေးများ ဆောင်းလေ့ရှိသည့် ခေါင်းဆောင်းမျိုးဖြစ်၏။ ဤခေါင်းဆောင်းတွင် လိမ္မော်ရောင်သိုးမွေးစ၊ ဝိုင်းစက်နေသော နားရွက်နှစ်ဖက်၊ အသက်ဝင်သော မျက်လုံးနက်တစ်စုံနှင့် ကြောက်မက်ဖွယ်ဟန်ပန်ရှိသည့် ပန်းထိုးပုံစံများ ပါရှိလေသည်။ ကျားခေါင်းဆောင်းမှာ မိဘများက သူတို့၏ကလေးများအား အန္တရာယ်ကင်းကင်း ကြီးပြင်းလာစေရန်၊ ဘေးဒုက္ခများကို ဖယ်ရှားပေးရန်နှင့် ကျားကဲ့သို့ သန်စွမ်းကျန်းမာစေရန် ဆုတောင်းပေးသည့် အဓိပ္ပာယ်ကို ဆောင်လေသည်။

၎င်းက ကာကွယ်ရေး ပစ္စည်းတစ်ခုဖြစ်ပြီး အနွေးဓာတ် ပေးနိုင်သော်လည်း ကလေးများအတွက် ရည်ရွယ်သည့် ကျားခေါင်းပုံစံ ခေါင်းဆောင်းတစ်ခု ဖြစ်လေသည်။

ငါက မိစ္ဆာလောကမှာ ဒုတိယမြောက် အင်အားအကြီးဆုံး မိစ္ဆာဧကရာဇ် ဖြစ်ခဲ့တာလေ...
 
ပိုင်ယွီမင်က ထိုကျားခေါင်းဆောင်းကို မော့ရှုလင်၏ခေါင်းပေါ်သို့ သူကိုယ်တိုင် ဆောင်းပေးလိုက်လေသည်။

မော့ရှုလင်  "....."

မော့ရှုလင်က ထိုခေါင်းဆောင်းကိုချွတ်ပြီး မြေကြီးပေါ် သို့ ပစ်ချလိုက်ချင်သော်လည်း မလုပ်နိုင်သည်ကို သိလေ၏။

ပိုင်ယွီမင်က မော့ရှုလင်၏ခေါင်းဆောင်းကို သေသေသပ်သပ် ပြုပြင်ပေးပြီး ပြုံးလိုက်၏။ 
"ဟေး... ဒါက မင်းနဲ့အတော်ပဲလို့ ထင်တယ်... မင်းဆောင်းလိုက်တော့လည်း ကြည့်ကောင်းသွားတာပဲ..."

မော့ရှုလင်မှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံရသည့် သခင်လေးတစ်ဦး ဖြစ်ခဲ့သဖြင့် ဖြူစင်ကာ ချစ်စဖွယ်ကောင်းခဲ့လေသည်။ ဖေးယွမ်တောင်ကြားတွင် ကြုံခဲ့ရသော ကပ်ဆိုးကြောင့် သူ၏ဖြူစင်မှုများက ပျောက်ကွယ်သွားခဲ့ရလေ၏။ ယခု ကျားခေါင်းဆောင်းကို ဆောင်းလိုက်ချိန်တွင် မော့ရှုလင်က ပိုပြီးကလေးဆန်သွားသည်ဟု ပိုင်ယွီမင်က ခံစားလိုက်ရလေသည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ရှစ်စွမ်း..."
မော့ရှုလင်၏အပြုံးမှာ ငိုနေသည်ထက်ပင် ပိုပြီး ကြည့်ရဆိုးနေလေ၏။

"ဒီလောက်ထိ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး... ဒါက ခေါင်းဆောင်းလေးတစ်ခုပါပဲ..."

ပိုင်ယွီမင်က မော့ရှုလင်၏ပါးကို ဆွဲလိုက်ချိန်တွင် ကလေး၏ပါးပြင်က နူးညံ့ပြီး ဆွဲရကောင်းသည်ကို မထင်မှတ်ဘဲ တွေ့ရှိသွားလေသည်။

မော့ရှုလင် "....."
 
ကျွန်တော် စိတ်မလှုပ်ရှားပါဘူး... စိတ်လှုပ်ရှားဖို့လည်း မဝံ့ရဲပါဘူး...

"နောင်ကျရင် ရှစ်စွမ်းက တခြားပုံစံတွေလည်း ဝယ်ပေးဦးမယ်... ကျားခေါင်းဖိနပ်တွေ၊ ကျားခေါင်းလက်အိတ်တွေနဲ့ ကျားခေါင်းလည်စည်းတွေလည်း ရှိသေးတယ်... ရှစ်စွမ်းဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပိုရှိလာရင် အကုန်ဝယ်ပေးမယ်နော်..."
 
ပိုင်ယွီမင်က သူ့တပည့်လေးကို ဆက်မစတော့ဘဲ လက်ကို ပြန်ရုတ်လိုက်လေသည်။

မော့ရှုလင်‌ "....."
 
နောက်ထပ်ရှိသေးတာလား...

"ဟုတ်ပြီလား…" 
ပိုင်ယွီမင်က အတည်ကြည်ဆုံး အမူအရာဖြင့် ကြောက်မက်ဖွယ်အကောင်းဆုံး မေးခွန်းကို မေးလိုက်လေ၏။

မော့ရှုလင်က အံကြိတ်ပြီး ပြန်ပြောလိုက်လေသည်။
"ဟုတ်ကဲ့..."

"ဘာဖြစ်လို့လဲ… မကြိုက်လို့လား…" 
ပိုင်ယွီမင်၏အပြုံးက စိုးရိမ်နေသည့် အမူအရာအဖြစ် ပြောင်းလဲသွားလေ၏။

မော့ရှုလင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏လေသံမှာ ငိုချလုနီးပါး ဖြစ်နေလေသည်။
 "မဟုတ်ပါဘူး... ကျွန်တော် အရမ်းကြိုက်ပါတယ်... တကယ်ကိုခံစားရတယ်... ကျွန်တော့်ကို ဒီလောက်လှတဲ့ ခေါင်းဆောင်းမျိုး ဘယ်သူကမှ မဝယ်ပေးခဲ့ဖူးဘူး..."

သူ့မိဘများက အမတဖြစ်ရန်သာ ကြိုးစားနေခဲ့ကြသဖြင့် သူတို့၏ အကြိုက်ကလည်း ကြော့ရှင်းသောအမတများ၏ ပုံစံသာ ဖြစ်လေသည်။ သူ မိစ္ဆာအရှင်သခင်ဖြစ်သွားချိန်တွင်လည်း မည်သူကမှ သူ့အား ဤကဲ့သို့ ခေါင်းဆောင်းမျိုးကို မပေးရဲပေ။

ပိုင်ယွီမင်က ကြည့်လေလေ သူ၏တပည့်လေးမှာ ချစ်စရာကောင်းလာလေလေဟု ခံစားရသဖြင့် ခေါင်းဆောင်းကို တစ်ဖန် ပြုပြင်ပေးလိုက်လေသည်။ 

"မင်းကြိုက်တယ်ဆိုရင် ပြီးတာပါပဲ..."

"ကျွန်တော် ဒါကို တန်ဖိုးထားပါ့မယ်..."
 
မော့ရှုလင်က ထိုအရာကို သိုလှောင်အိတ်၏အစွန်ဆုံး မည်သူမှ ရှာမတွေ့နိုင်မည့်နေရာတွင် သိမ်းထားမည်ဟု ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်လေသည်။

"နှမြောမနေပါနဲ့... အခုက အေးနေပြီ... ဒါကို နေ့တိုင်းဆောင်းဖို့ မမေ့နဲ့နော်... ဟောင်းသွားရင် ရှစ်စွမ်း နောက်တစ်ခု ထပ်ဝယ်ပေးမယ်..."
 
ပိုင်ယွီမင်က မော့ရှုလင်၏ မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်ပြီး ထိုခေါင်းဆောင်းကို အစဖျောက်ပစ်မည့် လမ်းကိုပါ ပိတ်လိုက်လေသည်။

မော့ရှုလင်  "....."

မော့ရှုလင်မှာ သူဆက်ရှိနေလျှင် စိတ်ရင်းများပေါ်သွားတော့မည်ကို စိုးရိမ်သဖြင့် ပိုင်ယွီမင်ကို ဦးညွှတ်ကာ အခန်းထဲသို့ အမြန်ပြန်သွားလိုက်တော့လေသည်။

ပိုင်ယွီမင်ကို မမြင်ရတော့ချိန်တွင် မော့ရှုလင်က ကျားခေါင်းဆောင်းကို ချက်ချင်းချွတ်ပြီး ကုတင်ပေါ်သို့ ပစ်တင်လိုက်၏။ သူ့ခေါင်းပေါ်တွင် ဤကဲ့သို့ ကြောင်တောင်တောင်ပစ္စည်းမျိုးကို တင်မထားနိုင်ချေ။

ခေါင်းဆောင်းကို ချွတ်လိုက်ချိန်တွင် သူ့နားရွက်များက ဆောင်းရာသီ၏ အအေးဒဏ်ကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က ကျားခေါင်းဆောင်းထံမှ ရရှိသည့် အနွေးဓာတ်ကို မသိမသာ တမ်းတနေမိလေသည်။

မော့ရှုလင်က ကုတင်ပေါ်ရှိ ခေါင်းဆောင်းကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။

ထားလိုက်တော့... ဆောင်းထားလိုက်မယ်... ဘယ်သူမှ မြင်တာမှ မဟုတ်တာ...

မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ့မိသားစုများထံမှလွဲပြီး အခြားသူထံမှ ပထမဆုံးရရှိသည့် လက်ဆောင်ဖြစ်လေသည်။

🐰🐰🐰

🐰 Chapter 9


မနက်ခင်း နေရောင်ခြည်က ထွက်ပေါ်လာပြီဖြစ်လေသည်။ 

ယွဲ့ရွှယ်တောင်ထိပ်ရှိ မနက်ခင်းတိုင်းက အသက်ဝင်နေပြီး တိတ်ဆိတ်အေးချမ်းလှလေသည်။

မော့ရှုလင်နိုးသည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ ယွဲ့ရွှယ်တောင်တစ်ပတ် အပြေးလေ့ကျင့်ခြင်း ဖြစ်၏။ 

တောင်ထိပ်တစ်ခုလုံးကို ဖြူဖွေးသောနှင်းများက ဖုံးလွှမ်းထားပြီး ငှက်များက တောင်ဘက်သို့ ပျံသန်းသွားကြပြီဖြစ်ကာ ရှဉ့်များနှင့် ဝက်ဝံများကလည်း ဆောင်းခိုနေကြလေသည်။ ရံဖန်ရံခါတွင် တောထဲမှ မြေခွေးဖြူလေးများ ထွက်ပေါ်လာတတ်ပြီး ခုန်ပေါက်ပြေးလွှားနေကြသဖြင့် နှင်းတောထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကာ ၎င်းတို့၏ အဖြူရောင်အမွေးများက နှင်းများနှင့် တစ်သားတည်း ဖြစ်နေလေသည်။ 

မြေခွေးဖြူလေးများက ရင်းနှီးသွားပြီးနောက်တွင် လူမကြောက်တတ်တော့ပေ။  á€™á€”က်ပိုင်းတွင် မော့ရှုလင်အပြေးလေ့ကျင့်နေသည်ကို အဝေးမှကြည့်ပြီး သူတို့၏အိမ်နီးနားချင်းကို စပ်စုနေသကဲ့သို့ ခေါင်းမော့ကာ ကြည့်နေတတ်ကြလေသည်။

မော့ရှုလင်က အိမ်သို့မပြန်မီ အနီးနားရှိ မြေကွက်လပ်တွင် ကိုယ်ခံပညာနှင့် ဓားသိုင်းကို လေ့ကျင့်လေ၏။

၎င်းမှာ တိုက်စစ်နှင့် ခံစစ်အတွက် ကောင်းမွန်သော သိုင်းကွက်များဖြစ်ပြီး သူ့ကျင့်ကြံဆင့်က တိုးတက်မှုမရှိဘဲ ရပ်တန့်နေသော်လည်း မော့ရှုလင်က သိုင်းပညာများကို လက်မလျှော့ပေ။ သူက တောင်ပေါ်တွင် တစ်သက်လုံး ပုန်းအောင်းနေရန် မဖြစ်နိုင်ပေ။ ကိစ္စများကို လုပ်ဆောင်ရန် လိုသေးလေ၏။

မော့ရှုလင်က ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေချိုးကာ အလုပ်စလုပ်လေသည်။ 

ပထမဦးစွာ စင်္ကြံလမ်းရှိ နှင်းများကို ရှင်းလင်းပြီးနောက် ခန်းမထဲရှိ စားပွဲ၊ ကုလားထိုင်များကို သန့်ရှင်းကာ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လေသည်။ ပိုင်ယွီမင်က အခန်းထဲမှ ထွက်ခဲပြီး ခန်းမထဲတွင်လည်း နေလေ့မရှိသဖြင့် ဤနေရာမှာ လွယ်လွယ်ကူကူ မညစ်ပတ်ပေ။ တစ်လလျှင် နှစ်ကြိမ်ခန့်သာ သန့်ရှင်းရေးလုပ်ရန် လိုအပ်လေသည်။

ပြိုကျနေသော ခြံစည်းရိုးတံခါးက နှင်းများအောက်တွင် လုံးဝနစ်မြုပ်နေလေသည်။ ခြံထဲရှိ နှင်းများကိုရှင်းရန် ဂေါ်ပြားမရှိပေ။ ပိုင်ယွီမင်က နွေဦးရောက်ပြီး နှင်းများအရည်ပျော်သွားလျှင် မြေဆီလွှာကို အားဖြည့်ပေးပြီး ခြံထဲတွင် မြက်များပေါက်လာမည်ဖြစ်သဖြင့် နှင်းများကို ဤအတိုင်း ပုံထားရန် ပြောခဲ့လေသည်။ 

သက်ကယ်အိမ်က အနည်းငယ်မြင့်ပြီး အပြင်ဘက်စင်္ကြံလမ်းထဲသို့ နှင်းများကျော်တက်မလာစေရန် မော့ရှုလင်က သေချာဂရုစိုက်ထားလေသည်။

ယခုအချိန်တွင် မီးဖိုချောင်ကိုလည်း အသုံးမပြုသေးပေ။ မော့ရှုလင်က ပိကုဆေးလုံးများကိုသုံးပြီး အချိန်အတော်ကြာ နေနိုင်လေသည်။ ဆောင်းတွင်းတွင် ထင်းရှာရန် ခက်ခဲသဖြင့် နွေဦးကို စောင့်ပြီးမှ သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်ထားလေသည်။ 

သို့ရာတွင် ခေါင်မိုးပေါ်ရှိ နှင်းများက ပိုပြီးထူထပ်လာလေသည်။ အိမ်အမိုးကို နှင်းပိပြီး ပြိုကျမသွားစေရန် ခေါင်မိုးပေါ်မှ နှင်းများကို ခြစ်ထုတ်ရမည်ဖြစ်သည်။

မော့ရှုလင်က သိုလှောင်အိတ်ထဲရှိ ဝါးလုံးရှည်တစ်လုံးကို ထုတ်ကာ အမိုးပေါ်ရှိ နှင်းများကို စတင်ဖယ်ရှားလေတော့သည်။ နှင်းခြစ်သည့် ကိရိယာ၏ တစ်ဖက်အစွန်းကို အနည်းငယ်စောင်းပြီး ပုံစံသွင်းထား၏။ ၎င်းက ဂေါ်ပြားအသေးကဲ့သို့ နှင်းများကို ဖယ်နိုင်ပြီး ဝါးလုံးဖြင့်လည်း ခေါင်မိုးပေါ်မှ နှင်းများကို ဖြည်းဖြည်းချင်း ခြစ်ချနိုင်လေသည်။ 

ဝါးလုံးကို အသုံးပြုခြင်း၏ ရလဒ်မှာ နှေးသော်လည်း သူက ယခုအချိန်တွင် ဆယ်နှစ်သား ကလေးတစ်ယောက်သာ ဖြစ်လေသည်။ ယခင်က သခင်လေးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ငွေကြေးမရှိသဖြင့် ဖုံးကွယ်ထားရန် လိုအပ်လေသည်။ 

သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားသော်လည်း အပြင်မထွက်သည့် ယုန်မိစ္ဆာမျက်ကန်းလေးကိုမူ ပြသထားလေသည်။

သူ၏ဝိညာဉ်ဇစ်မြစ်က ထိခိုက်ထားပြီး မည်သည်ကိုမှ မကျင့်ကြံနိုင်သဖြင့် အားလပ်ချိန် များစွာရှိလေသည်။ ယခုအလုပ်များက ကိုယ်လက်လှုပ်ရှားခြင်း တစ်မျိုးသာဖြစ်သဖြင့် အချိန်ဖြုန်းနေခြင်း မဟုတ်ပေ။ 

မော့ရှုလင်က ပိုင်ယွီမင်ပေးထားသည့် ခေါင်းဆောင်း၊ ရှန့်ကွမ်းကျူးချင် ပေးထားသည့် အဝတ်အစားအသစ်များနှင့် ဖိနပ်များကို ဝတ်ဆင်ထားသဖြင့် အလုပ်လုပ်ရာတွင် မအေးဘဲ အလွန်ပင် သက်တောင့်သက်သာရှိလေသည်။ 

မည်သို့ပင်ဆိုစေကာမူ သူက ဤခေါင်းဆောင်းကို တစ်ခဏခန့်သာ ဝတ်ထားခြင်းဖြစ်ပြီး ခေါင်မိုးပေါ်မှ နှင်းများခြစ်ပြီးသွားလျှင် ရုပ်ဆိုးသည့် ခေါင်းဆောင်းကို ချွတ်လိုက်မည်ဖြစ်သည်။

ရုတ်တရက် မော့ရှုလင်က လူတစ်ယောက်၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။

သူ လှည့်ကြည့်လိုက်ချိန်တွင် ဓားစီးပြီး ပျံသန်းလာသော ယဲ့ချင်းလင်က သူနှင့် ဆယ်လှမ်းခန့်အကွာသို့ ရောက်နေသည်ကို မြင်လိုက်ရလေသည်။ သူ၏ကျင့်ကြံဆင့် ကျဆင်းသွားသဖြင့် အခြားလူများကို ခုခံကာကွယ်နိုင်စွမ်း မရှိပေ။ 

ယဲ့ချင်းလင်ရောက်လာသည်ကို မြင်ချိန်တွင် မော့ရှုလင်၏ ရင်ထဲ၌ တင်းကျပ်လာသော်လည်း ဝါးလုံးကို ချလိုက်ပြီး ရှေ့သို့သွားကာ နှုတ်ဆက်လိုက်လေသည်။ 

ကျယ်ပြောသည့် နေအိမ်တွင် ခြံဝင်းတံခါး မရှိသည်ကို ယဲ့ချင်းလင်မြင်ပြီးနောက် မော့ရှုလင်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်လေသည်။

ဖိတ်ခေါ်ခြင်းမရှိဘဲ တစ်စုံတစ်ယောက်၏ ခြံထဲသို့ တိုက်ရိုက်ဝင်သည်က မယဉ်ကျေးပေ။ သို့ရာတွင် ခြံထဲ၌ တံခါးမရှိသဖြင့် သံသယမဖြစ်စေရန် တံခါးအပြင်ဘက်တွင် ရပ်နေ၍လည်း မရနိုင်ပေ။ သူက တစ်ဖက်လူ၏ သံသယကို ဖြေဖျောက်ရန် မော့ရှုလင်နှင့် ဆယ်လှမ်းခန့်အကွာတွင် ရပ်လိုက်လေသည်။ 

"ရှစ်ရှုန်းကို ကျွန်တော်မြင်ဖူးပါတယ်..." 
မော့ရှုလင်က မဝံ့မရဲ ပြောလိုက်၏။

ပိုင်ယွီမင်က ဤတောင်ပေါ်တွင် အကာအရံစည်း မထားရှိသဖြင့် ကြောင်ဖြစ်စေ၊ ခွေးဖြစ်စေ ဆန္ဒရှိသကဲ့သို့ ဝင်လာနိုင်လေသည်။ ယခုအချိန်တွင် မော့ရှုလင်မေ့နေခဲ့သည်မှာ ပိုင်ယွီမင်က အကာအရံစည်း မထားသောကြောင့်သာ သူက ယွဲ့ရွှယ်တောင်ထိပ်ပေါ်သို့ တက်လာနိုင်ပြီး ခြံဝန်းအပြင်ဘက်တွင် ရပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

"ယဉ်ကျေးမနေနဲ့... ယဉ်ကျေးမနေနဲ့... ငါ့မျိုးရိုးက ‘ယဲ့’ ပါ... ငါ့ကို ယဲ့ရှစ်ရှုန်းလို့ ခေါ်လို့ရပါတယ်..." 
ယဲ့ချင်းလင်က ပြောလိုက်၏။ 

ဤဆယ်နှစ်သားကောင်လေးက ပိုင်ယွီမင်၏ အတွင်းတပည့်တစ်ယောက်ဖြစ်ပြီး ပိုင်ယွီမင်ဂရုစိုက်နေသည့် တစ်ဦးတည်းသော တပည့်ဖြစ်သည်ကို သိသဖြင့် သူ၏သဘောထားမှာ ကွဲပြားနေလေသည်။

"ယဲ့ရှစ်ရှုန်း..." 
မော့ရှုလင်က တရိုတသေ ပြောလိုက်၏။ 

ယဲ့ချင်းလင်က ရှန့်ကွမ်းကျူးချင်၏ တတိယမြောက် တပည့်ဖြစ်ပြီး အနီးကပ်တပည့်တစ်ယောက်လည်း ဖြစ်သည်။ သူက ဂိုဏ်းထဲတွင် ရာထူးအနည်းငယ်မြင့်ပြီး ကျင့်ကြံဆင့်ကလည်း ကောင်းမွန်၏။ 

ယခင်ဘဝတွင် ယဲ့ချင်းလင်က သူ၏ကျင့်ကြံမှု၌ ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ကျင့်ကြံဆင့် မတက်နိုင်ခဲ့ပေ။ ယဲ့ချင်းလင်က မိစ္ဆာများ၏ ကြံစည်မှုကြောင့် ကျင့်ကြံဆင့်မတက်နိုင်ခြင်း ဖြစ်သည်ဟု ကောလာဟလများ ရှိခဲ့လေသည်။ အချို့ကမူ ယဲ့ချင်းလင်က မချစ်သင့်သည့် လူတစ်ယောက်ကို စွဲလန်းမိနေသည်ဟု ပြောကြလေသည်။ 

မည်သို့ပင်ဆိုစေကာမူ ယဲ့ချင်းလင်က စိတ်ထားယုတ်ညံ့သူမဟုတ်ဘဲ လေးစားဖွယ် အကျင့်စရိုက်ရှိသဖြင့် မိတ်ဆွေဖွဲ့ရန် ထိုက်တန်လေသည်။

"ဒီတစ်ခါလာတာက ရှစ်စွမ်းရဲ့ ညွှန်ကြားချက်အရ အကြီးအကဲပိုင်ကို စားစရာတွေ လာပို့ပေးတာပါ..."
 á€á€źá€śá€á€”်းတလခဍးက ပြိုကျနေသော်လည်း ယဲ့ချင်းလင်က မော့ရှုလင်ကို ကျော်မသွားဘဲ မော့ရှုလင်မှတစ်ဆင့် ပေးခိုင်းလေသည်။ ထို့နောက် မော့ရှုလင်က သူ၏ဘဝတွင် အတိုဆုံးအကွာအဝေးဖြစ်သည့် ခြေလှမ်းငါးလှမ်းကို လျှောက်သွားပြီး ပိုင်ယွီမင်၏ အခန်းတံခါးကိုခေါက်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေသည်။ 
"ရှစ်စွမ်း... ပင်မတောင်ထိပ်က ယဲ့ရှစ်ရှုန်း ရောက်လာပါတယ်..."

ထို့နောက် အခန်းထဲရှိ ပိုင်ယွီမင်က အလျင်စလို ပြန်ဖြေလိုက်လေသည်။ 
"ငါ အခုထွက်လာခဲ့မယ်... ငါ့ကို ဆယ်စက္ကန့်လောက်... မဟုတ်ဘူး... အမွေးတိုင်တစ်တိုင်စာ မဟုတ်ဘူး.... လက်ဖက်ရည်တစ်ခွက်သောက်စာ... အိုက်ယား... ဘယ်လောက်ကြာမလဲ မသိဘူး... ဘာဖြစ်ဖြစ် ငါထွက်လာခဲ့မယ်..."

မော့ရှုလင်က ယဲ့ချင်းလင်ကို အားနာစွာ ကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်လေသည်။

တပည့်တစ်ယောက်အနေဖြင့် သူက လုံးဝမရယ်နိုင်ပေ။ 

ယဲ့ချင်းလင်ကလည်း လုံးဝရှက်ရွံ့ခြင်းမရှိဘဲ ထိုကဲ့သို့ ပိုင်ယွီမင်ကို လက်ခံထားလေသည်။ ယဲ့ချင်းလင်၏ တည်ငြိမ်သည့် အမူအရာကြောင့် မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် တပည့်မပီသကြောင်း ခံစားလိုက်ရလေသည်။

ပိုင်ယွီမင်က အဝတ်အစားများကို အလျင်စလိုဝတ်ပြီးနောက် မကြာသည့်အချိန်တွင် တံခါးဖွင့်ကာ ထွက်လာလေသည်။ 

သူ၏အနက်ရောင် ဆံနွယ်များက ဝတ်ရုံပေါ်တွင် ရေတံခွန်ကဲ့သို့ ပြန့်ကျဲနေပြီး ထင်ရှားသည့် အရိုးအဆစ်များရှိသော ခြေချင်းဝတ်များက ပေါ်လွင်နေလေသည်။ သူက အလျင်စလိုဖြစ်နေသဖြင့် နုနယ်သည့် မျက်နှာလေးမှာ နီမြန်းနေပြီး အလွန်ပင် ဆွဲဆောင်မှု ရှိနေလေသည်။ မျက်ဝန်းများကလည်း တောက်ပနေကာ ထိုမျက်ဝန်းနက်နက်များထဲတွင် ကြယ်ပွင့်များကို သိုဝှက်ထားသကဲ့သို့ လူများကို အကြည့်မလွှဲနိုင်အောင် ဖြစ်စေလေသည်။ 

ဤကဲ့သို့သော အလှအပကို ယဲ့ချင်းလင်သာမက တစ်ခါမှ စိတ်မလှုပ်ရှားဖူးသည့် မော့ရှုလင်ပင်လျှင် ငေးမောသွားရလေသည်။

မော့ရှုလင်က တစ်ဖက်လူ၏ ခြေချင်းဝတ်များပေါ်သို့ အကြည့်ရောက်သွားချိန်တွင် ပိုင်ယွီမင်၏ ခြေချင်းဝတ်ကို အနီရောင်ကြိုးဖြင့် ချည်နှောင်ကာ ဤကဲ့သို့သော အလှတရားအား သူ့ထံမှ ထွက်မသွားနိုင်စေရန် ဝိညာဉ်ချုပ်ခေါင်းလောင်းဖြင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပိတ်လှောင်ထားချင်စိတ်များ ထွက်ပေါ်လာခဲ့လေသည်။ 

လူတိုင်းတွင် အလှတရားကို မြတ်နိုးစိတ်ရှိသော်လည်း အလှတရားက အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားပါက လောဘစိတ်ကို ဖြစ်ပေါ်စေလေသည်။

သို့ရာတွင် ကာယကံရှင်ကမူ မည်သည်ကိုမှ မခံစားမိဘဲ ယဲ့ချင်းလင်ကို ပျော်ရွှင်စွာဖြင့် မေးလိုက်လေ၏။ 
"အကြီးအကဲရှန့်ကွမ်းက ဒီတစ်ခါ ငါ့အတွက် ဘာတွေယူလာပေးခိုင်းလိုက်တာလဲ..."

ယဲ့ချင်းလင်မှာ အသိပြန်ဝင်လာပြီးနောက် ဂါဝရပြုလိုက်၏။ 
"တပည့်ယဲ့ချင်းလင်က အကြီးအကဲပိုင်ယွီမင်ကို ဂါဝရပြုပါတယ်... ပစ္စည်းတွေက အရင်တစ်ခါလိုပါပဲ... ဒါပေမဲ့ ဒီတစ်ခါတော့ စိတ်ဝိညာဉ်နှမ်းကပ်မုန့်၊ စိတ်ဝိညာဉ်ဂျုံမှုန့်နဲ့ ပဲနက်စွပ်ပြုတ်လိုမျိုး စားစရာတွေ ဆယ်မျိုးကျော်လောက် ပါပါတယ်..."

မော့ရှုလင်၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားလေ၏။ 
ဒါတွေက အမွေးအတွက် အားကောင်းတဲ့ စားစရာတွေလား…

မော့ရှုလင်မှာ ယမန်နေ့က ဖွာလန်ကျဲနေသည့် ယုန်မွေးများကို တွေးမိပြီး နားလည်သွားလေသည်။ 

ထို့နောက် ပိုင်ယွီမင်ကို ပြန်ကြည့်လိုက်ချိန်၌ သူ၏မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားလေသည်။ 

ဂုဏ်သတင်းကျော်ကြားသည့် လျန်ကျီဂိုဏ်း၏ အကြီးအကဲက သူ၏ယုန်မွေးများကို ထိန်းသိမ်းရန် အခြားလူများ၏ ကျွေးမွေးပြုစုခြင်းကို ခံနေရလေသည်။ ရှန့်ကွမ်းကျူးချင်ကလည်း ထိုယုန်မွေးများ၏ အရည်အသွေးက ညံ့ဖျင်းသည်ဟု ခံစားမိပုံရလေသည်။ 

သို့ရာတွင် ပိုင်ယွီမင်ကမူ ရှန့်ကွမ်းကျူးချင်၏ ရည်ရွယ်ချက်ကို လုံးဝသတိမထားမိပေ။ ထိုအစား သူက ယဲ့ချင်းလင်ကို ဧည့်ခန်းထဲသို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်၏။
"ကောင်းလိုက်တာ... ပြီးခဲ့တဲ့နှစ်ရက်ကပဲ ငါ ပဲနို့အေးအေးလေး သောက်ချင်နေတာ... အကြီးအကဲရှန့်ကွမ်းက တကယ်ကို ဂရုစိုက်တတ်တာပဲ..."

မော့ရှုလင်က နောက်မှလိုက်သွားပြီး တွေးလိုက်၏။ 
ဒီလောကမှာ ရောင်းစားခံရပြီးတာတောင် ငွေပြန်ရေပေးမယ့်လူမျိုး မဟုတ်ဘူး ယုန်မိစ္ဆာမျိုး တကယ်ရှိတာပဲ... 

ပိုင်ယွီမင်က အခြားလူများ၏ အစားအစာကို ယူရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ အမြန်ထည့်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်လေသည်။ 

ယဲ့ချင်းလင်က တစ်ခဏခန့် မိန်းမောသွားပြီးနောက် စိတ်ခံစားချက်များကို ပြန်ထိန်းကာ နှုတ်ဆက်ပြီး ပြန်ထွက်သွားလေသည်။

ယွဲ့ရွှယ်တောင်ထိပ်၏ တစ်ဦးတည်းသော တပည့်အနေဖြင့် လမ်းက မဝေးသော်လည်း မော့ရှုလင်က ဧည့်သည်ကို အပြင်အထိ လိုက်ပို့ရမည်ဖြစ်သည်။ 

ယဲ့ချင်းလင်က ခြံထဲမှ ထွက်သွားပြီးနောက် ဗလာဖြစ်နေသည့် ခြံဝင်းကိုကြည့်ကာ မေးလိုက်သည်။ 
"မော့ရှစ်တိ... ခြံဝင်းတံခါးက ဘာဖြစ်သွားတာလဲ..."

"နှင်းအောက်မှာ မြုပ်သွားတာပါ..." 
မော့ရှုလင်က အမှန်အတိုင်း ဖြေလိုက်၏။ 

ယဲ့ချင်းလင်က မအံ့ဩဘဲ ဆက်ပြောလေသည်။ 
"ရှစ်တိ... တံခါးကို ပြင်ချင်လား... ဒီဆောင်းရာသီမှာ နောက်ထပ်နှစ်ခါသုံးခါလောက် နှင်းတွေ အပြင်းအထန် ကျဦးမှာ... ဒီအိမ်က ကြာကြာခံနိုင်လောက်မှာ မဟုတ်ဘူး..."

ယွဲ့ရွှယ်တောင်ထိပ်က မြင့်မားသဖြင့် ဆောင်းရာသီတွင် ဆီးနှင်းများ အလွန်ထူထပ်လေသည်။ ထို့အပြင် နှင်းများအရည်ပျော်ရန်အတွက်လည်း အချိန်ကြာမြင့်စွာ စောင့်ရလေ၏။ 

"ရှစ်စွမ်းရဲ့ သဘောထားကို မေးကြည့်ရဦးမှာပါ..." 
 
မော့ရှုလင်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်ပေ။ 

အမှန်တွင် ပိုင်ယွီမင်က အလွန်ဆင်းရဲပြီး အိမ်ပြင်ရန် ငွေမသုံးနိုင်သည်ကို သိလေသည်။ တပည့်တစ်ယောက်အနေဖြင့် သိုလှောင်အိတ်ကို ထုတ်ပြပြီး ‘ကျွန်တော့်မှာ ငွေရှိတယ် ကျွန်တော်ပြင်လိုက်မယ်’ ဟူ၍ မပြောနိုင်ပေ။ မော့ရှုလင်က ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားရန် လိုအပ်သည့်အပြင် ပိုင်ယွီမင်က သူ့အား အိမ်ပေါ်မှ နှင်ချလိုက်မည်ကိုလည်း ကြောက်နေလေသည်။

"ဟင်းး..." 
ယဲ့ချင်းလင်က သူ၏စကားကို ကြားချိန်တွင် သက်ပြင်းချလိုက်ပြီး အိမ်ကို ယခုလောလောဆယ် ပြင်နိုင်မည်မဟုတ်ကြောင်း သိလိုက်လေသည်။ 

"အကြီးအကဲပိုင်က တကယ့်ကို ငါမြင်ဖူးသမျှထဲမှာ စိတ်အကြည်လင်ဆုံးနဲ့ အသန့်စင်ဆုံးလူပဲ..."

မော့ရှုလင်မှာ ထိုစကားများက မမှန်ကန်သည်ကို ခံစားရသော်လည်း မည်သည့်နေရာက မှားနေသည်ကို မပြောနိုင်ပေ။ ၎င်းမှာ ယဲ့ချင်းလင်က ပိုင်ယွီမင်အား ‘လူ’ ဟု ခေါ်ဆိုခြင်းကြောင့် ဖြစ်နိုင်လေသည်။ 

မည်သို့ပင်ဆိုစေကာမူ ပိုင်ယွီမင်က သူမြင်ဖူးသမျှထဲတွင် စိတ်အကြည်လင်ဆုံးနှင့် အသန့်စင်ဆုံး ‘ယုန်မိစ္ဆာ’ဖြစ်သည်ကိုမူ ဝန်ခံရမည်ဖြစ်သည်။

"တကယ်လို့ အကြီးအကဲပိုင် တစ်ခုခုလုပ်စရာရှိရင် ချန်ဝူတောင်ထိပ်က အဓိကခန်းမဆောင်မှာ ငါ့ကိုလာရှာပါ... ငါ အကောင်းဆုံးကူညီပေးမယ်..." 
ထို့နောက် ယဲ့ချင်းလင်က မော့ရှုလင်အား သစ်သားတံဆိပ်ပြားတစ်ခု ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း..." 
မော့ရှုလင်က အံ့အားသင့်ခြင်းမရှိဘဲ သစ်သားတံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ 

ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်ကို အလွန်အရေးပေးသဖြင့် ယဲ့ချင်းလင်ကလည်း ရှန့်ကွမ်းကျူးချင်၏ တပည့်တစ်ယောက်အနေဖြင့် ပိုင်ယွီမင်အပေါ်  á€Ąá€œá€ąá€¸á€•္းမသုကို ပြသရမည်ဖြစ်သည်။ 

သို့ရာတွင် အနည်းငယ် ထူးဆန်းနေဆဲဖြစ်၏။ 

ရှန့်ကွမ်းကျူးချင်၏ မျက်လုံးများက ရတနာတစ်ခုကို မက်မောနေသကဲ့သို့ ဖြစ်နေပြီး ယဲ့ချင်းလင်၏ သဘောထားကမူ ပိုပြီးတည်ငြိမ်လေးနက်လေသည်။

“ဒါနဲ့...” 
ယဲ့ချင်းလင်က ထွက်မသွားမီ ပြုံးကာ ပြောလိုက်၏။ 
"ရှစ်တိရဲ့ ခေါင်းဆောင်းလေးက ချစ်စရာလေးပဲ..."

မော့ရှုလင် “........”

ယဲ့ချင်းလင်က ရုတ်တရက် ရောက်လာသဖြင့် မော့ရှုလင်က ခေါင်းဆောင်းကိုချွတ်ရန် မေ့သွားခဲ့ခြင်း ဖြစ်လေသည်။

🐰🐰🐰

🐰 Chapter 10


အခန်းထဲသို့ ပြန်ရောက်ချိန်တွင် လှုပ်ယမ်းနေသည့် ခြေထောက်များကို တစ်ဖန် တွေ့လိုက်ရပြန်လေသည်။ 

မော့ရှုလင်က သူ့နဖူးကို လက်ဖြင့်ဖိချချင်နေသော်လည်း လစဉ် မည်သည့်ကိစ္စမှ လုပ်ရန်မလိုဘဲ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရနိုင်သည်ကို တွေးမိပြီး ပိုင်ယွီမင်က အလွန်ကောင်းသည်ဟု တွေးလိုက်လေသည်။

အင်း… တကယ်ကောင်းတယ်...

“လာပါဦး... ငါ မင်းကို အရသာရှိတာတွေပေးမလို့..."
ပိုင်ယွီမင်က အထဲသို့ ပြန်ဝင်လာသည့် မော့ရှုလင်ကို မြင်ချိန်တွင် လက်ယမ်းပြကာ ခေါ်လိုက်၏။ 

မော့ရှုလင်က မျက်လုံးမှိတ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့လိုက်ရလေသည်။ 

ထို့နောက် ရှေ့သို့တစ်လှမ်းတက်ကာ ပိုင်ယွီမင်ကို ဂါဝရပြုလိုက်လေသည်။

"ဒီတစ်ခါ အကြီးအကဲရှန့်ကွမ်းက ငါ့ကို စားစရာတွေအများကြီး ပို့ပေးလိုက်တယ်... မင်းကိုလည်း ခွဲပေးမယ်..."

ပိုင်ယွီမင်က လက်တင်ကုလားထိုင်ပေါ်တွင် လှဲနေကာ သိုလှောင်အိတ်ကို ကိုင်ထားလျက် ပျော်ပျော်ရွှင်ရွှင် ရေတွက်နေလေသည်။ အကြိမ်မည်မျှခန့် ရေတွက်ပြီးသည်ကို သူ မသိသော်လည်း ရတနာတစ်ခုကို ကိုင်ထားသကဲ့သို့ သူ့မျက်ဝန်းများက တလက်လက် တောက်ပနေလေသည်။ 

မော့ရှုလင်က မိသားစုမှလွဲပြီး မည်သူ့ကိုမှ ဂရုမစိုက်ခဲ့သော်လည်း ယခုအချိန်တွင် သိုလှောင်အိတ်ကို အနည်းငယ် မနာလိုဖြစ်နေမိလေသည်။ ဤကဲ့သို့သော သိုလှောင်အိတ်မျိုးက အလှလေးတစ်ယောက်၏ အာရုံစိုက်မှုကို ရနေခြင်းကြောင့်ဖြစ်လေသည်။

"စားစရာတွေကို ချွေတာနေဖို့ မလိုဘူး... အကြီးအကဲရှန့်ကွမ်းက လတိုင်း ငါ့ကို စားစရာတွေ ပို့ပေးလိမ့်မယ်... ဒါက ကုန်ကြမ်းအတွက် အခကြေးငွေတဲ့..."
ထိုသို့ပြောပြီး ပိုင်ယွီမင်က မျက်လုံးများ မှိတ်သွားသည့်အထိ ပြုံးလိုက်လေသည်။ 

"အကြီးအကဲရှန့်ကွမ်းက နှစ်ပေါင်း ၂၀စာ ပေးမယ်လို့ ပြောတယ်... နှစ် ၂၀ ပြီးသွားရင်လည်း ငါ သူ့ကို အမွေးနည်းနည်းလောက် ထပ်ရိတ်ပေးလိုက်မယ်... ဒီလိုဆိုရင် နောက်ထပ် နှစ် ၂၀ လောက် ငါ စားသောက်လို့ရပြီ..."

မော့ရှုလင် “...........”

မော့ရှုလင်မှာ သူ့ရှစ်စွမ်း၏ ဦးနှောက်က အလုပ်မလုပ်သည်ကို ခံစားမိလာလေသည်။ 

ကျင့်ကြံရေးလောကတွင် ကြောင်းကျိုးဆက်နွယ်မှုက အရှောင်ကြဉ်ရဆုံး ကိစ္စဖြစ်သည်။ ပိုင်ယွီမင်က သူနှင့် ရှန့်ကွမ်းကျူးချင်ကြားတွင် အရောင်းအဝယ်လုပ်နေသည်ဟု ထင်သော်လည်း အမှန်တွင် ရှန့်ကွမ်းကျူးချင်က စားစရာများနှင့် မြှားပြီး ဤနုံအသည့် ယုန်မိစ္ဆာလေးကို ထောင်ချောက်ဆင်ထားခြင်း ဖြစ်လေသည်။

သို့သော်လည်း ပိုင်ယွီမင်က သူ့အား သူ၏ကျင့်ကြံဆင့်အရ စားနိုင်သည့် အစားအစာများ ပေးနေသည်ကိုကြည့်ပြီး မော့ရှုလင်က စိတ်ရှုပ်ထွေးသွားလေသည်။

သူ့ရှစ်စွမ်းက တုံးအပြီး လှည့်စားရလွယ်ကူသော်လည်း သူ့အပေါ်တွင်မူ အမှန်တကယ် ကောင်းလေသည်။

"စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီးပါတာတွေကိုတော့ မင်းကို ပေးလို့မရဘူး... မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ဒါတွေကို စားလို့မရသေးဘူး..."

ပိုင်ယွီမင်က မော့ရှုလင်ရသည့် စားစရာများမှာ နည်းသည်ဟု ခံစားနေရသဖြင့် တစ်ခဏတွေးပြီးနောက် မော့ရှုလင်ကိုပေးရန် သိုလှောင်အိတ်ထဲမှ ဝတ္ထုစာအုပ်များကို ထုတ်လိုက်လေသည်။ 
"ဘာပဲဖြစ်ဖြစ် တောင်ပေါ်မှာ ဘာမှလုပ်စရာမရှိဘူး... အားနေတာပဲ... ဒါတွေကို အချိန်ဖြုန်းတဲ့အနေနဲ့ ဖတ်ကြည့်လိုက်..."

ပိုင်ယွီမင်မှာ သူ့တပည့်၏ အချိန်များကို နှောင့်နှေးအောင် လုပ်မိနေသည်ဟု ခံစားနေရလေသည်။ 

သို့ရာတွင် မူရင်းဇာတ်ကြောင်းအရ မော့ရှုလင်က မိစ္ဆာလမ်းစဉ်သို့ မရောက်ဘဲ မည်သည်ကိုမှ မကျင့်ကြံနိုင်ပေ။ 

မော့ရှုလင်က 'မိစ္ဆာသခင်၏ စစ်မှန်သောအချစ်'၊ 'ဆွဲဆောင်မှုရှိသော ကိုယ်လုပ်တော်'၊ 'ဘေးအဆောင်ရှိ မိစ္ဆာကိုယ်လုပ်တော်တစ်ယောက်၏ တန်ပြန်တိုက်ခိုက်ခြင်း'၊ 'ပါရမီရှင် မိစ္ဆာကိုယ်လုပ်တော်မိခင်' စသည့် မိစ္ဆာလောကနှင့် ပတ်သက်သော ဝတ္ထုစာအုပ်များကို မြင်ချိန်တွင် မျက်မှောင်ကြုတ်လိုက်လေသည်။

ပိုင်ယွီမင်က မော့ရှုလင်ကို မိစ္ဆာလမ်းစဉ်အား ကျင့်ကြံရန် တိုက်ရိုက်မပြောရဲသဖြင့် ဤနည်းလမ်းများကို သုံးပြီး မော့ရှုလင်၏ အတွေးအမြင်များကို ပြောင်းလဲလိုခြင်းဖြစ်သည်။ 

မော့ရှုလင်က မိစ္ဆာကျင့်ကြံသူများကို မဆန့်ကျင်တော့ချိန်တွင် သူက မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားလိမ့်မည်ဖြစ်သည်။ မော့ရှုလင်က မည်မျှပင် ကျင့်ကြံစေကာမူ သူ၏ မိစ္ဆာလမ်းစဉ်ကျင့်ကြံသည့် ပါရမီကို မတားဆီးနိုင်ပေ။

ပိုင်ယွီမင်၏ တုံးအသည့် အသွင်အပြင်က မော့ရှုလင်၏ စိတ်ထဲတွင် စွဲမြဲနေသဖြင့် ပိုင်ယွီမင်၏ စေတနာကို မခံစားမိပေ။ ထိုအစား ပိုင်ယွီမင်က သူ၏ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ချိန်တွင် ခြေသလုံးတစ်ဝက်နီးပါးက ပေါ်ထွက်လာပြီး ဖြူဖွေးဝင်းပနေသည်ကိုသာ မြင်လိုက်ရလေသည်။

"ရှစ်စွမ်း..."
မော့ရှုလင်က ဆက်ပြီး မထိန်းချုပ်ထားနိုင်တော့ဘဲ ပိုင်ယွီမင်ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ 

ပိုင်ယွီမင်ကမူ သူ့တပည့်လေး၏ အတွေးအမြင်များအား မည်ကဲ့သို့ အမှားနှင့်အမှန်သိအောင် ခွဲခြားလမ်းညွှန်ပေးရမည်ကိုသာ အာရုံရောက်နေလေသည်။

"ငါသိတယ်.. ငါသိတယ်... အမတနဲ့ မိစ္ဆာ၊ အမှန်နဲ့ အမှားကြားမှာ ကွာခြားချက် ရှိတာကို ငါသိတယ်..."

“ဒါပေမဲ့...”
ပိုင်ယွီမင်က သူ့လေသံကို အနည်းငယ် မြှင့်လိုက်၏။
"လူတွေမှာ အကောင်းနဲ့အဆိုးရှိသလို မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတဲ့သူတွေမှာလည်း အကောင်းနဲ့အဆိုးရှိတယ်... ရှောင်ရှုရှု... မင်းက ငယ်သေးတော့ လူတွေရဲ့အတွင်းစိတ်က ကောက်ကျစ်တတ်တာကို မသိသေးဘူး... ဒီစာအုပ်တွေက သင်ခန်းစာကောင်းတွေပဲ... အမြင်ကျယ်အောင် စာအုပ်တွေအများကြီး ဖတ်ထားမှ နောင်တစ်ချိန် အပြင်ထွက်တဲ့အခါ လူဆိုးတွေ လှည့်စားတာကို မခံရမှာ..."

မော့ရှုလင် “.......”

မည်သူမဆို ဤကဲ့သို့သော စကားကို ပြောနိုင်သော်လည်း ပိုင်ယွီမင်၏ပါးစပ်မှ ထွက်လာချိန်တွင်မူ အဓိပ္ပာယ်မရှိသည့် စကားများသာဖြစ်လေသည်။ 

ပိုင်ယွီမင်က ဥပမာတစ်ခု ပေးလိုက်၏။ 
"ငါ့ကိုပဲကြည့်... အကြီးအကဲရှန့်ကွမ်းက လူကောင်းတစ်ယောက်ဆိုတာ မင်းမြင်တယ်မလား... အဲဒါကြောင့် ငါက သူနဲ့ မိတ်ဆွေဖြစ်ရတာကို ပျော်တယ်..."

 á€™á€ąá€Źá€ˇá€›á€žá€Żá€œá€„် “...........”

ရှန့်ကွမ်းကျူးချင်က ယုန်တစ်ကောင်ကို ပျိုးထောင်နေသကဲ့သို့ သူ့အား အစာပုံမှန်ကျွေးနေခြင်း ဖြစ်သော်လည်း ပိုင်ယွီမင်က ပျော်ရွှင်နေပြီး ရှန့်ကွမ်းကျူးချင်ကို ယုံကြည်ရသူအဖြစ်ပင် သတ်မှတ်ထားလေသည်။ 

ဒီနေရာမှာ ဘယ်သူက ပိုပြီး အလှည့်စားခံရနိုင်ခြေများနေတာလဲ...

"အို... မင်းက ငယ်သေးတယ်" 

ပိုင်ယွီမင်က သက်ပြင်းချလိုက်ပြီး တစ်ဖန် အားပေးလိုက်၏။ 
"ကိစ္စမရှိပါဘူး... ငါရှိနေသရွေ့တော့ အနိုင်ကျင့်မခံရအောင် မင်းကို သေချာပေါက် ကာကွယ်ပေးမယ်..."

မော့ရှုလင် “........”

ကျင့်ကြံဆင့်အရဖြစ်လျှင် ပိုင်ယွီမင်၏ အကာအကွယ်အား ယူရမည်ကို မော့ရှုလင်က ဝန်ခံလေသည်။ 

ဒါပေမဲ့ ဦးနှောက်နဲ့ဆိုရင်တော့... ဟားဟား... 

“အခုတော့ ဒီလောက်ပဲ... အခန်းကိုပြန်ပြီး နားတော့..."

ပိုင်ယွီမင်က လက်ယမ်းပြလိုက်ပြီး သူ့တပည့်ကို ထွက်သွားရန် ပြောလိုက်သည်။ 

အချို့အရာများက ကိုယ်တိုင်ကြုံတွေ့ပြီးမှသာ နားလည်နိုင်ပြီး အခြားသူများက အကြိမ်မည်မျှ ပြောစေကာမူ အနည်းငယ်သာ နားလည်နိုင်လေသည်။ ထို့အပြင် မော့ရှုလင်က ဆယ်နှစ်သာရှိသေးပြီး ဆိုးသွမ်းသည့် ကလေးတစ်ယောက် မဟုတ်သည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။ ပိုင်ယွီမင်လိုချင်သည်မှာ အမှန်ပင် မများပေ။ 

ပိုင်ယွီမင်၏ အဓိပ္ပာယ်မရှိသော စကားများကို ကြားပြီးနောက် မော့ရှုလင်၏ ရင်ထဲတွင် ပြောချင်သည့် စကားလုံးပေါင်း ထောင်သောင်းချီ ရှိနေသော်လည်း လတိုင်းရမည့် စိတ်ဝိညာဉ်ကျောက်တုံးများကို စဉ်းစားကာ ထိုစကားများကို စိတ်ထဲတွင်သာ သိမ်းထားလိုက်လေသည်။ 

မော့ရှုလင်က ဝတ္ထုစာအုပ်များကို ကိုင်ထားပြီး သူ့ကို ဦးညွှတ်ကာ ကျေးဇူးတင်လိုက်လေသည်။
"သင်ကြားပေးတဲ့အတွက် ရှစ်စွမ်းကို ကျေးဇူးတင်ပါတယ်... ဒီတပည့်ရဲ့ စိတ်ထဲမှာ မှတ်သားထားမှာပါ..."

မော့ရှုလင်က အပြင်သို့ ထွက်လာပြီး လတ်ဆတ်သည့် လေအေးများက သူ့မျက်နှာကို တိုးဝှေ့သွားချိန်တွင် အစောက စကားဝိုင်း၏ရည်ရွယ်ချက်ကို ရုတ်တရက် ပြန်သတိရသွားလေသည်။ ပိုင်ယွီမင်ထံမှ အရူးလုပ်ခံရပြီးနောက် အဝတ်အစားနှင့် ကိုယ်ဟန်အမူအရာအား သတိထားရန် ပြောချင်သည်ကို မေ့သွားခဲ့လေသည်။

ပိုင်ယွီမင်က ငါ့ကို ပြန်ဆုံးမလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ…

လက်တင်ကုလားထိုင်ပေါ်တွင် မှီထိုင်နေကာ ခြေထောက်များကို လှုပ်ယမ်းလျက် စာဖတ်နေသော ပိုင်ယွီမင်ကို မော့ရှုလင်က မယုံကြည်နိုင်စွာဖြင့် ပြန်လှည့်ကြည့်လိုက်လေသည်။ 

ဒါမျိုးကို ကြီးမြတ်တဲ့အသိပညာရှင်လို့ခေါ်တာ ဖြစ်နိုင်ပါ့မလား...

ပိုင်ယွီမင်က မော့ရှုလင်၏ အကြည့်များကို ခံစားမိသဖြင့် နားမလည်နိုင်စွာ မော့ကြည့်လိုက်၏။ 
"ဘာဖြစ်လို့လဲ ရှောင်ရှုရှု..."

နူးညံ့ဖြူဖွေးနေသော အသားအရေ၊ တောင်တန်းများကဲ့သို့ မျက်ခုံးများ၊ ဆောင်ဦးရေကဲ့သို့ ကြည်လင်သည့် မျက်ဝန်းများ၊ ဖြူဖွေးနေသောသွားများ၊ အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ရှည်လျားနက်မှောင်သည့် ဆံနွယ်များ... 

မော့ရှုလင်က ထိုအလှတရား၏ ဖြားယောင်းမှုကို မခံချင်တော့သဖြင့် သူ့အကြည့်များကို အားတင်းကာ လွှဲလိုက်လေသည်။ သူ့လေသံမှာ ယခင်ကထက် အနည်းငယ် ပိုပြီးစိုးရိမ်နေလေ၏။
"ဘာမှမဟုတ်ပါဘူး... ဒီတပည့် နည်းနည်းပင်ပန်းနေလို့ အနားယူပါတော့မယ်..."

သူပြောပြီးသည်နှင့် ပိုင်ယွီမင်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ အမြန်ပြေးထွက်သွားလေသည်။ 

ပိုင်ယွီမင်က မော့ရှုလင်ထွက်မသွားမီ ရပ်နေခဲ့သည့် နေရာကိုကြည့်ပြီး အတွေးများက ပြန့်ကျဲနေလေ၏။ 

ငါပြောတာ အရမ်းများသွားလို့လား... 

ဖေးယွင်တောင်ကြား ပျက်စီးသွားတာက သိပ်မကြာသေးပေမဲ့ မိစ္ဆာကျင့်ကြံသူတွေထဲမှာ လူကောင်းတွေရှိတယ်လို့ ငါပြောလိုက်မိတယ်... ဒီလိုကိစ္စမျိုး ကြုံခဲ့ရတဲ့ ဘယ်သူမဆို ငါပြောတာကို လက်ခံနိုင်မှာ မဟုတ်ဘူး…

သူက မော့ရှုလင်ကို လက်စားချေရန် မတိုက်တွန်းသော်လည်း မူရင်းဇာတ်ကြောင်းထဲရှိ မော့ရှုလင်က သူကိုယ်တိုင်အပါအဝင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူအားလုံးကို ရွံရှာမုန်းတီးခဲ့လေသည်။ ပိုင်ယွီမင်က မော့ရှုလင်အား ထိုကဲ့သို့ အတွေးအခေါ် အမှားများထဲသို့ ဝင်ရောက်မသွားစေချင်ပေ။ 

မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားမည်ကို မရှောင်လွှဲနိုင်သော်လည်း မော့ရှုလင်အတွက် မတရားပေ။ မော့ရှုလင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်အတွက် မစဉ်းစားလျှင် အခြားမည်သူကမျှ သူ့အတွက် စဉ်းစားပေးမည် မဟုတ်ပေ။

ခဏလောက် ထပ်စောင့်ကြည့်ရမယ်... စိတ်လောလို့မရဘူး…

ထို့နောက် ပိုင်ယွီမင်က ဝတ္ထုစာအုပ်ကို ဆက်ဖတ်နေပြီး အနိမ့်အမြင့်များစွာဖြင့် အမတအဖြစ်သို့ တက်လမ်းသွားသော ဇာတ်လိုက်၏ ဇာတ်လမ်းထဲသို့ နစ်မြုပ်သွားပြန်လေသည်။

မော့ရှုလင်က အခန်းထဲသို့ အမြန်ပြေးဝင်လာခဲ့လေသည်။ 

မည်သူကမှ သူ့ကို ဒုက္ခမပေးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် ကမ္ဘာလေးထဲတွင် သီးခြားရောက်နေသကဲ့သို့ တံခါးကို ပိတ်ပြီးမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ 

သူ အလွန်ပင် ထိတ်လန့်သွားခဲ့၏။ 

မော့ရှုလင်က ဤခံစားချက်ကို သိသော်လည်း ပိုင်ယွီမင်အပေါ် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ခံစားနေရသည်ကိုမူ နားမလည်နိုင်ပေ။

ပိုင်ယွီမင်က ညှို့ဓာတ်တွေနဲ့ ကျင့်ကြံထားတာမလို့ ငါက သတိလက်လွတ်ဖြစ်ပြီး ပိုင်ယွီမင်ဆီမှာ ဆွဲဆောင်ခံလိုက်ရတာလား... 

မဟုတ်ဘူး... ငါ့ခန္ဓာကိုယ်က ဆယ်နှစ်ပဲ ရှိသေးတာ... ဒီလိုအရိုင်းဆန်တဲ့ တုံ့ပြန်မှုမျိုး မဖြစ်သင့်ဘူး…

သူ့ဝိညာဉ်က နှစ်ပေါင်းသောင်းချီ ဖြတ်သန်းလာခဲ့ဖူးလေသည်။ ကိုယ်တိုင်မကြုံဖူးသော်လည်း နှလုံးသားနတ်ဆိုးနှင့် ကြုံတွေ့ရချိန်တွင် မည်ကဲ့သို့ ခံစားရသည်ကို သိလေ၏။ 

သို့ရာတွင် လူတစ်ယောက်က နိုးနိုးကြားကြား ရှိနေချိန်တွင် ဆွဲဆောင်ခံလိုက်ရသည်ကိုမူ မကြားဖူးချေ။ မိစ္ဆာများပင်လျှင် ဤကဲ့သို့ မလုပ်နိုင်ပေ။ 

သူ၏ဝိညာဉ်အသိစိတ်က သာမန်လူများထက် သာလွန်ပြီး စိတ်ဓာတ်ကလည်း သာမန်လူများထက်  á€™á€Źá€€á€ťá€ąá€Źá€œá€ąá€žá€Šá€şá‹

မော့ရှုလင်မှာ ဆက်မစဉ်းစားနိုင်တော့သဖြင့် အိပ်ရာပေါ်သို့ လှဲချကာ မျက်လုံးများကို မှိတ်လိုက်လေသည်။ 

သို့ရာတွင် သူ့စိတ်ထဲသို့ ပိုင်ယွီမင်၏ မျက်နှာက ရောက်လာပြီး ဖြူစင်လှပသော မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေလေသည်။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာကို နှိုးဆွပေးနေလေသည်။

တကယ် စိတ်ကျေနပ်စရာပဲ... 

မသက်မသာဖြစ်တာ၊ တပ်မက်တာ၊ မနာလိုတာတွေ မဟုတ်ဘဲ ကြည်နူးမှုပဲ ရှိတယ်... ဒီလိုပုံစံပိုင်ယွီမင်ကို အမြဲတမ်း မြင်တွေ့ချင်တယ်…

ပိုင်ယွီမင်က အရမ်းကြည့်ကောင်းနေလို့များလား... 

ပိုင်ယွီမင်က သူမြင်ဖူးခဲ့သမျှ ယုန်မိစ္ဆာများထဲတွင် အရိုးထဲထိ သန့်စင်လှပကာ လှည့်စားရလွယ်ကူလေသည်။ ထို့အပြင် ရောင်းစားခံရပြီးလျှင်ပင် တစ်ဖက်လူအတွက် ငွေပြန်ရေတွက်ပေးသည်အထိ တုံးအလေ၏။ ဤကဲ့သို့လူမျိုးက ကျင့်ကြံရေးလောကတွင် အလွန်ပင် ရှားပါးလေသည်။

မော့ရှုလင်မှာ ကိုယ့်ကိုယ်ကိုယ် အလှတရားကို မက်မောသည့် သာမန်လူတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်လေသည်။ 

ယခင်က မည်သူ့ကိုမှ မကြိုက်ဖူးသော်လည်း ၎င်းမှာ ထိုလူများက လုံလောက်အောင် မလှပသောကြောင့်ဖြစ်သည်ဟု ခံစားလိုက်ရလေသည်။

🐰🐰🐰

Search Novels