🪽 Chapter 1

“သရုပ်ဆောင်ဖုန့်... ရှင် ကျောင်းတက်တုန်းက တစ်ယောက်ယောက်နဲ့ တွဲခဲ့ဖူးမှာပဲ... ဟုတ်တယ်မလား...”

အမျိုးသမီးတင်ဆက်သူက နောက်ပြောင်ကျီစယ်ဟန်ဖြင့် မေးလိုက်၏။

၎င်းစကားလုံးများ သူမ၏နှုတ်ဖျားမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရိုက်ကူးရေးစတူဒီယိုအတွင်းရှိ သက်ဝင်လှုပ်ရှားနေသော လေထုအခြေအနေက ရုတ်တရက် တိတ်ဆိတ်သွားရသည်။

ဖုန့်လန်က သူ၏တောက်ပသော အနုပညာသက်တမ်းကဲ့သို့ပင် အတင်းအဖျင်းသတင်းခေါင်းကြီးပိုင်းများတွင် လူထု၏ အာရုံစိုက်မှုကို ခံရသော အမျိုးသားတစ်ဦး ဖြစ်၏။ ပွဲဦးစထွက်စဥ်တည်းက ကောလာဟလများက သူ့နောက်သို့ အစဉ်တစိုက် လိုက်ပါနေခဲ့သည်။

ပရိသတ်များနှင့် guestများ အားလုံးက စိတ်ဝင်တစားဖြင့် နားစွင့်လိုက်မိကြ၏။

ဖုန့်လန်က လက်ထဲမှ ဖုန်းကို လှည့်၍ကစားနေပြီး အမျိုးသမီးတင်ဆက်သူက စိုးရိမ်တကြီးဖြင့် မိုက်ခရိုဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည့် အချိန်မှသာ စကားထပြောလိုက်သည်။ 

သူ၏လေသံက အေးစက်ပြီး ပေါ့ပေါ့ပါးပါး ရှိလှ၏။
"မရှိခဲ့ဖူးပါဘူး..."

သူ၏ရှပ်အင်္ကျီမှ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားပြီး ဆိုဖာပေါ်တွင် ပျင်းရိပျင်းတွဲ မှီတွယ်နေသော ပုံစံက အလွန်ဆွဲဆောင်မှုရှိနေသည်။

သူ၏ချောမောမှုက ရှင်းပြရန်အတွက် အကြောင်းပြချက်မလိုဘဲ ဆွဲဆောင်မှုအရှိဆုံးသော အစိတ်အပိုင်းက မြေခွေးတစ်ကောင်၏ မျက်လုံးများကဲ့သို့ ညှို့ဓာတ်ပြင်းလှသော မျက်ဝန်းတစ်စုံ ဖြစ်၏။

သူက ကပြားသွေးတစ်ဝက် စပ်ပုံရပြီး သူ၏မျက်ဆံ အရောင်များက သာမန်အရှေ့အာရှသားများထက် သိသိသာသာ ပို၍ဖျော့တော့နေသည်။

သူက ဤရှိုးကို စိတ်ဝင်စားမှု သိပ်မရှိကြောင်း ထင်ရှားလှ၏။ သူ၏ရုပ်ရှင်အသစ် ပရိုမိုးရှင်းအတွက်သာ တာဝန်အရ လာရောက်ခဲ့ခြင်းဖြစ်၏။ သို့သော် အမြင်စူးရှသူ မည်သူမဆို သူ၏စိတ်က အခြားနေရာသို့ ရောက်ရှိနေကြောင်း သိနိုင်သည်။

“ဒါဆို တစ်ယောက်ယောက်ကတော့ ရှင့်ကို တစ်ဖက်သတ် သဘောကျခဲ့ဖူးမှာပေါ့...” 
တင်ဆက်သူက ဤရွှေရောင်အခွင့်အရေးကို လက်လွတ်မခံလိုသဖြင့် ဆက်လက်မေးမြန်းလိုက်၏။

ဖုန့်လန်၏ လက်ချောင်းများက ခဏမျှ တုံ့ဆိုင်းသွားရသည်။

သူက မျက်တောင်ပင့်ကာ တင်ဆက်သူကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်၏။
"အဲဒါတော့ ရှိခဲ့ဖူးတယ်..."

သူ၏အသံက အလျင်မလိုဘဲ နက်ရှိုင်းကာ တိုးညင်းပြီး ဆွဲဆောင်မှုရှိသဖြင့် နားထောင်သူများ၏ ရင်ထဲသို့ ဖော်မပြနိုင်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားစေသည်။

တင်ဆက်သူက သူမ၏ နီမြန်းသွားသော ပါးပြင်လေးကို မသိမသာ ထိတွေ့လိုက်မိသည်။ သူ၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် သူမက တစ်စုံတစ်ခုကို ရိပ်မိသွားပြီး ညှီနံ့ရလိုက်သော ကြောင်လေးတစ်ကောင်ကဲ့သို့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်၏။

“အိုး... ကျောင်းတက်တုန်းက တစ်ဖက်သတ်ချစ်ခဲ့ဖူးတာလား...”

ဖုန့်လန်က ချက်ချင်း ပြန်မဖြေချေ။

သူက လက်ပတ်နာရီ၏ မျက်နှာပြင်ပေါ်တွင် လက်ချောင်းများကို ပွတ်သပ်ရင်း အတန်ကြာ ငေးမောတွေဝေနေပြီးမှ ပြုံးလျက် ခေါင်းခါလိုက်သည်။

"အတိအကျပြောရရင်..."
သူက ပြောလိုက်၏။
"အဲဒီတုန်းက ကျွန်တော်က လူအသွင် မဟုတ်သေးဘူး..."

“ဒါပေမဲ့ သူက ကျွန်တော့်ကို အရမ်းသဘောကျခဲ့တာ... ကျွန်တော့်အနားမှာပဲ အမြဲလှည့်ပတ်နေခဲ့တာလေ...”

“ကျွန်တော်က အရမ်း...”
ဖုန့်လန်၏ စကားလုံးများက လမ်းခုလတ်တွင် ရပ်တန့်သွားသည်။

အမျိုးသမီးတင်ဆက်သူက သူသည် သူ့ကိုယ်သူ နှိမ့်ချပြီး နောက်ပြောင်ကျီစယ်လိုက်ခြင်းသာ ဖြစ်ရမည်ဟု ထင်မှတ်လိုက်၏။

အတိတ်ကာလ၌ သူက တစ်စုံတစ်ဦး၏ အချစ်ကို ဂရုမစိုက်ဘဲ နင်းချေခဲ့ဖူးသဖြင့် သူ့ကိုယ်သူ 'လူမဆန်ခဲ့' ဟု ခံစားရခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။

သူမက မအောင့်အည်းနိုင်ဘဲ ထပ်မေးလိုက်၏။
“... ရှင် နောင်တရလား... အပြစ်ရှိသလိုမျိုးရော ခံစားရလား...”

“အဲဒီလိုတော့ မရှိပါဘူး...”
ဖုန့်လန်က ခေါင်းခါလိုက်သည်။

အမြဲတမ်း ပေါ့ပျက်ပျက်နိုင်လှသော သူ၏ဖျော့တော့တော့မျက်ဝန်းများတွင် ယခုတစ်ကြိမ်၌ ထူးခြားစွာဖြင့် တည်ကြည်မှုများ ရောယှက်နေသည်။

သူက ကင်မရာကို တည့်တည့်စိုက်ကြည့်လိုက်၏။ ကင်မရာ မှန်ဘီလူးမှတစ်ဆင့် အချိန်နှင့် အကွာအဝေးကို ဖြတ်ကျော်ကာ တစ်စုံတစ်ဦးကို ရှာဖွေနေသည့်ဟန် ဖြစ်နေသည်။

သူ၏အသံက တိုးညှင်းပြီး တည်ငြိမ်လှ၏။
"ကျွန်တော် သူ့ကို အရမ်းလွမ်းတယ်..."

*

ဖန်ဟွိုက်က အစားအသောက်ဘူးကို ကိုင်ဆောင်လျက် ကျေးလက်ဆေးခန်းငယ်လေး၏ ပထမထပ် လူနာဆောင်ထဲသို့ လှမ်းဝင်ခဲ့၏။
"ဖန်ကျန့်ကော...  á€Ąá€–ိုးမသဏတဲအ ဝက်နံရိုးချိုချဉ် လာပြီ..."

အနီးအနားတွင် တရုတ်စားသောက်ဆိုင် မရှိသဖြင့် သူက တော်တော်လှမ်းလှမ်းအထိ သွားရောက်ဝယ်ယူခဲ့ရခြင်း ဖြစ်သည်။

သူ၏တီရှပ်အနောက်ဘက်တွင် ချွေးများ ရွှဲနစ်နေသဖြင့် ပခုံးနှင့် ကျောပြင်တို့၏ ကြံ့ခိုင်သန်စွမ်းသော ကြွက်သားလိုင်းများက ထင်ရှားနေသည်။ 

သူက ကိုယ်ကိုညွှတ်ကာ အစားအသောက်ဘူးကို ဖွင့်လိုက်၏။

လူအိုကြီးက သူ့ကို 'အဖိုး' ဟု ခေါ်ဆိုခြင်းကို လုံးဝခွင့်မပြုချေ။ ထိုသို့ခေါ်ခြင်းက သူ့ကိုယ်သူ့ အိုမင်းသွားသလို ခံစားရစေသည်ဟု ပြောခဲ့ဖူးသည်။

ယခင်ရက်များကကဲ့သို့ အားအင်ချည့်နဲ့ပြီး ဖျားနာနေသော ပုံစံမျိုး မဟုတ်ဘဲ ယနေ့တွင် လူအိုကြီး၏ မျက်နှာ၌  á€žá€˝á€ąá€¸á€›á€ąá€Źá€„်ဥနည်းငယ် လွှမ်းနေသည်။

သူက ဖန်ဟွိုက်၏ လက်ထဲမှ ဝက်နံရိုးကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် ချောင်း အနည်းငယ်ဆိုးလျက် ပြောလိုက်၏။

“မင်း မနက်ဖြန် နိုင်ငံကို ပြန်ရမယ်... ငါ လက်မှတ်ဝယ်ပေးပြီးပြီ... ဒီကျောက်စိမ်းဆွဲပြားက မင်းအတွက်ပဲ... ပြီးတော့...”

လူအိုကြီးက ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကျောက်စိမ်းဖြူအပိုင်းအစတစ်ခုကို သူ့အား ကမ်းပေးလိုက်ပြီး ခေါင်းကိုကုတ်လျက် အခြားဘာများ ချန်ထားခဲ့နိုင်ဦးမလဲဟု တွေးတောနေသည်။

“ငါ့ရဲ့ ဂဏန်းခြောက်လုံးပါတဲ့ QQ အကောင့်ပေါ့... မင်း အဲဒါကို ရောင်းလိုက်ရင် ပိုက်ဆံနည်းနည်းလောက် ရနိုင်တယ်...”

ဖန်ဟွိုက်က တိတ်တဆိတ် နားထောင်နေ၏။ အတန်ကြာပြီးနောက် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော အမူအရာဖြင့် ကြည့်လိုက်သည်။
"အဖိုးက အဲဒါတွေ အကုန်လုံး ကျွန်တော့်ကို ချန်ထားခဲ့ရင်... နောက်ဆို တခြားသူတွေရဲ့ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို သွားမခိုးတော့ဘူးလား..."

“မင်း... ငတုံးကောင်လေး...”
လူအိုကြီးက သူ၏ခေါင်းကို ဖွဖွလေး ရိုက်လိုက်၏။
“ငါ သေတော့မှာကွ...”

"ဪ..."
ဖန်ဟွိုက်က ပြောလိုက်သည်။

ခဏအကြာတွင် သူက မေးလိုက်၏။
"ဒါဆို ဘယ်တော့ပြန်လာမှာလဲ..."

“သေတယ်ဆိုတာ ပျောက်ကွယ်သွားတာပဲ... ဘယ်တော့မှ ပြန်မလာတော့ဘူးကွ...” 

လူအိုကြီးက သေမင်းခံတွင်းဝ ရောက်နေသော လူမမာတစ်ယောက်နှင့် မတူဘဲ သွားဖြဲကာ ရယ်မောလိုက်၏။
 “ကြောက်နေပြီလား...”

ဖန်ဟွိုက်က ဆွံ့အလျက် တိတ်ဆိတ်သွားလေသည်။

လူအိုကြီးက စိတ်ပျက်သွားပုံမရချေ။ သူက ချောင်းနှစ်ချက်ခန့် ဆိုးလိုက်ပြီးမှ ဆက်ပြောလာ၏။

“အိုး... ဟုတ်သားပဲ... ငါသေပြီးရင် ငါ့ရဲ့ QQက Petလေးကို စောင့်ရှောက်ပေးဖို့ မမေ့နဲ့ဦးနော်... ပြီးတော့ ငါ့စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေလည်း အကုန်လုံး မင်းအပိုင်ပဲ...”

"အိုး..."
ဖန်ဟွိုက်က ပြောပြရန် တွေးလိုက်မိသော်လည်း QQ Pets စနစ် ပိတ်သိမ်းသွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်းကို လူအိုကြီးအား ထုတ်မပြောခဲ့ချေ။

“ပြီးတော့...”
လူအိုကြီးက ထပ်မံ၍ ချောင်းဆိုးလိုက်ပြန်ရာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားရသည်။ သူက နောက်ဆုံးကျန်ရှိနေသော အားအင်လေးကို စုစည်းလျက် ပြောလိုက်၏။
“ကလေး... ဒါကို မှတ်ထားပါ... မင်း... မင်းက မြင့်မားတဲ့နေရာမှာ ရပ်တည်ရမယ်... လူအများကြီးရဲ့ မြင်ကွင်းထဲမှာ ရှိနေရမယ်... လူအများကြီးရဲ့ ချစ်ခင်မှုကို ရရှိရမယ်...”

ဖန်ဟွိုက်က တိတ်ဆိတ်စွာ နားထောင်နေ၏။ ထိုစကားကို ကြားလိုက်ရသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော် မလုပ်ချင်ဘူး..."

ဆေးခန်းငယ်လေးအတွင်း မီးအလင်းရောင်က အားနည်းလှသဖြင့် နံနက်ခင်းအချိန်၌ပင် မှောင်မှိုင်းပြီး စိုစွတ်နေသည်။

လူအိုကြီးက မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

ဖန်ဟွိုက်က ခေါင်းငုံ့လိုက်ပြီး သူ၏တူဖြင့် ဝက်နံရိုးတစ်တုံးကို ညှပ်ကာ လူအိုကြီး၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်၏။
"ဖန်ကျန့်ကော... စားပါ... စကားတွေ အများကြီး မပြောနဲ့တော့..."

လူအိုကြီးက မလှုပ်ရှားတော့ချေ။

ဖန်ဟွိုက်က ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ရေရွတ်လိုက်၏။

"QQ Pets က ပိတ်သွားတာ နှစ်တွေအကြာကြီး ရှိလှပြီ... အဖိုးစိုက်ခင်းက ဟင်းသီးဟင်းရွက်တွေလည်း သူများခိုးသွားတာ ကြာလှပြီ..."

သူက ခဏရပ်လိုက်ပြီးမှ ထပ်လောင်းပြောလိုက်သည်။
"အဖိုး ဒီဝက်နံရိုးကို မစားရင် ကျွန်တော် တစ်ယောက်တည်း အကုန်စားပစ်တော့မှာနော်..."

မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

သူတို့ဘေးရှိ နှလုံးခုန်နှုန်းတိုင်းတာစက် (ECG) မှ အသံက အဆက်မပြတ် မြည်နေပြီး မျဥ်းကြောင်းတစ်ကြောင်းတည်းအဖြစ် ရပ်တန့်သွားလေပြီ။

ဖန်ဟွိုက်က ဝက်နံရိုးတစ်တုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ရင်း ပြောလိုက်၏။
"ကျွန်တော် တကယ်စားလိုက်ပြီနော်..."

ငြိမ်သက်ခြင်းသာ ရှိတော့၏။

သူပြောခဲ့သည့်အတိုင်းပင် ဝက်နံရိုးတစ်တုံးလုံးကို အရိုးပါမကျန် မြိုချပစ်လိုက်၏။ ပြီးနောက် သူက ထရပ်လိုက်၍ နောက်သို့ နှစ်လှမ်းဆုတ်ကာ တံခါးအပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်။

တာဝန်ကျ သူနာပြုဆရာမလေးက သူ့ကို မြင်သောအခါ အံ့ဩတကြီးဖြင့် ကြည့်လိုက်၏။ သူမက အင်္ဂလိပ်ဘာသာဖြင့် မေးလာခဲ့သည်။
"မစ္စတာဖန် ဟယ်လို... အဆင်ပြေရဲ့လား..."

"ဖန်ကျန့်ကော သေသွားပြီ..."
ဖန်ဟွိုက်က ပြောလိုက်၏။

သူ၏မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း စကားအဆုံးတွင် သူ၏မျက်နှာပေါ်၌ ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ပေါ်လာခဲ့သည်။

"အာ..."
သူနာပြုဆရာမလေးက ခဏတာမျှ ပြောစရာစကား ထွက်မလာတော့ချေ။

ယခုမှ လူလားမြောက်စ အရွယ်ရှိသေးသော လူငယ်လေးသည် အရပ်ရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ်နှင့်ဖြစ်ပြီး သူ၏ဆံပင်လေးများက အနည်းငယ် ကောက်ကွေးနေကာ ထက်မြက်သော မျက်နှာသွင်ပြင်တွင် အလှတရားတစ်ခု ကိန်းအောင်းနေသည်။ သူက ပုံမှန်အားဖြင့် ပြုံးရယ်ရသည်ကို နှစ်သက်သူတစ်ဦး ဖြစ်၏။

သို့သော် ယခုတွင် သူ မပြုံးနိုင်တော့ချေ။

သူက တိတ်ဆိတ်နေခဲ့သည်။

နွေဦးအစ၏ မှေးမှိန်သော အလင်းရောင်က အခန်းထဲသို့ ဖြတ်သန်းစီးဝင်လာ၏။

ဖန်ဟွိုက်က မျက်လုံးအစုံကို နှိမ့်ချလိုက်ပြီး အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူနာပြုဆရာမလေးကို အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

"မြင့်မားတဲ့နေရာမှာ ရပ်တည်နိုင်ဖို့... လူအများကြီးရဲ့ မြင်ကွင်းထဲမှာ ရှိနေနိုင်ဖို့နဲ့ လူအများကြီးရဲ့ ချစ်ခင်မှုကို ရရှိနိုင်ဖို့ဆိုရင် ကျွန်တော် ဘာလုပ်ရမလဲဟင်..."

သူနာပြုဆရာမလေးက ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ပြန်ဖြေလိုက်၏။
"ဒီလိုဆိုရင်တော့... အနုပညာရှင်တစ်ယောက် ဖြစ်အောင် လုပ်ရမလားပဲ..."

*

ဖန်ကျန့်ကော၏ ဈာပနက ရိုးရှင်းလှ၏။

ဝမ်းနည်းပူဆွေးမည့် ဆွေမျိုးမိတ်ဆွေဟူ၍ မည်သူမျှ မရှိချေ။ ဘုန်းတော်ကြီးက လက်ဝါးကပ်တိုင်ကို ကိုင်ဆောင်လျက် ဆုတောင်းစကားကို အဆုံးသတ်လိုက်ပြီး ဆေးခန်းငယ်လေးမှ ဆရာဝန်များနှင့် သူနာပြုဆရာမများက ပန်းစည်းများကို တစ်ယောက်တစ်လှည့်စီ ချထားလိုက်ကြသည်။

ဖန်ဟွိုက်က အစမှအဆုံးတိုင် တည်ငြိမ်နေခဲ့၏။

သူက မျက်ရည်မကျခဲ့သလို ရင်ကွဲမတတ် ဝမ်းနည်းပူဆွေးမှုကိုလည်း မခံစားခဲ့ရချေ။ သူ၏မျက်နှာအမူအရာက သူ၏နှလုံးသားကဲ့သို့ပင် လုံးဝ ဗလာဖြစ်နေခဲ့သည်။

အရာအားလုံးကို စီစဉ်ပြီးနောက်တွင် ဖန်ဟွိုက်က နှစ်လတိုင်တိုင် မရောက်ဖြစ်ခဲ့သော ကျေးလက်အိမ်ငယ်လေးသို့ ပြန်လာခဲ့ပြီး ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေမိသည်။

ဖန်ကျန့်ကောက လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်ယူပေးခဲ့ခြင်း ဖြစ်၏။ မနက်ဖြန်တွင် သူသည် နိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး ဟိုင်မြို့တော်မှ ရထားတစ်ဆင့်ပြောင်းကာ နန်မြို့တော်သို့ ဦးတည်ရမည် ဖြစ်သည်။

"ငါ လုပ်ဖို့လိုတယ်..."
ဖန်ဟွိုက်က သူ၏နဖူးကို ဖွဖွလေးပုတ်ရင်း ယနေ့တွင် တွေးတောရသည်က လေးလံထိုင်းမှိုင်းနေသဖြင့် သူ့ဘာသူ ရေရွတ်လိုက်မိ၏။
"ပစ္စည်းတွေ သိမ်းရမယ်... ဟုတ်တယ်... ပစ္စည်းတွေ သိမ်းဖို့လိုတယ်..."

သူက ထရပ်လိုက်ပြီး စားပွဲပေါ်ရှိ ရေဒီယိုကို ယူလိုက်ကာ ဓာတ်ပုံဘောင်ကို ဖြုတ်၍ ဓာတ်ပုံကို လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး အဝတ်အစားနှစ်ထည်ကို ကောက်ယူလိုက်သည်။

ဗီဒိုကို ဖွင့်လိုက်သောအခါ ထောင့်စွန်းတစ်နေရာတွင် ဝှက်ထားသော Red Star Erguotou(တရုတ်အရက်ဖြူပုလင်း)ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

သူက မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်မိပြီး လှည့်၍ ဆူပူကြိမ်းမောင်းရန် ပြင်လိုက်၏။
"ဖန်ကျန့်ကော... အဖိုးက..."

စကားလုံးများက ချက်ချင်း ရပ်တန့်သွားရသည်။

နေဝင်ရီတရောအချိန်၏ အလင်းရောင်လေးက ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် အခန်းထဲသို့ ဖြည်းညင်းစွာ စီးဝင်လာ၏။

ဖန်ဟွိုက်က ထိုအရက်ဖြူပုလင်းကို ကောက်ကိုင်လိုက်ပြီးမှ ပြန်ချထားလိုက်သည်။

သူ၏မျက်ဝန်းအစုံမှာ တဖြည်းဖြည်း နီမြန်းလာခဲ့သည်။

*

တစ်ပတ်အကြာ...

နန်မြို့တော်၊ မြို့ပြနှင့် ကျေးလက်ဆုံရာ ဆင်ခြေဖုံးရပ်ကွက်တွင်...

ဖန်ဟွိုက်က အများသုံးရေဘုံပိုင် အောက်တွင် ပလတ်စတစ်ဘူး အဟောင်းကို ခံလျက် သောက်သုံးရန် ရေဖြည့်နေ၏။

ရက်အတော်ကြာ လေယာဉ်၊ ရထားနှင့် ဘတ်စ်ကားများ အဆင့်ဆင့်ပြောင်းစီးကာ ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူက နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး နန်မြို့တော်သို့ ရောက်လာခဲ့သည်။ ဤမြို့က ဖွံ့ဖြိုးတိုးတက်သော ကမ်းရိုးတန်းမြို့ကြီးတစ်မြို့ ဖြစ်သဖြင့် ရထားဘူတာရုံရှိ ရေတစ်ပုလင်း၏ တန်ဖိုးကပင် လေးယွမ်ခန့် ပေးရသည်။

ဖန်ဟွိုက်ကမူ ထိုမျှမတတ်နိုင်ချေ။

ရေသောက်ပြီးနောက် လက်ထဲမှ ဘူးကို ပေါ့ပေါ့ပါးပါးပင် ဖိချေပစ်လိုက်ပြီး မြေပြင်ပေါ်၌ မြေဖြူဖြင့် စာလုံးနှစ်လုံး ရေးသားလိုက်၏။
"လမ်းဘေးဖျော်ဖြေပွဲ"

သူက ထူးခြားစွာ ချောမောလွန်းသူ ဖြစ်၏။ တီရှပ်နှင့် လုပ်ငန်းခွင်သုံး ဘောင်းဘီအဟောင်းကိုသာ ဝတ်ဆင်ထားသော်လည်း လမ်းဘေးတွင် ရပ်နေသော သူ၏အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ် ပုံစံက လမ်းသွားလမ်းလာများ၏ အာရုံကို ဆွဲဆောင်နေသည်။

ဤနေရာက မြို့လယ်ခေါင်နှင့် ဝေးကွာလွန်းသေးသဖြင့် ဟင်းသီးဟင်းရွက် ရောင်းချသူများနှင့် ဆယ်ယွမ်တန် အဝတ်အထည်ဆိုင်ငယ်လေးများဖြင့် ဝန်းရံနေပြီး မြို့ပြစည်ပင်သာယာအရာရှိများ၏ ဖမ်းဆီးမှုနှင့်လည်း ကင်းဝေးသည်။

ဖြတ်သန်းသွားသော မိန်းကလေးအချို့က မအောင့်အည်းနိုင်ဘဲ ဖုန်းများကို မြှောက်ကာ ဓာတ်ပုံရိုက်ကူးကြ၏။ ဖန်ဟွိုက်၏ အသားအရေက ဖြူစင်ဝင်းပနေပြီး သူ၏ အရိုးတည်ဆောက်ပုံက အလွန်ပင် ကောင်းမွန်လှကာ ဆံပင်အဖျားကောက်ကွေးလေးများက ဖျော့တော့သော အညိုရောင်သန်းနေသည်။ လှပသော မျက်ဝန်းအစုံ၏ အဖျားပိုင်းက အနည်းငယ်  á€€á€˝á€ąá€¸á€€á€ťá€”္သဖဟငအ် အပြစ်ကင်းစင်သော ပုံစံမျိုး ပေါက်နေသော်လည်း အနီးကပ် စူးစိုက်ကြည့်လျှင် သူ၏ဖျော့တော့သော မျက်ဝန်းများတွင် မာနကြီးမှုနှင့် အေးစက်မှုတို့ ကိန်းအောင်းနေသည်ကို တွေ့ရမည် ဖြစ်သည်။

ပထမဆုံးအကြိမ် ကြည့်လိုက်လျှင် သူက ကပြားတစ်ယောက်ကဲ့သို့ မတ်မတ်ရပ်နေလေသည်။

ဤသည်က သူ မြို့ပြကြီးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်၏။ အခြားသူများက သူ့ကို ကြည့်နေကြသကဲ့သို့ သူကလည်း သူတို့ကို ပြန်လည်လေ့လာနေမိသည်။

အခုခေတ် မိန်းကလေးတွေက အဝတ်အစားကို ဒီလောက်အထိ ဖော်ချွတ်ပြီး ဝတ်ကြတာလား...
သူ တွေးလိုက်မိ၏။

ပြီးတော့ လူအများကြီး ခေါင်းငုံ့ပြီး ကြည့်နေကြတဲ့ တောက်ပတဲ့အရာကြီးက... ဖုန်းလား...

ဖန်ဟွိုက်က ဖန်ကျန့်ကောထံမှ အမွေရရှိခဲ့သော စခရင်အပြာရောင်ဖြစ်နေသည့် ဖုန်းအဟောင်းလေးကို တစ်ချက် ကြည့်လိုက်သည်။

သူက အမှန်တကယ်ပင် တောသားတစ်ယောက် ဖြစ်၏။ သူ တစ်ကြိမ်တစ်ခါမျှ အင်တာနက် မသုံးဖူးချေ။

🪽🪽🪽

🪽 Chapter 2

“ဖျော်ဖြေဖို့ လာတာမဟုတ်ဘူးလား... ဒါဆိုလည်း ဖျော်ဖြေလေ...”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။

ဖန်ဟွိုက်က သတိပြန်ဝင်လာပြီး နှုတ်ခမ်းကို အနည်းငယ် ကွေးလျက် ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

သူက ညာဘက်လက်ကို ရင်ဘတ်ပေါ်သို့ တင်ကာ အနည်းငယ်ကိုင်းညွတ်၍ အလေးပြုလိုက်၏။ ဤကဲ့သို့သော လမ်းဘေးနေရာမျိုးတွင် ထိုသို့ စနစ်တကျ ရှိလှသော အမူအရာက တစ်မျိုးတစ်ဖုံ ထူးခြားနေသည်။

လူအများက သူ့ကို စူးစိုက်ကြည့်နေကြ၏။ သူ့တွင် ဂစ်တာလည်း မရှိ၊ မိုက်ခရိုဖုန်းလည်း မရှိချေ။

သူ ဘာကို ဖျော်ဖြေမှာလဲ...

ဖန်ဟွိုက်က သစ်ရွက်တစ်ရွက်ကို ကောက်ယူလိုက်ပြီး နှုတ်ခမ်းနားသို့ကပ်လျက် မှုတ်လိုက်၏။

စူးရှပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

သူက 'ပျော်ရွှင်စရာ မွေးနေ့' သီချင်းကို တီးမှုတ်နေခြင်း ဖြစ်သည်။

သစ်ရွက်မှုတ်ခြင်း အတတ်ပညာက ယခုခေတ်တွင် မရိုးရှင်းသော်လည်း မကြားဖူးသည်တော့ မဟုတ်ကြချေ။

လူအုပ်ကြီးက အနည်းငယ် စိတ်ပျက်သွားကြ၏။ အချို့က လှောင်ပြောင်သရော်ကြပြီး လှည့်ထွက်သွားရန် ပြင်ကြသည်။

“သစ်ရွက်တစ်ရွက် မှုတ်တာကို လမ်းဘေးဖျော်ဖြေပွဲလို့ ခေါ်တာလား...”

“ပြီးတော့ 'ပျော်ရွှင်စရာ မွေးနေ့' သီချင်းတဲ့လား... ဒါက သူငယ်တန်းကလေး ဖျော်ဖြေပွဲကျနေတာပဲ...”

“အနုပညာ ဖျော်ဖြေနေတာမဟုတ်ဘူး... မျက်နှာလေး ရောင်းစားနေတာနဲ့ ပိုတူတယ်...”

ဖန်ဟွိုက်က မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။ မျက်လုံးကို မှေးစင်းလျက် စိတ်အာရုံစူးစိုက်ကာ ဆက်လက်မှုတ်နေ၏။

Selfie Stickကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ဦးက ဖြတ်သန်းသွားရင်း အနည်းငယ်လှမ်းသော နေရာတွင် ရပ်တန့်လိုက်၏။ သူမက အင်တာနက်တွင် လူသိများသူတစ်ဦး ဖြစ်ပြီး ကျင်းကျန်းတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းပေါ်မှ streamer တစ်ဦး ဖြစ်၏။ သူမ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် မှတ်ချက်များစွာဖြင့် ဖုံးလွှမ်းသွားသည်။

[ဒီလူက တကယ်ပဲ လမ်းဘေးမှာ ဖျော်ဖြေနေတာလား... ဟားဟား]

[Streamer ရေ... အနားကို တိုးသွားပေးပါဦး... သူ့မျက်နှာလေးကို ကြည့်ချင်လို့... လက်ဆောင်တွေ အကုန်ပေးမယ်... မိုင်းတွေ...ဒုံးပျံတွေ...မင်းလိုချင်သမျှ အကုန်ပေးမယ်...]

[သစ်ရွက်မှုတ်တာလား... ဒါပဲလား... ဒါမျိုးက ငါတောင် မှုတ်တတ်တယ်...]

ဖန်ဟွိုက်၏ ထူးခြားသော ရုပ်ရည်ကြောင့် လူအုပ်ကြီးက တော်တော်လေး စုဝေးနေသည်။ အမျိုးသမီး streamerက လူအုပ်အနောက်တွင် ပိတ်မိနေသဖြင့် အရပ်ရှည်ရှည်လူငယ်လေး၏ ဝေဝါးသော နောက်ကျောပုံရိပ်နှင့် သီချင်းသံကိုသာ ရိုက်ကူးနိုင်ပြီး သူ၏မျက်နှာကို မမြင်ရချေ။ ခဏမျှ ကြည့်ရှုပြီးနောက် သူမက ထွက်ခွာရန် ပြင်လိုက်ရင်း ပြောလိုက်၏။

“လူတွေ အရမ်းများနေတယ်... ပြီးတော့ ကျွန်မတို့ အချိန်ဇယားကလည်း ကပ်နေတော့... မနက်ဖြန်ကျမှပဲ...”
သူမ၏ စကားလုံးများက လမ်းခုလတ်တွင် ရုတ်တရက် ရပ်တန့်သွားသည်။

လူအုပ်ကြီးကလည်း အံ့အားသင့်လျက် တိတ်ဆိတ်သွားကြ၏။ ထို့နောက် သူတို့၏ ပါးစပ်များက တဖြည်းဖြည်း ပွင့်အာသွားကြသည်။

အနီရောင်ရင့်ရင့် အမွေးအတောင်များရှိသော ငှက်တစ်ကောင်က ပျံသန်းလာပြီး ဖန်ဟွိုက်၏ ပခုံးပေါ်တွင် နားလိုက်ကာ သူ၏လည်ပင်းကို အသာအယာ ဝေ့ယမ်းပွတ်သပ်နေသည်။

မကြာမီတွင် စာကလေးတစ်ကောင်ကလည်း ပူးပေါင်းလာပြန်သည်။

မိနစ်ပိုင်းအတွင်း၌ပင် ငှက်ငါးကောင်၊ ခြောက်ကောင်ခန့်က ဖန်ဟွိုက်၏ အနားတွင် စုဝေးရောက်ရှိလာကြပြီး သူ့ကို ချစ်ခင်စွာဖြင့် ဝန်းရံပျံသန်းနေကြသည်။

ပြီးနောက် ငှက်များတင် မကဘဲ...

ဟက်စကီးခွေးတစ်ကောင်က သိုင်းကြိုးမှ ရုန်းထွက်ကာ သူ့ထံသို့ ပြေးဝင်လာ၏။ အမွေးပွခွေးကြီးတစ်ကောင်ကလည်း ပိုင်ရှင်က မည်မျှပင် ဆွဲနေသော်လည်း လုံးဝ မရွေ့လျားတော့ချေ။ လမ်းဘေးကြောင်လေးတစ်ကောင်က ဖန်ဟွိုက်၏ ဘောင်းဘီခြေထောက်မှတစ်ဆင့် တွားတက်လာပြီး သူ၏ပခုံးပေါ်တွင် သက်တောင့်သက်သာ နားခိုလိုက်သည်။

လူအုပ်ကြီး : "..."

ဖန်ဟွိုက်က 'ပျော်ရွှင်စရာ မွေးနေ့' သီချင်းကို မှုတ်၍ ပြီးဆုံးသွားသောအခါ သစ်ရွက်ကို ခေါက်သိမ်းလိုက်ပြီး လည်ချောင်းကို တစ်ချက်ရှင်းကာ သီချင်းစဆိုတော့သည်။

ထိုသီချင်းက သူကိုယ်တိုင် စပ်ဆိုထားခြင်း ဖြစ်ပြီး သူ၏ ဒေသန္တရဘာသာစကားဖြင့် သီဆိုနေခြင်း ဖြစ်သည်။ လူအုပ်ထဲမှ မည်သူမျှ ထိုစာသားများကို နားမလည်ကြသော်လည်း သီချင်း၏ သာယာမှုကို ခံစားရခြင်းမှ တားဆီးနိုင်ခြင်း မရှိချေ။

သူ၏အသံက ကြည်လင်ပြတ်သားလှပြီး လရောင်အောက်ရှိ စိမ့်စမ်းရေကဲ့သို့ ထူးခြားစွာ သာယာနာပျော်ဖွယ် ကောင်းလှ၏။ ဆန်းသစ်သော ဒေသန္တရလေသံက နားထောင်သူများကို ဆွဲဆောင်နေသည်။

အကယ်၍ လူအုပ်ကြီးထဲတွင် ဖန်ဟွိုက်နှင့် ဇာတိတူသူတစ်ဦးဦး ပါဝင်ခဲ့လျှင်မူ ထိုသီချင်းစာသားများ၏ အဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည် ဖြစ်သည်။

“ကလေးလေးရေ... မြန်မြန်ကြီးပြင်းလာပါတော့...
မင်း ကြီးလာရင် စွပ်ပြုတ်ကောင်းလေး ချက်စားမယ်... အရမ်းအရသာရှိမှာပဲနော်...”

“ကလေးလေးရေ... မြန်မြန်အရပ်ရှည်လာပါတော့...
မင်း အရပ်ရှည်လာရင် ပေါင်းစားမယ်... အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မှာပဲ...”

၎င်းက ဖန်ဟွိုက် ငယ်စဉ်တည်းက စပ်ဆိုခဲ့သော သီချင်းတစ်ပုဒ် ဖြစ်ပြီး သူ့အိမ်နောက်ဖေးရှိ တိရစ္ဆာန်များကို သီဆိုပြလေ့ရှိသည်။ နောက်ပိုင်း၌ သူ၏ တိရစ္ဆာန်လေးများတင်မကဘဲ အခြားတိရစ္ဆာန်များကလည်း ထိုသီချင်းအပေါ် တုံ့ပြန်ကြကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

သူ သီဆိုနေစဉ်အတွင်း သူ၏လက်ချောင်းများက လေထုထဲတွင် ကခုန်နေသည်။

အံ့သြဖွယ်ကောင်းသည်က မတူညီသော မျိုးစိတ်များဖြစ်ကြသည့် ငှက်ငါးကောင်၊ ခြောက်ကောင်က သူ၏ လက်ဟန်ခြေဟန်အတိုင်း ပျံသန်းနေကြခြင်း ဖြစ်၏။ ပခုံးပေါ်ရှိ ကြောင်လေးက သီချင်းစည်းချက်အတိုင်း ခေါင်းလေးကို ဝေ့ယမ်းနေသည်။ ဟက်စကီးခွေးကြီးက နောက်ခြေနှစ်ဖက်ဖြင့် မတ်မတ်ရပ်ကာ သီချင်းစည်းချက်အတိုင်း လိုက်ပါကခုန်နေသည်။

သီချင်းပြီးဆုံးသွားသောအခါ ဖန်ဟွိုက်က ယဉ်ကျေးစွာဖြင့် ဦးညွှတ်လိုက်ပြီး ပိုက်ဆံအလှူခံရန်အတွက် သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်သည်။

ယခင်က သူ့ကို သစ်ရွက်မှုတ်သည်ဟု လှောင်ပြောင်ခဲ့ကြသူများက ယခုတွင်မူ ဆွံ့အလျက် ရှိနေကြသည်။

“တောက်... ငါက သူ့ကို ကြေးအဆင့် ငနုလေးလို့ပဲ ထင်ခဲ့တာ... ဒါပေမဲ့...”

“ဒါက သိပ္ပံနည်းကျ ဖြစ်နိုင်လို့လား... ဒါက သဘာဝလွန် စွမ်းအားတစ်ခုခုပဲ ဖြစ်ရမယ်...”

“ဒီကလေးကတော့ အံ့သြစရာပဲ...”

အမျိုးသမီး streamer က သူမ၏အိတ်ထဲမှ ပိုက်ဆံ ယွမ်နှစ်ရာကို ထုတ်ယူလိုက်ပြီး သူ့ကို ပေးရန် ပြင်လိုက်၏။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုက မိနစ်ပိုင်းအတွင်းပင် ကြည့်ရှုသူ အလွန်များပြားသွားခဲ့ခြင်း ဖြစ်သည်။ ပရိသတ်တစ်ဦးက တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခုဖြစ်သည့် ရေနက်ပိုင်းတော်ပီဒိုကိုပင် ပေးပို့ခဲ့သည်။ မှတ်ချက်များတွင် "666" နှင့် "Streamer ရေ... သွားပြီးတော့ စကားပြောလိုက်ပါဦး... အဲဒီလူက အရမ်းချောတာပဲ..." ဟူသော စာသားများဖြင့် ပြည့်နှက်နေသည်။

[T/N - 666ဆိုတာက အရမ်းမိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ]

အချို့သော သံသယရှိသူများ၏ စကားလုံးများ ရှိခဲ့သော်လည်း အများစု၏ စိတ်လှုပ်ရှားမှုများအောက်တွင် ပျောက်ကွယ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက ကြိုတင်စီစဉ်ထားခြင်း မဟုတ်ဘဲ streamer ၏ ပရိသတ်များက သူမ၏ ခရီးသွားVlog ပုံစံကို သိရှိထားကြခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့သော သဘာဝလွန် စွမ်းအားရှိသည့် လမ်းဘေးဖျော်ဖြေသူနှင့် ဆုံတွေ့ရခြင်းက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သဖြင့် ပို၍ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေသည်။

စိတ်လှုပ်ရှားနေသော အမျိုးသမီး streamer က ရှေ့သို့တိုးကာ ပိုက်ဆံပေးရန်နှင့် သူ၏မျက်နှာကို အနီးကပ်ကြည့်ရန် ပြင်လိုက်သည့်အချိန်၌ အဝေးမှ မြို့ပြစည်ပင်သာယာအရာရှိများ လာနေသည်ကို မြင်တွေ့လိုက်ရသည်။

ပိုက်ဆံစတင်သိမ်းဆည်းနေသော လူငယ်လေးက ဘေးလူ၏ သတိပေးမှုကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မဆိုင်းမတွဘဲ လွယ်အိတ်ကို ဆွဲကာ ထွက်ပြေးတော့သည်။ Streamerက သူ ထွက်ပြေးသွားသော နောက်ကျောပုံရိပ်ကိုသာ ကြည့်ရှုနိုင်ခဲ့ပြီး သူ၏ အရိပ်မှလွဲ၍ ဘာမျှသေချာမမြင်လိုက်ရချေ။

“နှမြောစရာပဲ...”
သူမက ကင်မရာကို ပြောလိုက်၏။
“ဒါပေမဲ့ ကံပါရင်တော့ နောက်တစ်နေ့မှာ ထပ်ဆုံကြသေးတာပေါ့...”

မကြာမီတွင် ၎င်းဗီဒီယိုအတိုလေးက အင်တာနက်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး လူပြောများကာ အာရုံစိုက်မှုအများအပြားကို ခံခဲ့ရသည်။

×××××

ဗီဒီယို၏ ရေပန်းစားမှုက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မကြာမီ၌ ရှာဖွေမှုအများဆုံးအကြောင်းအရာများ၏ ထိပ်တန်းအဆင့် ၅ နေရာ အတွင်းသို့ တက်လှမ်းသွားခဲ့သည်။

"သဘာဝလွန် စွမ်းအားပိုင်ရှင် လူငယ်လေးက သီချင်းဆို၍ ဒဏ္ဍာရီလာ သားရဲများကို ဆင့်ခေါ်ခြင်း" ဟူသည့် ဆန်းပြားသော ခေါင်းစဉ်အပြင် နောက်ထပ် ခေါင်းစဉ်တစ်ခုကလည်း နောက်ဆက်တွဲအနေဖြင့် လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။
#လင်းလွေ့က သဘာဝလွန်စွမ်းအားပိုင်ရှင်လူငယ်လေးတဲ့#

လင်းလွေ့က တစ်သစ်စ idol တစ်ဦး ဖြစ်၏။ သူ၏သရုပ်ဆောင်ချက်များက သာမန်မျှသာရှိပြီး ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦး မဟုတ်သော်လည်း ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်ကာ သူ၏ရုပ်ရည်ကို အဓိကထား၍ အားပေးကြသော သစ္စာရှိပရိသတ်များစွာ ရှိသည်။

ဝေဝါးလှသော ထိုဗီဒီယိုက ရှာဖွေမှုအများဆုံးစာရင်းထဲသို့ ရောက်ရှိသွားပြီး တစ်နာရီအကြာတွင် လင်းလွေ့က ပရိသတ်များနှင့် ကြိုတင်ကတိပေးထားသည့်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူဝတ်ဆင်ထားသော အဝတ်အစားများက ဗီဒီယိုထဲမှ ဆန်းကြယ်သောလူငယ်လေး၏ အဝတ်အစားများနှင့် တိုက်တိုက်ဆိုင်ဆိုင် တထေရာတည်း တူညီနေခဲ့သည်။

လုပ်ငန်းခွင်သုံး ဘောင်းဘီ၊ တီရှပ်နှင့် ဘေ့စ်ဘောဦးထုပ်အထိပင် ဖြစ်၏။

သူ၏အသံကလည်း ထိုဖျော်ဖြေသူ၏ အသံနှင့် အနည်းငယ် ဆင်တူနေပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ်နှင့် ၁၈၀ စင်တီမီတာကျော်ရှိသဖြင့် အနီးစပ်ဆုံး တူညီနေခဲ့သည်။ ပွယောင်းယောင်း တီရှပ်နှင့် ဘောင်းဘီပွပွများက သေးငယ်သော အစိတ်အပိုင်းများကို ဖုံးကွယ်ထားသဖြင့် ဗီဒီယို၏ အရည်အသွေးနိမ့်ပါးမှုနှင့်ပေါင်းစပ်ကာ သူတို့နှစ်ဦးကြားရှိ ကွဲပြားချက်များကို ခွဲခြားရန် မဖြစ်နိုင်သလောက်ပင် ရှိနေသည်။

လင်းလွေ့၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့်တစ်ပြိုင်နက် မှတ်ချက်ပေးသည့်နေရာတွင် ပေါက်ကွဲထွက်ကုန်သည်။

[လွေ့လွေ့... ဒီအဝတ်အစားကို တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲနော်...]

[ဘုရားရေ... trending ထဲက အကြောင်းအရာကို ကြည့်ပြီးကြပြီလား... အခုအချိန်အထိ လွေ့လွေ့က တကယ်ပဲ သဘာဝလွန် စွမ်းအားပိုင်ရှင် တစ်ယောက် ဖြစ်နေတာကို ငါတို့ လုံးဝမသိခဲ့ကြဘူး...]

[နေပါဦး... ဒါပေမဲ့ အသံချင်းက မတူဘူး ထင်တာပဲ... လင်းလွေ့ရဲ့အသံက ပိုပြီး စူးရှတယ်...]

[မတူဘူးလား... ငါကတော့ တူတယ်လို့ ထင်တာပဲ...]

[လွေ့လွေ့... လွန်ခဲ့တဲ့ နှစ်နာရီက ဘာလုပ်နေခဲ့တာလဲ...]

လင်းလွေ့က ကင်မရာကို ကြည့်ကာ ပြုံးလိုက်၏။
“ကျွန်တော် ဒီနေ့မှ နန်မြို့တော်ကို ရောက်တာပါ... နေ့လည်တုန်းက မြို့ပြင်ဘက်မှာ ခဏလောက် လျှောက်လည်ဖြစ်ခဲ့တယ်...”

[ဘုရားရေ... အတည်ပြုချက် ရပြီ... လွေ့လွေ့... အဲဒီ သဘာဝလွန် စွမ်းအားပိုင်ရှင် လူငယ်လေးက တကယ်ပဲ နင် ဖြစ်နေတာပဲ...]

[ငါတို့ရဲ့ idol က တကယ်ပဲ စွမ်းအားရှင်ကြီးလား... သီချင်းဆိုတာလည်း အရမ်းကောင်းတာပဲ... လွေ့လွေ့ရေ... သီချင်းတစ်ပုဒ်လောက် ထုတ်ပေးပါလို့ တောင်းဆိုပါတယ်...]

[လွေ့လွေ့... ရိုးရိုးသားသား ပြောစမ်းပါ... ဗီဒီယိုထဲကလူက နင် ဟုတ်တယ်မလား...]

လင်းလွေ့က တိုက်ရိုက် ပြန်မဖြေခဲ့ချေ။

ဤအဝတ်အစားများကို သူက လွန်ခဲ့သော ဆယ်မိနစ်ခန့်ကမှ ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းကို မည်သူမျှ မသိရှိကြပေ။ သူ့လက်ထောက်က လမ်းမများပေါ်တွင် လှည့်လည်ကာ ဗီဒီယိုထဲမှ အဝတ်အစားများနှင့် တူညီသော အဝတ်အစားများကို အသည်းအသန် လိုက်လံရှာဖွေခဲ့ရခြင်းဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအချိန်နှင့် ကပ်လျက်မှသာ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လူအများအပြားက သူ့ကို 'လမ်းဘေးဖျော်ဖြေသူ' ဟု ထင်မြင်ချက်ပေးနေကြသည်ကို ကြည့်ရင်း လင်းလွေ့က မျက်တောင်တစ်ချက်ခတ်ကာ နှုတ်ခမ်းနားသို့ လက်ညှိုးတစ်ချောင်း ကပ်လျက် တိုးညင်းစွာ ပြောလိုက်၏။

"ရှူး..."

ထိုအမူအရာကြောင့် မှတ်ချက်ပေးသည့်နေရာက ပိုမို၍ ပေါက်ကွဲထွက်သွားတော့သည်။

[ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါတို့ ဘာမှထုတ်မပြောပါဘူး...]

[မန်နေဂျာမသိအောင် ခိုးထွက်ပြီးတော့ အနုပညာကို ချစ်တဲ့စိတ်နဲ့ သွားရောက်ဖျော်ဖြေတာပေါ့လေ... အရမ်းချစ်ဖို့ကောင်းလွန်းတယ်... ဘယ်လိုတောင် ချစ်ဖို့ကောင်းလွန်းရတာလဲ...]

[အခုကစပြီး ဖန် ဖြစ်သွားပါပြီ...]

တစ်နာရီအတွင်း၌ ရှာဖွေမှုအများဆုံးလှိုင်းကို ခိုစီးပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အရှိန်အဟုန်ကြောင့် လင်းလွေ့၏ ဝေ့ပေါ် follower အရေအတွက်က နှစ်ဆခန့် ထိုးတက်သွားခဲ့ရသည်။

*

ထိုနေ့၌ နေက ပူပြင်းလွန်းလှ၏။ မြစ်ကမ်းပါးကြီးက ခြောက်သွေ့နေပြီး တိုက်ခတ်လာသော လေပြေကပင် ပူပြင်းခြောက်သွေ့သော အပူရှိန်များဖြင့် ဖြစ်နေခဲ့သည်။

ပိန်းပိတ်အောင် ပူပြင်းလှသော အပူရှိန်အတွင်း သူ၏အသက်ဓာတ်က တဖြည်းဖြည်း လျော့ပါးလာနေသည်ကို သူခံစားနေရသည်။

သူ၏အသိစိတ်များ ဝေဝါးလာချိန်၌ သိမ်မွေ့သော ခြေသံအချို့က အနားသို့ တဖြည်းဖြည်း တိုးကပ်လာခဲ့၏။

ဖြူဖြူဖွေးဖွေးနှင့် ဖျတ်လတ်သော လူငယ်လေးတစ်ဦးက သူ၏ဘေးတွင် ရပ်တန့်လိုက်သည်။ ထိုလူငယ်လေးက တစ်ခုခုကို စိတ်ဝင်စားသွားပုံရပြီး ကိုယ်ကိုကိုင်းကာ သေသေချာချာ ကြည့်ရှုလိုက်၏။

၎င်းက ငွေဖြူရောင်အကြေးခွံများဖြင့် လှပလွန်းသော်လည်း အသက်ရှင်ရန် ရုန်းကန်နေရသည့် ငါးကြင်းတစ်ကောင် ဖြစ်နေခဲ့သည်။ ၎င်း၏ပါးဟက်များက အသက်ရှူရခက်ခဲလွန်းသဖြင့် အားနည်းစွာ ပွင့်အာနေခဲ့သည်။

“ဒီငါးက ကုန်းပေါ်တင်နေတာပဲ...”
လူငယ်လေးက တိုးညှင်းစွာ ရေရွတ်ရင်း သူ၏ပလတ်စတစ်ဂေါ်ပြားအသေးလေးဖြင့် ရေများကို ၎င်းအပေါ်သို့ လောင်းချပေးလိုက်၏။

“ဖန်ကျန့်ကော... ကျွန်တော်တို့ ဒီဟာလေးကို အိမ်ပြန်သယ်သွားရအောင်...”

“အဲဒါက သေနေပြီ...”
ဖန်ကျန့်ကောက မာကျောက်ကစားရန် စိတ်လောနေသဖြင့် ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်၏။
“ကယ်လို့ မရတော့ဘူး...”

“ကယ်လို့ ရပါသေးတယ်...”
လူငယ်လေးက ခေါင်းမာစွာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ပြောလိုက်၏။
“သေချာပေါက် ကယ်လို့ ရသေးတယ်...”

သူက အားအင်စိုက်ထုတ်လျက် ထိုငါးလေးကို မ ယူကာ သူ၏သဲပုံးအသေးလေးထဲသို့ ထည့်လိုက်ပြီး ရေသန့်တစ်ပုလင်းလုံးကို လောင်းထည့်ပေးလိုက်သည်။

အိမ်အပြန်လမ်းတွင် လူငယ်လေးက ငါးကြင်းကို တိုးညှင်းညင်သာသောအသံလေးဖြင့် စကားပြောလာခဲ့၏။ ငါးကလေး အထီးကျန်သွားမည်ကို စိုးရိမ်နေပြီး ၎င်း မကြားရမည်ကိုလည်း စိုးရိမ်နေသည့်အပြင် ၎င်း တိတ်ဆိတ်စွာ သေဆုံးသွားမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

ထိုကြည်လင်သန့်စင်သော အသံလေးက လျော့ပါးလာနေသည့် အသက်ဓာတ်ကို ဖြတ်သန်းစီးဝင်လာစေပြီး ပျက်ပြယ်တော့မည့်ဝိညာဉ်ကို ပြန်လည်ထိန်းချုပ်ပေးလိုက်သည်။

လူငယ်လေး၏အသံက မကျယ်လောင်သော်လည်း သူက ခေါင်းမာစွာဖြင့် ထပ်ခါတလဲလဲ ပြောနေခဲ့၏။

"မင်း အသက်ရှင်ရမယ်..."

"မင်း သေချာပေါက် အသက်ရှင်ရမယ်..."

"ဘာလို့လဲဆိုတော့ မင်း အသက်ရှင်မှ..."

“…”

အိမ်မက်က ရုတ်တရက် အဆုံးသတ်သွားခဲ့၏။

နက်မှောင်သော မျက်ဝန်းအစုံက ချက်ချင်း ပွင့်လာခဲ့သည်။

ယဲ့ယွီယွမ်က ရှေ့တည့်တည့်သို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။ သူ့မျက်ဝန်းများက အမြဲတမ်းကဲ့သို့ပင် အေးစက်တည်ငြိမ်နေပြီး နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့သော အိမ်မက်တစ်ခုမှ နိုးထလာခဲ့သည့် အရိပ်အယောင်မျှပင် မရှိချေ။

Maybach ကားကြီးက လမ်းမပေါ်တွင် တည်ငြိမ်စွာ မောင်းနှင်နေပြီး ကားအတွင်းရှိ LCD မျက်နှာပြင်ပေါ်တွင် ဟောင်ကောင်စတော့ဈေးကွက်၏ အပြောင်းအလဲများက အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။

အတွင်းရေးမှူးက သူ၏အထက်လူကြီး ခဏမျှ အိပ်ပျော်သွားသည်ကို မသိရှိသဖြင့် ရှေ့ခန်းမှနေ၍ တိုးညှင်းပြီး သတိရှိသောလေသံဖြင့် ဆက်လက်ပြောကြားနေ၏။

“သုတေသနဌာနက နောက်ဆုံးရလဒ်တွေကို တင်ပြထားပါတယ်... နွေရာသီဒါးဗို့စ်ဖိုရမ်ရဲ့ ပိတ်ပွဲအခမ်းအနားမှာ ဥက္ကဌ မိန့်ခွန်းပြောကြားရပါမယ်... အဲဒီနောက်မှာတော့ ပရဟိတဂါလာပွဲတစ်ခု တက်ဖို့ ရှိပါတယ်... ကျွန်တော် အကြံပြုချင်တာကတော့...”

ယဲ့ယွီယွမ်က တိတ်ဆိတ်စွာ ထိုင်နေပြီး အစမှအဆုံးတိုင် စကားတစ်လုံးမျှ မဆိုချေ။ သူ၏ကိုယ်ဟန်အမူအရာကပင် ပြောင်းလဲခြင်းမရှိဘဲ သူ၏ရှည်လျားပြီး သွယ်လျနေသော လက်ချောင်းများကို ရင်ဘတ်ရှေ့တွင် ပိုက်ထားလျက် မျက်လုံးကို အနည်းငယ်မှိတ်ကာ ဂရုမစိုက်ဟန်ဖြင့် နားထောင်နေသဖြင့် သူ မည်သည်ကို တွေးတောနေကြောင်း ခန့်မှန်းရန် မဖြစ်နိုင်ချေ။

အတွင်းရေးမှူးက သူ၏မျက်နှာအမူအရာကို သေချာစွာ လေ့လာလိုက်၏။ ယဲ့ယွီယွမ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ့အထက်လူကြီး စိတ်တိုင်းမကျဖြစ်နေသည်ဟု ထင်မှတ်လိုက်ပြီး လေသံကို ပိုမို၍ သတိထားလိုက်သည်။

အမှန်တကယ်တွင် ယဲ့ယွီယွမ်က...

“စိတ်လွင့်နေတာလား...”
ဘလူးတုနားကြပ်ဆီမှ အသံတစ်ခုက ရုတ်တရက် မေးမြန်းလာ၏။
“အဲဒါကို ကျွန်တော် မထောက်ခံပါဘူး... နောက်လာမယ့် ပိတ်ပွဲမိန့်ခွန်းက အရမ်းအရေးကြီးပါတယ်... ဥက္ကဌအနေနဲ့ မိန့်ခွန်းကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးသင့်ပါတယ်...”

AI လက်ထောက်က ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလာခဲ့၏။
“ဥက္ကဌ ခုနက အိပ်ပျော်သွားပုံရတယ်... နိုးလာတဲ့အချိန်မှာ ဥက္ကဌရဲ့ အက်ဒရီနယ်လင်ဟော်မုန်း ပမာဏနဲ့ နှလုံးခုန်နှုန်း မြင့်တက်လာတာကို စစ်ဆေး တွေ့ရှိရပါတယ်... အိပ်မက်က ဥက္ကဌအတွက် အရေးကြီးလို့လား... ဒါမှမဟုတ် အိပ်မက်ထဲကလူက ဥက္ကဌအတွက် အရေးပါလို့လား...”

ယဲ့ယွီယွမ်က ခဏမျှ တိတ်ဆိတ်သွားရသည်။

"မဟုတ်ဘူး..."
သူ၏လေသံက အေးစက်လှ၏။

“...ဒါပေမဲ့ ဥက္ကဌရဲ့ ခန္ဓာကိုယ်အချက်အလက်အားလုံးကတော့ 'ဟုတ်တယ်' လို့ ပြောနေပါတယ်... ခုနက ကျွန်တော် 'အိမ်မက်ထဲကလူ' လို့ ပြောလိုက်တဲ့အချိန်မှာ ဥက္ကဌရဲ့ နှလုံးခုန်နှုန်းက ထပ်ပြီးတော့ မြင့်တက်သွားပါတယ်...”
AI က ဆက်လက်ပြောဆိုနေသည်။

ယဲ့ယွီယွမ်က စကားမပြောမီ ခဏမျှ ရပ်တန့်လိုက်၏။ သူ၏ လေသံက တိုးညှင်းလေးလံနေပြီး သူ၏မျက်နှာအမူအရာကဲ့သို့ပင် မည်သည့်ခံစားချက်မျှ ထင်ဟပ်နေခြင်း မရှိချေ။

"မင်း အချက်တစ်ချက်ကို သင်ယူသင့်တယ်..."

AI က ဝေခွဲမရဖြစ်သွား၏။
“ဟင်... ဘာကိုသင်ယူရမလဲ... အမှန်တော့ Ptah ရဲ့ စတုတ္ထမျိုးဆက် ထုတ်ကုန်တစ်ခုအနေနဲ့ ကျွန်တော့်ရဲ့ သင်ယူနိုင်စွမ်းက အရမ်းအရမ်းကို အဆင့်မြင့်ပါတယ်...”

"တိတ်ဆိတ်ခြင်းက ရွှေပဲ..."

ထိုသို့ပြောပြီးနောက် ယဲ့ယွီယွမ်က လက်ကိုမြှောက်ကာ ဘလူးတုနားကြပ်ပေါ်ရှိ ပါဝါခလုတ်ကို နှိပ်လျက် အနှောင့်အယှက်မပေးရန်modeသို့ ပြောင်းလဲပစ်လိုက်သည်။

AI : “…”

🪽🪽🪽

🪽 Chapter 3

တစ်နာရီကြာပြီးနောက်... နွေရာသီဒါးဗို့စ်ဖိုရမ် ပိတ်ပွဲအခမ်းအနား၌...

ယခုနှစ်၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ပြီး တက်ရောက်လာသူများနှင့် မိန့်ခွန်းပြောကြားသူများ၏ အရည်အချင်းသတ်မှတ်ချက်က ယခင်ကထက် ပိုမို၍ တင်းကျပ်လှ၏။

“ဒီနှစ်ရဲ့ နွေရာသီဒါးဗို့စ်ဖိုရမ်ကို နန်မြို့တော်မှာ ကျင်းပတာက လူအများအပြားကို အံ့အားသင့်စေခဲ့တာ အမှန်ပါပဲ...”

ကျင်းကျန်းရုပ်သံလိုင်းမှ တရားဝင် streamer က အခမ်းအနား ပြီးဆုံးခါနီးအချိန်တွင် ပရိသတ်များနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။

“ကောလာဟလတွေအရတော့ Ptah ရဲ့ ရုံးချုပ်က နန်မြို့တော်မှာ ရှိနေလို့ပါတဲ့... ဟုတ်ပါတယ်... မစ္စတာယဲ့ယွီယွမ် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီပါ...”

ထိုအချိန်တွင် ကင်မရာက စင်မြင့်ထက်သို့ ပြောင်းလဲသွားရာ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်နေရာ၌ ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားရ၏။

[အားးးးးး... ကျွန်မရဲ့ လောင်ကုန်းကို ကြည့်ကြပါဦး...]

[နေပါဦး... ပိတ်ပွဲမိန့်ခွန်းကို ပြောမှာက ယဲ့ယွီယွမ်လား...]

[ဘုရားရေ... ကမ္ဘာ့အချမ်းသာဆုံးလူ10ယောက် စာရင်းဝင်တဲ့ ဘီလျံနာတစ်ယောက်က ဒီလောက်အထိ ချောမောနေတာလား... ငါက ထိပ်ပြောင်ပြောင်နဲ့ လူလတ်ပိုင်းကြီးလို့ပဲ အမြဲထင်နေခဲ့တာ...]

စင်မြင့်ထက်တွင် အမျိုးသားတစ်ဦး ရပ်နေသည်။ သူက အချိုးအစားကျနလှသော အဆင့်မြင့်ဝတ်စုံကို အပေါ်ကြယ်သီးအထိ သေချာစွာ တပ်ဆင်ထားသဖြင့် စနစ်တကျရှိလှသော အရှိန်အဝါတစ်ခု ပေါ်ထွက်နေ၏။ 

သူ၏ရုပ်ရည်က အစစ်အမှန်မဟုတ်လောက်အောင်ပင် ထူးခြားလှပြီး လူသားတို့၏ ပြည့်စုံမှုထက် ကျော်လွန်နေကာ ထွင်းထုထားသကဲ့သို့ ရှိနေသည်။

သူ၏နှာတံက မြင့်မားလှပြီး နှုတ်ခမ်းပါးများက လှပစွာ တည်ရှိနေကာ နက်မှောင်နေသော မျက်ဝန်းအစုံက အေးစက်သော ရေကန်ထဲ၌ နစ်မြုပ်နေသည့် ကျောက်စိမ်းကဲ့သို့ ကြည်လင်အေးစက်လှသဖြင့် ထိတွေ့လိုက်သည်နှင့် အေးခဲသွားစေနိုင်သည်။

“လူသားနဲ့ စက်ပစ္စည်းအကြား အပြန်အလှန် ဆက်သွယ်မှု တိုးတက်လာတာက သေချာပေါက် တွန်းအားဖြစ်စေမှာပါ...”

သူက လူအများ မျှော်လင့်နေကြသည့် ပိတ်ပွဲမိန့်ခွန်းကို စတင်ပြောကြားလိုက်ပြီး ၎င်း၏အရေးပါမှုက ထင်ရှားလှ၏။

သူက မိန့်ခွန်းတစ်ခုလုံးကို စာရွက်မပါဘဲ ပြောကြားနေခြင်းဖြစ်ပြီး ယဲ့ယွီယွမ်က လက်ဟန်ခြေဟန် အလွန်အကျွံ သုံးခြင်း သို့မဟုတ် စိတ်လှုပ်ရှားမှုကို ထည့်သွင်းဖော်ပြခြင်းမျိုး မပြုလုပ်ချေ။

သူ၏ဆွဲဆောင်မှုရှိပြီး လေးနက်သော အသံက တည်ငြိမ်ပြီး စနစ်ကျလှရာ သူ၏ကိုယ်ကိုယ်တိုင်ကဲ့သို့ပင် ဖြစ်သည်။ သူက စကားလုံးများဖြင့် လူကို ဆွဲဆောင်တတ်သော ဟောပြောသူမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။သူက တိတ်ဆိတ်ပြီး ပြတ်သားကာ သွေးအေးလှသော ဆုံးဖြတ်ချက်များကို ချမှတ်သူတစ်ဦးသာ ဖြစ်၏။

အချို့က သူ့ကို စွဲလန်းကြပြီး အချို့ကမူ မုန်းတီးကြသည်။

သူ၏မျက်မှောင်ကြားတွင် မသိမသာ ညှိုးငယ်မှုအရိပ်အယောင်တစ်ခု ရှိနေသော်လည်း လူပေါင်းသိန်းချီ၏ မြင်ကွင်းအောက်တွင် သူ၏မျက်နှာပြင်၌ တုန်လှုပ်မှု အရိပ်အယောင်မျှပင် မရှိဘဲ ဂရုမစိုက်ဟန်သာ ရှိနေသည်။ ဤသည်က ထိပ်ဆုံးတွင် ရေရှည်ရပ်တည်နေခဲ့သူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်၏။ ဤအချိန်တွင် သူက မည်သူ့ကိုမျှ စိတ်ကျေနပ်အောင် လုပ်ရန် မလိုအပ်ပေ။

“အိုး... မသိသေးတဲ့သူတွေအတွက် ပြောရရင်တော့...”

Streamerက မှတ်ချက်များကို ဖတ်ရှုရင်း ခေါင်းညိတ်လိုက်၏။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဥက္ကဌယဲ့ရဲ့ ချောမောတဲ့ရုပ်ရည်က လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ မကြာသေးခင် နှစ်တွေမှာတော့ ဒါကို ဘယ်သူမှ ထုတ်မပြောကြတော့ပါဘူး...”

“သူ့ရဲ့ လက်ရှိအာဏာက အရမ်းကြီးမားလွန်းနေပြီလေ... ရုပ်ရည်လိုမျိုး သာမန်အရာက... အရေးမပါတော့တာ ကြာလှပြီပေါ့...”

[ငါကတော့ အံ့သြမိတယ်...]

[ငါတော့ မနာလိုဖြစ်မိတယ်... သူက ငါ့ထက် ပိုက်ဆံလည်း ပိုချမ်းသာတယ်... ပိုလည်း ချောတယ်...]

[ဒါဆို Ptah ကုမ္ပဏီ တိုးတက်လာတာက စတုတ္ထမျိုးဆက် AI ကို မိတ်ဆက်ပြီးမှပေါ့နော်... အဲဒီမတိုင်ခင်ကတော့... ယဲ့ယွီယွမ်ကို ရုပ်ချောရုံသက်သက်လို့ပဲ အမြဲပြောခဲ့ကြတာလား... ဟားဟားဟား...]

[နေပါဦး... ရုန်းကန်နေရတဲ့ လူငယ်တွေကို အထင်မသေးပါနဲ့...]

[အပေါ်က နှစ်ယောက် အိပ်မက်က နိုးကြပါဦး... ယဲ့ယွီယွမ်က စတုတ္ထမျိုးဆက် AI မတိုင်ခင်ကတည်းက ကမ္ဘာ့ထိပ်တန်း ဘီလျံနာ ၁၀ ယောက်စာရင်းထဲမှာ ပါပြီးသား...ORZ]

Streamerက ကျီစယ်လိုသော အမူအရာဖြင့် ရယ်မောလိုက်၏။

“အမှန်အတိုင်း ပြောရရင် ဒီနေ့ ပိတ်ပွဲမိန့်ခွန်းအတွက် ယဲ့ယွီယွမ်ကို မရွေးချယ်ခဲ့ရင် ကျွန်မတို့အနေနဲ့ သူ ဒီလောက်အထိ စကားအများကြီး ပြောတာကို ကြားရဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး...”

ယဲ့ယွီယွမ် စကားပြောရန် ဝန်လေးတတ်ခြင်းက လုပ်ငန်းခွင်အတွင်း လူသိများလှ၏။ ထို့ကြောင့် ယခုကဲ့သို့ စင်မြင့်ကြီးထက်တွင် ရပ်တန့်လျက် လူအများကို ဂရုမစိုက်ဟန်ဖြင့် ငုံ့ကြည့်နေသည့် အချိန်ကျမှသာ လူအများက သိရှိလိုက်ကြရသည်။

သူ၏အသံက အမှန်တကယ်ပင် သာယာလွန်းလှသည်။

Streamerနှင့် ကြည့်ရှုသူများ စကားပြောဆိုနေကြစဉ် ပိတ်ပွဲအခမ်းအနား ပြီးဆုံးရန် နီးကပ်လာခဲ့သည်။

“ဘာပဲဖြစ်ဖြစ် နွေရာသီဒါးဗို့စ်ဖိုရမ်ကလည်း အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ... ကျွန်မတို့အနေနဲ့...”
Streamerအသံက ရုတ်တရက် ရပ်တန့်သွား၏။

တစ်ခုခုတော့ မှားနေပြီ...

“...ကျော်ဖြတ်ရမယ့် နည်းပညာဆိုင်ရာ အတားအဆီးတွေ ရှိနေပါသေးတယ်... လူသားတွေအနေနဲ့...”

ယဲ့ယွီယွမ်၏ အသံက စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
သူ၏နက်မှောင်ပြီး နက်ရှိုင်းလှသော မျက်ဝန်းအစုံက မသိမသာ တုန်လှုပ်သွားရ၏။

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူက မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့၊ ရပ်တန့်သွားမှုက စိတ်ကူးယဉ်သက်သက်သာ ဖြစ်သွားသကဲ့သို့ပင် မိန့်ခွန်းကို အဆင်ပြေချောမွေ့စွာ ဆက်လက်ပြောကြားသွားခဲ့သည်။

သို့သော် လူအများအပြားက ထိုအချက်ကို သတိပြုမိလိုက်ကြ၏။

[နေပါဦး... ခုနက သူ ခဏလောက် ငြိမ်သွားတာလား...]

[မိန့်ခွန်းစာသားတွေ မေ့သွားတာလား... မဖြစ်နိုင်တာ... ယဲ့ယွီယွမ်မှာ အရာရာကို ပြီးပြည့်စုံစေချင်တဲ့ စိတ်ရောဂါမျိုး ရှိတာမဟုတ်ဘူးလား... သူက အမြဲတမ်း အရာရာကို အပြစ်ဆိုဖွယ်မရှိအောင် လုပ်တတ်တာ...]

[စက္ကန့်ပိုင်းလေးတင်ပါ... အများကြီး မတွေးပါနဲ့...]

ပိတ်ပွဲအခမ်းအနားက လျင်မြန်စွာ ပြီးဆုံးသွားခဲ့ရ၏။

တင်းကျပ်လှသော လုံခြုံရေးအစောင့်အရှောက်များအောက်တွင် ယဲ့ယွီယွမ်က စင်မြင့်ထက်မှ ဆင်းလာခဲ့သည်။ လူအများအပြားက သူ့ထံသို့ လာရောက်ကာ စကားပြောဆိုရန်နှင့် လက်ဆွဲနှုတ်ဆက်ရန် ပြင်ကြ၏။

သို့သော် သူက တိတ်ဆိတ်နေဆဲဖြစ်ပြီး ခေါင်းညိတ်ပြရုံမျှသာ ပြုလုပ်လျက် အခမ်းအနားကျင်းပရာနေရာမှ ထွက်ခွာခဲ့သည်။

*

“ဥက္ကဌယဲ့...”
သူ့အတွင်းရေးမှူးဝမ်ချမ်းက နောက်မှ ကပ်လျက် လိုက်ပါလာရင်း တိုးညှင်းစွာ ပြောလိုက်၏။
“ဒါက အချိန်ဇယားပါ... ဒီညမှာ ဥက္ကဌအနေနဲ့ ပရဟိတဂါလာပွဲတစ်ခုကို တက်ရောက်ရပါမယ်... အဲဒီနောက်မှာတော့...”

ယဲ့ယွီယွမ်က လက်ကိုမြှောက်ကာ 'ခဏစောင့်' ဟူသော အမူအရာ ပြုလုပ်လိုက်၏။

သူက ဆူညံသံများနှင့် လှုပ်ရှားမှုများကို ချန်ထားခဲ့ကာ ထောင့်စွန်းတစ်နေရာသို့ လှမ်းဝင်ခဲ့သည်။

ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်တန့်လျက် လက်ကိုမြှောက်ကာ သူ၏ ဘလူးတုနားကြပ်အသေးလေးကို နှိပ်လိုက်၏။

တစ်ဖက်မှ AI လက်ထောက်က မေးမြန်းလာခဲ့သည်။
“ကျွန်တော် အခုပဲ ဖွင့်ပြရမလား...”

ယဲ့ယွီယွမ်: "အင်း..."

—လွန်ခဲ့သော ဆယ်မိနစ်ခန့်က...ပိတ်ပွဲအခမ်းအနား၌...

လူအများ ထင်ကြေးပေးနေကြသကဲ့သို့ ယဲ့ယွီယွမ် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားခဲ့ရခြင်းက မိန့်ခွန်းစာသားများ မေ့သွားခြင်းကြောင့် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အရေးပေါ်အခြေအနေမှလွဲ၍ ဝင်ရောက်ပြောဆိုခြင်းမပြုရန်အတွက် အနှောင့်အယှက်မပေးရန်modeသတ်မှတ်ထားသော AI က ဘလူးတုနားကြပ်မှတစ်ဆင့် သူ့ကို စကားပြောလာခဲ့ခြင်းကြောင့် ဖြစ်၏။

“အရေးကြီးတဲ့ အချက်အလက်တစ်ခုကို စစ်ဆေးတွေ့ရှိရပါတယ်...”

ထိုအရေးကြီးသောအချက်အလက်က ဗီဒီယိုတစ်ခု ဖြစ်၏။

ယဲ့ယွီယွမ်က ထိုနေရာတွင် ရပ်တန့်လျက် ဗီဒီယိုတစ်ခုလုံးကို တိတ်ဆိတ်စွာဖြင့် ကြည့်ရှုနေမိ၏။

ထိုရိုက်ကူးချက်က နန်မြို့တော်၏ မြို့ပြင်ဘက်တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး နောက်ခံဆူညံသံများ ပါရှိနေခဲ့သည်။

အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ်နှင့် လူငယ်လေးတစ်ဦးက လူအုပ်အလယ်တွင် ရပ်နေပြီး သူ၏လက်ချောင်းထိပ်တွင် ငှက်ငယ်လေးတစ်ကောင် နားခိုနေသည်။

ဗီဒီယိုအရည်အသွေး နိမ့်ပါးလွန်းလှသဖြင့် ဝေဝါးနေပြီး AI က အချက်အလက်များကို ပြန်လည်ပြုပြင် မြှင့်တင်ပေးခဲ့သော်လည်း ဗီဒီယိုထဲမှ လူ၏အသေးစိတ် ရုပ်သွင်ကို အပြည့်အဝ ပြန်လည်မဖော်ထုတ်နိုင်ခဲ့ချေ။

ယဲ့ယွီယွမ်၏ မျက်နှာအမူအရာက အမြဲတမ်းကဲ့သို့ပင် တည်ငြိမ်အေးစက်နေဆဲ ဖြစ်၏။

နောက်ဆုံးအဆုံးသတ်ကျမှသာ သူက  á€™á€ťá€€á€şá€œá€Żá€śá€¸á€™á€ťá€Źá€¸á€€á€­á€Ż မှိတ်လိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။

...သူ၏သက်ပြင်းချသံက မသိမသာ တုန်ယင်နေခဲ့သည်။

×××××

ဖန်ဟွိုက်တစ်ယောက် မြို့ပြစည်ပင်သာယာအရာရှိများနှင့် တိုးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူ၏ဖျော်ဖြေမှုမှ ရရှိထားသော ဝင်ငွေထက်ဝက်ကျော်ကို ထားရစ်ခဲ့ရပြီး အိတ်ကို ကမန်းကတန်းဆွဲကာ ထွက်ပြေးရန်အတွက်ပင် အချိန်လုခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် တောင်ပေါ်ဒေသတွင် ကြီးပြင်းလာခဲ့ရသောကြောင့် သူ့ထံ၌ ထူးကဲလှသော ကိုယ်လက်ကြံ့ခိုင်မှုနှင့် ဇွဲလုံ့လရှိနေသည်။ ထိုအရာရှိများကို ဆယ်မိနစ်ကျော်ခန့် လိုက်လံပတ်ပြေးစေခဲ့ပြီးနောက် သူက အောင်မြင်စွာဖြင့် လွတ်မြောက်လာခဲ့သည်။

သူက ချွေးများကို သုတ်လိုက်ရင်း အဝတ်အိတ်အသေးလေးတစ်ခုကို ထုတ်ကာ သူ၏ငွေများကို ရေတွက်လိုက်၏။

သူ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ၂၅ ယွမ်နှင့် ၃၀ဆင့်မျှသာ ရှိသည်။

“...မလောက်ဘူး...”
သူက စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။

ငါ ငွေပိုရှာဖို့ လိုနေသေးတယ်...

သို့သော် လမ်းဘေးဖျော်ဖြေမှု ထပ်မံပြုလုပ်မည်ဆိုပါက မြို့ပြစည်ပင်သာယာအရာရှိများနှင့် ထပ်မံတိုးနိုင်ချေရှိသည်။

ဒါဆို ငါ ဘယ်လိုမျိုး ငွေရှာလို့ ရနိုင်ဦးမလဲ...

သူ၏အကြည့်များက အနီးအနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုဆီသို့ ရောက်ရှိသွား၏။ နောက်ခံတွင် မြင့်မားလှသော မိုးမျှော်တိုက်ကြီးများက ပေါ်ထွက်နေပြီး အဝါရောင်ဦးထုပ်ဆောင်းထားသော အလုပ်သမားများက ထိုလုပ်ငန်းခွင်အတွင်း အစက်အပြောက်ကလေးများကဲ့သို့ လှုပ်ရှားနေကြသည်။

ဖန်ဟွိုက် : “ဟမ်းးး...”

အုတ်စီတာ...

ဒါက အဆင်ပြေနိုင်တာပဲ…

နှစ်နာရီအကြာတွင် ဖန်ဟွိုက်က အလုပ်သမားခေါင်းဆောင်ထံမှ သူ၏နေ့တွက်ခကို ရရှိခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ခွာလာခဲ့သည်။

သို့သော် သူက ဤမြို့တော်သို့ အသက်ရှင်ရုံသက်သက်အတွက်သာ လာခဲ့ခြင်းမဟုတ်ချေ။

အခြားအကြောင်းရင်းများလည်း ရှိနေသေးသည်။

“မင်းက မြင့်မားတဲ့နေရာမှာ ရပ်တည်ရမယ်... လူအများကြီးရဲ့ မြင်ကွင်းထဲမှာ ရှိနေရမယ်... ပြီးတော့ လူအများကြီးရဲ့ ချစ်ခင်မှုကို ရရှိရမယ်...”

၎င်းက ဖန်ကျန့်ကော မသေဆုံးမီက ပြောခဲ့ဖူးသော စကားများပင် ဖြစ်၏။

ဖန်ဟွိုက်အနေဖြင့် ဖန်ကျန့်ကော ဖြစ်စေချင်သော လူစားမျိုးဖြစ်လာရန် စိတ်ဝင်စားမှုမရှိချေ။ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကလည်း သာယာလှပသော မြေးအဖိုး ဆက်ဆံရေးမျိုးနှင့် အလှမ်းဝေးလှသည်။

ဖန်ဟွိုက်အတွက်မူ ထိုလူအိုကြီးက ထူးဆန်းပြီး သူငယ်ချင်းမရှိဘဲ မိမိကိုယ်ကိုယ်သာ အမှန်ဟု ထင်နေတတ်သည့် လူအိုကြီးတစ်ဦးမျှသာ ဖြစ်သည်။

လမ်းဘေးတစ်နေရာတွင် ကြီးမားလှသော LED  á€€á€źá€ąá€Źá€şá€„á€źá€Źá€†á€­á€Żá€„á€şá€¸á€˜á€Żá€á€şá€€á€źá€Žá€¸á€á€…á€şá€á€Żá€€ Starlight ၏ လူသစ်ခေါ်ယူခြင်း ကြော်ငြာကို ပြသနေသည်။

အစီအစဉ်က ပြင်ဆင်မှုအဆင့်တွင်သာ ရှိနေသေးပြီး ပြိုင်ပွဲဝင်များကို အပြင်းအထန် စည်းရုံးနေခြင်း ဖြစ်သည်။ ၎င်း၏ ကြော်ငြာပစ္စည်းများမှာ နေရာအနှံ့ ရှိနေသဖြင့် ဖန်ဟွိုက်တစ်ယောက် မြို့ထဲတွင် လမ်းလျှောက်နေစဉ်အတွင်း ထိုကြော်ငြာများကို အနည်းဆုံး သုံးလေးကြိမ်မျှ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ထို့ပြင် Starlight ၏ ဆောင်ပုဒ်ကလည်း “မြင့်မားတဲ့နေရာမှာ ရပ်တည်ပြီး လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေဆီ အရောက်လှမ်းချင်ပါသလား...” ဟူ၍ ဖြစ်သည်။

ဖန်ဟွိုက်က လမ်းဘေးတွင် ရပ်တန့်လိုက်သည်။ အုတ်စီထားရခြင်းကြောင့် ပေကျံနေသော ဖုန်မှုန့်အချို့မှာ သူ၏နှာခေါင်းထိပ်တွင် ကပ်ငြိနေဆဲ ဖြစ်၏။ သူက ခေါင်းကို အနည်းငယ်မော့ကာ ထိုစာသားကို ထပ်ခါတလဲလဲ ဖတ်ရှုနေမိသည်။

*

နာရီဝက်ခန့်အကြာ...

Starlight Entertainment အဆောက်အအုံ၊ ၄ လွှာ – Stellar Light Trainee အမည်စာရင်းပေးသွင်းရာနေရာ၌...

ဖန်ဟွိုက်က တံခါးကို ခေါက်လိုက်၏။ ခွင့်ပြုချက်ရရှိပြီးနောက် သူက အတွင်းသို့ လှမ်းဝင်ကာ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

ဝန်ထမ်းဖြစ်သူ လီချွန်းဖန်က စိတ်ပါလက်ပါမရှိဘဲ ဝေ့ပေါ် ပွတ်နေခဲ့သည်။ အချိန်က ညနေ ၅ နာရီနီးပါး ရှိနေပြီဖြစ်သဖြင့် အလုပ်ဆင်းရန် မိနစ်ပိုင်းမျှသာ လိုတော့၏။

“ကောင်းပြီလေ...”
လီချွန်းဖန်က သက်ပြင်းတစ်ချက်ချရင်း ဝေ့ပေါ်မှ ထွက်လိုက်သည်။

သူမက ပျင်းရိစွာဖြင့် အကြည့်တစ်ချက် ပေးလိုက်၏။
“လူငယ်လေး... မင်းနာမည်က ဘယ်သူလဲ... မင်းမှာ ဘာအရည်အချင်း ရှိလဲ...”

Stellar Light သည် Starlight Entertainment အောက်ရှိ အဆိုနှင့် အက idol များကို ဦးစားပေးသည့် အရည်အချင်းပြ survival show တစ်ခု ဖြစ်၏။ 

လျှောက်ထားသူအများစုက အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းကြခြင်းဖြစ်ပြီး ယခုကဲ့သို့ လူကိုယ်တိုင် လာရောက်စာရင်းပေးသူ အလွန်နည်းပါးလှပြီး ဖန်ဟွိုက်အပါအဝင် သူမအနေဖြင့် တစ်နေ့လုံးတွင် သုံးဦးတည်းကိုသာ မြင်တွေ့ခဲ့ရသည်။

ဖန်ဟွိုက်က တောင့်တောင့်ကြီး ထိုင်နေမိပြီး စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
“ကျွန်တော်က ဖန်ဟွိုက်ပါ... ကျွန်တော် လုပ်နိုင်တာက...”

သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
“ကျွန်တော် သီချင်းဆိုနိုင်ပါတယ်...”

လီချွန်းဖန်က သူ၏မျက်နှာကို အကြာကြီး စိုက်ကြည့်နေမိပြီးနောက်မှ အံ့သြသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။

ဒီလိုမျက်နှာမျိုးကတော့... ရှားမှရှားပဲ...

သူ၏မျက်နှာအရိုးတည်ဆောက်ပုံက ထူးခြားလွန်းပြီး အပြစ်ဆိုဖွယ်မရှိအောင် ပြည့်စုံလွန်းလှသည်။ သူက ဖုန်မှုန့်များ ပေကျံနေကာ ခရီးပန်းလာသည့်ပုံစံ ရှိနေသော်လည်း သူ၏သဘာဝအတိုင်း သန့်ရှင်းစင်ကြယ်နေသော ချောမောမှုက ထင်ဟပ်နေဆဲ ဖြစ်သည်။ 

သူ၏ ဖြူဖွေးချောမွေ့နေသော အသားအရေ၊ သဘာဝအတိုင်း အပေါ်သို့ အနည်းငယ်ကော့ညွတ်နေသော နှုတ်ခမ်းလွှာနှင့် အောက်သို့ အနည်းငယ် ငိုက်ကျနေသော မျက်ဝန်းများက သန့်စင်မှုကို ပေးစွမ်းနေပြီး တိတ်ဆိတ်သော ခေါင်းမာမှုများဖြင့် ရောပြွမ်းနေခဲ့သည်။

ဖျော်ဖြေရေးလောကတွင် ကျင်လည်နေသူတစ်ဦးအနေဖြင့် လီချွန်းဖန်သည် လှပသော မျက်နှာများစွာကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုကဲ့သို့ သဘာဝအတိုင်း ပြုပြင်မွမ်းမံထားခြင်းမရှိဘဲ ထူးကဲလှသော မျက်နှာမျိုးက အလွန်ပင် ရှားပါးလှသည်။ 

သူ၏ မျက်နှာအရိုး တည်ဆောက်ပုံက အပြစ်ပြောဖွယ်ရာ မရှိသည့်အပြင် မည်သည့်ပုံစံမျိုးနှင့်မဆို လိုက်ဖက်နိုင်စွမ်း ရှိသည်။၎င်းက သဘာဝအတိုင်း ပါရမီပါလာပြီး ကြယ်ပွင့်တစ်ပွင့်ဖြစ်ရန်အတွက် မွေးဖွားလာရသည့် ရုပ်ရည်မျိုးပင် ဖြစ်၏။

ထို့ပြင် သူ၏အရှိန်အဝါကလည်း ထူးခြားလှသည်။

၎င်းမှာ... ဖော်ပြရန် ခက်ခဲကာ သန့်ရှင်းကြည်လင်ပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။

လီချွန်းဖန်က ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်၏။
“ကောင်းပြီလေ... ငါ့အတွက် သီချင်းတစ်ပုဒ်လောက် ဆိုပြပါဦး...”

ဖန်ဟွိုက်က ခေါင်းညိတ်ပြလိုက်သည်။

သူက လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး သူ အကျွမ်းကျင်ဆုံးဖြစ်သော ကိုယ်တိုင် ရေးစပ်ထားသည့် 'သားရဲပေါက်လေးများ၏ ကြီးထွားမှု' သီချင်း ကို သီဆိုလိုက်သည်။

မူလ၌ သူ၏ ဒေသန္တရစကားဖြင့် သီဆိုရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးစက္ကန့်တွင် ထိုစကားကို လူအနည်းငယ်သာ နားလည်နိုင်မည်ကို သတိရသွားခဲ့သည်။

ဤအရာက ပြိုင်ပွဲတစ်ခုဖြစ်သဖြင့် သူက မန်ဒရင်း ဘာသာစကားဖြင့် စာသားများကို ရုတ်တရက် ချက်ချင်း ပြောင်းလဲစပ်ဆိုလိုက်ခြင်း ဖြစ်၏။ 

စာသားအသစ်များက 'သားရဲပေါက်လေးများ' နှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။

ထို့ကြောင့်ပင် သီချင်းက လမ်းဘေးတွင် ဖျော်ဖြေခဲ့စဉ်ကကဲ့သို့ ချောမွေ့ခြင်း သို့မဟုတ် သဘာဝကျခြင်းမျိုး မရှိတော့ပေ။

သို့သော် ယခုအကြိမ်တွင် သူ သီချင်းဆိုပြီးသွားသောအခါ လီချွန်းဖန်၏ တုံ့ပြန်မှုက ထူးဆန်းနေသည်။

“ဒါကို မင်း ကိုယ်တိုင်ရေးတာလား...”
သူမက သဘောကျဟန်ဖြင့် မေးမြန်းလိုက်၏။

ဖန်ဟွိုက်က ဝေခွဲမရဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

လီချွန်းဖန်က “အိုးးး...” ဟု သံရှည်ဆွဲကာ ရေရွတ်လိုက်ပြီးနောက် မေးလိုက်၏။
“လူငယ်လေး...မင်းက လင်းလွေ့ရဲ့ ဖန်တစ်ယောက်မလား...”

ဖန်ဟွိုက် : “?”

သူမက သူ့ကို ခေါင်းစခြေဆုံး လေ့လာလိုက်ပြီး သူမ၏အကြည့်များက သဘောပေါက်သွားသည့် အရိပ်အယောင်များ ရှိနေသည်။

“သူ့ရဲ့ အဝတ်အစားကိုတောင် ဒီလောက်အထိ မြန်မြန်ဆန်ဆန် တုပဝတ်ထားတာပဲ... မဆိုးပါဘူး... တော်တော်လေး တူပါတယ်...”
သူမက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ပြီးတော့ အမှန်အတိုင်း ပြောရရင် မင်းရဲ့ သီချင်းဆိုပုံက သူ့ရဲ့အသံနဲ့ နည်းနည်းဆင်တူနေသလိုပဲ... ဒါပေမဲ့ စာသားတွေကတော့ လုံးဝကွဲပြားနေပြီး မင်းရဲ့ သီဆိုပုံက တချို့နေရာတွေမှာ အဆင်မပြေဖြစ်နေတယ်... တကယ် အောင်မြင်တာကတော့ မင်းရဲ့ အသံတစ်ခုတည်းပဲ...”

ဖန်ဟွိုက် : “...?”

သူက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
“ဒါကို ကျွန်တော်ကိုယ်တိုင် ရေးထားတာပါ... လင်းလွေ့ဆိုတာ ဘယ်သူလဲ... ကျွန်တော် မသိပါဘူး...”

သူက လီချွန်းဖန် ပြောနေသည့်စကားများကို နားလည်ရန် ကြိုးစားနေသော်လည်း ခက်ခဲနေသည်။

...လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ fan ဖြစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ...

“အို... လူငယ်လေးက ငါ ဝေ့ပေါ် မသုံးဘူးထင်လို့ လာနောက်နေတာလား...”
လီချွန်းဖန်က လက်ခါပြလိုက်၏။
“ဘာပဲဖြစ်ဖြစ် ငါ အလုပ်ဆင်းတော့မယ်... လူငယ်လေး သွားလို့ရပါပြီ...”

“စာရင်းပေးသွင်းဖို့ကရော...”
ဖန်ဟွိုက်က ခဏမျှ ကြောင်အသွားရ၏။

“အချိန်ကျော်သွားပြီ... စာရင်းပေးသွင်းတာက ဒီနေ့အတွက် ပိတ်သွားပြီ... မနက်ဖြန်မှ ပြန်လာခဲ့ပါ...”
လီချွန်းဖန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်၏။

သူမက အမှန်တကယ်တွင် လင်းလွေ့၏ အမာခံပရိသတ်တစ်ဦး ဖြစ်ပြီး “မာမားဖန်” ဟု ခံယူထားသူ ဖြစ်သည်။

သူမက ယနေ့မွန်းလွဲပိုင်းက လင်းလွေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် ကြည့်ရှုခဲ့သည်။

အစပိုင်းတွင် သူမအနေဖြင့် ဤလူငယ်လေးအပေါ်  á€Ąá€™á€źá€„á€şá€€á€ąá€Źá€„á€şá€¸á€›á€žá€­á€á€˛á€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ယခုမူ ထိုသို့မဟုတ်တော့ချေ။

သူမက မတ်တတ်ရပ်လိုက်ပြီး ဖန်ဟွိုက်ကို တံခါးအပြင်ဘက်သို့ ပို့ဆောင်လိုက်ကာ သူ၏ပုခုံးကို မိခင်တစ်ဦးကဲ့သို့ ပုတ်လျက် အကြံပြုလိုက်၏။

“နားထောင်စမ်းပါ လူငယ်လေးရယ်...”
သူမက အကြံပေးလိုက်သည်။
“သူတစ်ပါးပိုင်ဆိုင်တဲ့အရာတွေကို အမြဲတမ်း ရယူဖို့ မကြိုးစားနဲ့... ကိုယ့်လမ်းကိုယ်သာ လျှောက်ပါ...”

ဖန်ဟွိုက်က ဇဝေဇဝါဖြစ်သွားသော်လည်း ပြန်လည်ဖြေကြားလိုက်ဆဲ ဖြစ်၏။
“အိုး...”

သူက တုံ့ဆိုင်းနေပြီးမှ ပြန်လည်ရှင်းပြရန် ကြိုးစားလိုက်သည်။
“ကျွန်တော် မ—”

ကျွန်တော် ဘာမှ မခိုးခဲ့ပါဘူး...

ဒုန်း...

တံခါးက သူ့မျက်နှာရှေ့၌ပင် ပိတ်သွားခဲ့သည်။

“ကျွန်တော် မခိုးခဲ့ပါဘူး...”
သူက ခဏအကြာတွင် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

သူက တံခါးကို ထပ်မံခေါက်လိုက်၏။
“ကျွန်တော် သူများရဲ့လက်ရာကို မခိုးခဲ့ပါဘူး... ဒီသီချင်းက ကျွန်တော့်သီချင်းပါ...”

တိတ်ဆိတ်နေသော စင်္ကြံလမ်းက သူ၏စကားသံများကို ဝါးမြိုသွားခဲ့သည်။ သူ့စကားကို နားထောင်ပေးမည့်သူ မည်သူမျှ မရှိချေ။

သို့သော် သူက ခေါင်းမာစွာဖြင့်ပင် သူ၏စကားကို ဆုံးအောင်ပြောလိုက်ပြီး သက်ပြင်းတစ်ချက် ညင်သာစွာချလျက် ထိုအဆောက်အအုံမှ လှည့်ထွက်လာခဲ့သည်။

×××××

Author’s Note : ဗီလိန်ကတော့ အကြာကြီး ခုန်ပေါက်နိုင်မှာ မဟုတ်ပါဘူး... ဒီဇာတ်လမ်းရဲ့ မျက်နှာဖြတ်ရိုက်ခန်းတွေက လျင်မြန်ပြီး အားရစရာကောင်းမှာမို့လို့ ဘာမှ စိတ်မပူကြပါနဲ့နော်…

🪽🪽🪽

🪽 Chapter 4

ဖန်ဟွိုက်တစ်ယောက် Starlight Entertainment ၏ ရုံးအဆောက်အအုံပြင်ပသို့ လှမ်းထွက်လာသည့်အချိန်တွင် မှောင်စပြုနေပြီ ဖြစ်၏။

ညအတွက် တည်းခိုမည့်နေရာကို မရှာဖွေမီ သူက ညစာအရင်စားရန် ဆုံးဖြတ်လိုက်၏။

သူက ကုန်စုံဆိုင်တစ်ဆိုင်အတွင်းသို့ လှမ်းဝင်ခဲ့ပြီး ၃.၉၉ ယွမ်ဟု စျေးနှုန်းကပ်ထားသော ဘီစကစ်တစ်ထုပ်ကို ယူကာ ငွေရှင်းကောင်တာသို့ သွားလိုက်၏။

ငွေကိုင် : “Wechat လား Alipay လား...”

သူမက ဖန်ဟွိုက်ကို...အထူးသဖြင့် မျက်နှာကို မထိန်းနိုင်ဘဲ ထပ်မံကြည့်ရှုလိုက်မိသည်။

ဖန်ဟွိုက် : “ငွေသားပါ...”

သူက ဟောင်းနွမ်းနေသော အဝတ်အိတ်လေးအတွင်းသို့ လက်လှမ်းနှိုက်ကာ ဒင်္ဂါးပြား ဆယ်ပြားကျော်ကို ထုတ်ယူလိုက်၏။ ၎င်းတို့အနက် ကိုးပြားမှာ အလွန်ဟောင်းနွမ်းလှသဖြင့် သုံးစွဲခြင်းမရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ဟန်ပေါ်သည်။ စုစုပေါင်း အတိအကျ ၃.၉၉ ယွမ် ဖြစ်၏။

ငွေကိုင် : “…”

*

ကုန်စုံဆိုင် အပြင်ဘက်...

တိတ်ဆိတ်လှသော လမ်းမပေါ်တွင် Maybach ကားတစ်စီး ရပ်တန့်သွားသည်။

အတွင်းရေးမှူးက ကားအပြင်သို့ လှမ်းထွက်လာပြီး အနောက်တံခါးကို ဖွင့်ပေးလိုက်၏။

အဆင့်မြင့် သားရေဖိနပ်တစ်စုံက လမ်းမပေါ်သို့ ထိတွေ့လိုက်ရာ သာမန် ကွန်ကရစ်လမ်းမထက်တွင် လုံးဝ ကွဲပြားခြားနားစွာ ရှိနေသည်။

ဖန်ဟွိုက်က ဘီစကစ်ထုပ်ကို ကိုက်ဖောက်လိုက်ရင်း အဝတ်အိတ်လေးအတွင်းရှိ ကျန်ရှိနေသော ဒင်္ဂါးပြားများကို သေသပ်စွာ စီလိုက်သည်။ ထို့နောက် သူက ဆိုင်အပြင်သို့ လှမ်းထွက်ခဲ့၏။

အလိုအလျောက်တံခါးများက ပွင့်သွားသည်။

သူ အပြင်ဘက်သို့ လှမ်းလိုက်သည့် ခဏ၌ပင် သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရ၏။လမ်းဘေးမီးတိုင်၏ အလင်းရောင်အောက်တွင် အမျိုးသားတစ်ဦးက တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သူက အရပ်ရှည်ရှည်နှင့် စနစ်တကျချုပ်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ကြီးကျယ်လှသော အခမ်းအနားတစ်ခုခုမှ ပြန်လာခဲ့ပုံရသည်။ နူးညံ့သောအလင်းရောင်က သူ၏ကျယ်ပြန့်သော ပုခုံးများနှင့် ထူးခြားလှပသော မျက်နှာသွင်ပြင်များအပေါ်  á€€á€ťá€›á€ąá€Źá€€á€şá€”္သဖဟငအ် လူသားတစ်ဦးထက် ကျော်လွန်နေသကဲ့သို့ ရှိနေသည်။

သူ၏ ထိုးဖောက်နိုင်စွမ်းရှိပြီး နက်မှောင်နေသော မျက်ဝန်းများက အေးခဲနေသည့် ကန်ရေပြင်ကဲ့သို့ အေးစက်နက်ရှိုင်းလှပြီး ဖန်ဟွိုက်ထံသို့ ခန့်မှန်း၍မရနိုင်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

*

တစ်ချိန်တည်း၌ပင် နန်မြို့တော် မြို့သစ်စီမံကိန်း နယ်မြေရှိ အဆင့်မြင့် ကလပ်တစ်ခု၌...

ဤကလပ်သည် ၎င်း၏ အဆင့်အတန်းမြင့်မှုနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းမှုတို့ကြောင့် ကျော်ကြားပြီး အနုပညာရှင်များနှင့် လူသိများ ကျော်ကြားသူများအတွက် အကြိုက်ဆုံးနေရာတစ်ခု ဖြစ်သည်။

မီးရောင်များက မှိန်ပျပျရှိနေပြီး ပတ်ဝန်းကျင်မှာ အပန်းဖြေနိုင်ရန်အတွက် သန့်စင်လှသည်။ လူများက အုပ်စုလေးများ စုဖွဲ့၍ ထိုင်နေကြပြီး အံစာတုံးလှိမ့်ခြင်းနှင့် အရက်သောက်ခြင်းများ ပြုလုပ်နေကြသော်လည်း မည်သူမျှ ရိုင်းစိုင်းစွာ ပြုမူနေခြင်း မရှိကြချေ။

သို့သော် ဖုန့်လန်က ယနေ့ညတွင် စိတ်ပါဝင်စားမှု မရှိချေ။ သူက မည်သည့်ကစားပွဲတွင်မျှ ပါဝင်ခဲ့ခြင်း မရှိပေ။ သူ ထိုင်လိုက်သည့် အချိန်မှစ၍ သူ၏ဖုန်းကိုသာ စိတ်ပါလက်ပါမရှိဘဲ ပွတ်နေခဲ့ခြင်း ဖြစ်၏။

“သရုပ်ဆောင်ဖုန့်... ပျော်စရာတွေကို ပျက်အောင် မလုပ်ပါနဲ့...” 
ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး သူ၏ သောက်ဖော်သောက်ဖက်တစ်ဦးလည်းဖြစ်သူက သူ့ကို စည်းရုံးရန် ကြိုးစားလိုက်သည်။
“ဒီကို ရောက်နေပြီပဲဟာ... အနည်းဆုံးတော့ အရက်တစ်ခွက်လောက် သောက်ပါဦးလား...”

“အမ်းးး...”
ဖုန့်လန်က ပျင်းရိစွာဖြင့် သူ၏ဖုန်းကို ဆက်လက်ပွတ်နေပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းထားလျက် ဂရုမစိုက်ဟန် ရှိနေသည်။ သူ၏ဖျော့တော့သော မျက်ဝန်းများက ဘား၏ မှိန်ပျပျမီးရောင်အောက်တွင် တောက်ပနေ၏။

“ကောင်းပြီလေ... မင်း ငါ့ကို တိုက်မှာလား...”
သူ၏အသံက တိုးညှင်း၍ ချောမွေ့နေပြီး အဆုံးသတ်တွင် ကျီစယ်လိုသော အမူအရာဖြင့် ပျင်းရိလှပသော ပုံစံရှိနေပြီး ကျောချမ်းသွားစေနိုင်သည့် အသံမျိုး ဖြစ်သည်။

ဘား၏ မှိန်ပျပျမီးရောင်က သူ၏ ထင်ရှားလှပသော မျက်နှာ အစိတ်အပိုင်းများအပေါ် အရိပ်များ ကျရောက်နေသည်။ နက်ရှိုင်းသော မျက်ဝန်းများ၊ ပြစ်မျိုးမှဲ့မထင်သော အသားအရေနှင့် ပယင်းရောင်ကဲ့သို့ တောက်ပနေသော မျက်ဝန်းများ ဖြစ်၏။ ဤအချိန်တွင် သူက အလယ်ခေတ်က ပျက်စီးယိုယွင်းနေသော တိတ်ဆိတ်စွာ ပျော်ပါးတတ်သည့် ဆက်ခံသူတစ်ဦးကဲ့သို့ ရှိနေသည်။

“ကျွန်တော့်ကို လာပြီး ဆွဲဆောင်မနေပါနဲ့...”
ထုတ်လုပ်သူက တုန်လှုပ်သွားရင်း သူ၏လက်မောင်းများကို ပွတ်သပ်လိုက်ကာ ဖန်ခွက်ကို ကမ်းပေးလိုက်၏။
“ရော့...”

ဖုန့်လန်က ၎င်းကို လက်ဖြင့် ယူရန်ပင် စိတ်မကူးချေ။ သူ၏ ခေါင်းကို အနည်းငယ်ငုံ့ကာ ဖန်ခွက်၏ အနားသတ်ကို သွားဖြင့် ကိုက်ယူလိုက်ပြီး သူ၏ဖုန်းကို ပွတ်နေဆဲဖြင့်ပင် တိုက်ရိုက်သောက်သုံးလိုက်၏။

သူက ကိုယ်ဟန်အမူအရာကို ပြောင်းလဲလိုက်သည်။ ရှည်လျားသော ခြေထောက်များကို ဆန့်ထုတ်ထားလျက် သူ၏အင်္ကျီအပေါ်ကြယ်သီးများကို ဖြုတ်ထားသဖြင့် သူ၏ညှပ်ရိုးနှင့် သန်မာသော ရင်ဘတ်အချို့ ပေါ်ထွက်နေသည်။

သူက အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ်ရှိပြီး ကျယ်ပြန့်သော ပုခုံးနှင့် ကျဉ်းမြောင်းသော ခါးအချိုးအစား ရှိသည်။ သူ ဆိုဖာပေါ်တွင် မှီထိုင်နေစဉ် သူ၏အင်္ကျီက ကိုယ်ပေါ်တွင် သေသပ်ပုံကျစွာ ကျရောက်နေပြီး သူ၏ခါးလိုင်းပေါ်တွင် တည်ရှိနေသည်မှာ အလွန်ပင် စိတ်ကူးယဉ်ချင်စရာ ကောင်းလှသည်။

သူက ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ဖန်ခွက်အတွင်းရှိ ရွှေဝါရောင်အရည်များကို ဖြည်းညင်းစွာ လှုပ်ရမ်းလိုက်၏။ သူ့မျက်ဝန်းများက သူ့ဖုန်းဆီသို့သာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ထုတ်လုပ်သူ : “ကျစ်...”

ရွှေဝါရောင်အရည်တစ်စက်က ဖုန့်လန်၏ နှုတ်ခမ်းလွှာတွင် ကပ်ငြိနေပြီး ၎င်း၏အရောင်က သူ၏မျက်ဝန်းများနှင့် တူညီနေသည်။

အရက်တစ်ခွက် သောက်သုံးခြင်းကဲ့သို့ သာမန်ရိုးရှင်းအရာတစ်ခုကိုပင် သူက အသက်ကန့်သတ်ချက်ရှိသော ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်အောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။

သူ၏လှုပ်ရှားမှုတိုင်းမှာ သူ့ဆံပင်အထိပင် ဆွဲဆောင်မှု ရှိနေစေရန်အတွက် ဖန်တီးထားသကဲ့သို့ ရှိနေသည်။

သူက စနစ်တကျရှိလှသော သရုပ်ဆောင်တစ်ဦးနှင့် လုံးဝ မတူချေ။

ထုတ်လုပ်သူအနေဖြင့် သူ၏နောက်ခံကို မသိရှိခဲ့ပါက ဤအချိန်တွင် သူ့ကို အခွင့်ကောင်းယူရန် သွေးဆောင်ခြင်း ခံရနိုင်ချေရှိသည်။

“ကျွန်တော် နားမလည်တော့ဘူး...”
ထုတ်လုပ်သူက အနားသို့ တိုးကပ်လိုက်ရင်း သူ၏ဖုန်းကို ချောင်းကြည့်လိုက်၏။
“မင်းဖုန်းထဲမှာ ဘာတွေကများ ဒီလောက်အထိ စိတ်ဝင်စားဖို့ ကောင်းနေတာလဲ...”

သူသည် ဖုန့်လန်က Wechat တွင် မော်ဒယ် အမျိုးသမီးငယ်တစ်ဦးဦးနှင့် စကားပြောနေသည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သော်လည်း ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သောအခါ ၎င်းမှာ ဝေ့ပေါ်သက်သက်သာ ဖြစ်နေသည်။

ပိုမိုတိကျစွာ ပြောရလျှင် ဝေ့ပေါ်မှ ဗီဒီယိုတစ်ခု ဖြစ်၏။

အရည်အသွေးက သိပ်မကောင်းလှချေ။

ရိုက်ချက်က အနည်းငယ် ဝေဝါးနေပြီး လုပ်ငန်းခွင်သုံးဘောင်းဘီနှင့် တီရှပ်ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးက သီချင်းဆိုနေခြင်း ဖြစ်သည်။

ထုတ်လုပ်သူက တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“အို့... လင်းလွေ့ပဲ... ဟမ်...မင်း သူ့ကို စိတ်ဝင်စားလို့လား...”

ဖုန့်လန်၏အကြည့်များက သူ့ဖုန်းဆီမှ မခွာခဲ့သော်လည်း ဤစကားကြောင့် သူက ပျင်းရိစွာဖြင့် သူ၏မျက်ဝန်းများကို ပင့်ကြည့်လိုက်၏။ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိလှသည်။

သူက ဝိုင်ခွက်၏ အနားသတ်ကို ခဏမျှ ကိုက်ထားလိုက်ပြီးနောက် လက်ဖြင့်ကိုင်ယူကာ အေးအေးလူလူ ပြောလိုက်၏။
"လင်းလွေ့ဆိုတာ ဘယ်သူလဲ..."

“ဟမ်...သူပဲလေ... ဒါက သိသာနေတာပဲ...”
ထုတ်လုပ်သူက ဖုန်းကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါက ဒီနေ့ နေ့လည်တုန်းက လင်းလွေ့ လမ်းဘေးမှာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုလေ... ဝေ့ပေါ်တစ်ခုလုံးမှာ ပျံ့နှံ့နေတာ... နေပါဦး...”

သူက ရုတ်တရက် ဖုန့်လန်ကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်ပြီးနောက် တုံ့ဆိုင်းသွားကာ သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်၏။

“ထိပ်တန်းရှာဖွေမှု ခေါင်းစဉ်နှစ်ခုလုံးက ဘေးချင်းကပ်လျက် ရှိနေတာ မဟုတ်ဘူးလား... တစ်နိုင်ငံလုံးကလည်း 'လမ်းဘေးဖျော်ဖြေသူ ကောင်ချောလေး' က လင်းလွေ့ဆိုတာကို သိနေကြပြီလေ... မင်း ဝေ့ပေါ်သုံးနေတာ နာရီဝက်လောက် ရှိနေပြီကို ဒီဗီဒီယိုတစ်ခုတည်းကိုပဲ ကြည့်နေတာလား...”

ထိုအချိန်တွင် ဗီဒီယိုက အဆုံးသို့ ရောက်ရှိသွားခဲ့ရာ ဖုန့်လန်က ၎င်းကို အစသို့ ပြန်လည်ဆွဲယူလိုက်ပြီး ထပ်မံဖွင့်ကြည့်လိုက်ပြန်သည်။

ဖုန့်လန်က ပုခုံးတွန့်ပြလိုက်၏။
“အင်း... ငါ ဒီဗီဒီယိုကို သဘောကျတယ်...”

“လင်းလွေ့ကတော့ ကံကောင်းသွားတာပဲ...”
ထုတ်လုပ်သူက မှတ်ချက်ချလိုက်သည်။

“ဒီဗီဒီယိုကြောင့် သူက ချက်ချင်း နာမည်ကြီးသွားတာလေ... Stellar Light ရဲ့ PDက သူ့ကို ဒိုင်လူကြီးအဖြစ် ဖိတ်ခေါ်ဖို့တောင် စဉ်းစားနေတာ...”

သူက ပြောဆိုရင်း လင်းလွေ့၏ ဝေ့ပေါ် profile ပုံကို ဖွင့်ကာ ဖုန့်လန်ကို ပြသလိုက်၏။
“တွေ့လား... အဲဒါ သူပဲ...”

ဖုန့်လန်က ထိုဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
"ဒါ သူမဟုတ်ဘူး..."

“ဟမ်...”
ထုတ်လုပ်သူက ကြောင်အသွားရ၏။

“လမ်းဘေးဖျော်ဖြေသူက...”
ဖုန့်လန်က ပျင်းရိစွာဖြင့် သူ၏ရှည်လျားပြီး သေသပ်သော လက်ညှိုးကို လေထဲတွင် ဝှေ့ယမ်းလိုက်ပြီးနောက် စားပွဲပေါ်မှ Pocky မုန့်ချောင်းတစ်ခုကို ယူကာ ကိုက်လိုက်ရင်း ပြောလိုက်၏။
"ဒါ သူမဟုတ်ဘူး..."

“ဒါပေမဲ့ သူကိုယ်တိုင် ပြောခဲ့တာလေ...”
ထုတ်လုပ်သူက လင်းလွေ့၏ ဝေ့ပေါ်ကို စစ်ဆေးရင်း တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

နောက်ဆုံးတင်ထားသော ပို့စ်မှာ လွန်ခဲ့သော နာရီအနည်းငယ်ခန့်က ဖြစ်ပြီး ပရိသတ်တစ်ဦး၏ ဝေ့ပေါ်ပို့စ်ကို ပြန်လည်မျှဝေထားခြင်း ဖြစ်ကာ စာလုံးတစ်လုံးတည်းသာ ပါရှိသည်။

လင်းလွေ့ (Diet ပြုလုပ်နေဆဲ) [Verified] : ရှူး...

@လင်းလွေ့ရဲ့ ချစ်စရာလေး : ဒီလမ်းဘေးဖျော်ဖြေသူ သဘာဝလွန်စွမ်းအားပိုင်ရှင် ကောင်ငယ်လေးက ငါတို့ရဲ့ လွေ့လွေ့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား... လွေ့လွေ့က ဘယ်လိုတောင် ချစ်ဖို့ကောင်းနေရတာလဲ... [ဗီဒီယို]

မှတ်ချက်ပေးသည့်နေရာ၌လည်း အလွန်ပင် သာယာလှပနေသည်။

[ချစ်ဖို့ကောင်းလွန်းလို့ သေတော့မယ်... ငါဒီနေ့ကစပြီး လင်းလွေ့ကို လက်ထပ်မယ်လို့ ကြေညာလိုက်ပြီ...]

[အခုကစပြီး ဖန်ဖြစ်သွားပါပြီ...]

[လွေ့လွေ့ရေ...  á€€á€ťá€ąá€¸á€‡á€°á€¸á€•ဟုပဟဎး 
တောင်းဆိုပါတယ်... အယ်လ်ဘမ်တစ်ခုလောက် ထုတ်ပေးပါ... မာမားက သားရဲ့ ရွှေလိုမျိုး အသံလေးကို ဒီလိုမျိုး မြှုပ်နှံထားတာကို လုံးဝခွင့်မပြုနိုင်ဘူး...]

[ဒါက နတ်သက်ကြွေတဲ့ သီဆိုမှုပဲလား... တကယ်ကို နတ်သားလေးပဲ...]

[ခွင့်ပြုပါဦး... မင်း အခုထိ ဖျော်ဖြေနေတုန်းပဲလား... ဒီမှာ စောင့်နေပါတယ်...]

[ဒီသဘာဝလွန်စွမ်းအားက သဘာဝအတိုင်း ရတာလား... ဒါမှမဟုတ် အစိုးရက ထုတ်ပေးတာလား...]

ထုတ်လုပ်သူက သာမန်မျှသာ ဖတ်ရှုနေရင်း ရုတ်တရက် အသိပေးချက်တစ်ခု လက်ခံရရှိလိုက်သည်။

သူ follow ထားသော လူတစ်ဦးထံမှ ဝေ့ပေါ်ပို့စ်အသစ် တင်လိုက်သည့် အသိပေးချက် ဖြစ်၏။

ထိုပို့စ်က လွန်ခဲ့သော စက္ကန့် ၃၀ ကမှ တင်လိုက်ခြင်းဖြစ်ပြီး ဖုန့်လန်ထံမှ ဖြစ်သည်။

၎င်းတွင် ရေးသားထားသည်မှာ...

ဖုန့်လန် [Verified] : ခန့်မှန်းတာ မှားနေတယ်...
@လင်းလွေ့ရဲ့ ချစ်စရာလေး : ဒီလမ်းဘေးဖျော်ဖြေသူ သဘာဝလွန်စွမ်းအားပိုင်ရှင် ကောင်ငယ်လေးက ငါတို့ရဲ့ လွေ့လွေ့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား... လွေ့လွေ့က ဘယ်လိုတောင် ချစ်ဖို့ကောင်းနေရတာလဲ... [ဗီဒီယို]

ထုတ်လုပ်သူ : “...?”

“လင်းလွေ့ရဲ့ ချစ်စရာလေး” ၏ မူရင်းဝေ့ပေါ်ပို့စ်က “လင်းလွေ့က သဘာဝလွန်စွမ်းအားပိုင်ရှင် လူငယ်လေးတဲ့” ဟူသည့် ခေါင်းစဉ်ကို trending စာရင်းထဲသို့ ရောက်ရှိအောင် အစပြုပေးခဲ့သော ပို့စ်ဖြစ်သည်။

ထို့ကြောင့် ဖုန့်လန်က ၎င်းကို ပြန်လည်မျှဝေလိုက်သည့် ခဏ၌ပင် ဝေ့ပေါ်တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

အသိပေးချက်များ အဆက်မပြတ် ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖုန့်လန်က သူ၏ဖုန်းကို ပိတ်လိုက်ပြီး ထိုရုန်းရင်းဆန်ခတ်မှုများကို လျစ်လျူရှုထားလိုက်သည်။

ဝေ့ပေါ်ပေါ်တွင် နှစ်စက္ကန့်မျှ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ပလက်ဖောင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။

×××××

မြို့ဟောင်းဧရိယာ၊ ကုန်စုံဆိုင်ပြင်ပတွင်...

ဖန်ဟွိုက် : “...?”

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။

ဤနေရာက လူသူအနည်းငယ် ဆိတ်ငြိမ်နေ၏။ လူနေအိမ်ခြေ အများစုရှိရာ အရပ်ဖြစ်သဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် လူအများစုက အိမ်၌ ညစာစားနေကြပြီ ဖြစ်သည်။ လမ်းမကြီးတစ်ခုလုံး တိတ်ဆိတ်ခြောက်သွေ့နေသည်။

သို့သော် ထိုအမျိုးသားက သေချာပေါက် သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်၏။

အရပ်ရှည်ရှည်နှင့် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသော အမျိုးသားတစ်ယောက်က လမ်းဘေးမီးတိုင်အောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။

သူ၏ စနစ်တကျချုပ်လုပ်ထားသော အဆင့်မြင့်ဝတ်စုံက ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျရှိနေပြီး အင်္ကျီကို အပေါ်ဆုံး ကြယ်သီးအထိ သေသပ်စွာ တပ်ဆင်ထား၏။ သူ၏ နှုတ်ခမ်းပါးများက တင်းတင်းစေ့ထားလျက် နက်မှောင်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းအစုံက ဖန်ဟွိုက်ထံသို့ တည့်တည့်စိုက်ကြည့်နေသည်။

သူ၏ အကြည့်များက အေးစက်လွန်းလှပြီး မည်သည့်နွေးထွေးမှု အရိပ်အယောင်မျှ မရှိချေ။

အကွာအဝေးတစ်ခုမှပင် ဖန်ဟွိုက်အနေဖြင့် သူ၏ ထက်မြက်လှသော မျက်နှာသွင်ပြင်များကို အထင်အရှား မြင်တွေ့နေရသည်။ သူ၏ အလွန်အမင်း ချောမောလှပသော မျက်နှာက အဓိပ္ပာယ်မရှိလောက်အောင်ပင် ပြီးပြည့်စုံလွန်းနေသည်။ မြင့်မားပြီး ဖြောင့်စင်းနေသော နှာတံ၊ နှုတ်ခမ်းပါးများနှင့် လမ်းဘေးမီးရောင်အောက်ရှိ အေးစက်တည်ငြိမ်သော အရှိန်အဝါများအထိ ဖြစ်၏။

ဖန်ဟွိုက် : “…”

သူက မသိစိတ်အရ ခြေလှမ်းဝက်ခန့် နောက်သို့ဆုတ်လိုက်မိပြီး အခြားလမ်းတစ်လမ်းမှ ပတ်သွားချင်စိတ်ပင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ရသည်။

သို့သော် သူ မလှုပ်ရှားမီ၌ အခြားလူတစ်ဦးက ရုတ်တရက် ရှေ့သို့လှမ်းထွက်လာပြီး သူ့လမ်းကို ပိတ်ဆို့လိုက်သည်။

အမှန်တကယ်၌ လမ်းဘေးမီးတိုင်အောက်မှ အမျိုးသား၏ အရှိန်အဝါက အလွန်အမင်း ကြီးမားလွန်းနေသောကြောင့် ဖန်ဟွိုက်အနေဖြင့် သူ့ဘေးတွင် အခြားလူတစ်ဦး ရပ်နေသည်ကိုပင် သတိမပြုမိခဲ့ခြင်း ဖြစ်သည်။

ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ဆံပင်အနည်းငယ် ပါးနေသည့် လူငယ်လေးက စာရွက်စာတမ်းအိတ်နှင့် စာချုပ်တစ်ခုကို ကိုင်ဆောင်လျက် ဖန်ဟွိုက်၏ရှေ့တွင် ပိတ်ဆို့ကာ ရပ်တန့်လိုက်၏။

“မစ္စတာဖန်... မင်္ဂလာပါ... အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်... ကျွန်တော်က ဥက္ကဌယဲ့ယွီယွမ်ရဲ့ ကိုယ်ရေးကိုယ်တာအတွင်းရေးမှူး ဝမ်ချမ်းပါ... ခဏလောက် အချိန်ပေးလို့ ရနိုင်မလားမသိဘူး... ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအကြောင်း ဆွေးနွေးဖို့အတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုခု သွားကြမလား... ကားက ဟိုဘက်မှာ ရပ်ထားပါတယ်...”

သူက Maybach ကားကြီးရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး ဖန်ဟွိုက်ကို ခြေဆုံးခေါင်းဆုံး လေ့လာလိုက်ကာ သူ၏စိတ်ထဲ၌ စကားလုံးအချို့ ပေါ်ထွက်လာခဲ့၏။

ဆင်းရဲလိုက်တာများ... မွဲပြာကျနေတာပဲ... ချောမောတဲ့ မျက်နှာလေးတစ်ခုကလွဲရင် ဘာမှကိုမရှိဘူး...

ဤအခြေအနေကို 'ပူးပေါင်းဆောင်ရွက်မှု' ဟု ခေါ်ဆိုခြင်းကပင် သူ့ကို အခွင့်အရေး အလွန်အမင်း ပေးလိုက်ခြင်း ဖြစ်သည်။ 'ပရဟိတ' ဟု ခေါ်ဆိုခြင်းကမှ ပို၍တိကျပေလိမ့်မည်။

ဖန်ဟွိုက်က ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်၏။
“အိုး... ဒီမှာတင်ပဲ ပြောပါ...”

သူ့အကြည့်များက မလှမ်းမကမ်းတွင် ရပ်နေသော အမျိုးသားထံသို့ ထပ်မံရောက်ရှိသွားသည်။

ထူးဆန်းသည်က ထိုအမျိုးသား၏ စိုက်ကြည့်မှုက အလွန်အေးစက်လွန်းလှသဖြင့် သူ၏အကြည့်ကို ခံလိုက်ရရုံဖြင့် ဖန်ဟွိုက်က ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းမှာ ကြောက်ရွံ့ခြင်းမျိုး မဟုတ်သော်လည်း ထိုအခြေအနေနှင့် နီးစပ်လှသည်။

ဒါပေမဲ့...

သူက အမှန်တကယ်ပင် ချောမောလွန်းလှသည်။ မြို့ထဲတွင် အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးနောက် ဖန်ဟွိုက်က လူများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ယခုကဲ့သို့ ချောမောခံ့ညားသော တစ်စုံတစ်ယောက်ကိုမူ ရှားရှားပါးပါး မြင်တွေ့ဖူးခြင်း ဖြစ်၏။

သူ့ထံ၌ ထူးခြားသော ခံစားချက်များ လုံးဝမရှိဘဲ အံ့သြခြင်းနှင့် စိတ်ဝင်စားခြင်းများဖြင့် ရောထွေးနေခဲ့သည်။

၎င်းမှာ စိုက်ခင်းတစ်ခုထဲတွင် အလွန်အမင်း လှပသော ရွှေဖရုံပွင့်တစ်ပွင့်ကို လှမ်းမြင်လိုက်ရသကဲ့သို့ ခံစားချက်မျိုးသာ ဖြစ်သည်။

သူ၏ စိုက်ကြည့်မှုကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်ရသော်လည်း ဖန်ဟွိုက်က နောက်ထပ်တစ်ကြိမ် ကြည့်ရှုရန်အတွက် မျက်ဝန်းများကို ထပ်မံပင့်တင်လိုက်မိပြန်သည်။

ထိုခဏ၌ပင် သူက မမျှော်လင့်ဘဲ နူးညံ့သိမ်မွေ့နေသော နက်မှောင်နေသည့် မျက်ဝန်းအစုံဖြင့် တည့်တည့်တိုးမိသွား၏။

နက်မှောင်နေသော မျက်ဝန်းအစုံက အလင်းရောင်အချို့ကို ဖမ်းဆုပ်ထားသဖြင့် မမျှော်လင့်ဘဲ နူးညံ့ညင်သာနေပြီး စွဲလန်းဖွယ်ရာ အသွင်အပြင် ရှိနေသည်။

သူ၏နှုတ်ခမ်းပါးများက တင်းတင်းစေ့ထားဆဲ ဖြစ်သော်လည်း သူ့အကြည့်များက နူးညံ့ပျော့ပျောင်းသွားခဲ့ပြီး ဖန်ဟွိုက်ထံသို့ တိတ်တဆိတ် စိုက်ကြည့်နေသည်။

ဖန်ဟွိုက် : “...?”

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး စက္ကန့်ဝက်ခန့် စိုက်ကြည့်နေမိကြ၏။

ဤတိုတောင်းလှသော အချိန်အတွင်း၌ပင် ယဲ့ယွီယွမ်၏ အကြည့်များက မသိမသာ တုန်လှုပ်သွားခဲ့ရသည်။

🪽🪽🪽

🪽 Chapter 5

သူက လည်ချောင်းကို နှစ်ချက်ခန့်ရှင်းလိုက်ပြီး သူ့အကြည့်များကို အလျင်အမြန်ပင် လွှဲဖယ်လိုက်ကာ နှုတ်ခမ်းပါးများကို အနည်းငယ် တင်းတင်းစေ့လိုက်၏။

သူ ပြန်ကြည့်လာသည့် အချိန်တွင် သူ၏နက်မှောင်နေသော မျက်ဝန်းများက ယခင်ကဲ့သို့ပင် အေးစက်တည်ငြိမ်သောအသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဖန်ဟွိုက် : “...?”

ဒါက ငါ့ရဲ့ စိတ်အထင်သက်သက်ပဲလား...

ထူးဆန်းသော ခံစားချက်တစ်ခုက ဖန်ဟွိုက်၏ ရင်ဘတ်အတွင်း၌ လှုပ်ရှားသွားခဲ့၏။ စိတ်ဝင်စားသွားသဖြင့် သူက ထိုမျက်ဝန်းများကို ထပ်မံကြည့်ရှုလိုက်ပြန်သည်။

သို့သော် ယခုအကြိမ်တွင် ၎င်းတို့မှာ အေးစက်ခြောက်သွေ့နေပြန်သည်။ စောနက စိတ်ပိုင်းဆိုင်ရာ ဖိအားများလည်း ပြန်လည်ရောက်ရှိလာခဲ့သည်။

ဆက်လက်မကြည့်ရှုနိုင်တော့သဖြင့် သူက ဝမ်ချမ်းထံသို့လှည့်ကာ အသံကိုနှိမ့်လျက် ပြောလိုက်၏။

“သူက မင်းရဲ့ အထက်လူကြီးလား...” 
သူ၏ကြည်လင်ပြီး ဖျော့တော့သော မျက်ဝန်းများတွင် ရှက်ရွံ့မှုအရိပ်အယောင်အချို့ ရှိနေသည်။

“အားနာပါတယ်... ဒါပေမဲ့ သူစိုက်ကြည့်နေတာက နည်းနည်း... ကြောက်ဖို့ကောင်းလို့ပါ... သူ့ကို အကြည့်လေး နည်းနည်းလောက် လျှော့ပေးဖို့ ပြောပေးလို့ ရမလားဟင်...”

ဝမ်ချမ်း : “…”

သူတို့နှင့် ယဲ့ယွီယွမ်ကြားတွင် အကွာအဝေးတစ်ခု ရှိနေသည့်အပြင် ဖန်ဟွိုက်က အသံကို နှိမ့်၍ ပြောခဲ့ခြင်းဖြစ်သဖြင့် သဘာဝကျကျ ပြောရလျှင် ယဲ့ယွီယွမ်အနေဖြင့် ကြားနိုင်စရာ အကြောင်းမရှိချေ။

သို့သော် ဤသည်က စိတ်အထင်သက်သက်သာ ဖြစ်နိုင်သော်လည်း ဖန်ဟွိုက် စကားပြောပြီးသည့် ခဏ၌ ယဲ့ယွီယွမ်၏ ပတ်ဝန်းကျင်ရှိ လေထုဖိအားက ပိုမို၍ နိမ့်ဆင်းသွားပုံရသည်။

သူ့မျက်နှာတွင် မည်သည့်ခံစားချက်မျှ ထင်ဟပ်ခြင်းမရှိဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် သူ၏နက်မှောင်နေသော မျက်ဝန်းများကို အနည်းငယ် နှိမ့်ထားသဖြင့် သူ တွေးနေသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။

ခဏအကြာတွင် ဒရိုင်ဘာက ကားအပြင်သို့ လှမ်းထွက်လာပြီး Maybach ကားကြီး၏ အနောက်တံခါးကို ဖွင့်ပေးလိုက်သည်။ ကားအပြင်သို့ ထွက်လာစဉ်ကကဲ့သို့ပင် ယဲ့ယွီယွမ်က တိတ်ဆိတ်စွာဖြင့် ကားအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။

တံခါးက ပိတ်သွားခဲ့ပြီး ကားမှန်များလည်း တက်လာခဲ့သဖြင့် အပြင်မှ မည်သည့်အကြည့်ကိုမဆို ဖြတ်တောက်လိုက်တော့၏။

ဖန်ဟွိုက်က သဘောကျဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးပါပဲ... ဒီလိုဆို ပိုအဆင်ပြေသွားပြီ...”

ဝမ်ချမ်း : “…”

ယဲ့ယွီယွမ်ထံမှ မည်သည့် ညွှန်ကြားချက်အသစ်မျှ မရှိသဖြင့် သူက ဆက်လက်ပြောဆိုရန်သာ တတ်နိုင်သည်။

“မစ္စတာဖန်... မင်း ဒီနေ့မွန်းလွဲပိုင်းက Starlight Entertainment ရဲ့ Stellar Light လူသစ်ရွေးချယ်ပွဲကို သွားခဲ့တယ်...ဟုတ်တယ်မလား... မင်းအနေနဲ့ ပြိုင်ပွဲတွေကို ကျော်ဖြတ်ပြီးတော့ Starlight နဲ့ Aအဆင့်စာချုပ်ကို တိုက်ရိုက်ချုပ်ဆိုပြီး ချက်ချင်း ပွဲဦးထွက်ဖို့ စိတ်ဝင်စားမလား သိချင်လို့ပါ...”

Aအဆင့်စာချုပ်ဆိုသည်မှာ Starlight Entertainment၏ အဆင့်မြင့်ဆုံး စာချုပ်အမျိုးအစားဖြစ်ပြီး သူတို့၏ ထိပ်တန်းအနုပညာရှင်အားလုံးက ဤစာချုပ်မျိုးဖြင့်သာ ချုပ်ဆိုထားခြင်း ဖြစ်၏။

သို့သော် သူတို့ ဖန်ဟွိုက်ကို ကမ်းလှမ်းနေသော စာချုပ်က အခြားသော Aအဆင့်စာချုပ်များနှင့် နှိုင်းယှဉ်လျှင်ပင် ဤစာချုပ်ပါ အကျိုးခံစားခွင့်များက မယုံနိုင်လောက်အောင်ပင် ရက်ရောလွန်းလှသည်။

ဖန်ဟွိုက်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် အေးအေးလူလူပင် ပြန်ပြောလိုက်၏။
“မလိုပါဘူး... ဒါပေမဲ့ ကျေးဇူးတင်ပါတယ်နော်...”

သူ အမှန်တကယ် နားမလည်နိုင်ချေ။
“စာရင်းပေးသွင်းရာနေရာ” သို့ ရောက်ပြီးနောက် ပြောဆိုခဲ့သမျှ အရာအားလုံးက သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေခြင်းဖြစ်သော်လည်း ၎င်းက အရေးမကြီးလှချေ။

ဝမ်ချမ်း : “...ဟမ်... အကြောင်းရင်းကို မေးလို့ရမလားမသိဘူး...”

ဖန်ဟွိုက်က ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
“ကျွန်တော် စာချုပ် မချုပ်ချင်လို့ပါ...”

သူက အထွေထွေဗဟုသုတ နည်းပါးနိုင်သော်လည်း မိုက်မဲသူတစ်ဦး မဟုတ်ချေ။ ဤအရာက 'ရွှေတောင်ကြီးလား' သို့မဟုတ် 'ဓားတောင်ကြီးလား' ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးချေ။

အတွေ့အကြုံများပြားသော ကျွမ်းကျင်အတွင်းရေးမှူးတစ်ဦးအနေဖြင့် ဝမ်ချမ်းက အလျင်အမြန်ပင် တည်ငြိမ်သွားခဲ့သည်။ သူက ဖန်ဟွိုက်ကို ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်၏။
“ကောင်းပြီလေ... ဒါဆို ခဏလောက် စောင့်ပေးပါဦး...”

သူက ကားအနားသို့ လှမ်းသွားပြီး ယဲ့ယွီယွမ်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ဖန်ဟွိုက်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
“ကောင်းပြီလေ... ဒါဆိုရင်တော့ ကျွန်တော်တို့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး... မင်း ဘယ်ဘက်ကို သွားမှာလဲ... စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ကားနဲ့ လိုက်ပို့ပေးပါရစေ...”

အမှန်အတိုင်း ပြောရလျှင် ဝမ်ချမ်းတစ်ယောက် ဝေခွဲမရဖြစ်နေသည်။

ဤ Aအဆင့်စာချုပ်ကို သူ ရရှိခဲ့သည့် အချိန်မှစ၍ အခြေအနေတစ်ခုလုံးက ထူးဆန်းလွန်းလှသည်။

သို့သော် ဥက္ကဌယဲ့၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်လာလျှင် လက်အောက်ငယ်သားများအနေဖြင့် သဘာဝကျကျပင် မေးခွန်းထုတ်ပိုင်ခွင့် မရှိကြချေ။

ဖန်ဟွိုက်က ဝမ်ချမ်းကို လက်ယမ်းပြကာ နှုတ်ဆက်လိုက်ရင်း သူ၏ကျောပိုးအိတ်ကို လွယ်ကာ လမ်းမအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့သည်။

ဤနေရာက မြို့ဟောင်းဧရိယာဖြစ်သဖြင့် အလွန်အမင်း စည်ကားခြင်း မရှိချေ။ လမ်းဘေးတွင် ဆိုင်အချို့က သာမန်မျှ တည်ရှိနေပြီး ၎င်းတို့၏ မှိန်ပျပျမီးရောင်များက လင်းတစ်လှည့် မှိတ်တစ်လှည့် ရှိနေသည်။

လမ်းဘေးတစ်နေရာတွင် လေလွင့်ခွေးအိုကြီးတစ်ကောင်က လဲလျောင်းအိပ်စက်နေပြီး ၎င်း၏ အသက်ရှူသံမှာ နှေးကွေးလေးလံလွန်းသဖြင့် ပျက်စီးနေသော ဖားဖိုကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဖန်ဟွိုက်က ကိုယ်ကိုကိုင်းလိုက်ပြီး ထိုခွေး၏ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်၏။

သူသည် ယခင်က ခွေးတစ်ကောင် မွေးမြူခဲ့ဖူးပြီး ၎င်းက ဖုန်မှုန့်များပေကျံကာ ညစ်ပတ်နေသော ခွေးတစ်ကောင်ဖြစ်သော်လည်း လိမ္မာလှသည့်အပြင် ထူးခြားလှပသော မျက်ဝန်းများလည်း ရှိသည်။

“မင်း နေမကောင်းဘူးလား...”
ဖန်ဟွိုက်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ၎င်းကို ခဏမျှ သေချာစွာ လေ့လာလိုက်သည်။

ထို့နောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။
“နေမကောင်းတာမဟုတ်ဘူး... အသက်ကြီးသွားတာပဲ...”

ထိုလေလွင့်ခွေးကြီးက သူ့ကို ကြည့်မလာဘဲ ၎င်း၏နားရွက်ကိုသာ အားနည်းစွာ လှုပ်ခါပြလိုက်၏။
"ဘာလဲ... မင်းကပါ ငါ့ကို ဂရုမစိုက်တာလား..."

တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သဖြင့် ဖန်ဟွိုက်က တိုးညှင်းစွာ ရယ်မောလိုက်မိသည်။

သူ၏အသံက ပုံမှန်ထက် အနည်းငယ် လေးနက်သော်လည်း ကြည်လင်သာယာလှပြီး လူငယ်လေးတစ်ဦး၏ နူးညံ့သော လေသံဖြစ်သဖြင့် နွေးထွေးကာ စိတ်အေးချမ်းမှုကို ပေးစွမ်းနေသည်။

သူက လူများနှင့် စကားအများကြီး မပြောတတ်သော်လည်း တိရစ္ဆာန်များနှင့် စကားပြောရသည်ကို အလွန် သဘောကျသည်။ ငယ်ငယ်က သူ မွေးမြူထားသော ငါးလေးနှင့် တစ်နေ့တာလုံး စကားပြောဆိုရင်းဖြင့် အချိန်ကုန်ဆုံးခဲ့ဖူးသည်။

သူ မရေမရာ သတိရမိသည်မှာ ၎င်းက ငွေရောင်အကြေးခွံများရှိသည့် လှပသော ငါးလေးတစ်ကောင် ဖြစ်သော်လည်း အေးစက်သော စရိုက်ရှိပြီး လူသားများ၏ ဂရုစိုက်မှုကို စိတ်မဝင်စားခဲ့ချေ။

“မင်းရဲ့ အချိန်မကျသေးပါဘူး...”
ဖန်ဟွိုက်က ထိုလေလွင့်ခွေးကြီး၏ ညစ်ပတ်မှုကို မရွံရှာဘဲ တိုးညင်းစွာ ရေရွတ်လိုက်၏။

သူက ကိုယ်ကိုကိုင်းကာ ထိုင်လိုက်ရင်း ထိုခွေးကို သူ့ရင်ခွင်အတွင်းသို့ ညင်သာစွာ ပွေ့ချီလိုက်ကာ ၎င်း၏ဝမ်းဗိုက်ကို သာမန်မျှ ပွတ်သပ်ပေးလိုက်သည်။
“မင်းမှာ အချိန်နည်းနည်း ကျန်ပါသေးတယ်...”

ထို့နောက် သူက အလွန်တိုးညှင်း ညင်သာသောအသံလေးဖြင့် သားချော့တေးတစ်ပုဒ်ကို သီဆိုလိုက်၏။

သူ၏ သန့်စင်ကြည်လင်လှသော အသံက ညချမ်း၏ လေထုအတွင်းသို့ စီးဝင်သွားခဲ့ပြီး လရောင်အောက်တွင် အလွန်အမင်း နူးညံ့ပျော့ပျောင်းလွန်းလှသဖြင့် အစစ်အမှန်မဟုတ်ဟုပင် ထင်ရသည်။

ဝါကျင်ကျင် လမ်းဘေးမီးရောင်များက သူ့အပေါ်သို့ တိတ်ဆိတ်စွာ ဖြာကျနေသည်။

သူ၏ဆံပင်အဖျားများက အလင်းရောင်အချို့ ဖြာကျနေသဖြင့် အပေါ်သို့ အနည်းငယ် ကွေးတက်နေ၏။

သူ၏ ဖျော့တော့သော ပယင်းရောင်မျက်ဝန်းများက နူးညံ့တောက်ပနေပြီး သူ၏ကိုယ်ဟန်တစ်ခုလုံးက နွေးထွေးလှသော အလင်းရောင်ဖျော့ဖျော့အတွင်း နစ်မြုပ်နေသည်။

မယုံနိုင်စရာကောင်းလှသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သီချင်းတစ်ဝက်ခန့်ပင် မဆိုရသေးမီ၌ ထိုလေလွင့်ခွေးကြီး၏ မျက်ဝန်းများက သိသိသာသာပင် ပြန်လည်တောက်ပလာခဲ့ပြီး မကြာမီမှာပင် ၎င်းက မတ်တတ်ရပ်ရန် ကြိုးစားလာခဲ့သည်။

“ကောင်းပြီလေ...”
ဖန်ဟွိုက်က ၎င်း၏ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် မတ်တတ်ထရပ်လိုက်ကာ သူ၏အဝတ်အစားများပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်၏။
“ငါ အခု သွားတော့မယ်...”

ထိုခွေးက စိုစွတ်နေသောမျက်ဝန်းများဖြင့် သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေမိပြီးနောက်မှ ခေါင်းကို ဖြည်းညင်းစွာ နှိမ့်ချလျက် လှည့်ထွက်သွားသည်။

Maybach ကားကြီးက ထိုအရပ်ရှည်ရှည်နှင့် သွယ်လျသော လူငယ်လေး လမ်းကြားထောင့်သို့ ကွေ့ဝင်ကာ ပျောက်ကွယ်သွားသည်အထိ  á€œá€™á€şá€¸á€™á€•္ဍ်တွင် တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့၏။

ကားအတွင်း၌ ယဲ့ယွီယွမ်က နောက်ခန်းတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

သူက လက်ပိုက်ထားပြီး သူ့မျက်နှာသွင်ပြင်က တည်ငြိမ်နေသည်။ မျက်လုံးများကို မှိတ်ထားပြီး သူ၏နက်မှောင်အေးစက်နေသော မျက်ဝန်းများကို ဖုံးကွယ်ထားသည်။

ဝမ်ချမ်းက သူ့အထက်လူကြီး စိတ်အခြေအနေ မကောင်းဟု ထင်မှတ်ထားသဖြင့် စကားအများကြီး မပြောရဲချေ။ သူက တိုးညှင်းစွာသာ မေးမြန်းလိုက်၏။
“ဥက္ကဌယဲ့... နောက်ထပ် ဘယ်ကိုသွားကြမလဲ...”

ယဲ့ယွီယွမ်၏ နှုတ်ခမ်းပါးများ ပွင့်ဟလာပြီး ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ် သူ့အသံက ရုတ်တရက် ရပ်တန့်သွားခဲ့၏။

—သူ၏ ဘလူးတုနားကြပ်ဆီမှ အသံတစ်ခုက မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့သည်။

ကြည်လင်နွေးထွေးပြီး စမ်းရေစီးသံကဲ့သို့ သာယာလှသော လူငယ်လေးတစ်ဦး၏အသံဖြစ်ပြီး လေသံအတွင်း၌ ကျီစယ်လိုသော အမူအရာအချို့ ရောပြွမ်းလျက် သူ့နားထဲသို့ တိုးညှင်းစွာ ကပ်ပြောလာခဲ့၏။

"ဘာလဲ... မင်းကပါ ငါ့ကို ဂရုမစိုက်တာလား..."

ဖန်ဟွိုက်၏ တိရစ္ဆာန်များနှင့် စကားပြောဆိုပုံက လူများနှင့် ပြောဆိုပုံဖြင့် လုံးဝကွဲပြားခြားနားလှသည်။

သူက ငယ်စဥ်တည်းက လူများထက် တိရစ္ဆာန်များနှင့်သာ ပိုမိုထိတွေ့ခဲ့ရသဖြင့် ၎င်းတို့ကို အဖော်အဖြစ် ပိုမိုရင်းနှီးကျွမ်းဝင်ခဲ့သည်။ သူ့ထံ၌ အမြဲတမ်းရှိနေတတ်သော သတိထားမှုများ ပျောက်ကွယ်နေပြီး သူ့အသံက ပိုမိုနူးညံ့နေကာ ချိုမြိန်မှုလေးများပင် ရောပြွမ်းနေသည်။

ထို့နောက် နားကြပ်အတွင်းမှ အသံက AI စနစ်၏ စက်ရုပ်ဆန်သော လေသံသို့ ပြောင်းလဲသွားခဲ့၏။

“ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ဥက္ကဌရဲ့ အက်ဒရီနယ်လင်ပမာဏ မြင့်တက်လာတာကို စစ်ဆေးတွေ့ရှိရပါတယ်... ဒါကို နှိုးစက်အသံအဖြစ် သတ်မှတ်ချင်ပါလား...”

ယဲ့ယွီယွမ် : “…”

သူက တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားခဲ့ရ၏။

“ဥက္ကဌယဲ့...”
ဝမ်ချမ်းက သတိပေးလိုက်သည်။
“သွားရမယ့် နေရာက...”

"ဂါလာပွဲကို..."
ယဲ့ယွီယွမ်က အေးအေးလူလူပင် ပြန်ပြောလိုက်၏။

ဤသို့ပြောပြီးနောက် သူက လက်ကိုမြှောက်ကာ ထိုအသံဖိုင်ကို ထပ်ခါတလဲလဲ ပြန်ဖွင့်ရန် သတ်မှတ်လိုက်ပြီး ပြန်လည်နားထောင်လိုက်သည်။

ခဏမျှ တိုတောင်းသော အချိန်အတွင်း သူ၏နက်မှောင်သော မျက်ဝန်းများအတွင်း၌ နွေးထွေးမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သော်လည်း ၎င်းက အလျင်အမြန်ပင် တည်ငြိမ်အေးစက်သော အသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ဝမ်ချမ်းက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် Maybach ကားကြီး၏ အင်ဂျင်သံ ပေါ်ထွက်လာခဲ့သည်။

*

ဖုန့်လန် [Verified] : ခန့်မှန်းတာ မှားနေတယ်...
@လင်းလွေ့ရဲ့ ချစ်စရာလေး : ဒီလမ်းဘေးဖျော်ဖြေသူ သဘာဝလွန်စွမ်းအားပိုင်ရှင်က ငါတို့ရဲ့ လွေ့လွေ့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား... လွေ့လွေ့က ဘယ်လိုတောင် ချစ်ဖို့ကောင်းနေရတာလဲ... [ဗီဒီယို]

[နေပါဦး... နေပါဦး... ငါတော့ ဝေခွဲမရဖြစ်သွားပြီ...]

[လောင်ကုန်း... ရှင့်ရဲ့ ဝေ့ပေါ် password ကို နောက်ဆုံးတော့ ပြန်မှတ်မိသွားပြီပေါ့လေ...]

[ခန့်မှန်းတာ မှားနေတယ်... ခန့်မှန်းတာ မှားနေတယ်ဟုတ်လား... အဲဒီလမ်းဘေးဖျော်ဖြေသူက လင်းလွေ့မဟုတ်ဘူးပေါ့လေ...]

[ငါကတော့ အစကတည်းက အသံချင်းမတူဘူးလို့ ထင်နေခဲ့တာ... လင်းလွေ့ရဲ့အသံက ပိုပြီး စူးရှတယ်... အဲဒီလူရဲ့အသံလောက် မကောင်းဘူး...]

[ဒါပေမဲ့ သူ့ရဲ့အဖွဲ့က အတည်ပြုပြီးသား မဟုတ်ဘူးလား...]

[ငါတို့ရဲ့ လွေ့လွေ့ကို ခေါ်ထုတ်သွားပါပြီ... Haterတွေနဲ့  trollတွေကို စိတ်မဝင်စားပါဘူး...]

[ဟားဟားဟား... troll ဟုတ်လား... ဖုန့်လန်က နိုင်ငံရပ်ခြားမှာ ဆုတွေအပြိုင်အဆိုင်ရပြီး ပြန်လာတာ ကြာသွားလို့ ထင်တယ်... အခုခေတ် လူသစ်လေးတွေက ကောကို သာမန် troll တစ်ယောက်လို့တောင် ထင်နေကြပြီ...ရယ်ရလို့သေတော့မှာပဲ...]

[…]

ဝေ့ပေါ်ပေါ်တွင် ဖုန့်လန်၏ ပြန်လည်မျှဝေမှုကြောင့် လမ်းဘေးဖျော်ဖြေသူ၏ ဗီဒီယိုက ပိုမို၍ ရေပန်းစားလာခဲ့ပြီး လင်းလွေ့နှင့် ပတ်သက်သည့် မှတ်ချက်များကလည်း သာမန်ချီးမွမ်းမှုများမှ သံသယဖြစ်ခြင်းများသို့ ပြောင်းလဲလာခဲ့သည်။

သို့သော် လင်းလွေ့၏ ပရိသတ်များက အလျင်အမြန်ပင် တုံ့ပြန်လာခဲ့ကြ၏။

[လမ်းဘေးဖျော်ဖြေသူက လွေ့လွေ့ဆိုတာ သေချာပါတယ်... ဗီဒီယိုက ညနေ ၃ နာရီမှာ တင်ခဲ့တာဖြစ်ပြီး လွေ့လွေ့က ညနေ ၄ နာရီမှာ live လွှင့်ခဲ့တာလေ... သူက အဝတ်အစားတွေကို ဒီလောက်အထိ ဘယ်လိုလုပ် မြန်မြန်လဲနိုင်မှာလဲ...]

[အခုထိ ဟန်ဆောင်နေတုန်းပဲလား...ဟမ်... သရုပ်ဆောင်လို့ မဝသေးဘူးလား...]

[မနာလိုဖြစ်နေတာလား... လင်းလွေ့ရဲ့ သီဆိုမှုက ပေါက်သွားတော့ နင်တို့တွေ မခံမရပ်နိုင် ဖြစ်နေကြတာမလား...]

[သူ တကယ် လုပ်ရဲရင် လမ်းပေါ်ထွက် live လွှင့်ပြီး သီချင်းပြန်ဆိုပြလေ... အဲဒါဆိုရင်တော့ ငါယုံပေးလိုက်ပါ့မယ်...ဟားဟား...]

[ဟီးဟီး... ချစ်တယ် လင်းလွေ့ရေ... နင် ဆိုသွားတာ အရမ်းကောင်းတာပဲ... ပြီးတော့ လမ်းဘေးမှာ ခိုးပြီး ဖျော်ဖြေတာကလည်း အရမ်းချစ်ဖို့ကောင်းတယ်...]

[ငါကတော့ ဖုန့်လန်ဘက်ကပဲ... လင်းလွေ့ရဲ့အသံက လမ်းဘေးဖျော်ဖြေသူထက် ပိုစူးရှပြီး မိန်းမဆန်လွန်းတယ်... သူက ဘယ်လိုသတ္တိနဲ့ လာပြီး ဟန်ဆောင်နေရဲတာလဲ...]

ည ၁၀ နာရီတွင် လင်းလွေ့က ဝေ့ပေါ် ပွတ်ရင်း သူ၏မျက်မှောင်များ ကြုတ်သွားခဲ့ရ၏။

ဖုန့်လန်က ဘယ်လိုဖြစ်လို့ ဒီကိစ္စထဲ လာပတ်သက်နေရတာလဲ...

သူ သေချာစွာ စုံစမ်းစစ်ဆေးပြီးသား ဖြစ်သည်။ ဗီဒီယိုထဲမှ လူငယ်လေးက ကျေးလက်ဒေသမှ လာသည့် ကောင်ငယ်လေးတစ်ဦးမျှသာဖြစ်ပြီး မည်သည့်နောက်ခံ၊ မည်သည့်အဆက်အသွယ်နှင့် ဤနိုင်ငံအတွင်း မည်သည့်ဆွေမျိုးမျှ မရှိချေ။

ထို့ကြောင့်ပင် သူက ယခုကဲ့သို့ ရဲရဲဝံ့ဝံ့ ပြုမူရဲခြင်း ဖြစ်၏။

“လင်းလွေ့...”
သူ့မန်နေဂျာက အခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။
“ပြင်ဆင်ထားတော့...”

လင်းလွေ့ : “ဟမ်...”

“ဟမ် ဟုတ်လား... ဘာကို ဟမ် လဲ...”
မန်နေဂျာက မျက်လုံးလှိမ့်လိုက်ပြီး ပြောလာ၏။
“မင်း မနက်ဖြန်ကျရင် live လွှင့်ပြီးတော့ ဒီကိစ္စကို ရှင်းရမယ်...”

သူတို့အနေဖြင့် ရလဒ်ကောင်းများကို ရရှိထားပြီး ဖြစ်သည်။ Follower များ တိုးလာခဲ့ပြီး လူပြောများအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။

ထို့ပြင် လင်းလွေ့အနေဖြင့် ဗီဒီယိုထဲမှလူက သူဖြစ်သည်ဟု တိုက်ရိုက်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသဖြင့် ယခုအချိန်တွင် ပြန်လည်ရှင်းလင်းလိုက်ပါက ဆုံးရှုံးမှုအချို့ ရှိနိုင်သော်လည်း ထိန်းချုပ်နိုင်စွမ်း ရှိသေးသည်။

သို့သော် လင်းလွေ့က ချက်ချင်း ပြန်မဖြေချေ။

သူ၏မျက်နှာက မည်းမှောင်သွားခဲ့၏။ သူက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းခါပြလိုက်သည်။
“မလုပ်ဘူး...”

မန်နေဂျာက မျက်မှောင်ကြုတ်လိုက်၏။
“မင်း ဘာကိုဆိုလိုတာလဲ...”

“လိမ်ညာမှုတစ်ခုက အဆုံးထိ ပြီးပြည့်စုံနေရမယ်...”
လင်းလွေ့၏ မျက်နှာက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်၏။

“ဆပ်ကပ်အဖွဲ့ဆီကနေ လေ့ကျင့်ပေးထားတဲ့ ဖျော်ဖြေရေးငှက်တချို့ကို သွားငှားလိုက်ပါ... လိမ္မာလေ ပိုကောင်းလေပဲ...”
သူက ခဏရပ်လိုက်၏။

“ပြီးတော့ အဲဒီကောင်လေးကို ရှာပေးလို့ရမလား... သူ့ကို နှုတ်ပိတ်ခ ပေးလိုက်ရအောင်...”

လင်းလွေ့က အမြဲတမ်း ရဲဝံ့လွန်းသူ ဖြစ်သည်။

ထိုသို့မဟုတ်ခဲ့ပါက သူသည် အကျိုးအမြတ်အတွက် လူစားထိုးတစ်ဦးကို အသုံးပြုရန် စိတ်ကူးမိလိမ့်မည် မဟုတ်သကဲ့သို့ ဤမျှလောက်ထိ မြန်မြန်ဆန်ဆန် ပြုမူရဲလိမ့်မည်လည်း မဟုတ်ချေ။

သူက စိတ်ထဲတွင် အစီအစဉ်များ ချမှတ်နေရင်း သူ့ဝေ့ပေါ်ကို ဖွင့်ကာ ပို့စ်တင်ရန် စာစရိုက်လိုက်သည်။

*

နာရီဝက်အကြာ...

မြို့တော်ကြီးက ညဉ့်နက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း လူအများအပြားက နိုးကြားနေဆဲ ဖြစ်၏။

ညဉ့်နက်သည်အထိ အလုပ်လုပ်နေရသူများ သို့မဟုတ် မအိပ်သေးသူများက အနားယူရင်း ဝေ့ပေါ်ကို ကြည့်နေကြစဉ် ဤပို့စ်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ကြရသည်။

လင်းလွေ့ (Diet ပြုလုပ်နေဆဲ) [Verified] : ဖုန့်ကောကပါ အဲဒီ ဗီဒီယိုကို ကြည့်လိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားမိခဲ့ဘူး... ကိစ္စတွေက တော်တော်လေး ကြီးကျယ်သွားခဲ့ပြီပဲ... [ပုခုံးတွန့်ပြနေသည်]

ကောင်းပါပြီ... ကောင်းပါပြီ... အားလုံးက ကျွန်တော့်ကို အတင်းအကျပ် ပြောခိုင်းနေကြတာပဲ...အဲဒီ လမ်းဘေးဖျော်ဖြေသူက ကျွန်တော်ကိုယ်တိုင်ပါပဲ...

ချန်ကောက ဒီနေ့ ဗီဒီယိုက ရှာဖွေမှုအများဆုံးစာရင်းထဲ ရောက်နေတယ်လို့ ပြောလို့... ကျွန်တော် တကယ်ကို အံ့သြသွားရတာ... ဒီလောက်အထိ လှုပ်လှုပ်ရှားရှား ဖြစ်သွားမယ်လို့ သိခဲ့ရင် တိုက်ရိုက်ထုတ်လွှင့်မှု မစခင် အဝတ်အစား အရင်လဲလိုက်ပါတယ်... အားလုံးက ကျွန်တော့်ကို မှတ်မိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး... ဒါ ကျွန်တော့်ရဲ့ အမှားပါပဲ... [ခွေးအီမိုဂျီ]

သီချင်းဆိုတာက ဝါသနာသက်သက်ပါ... ကျွန်တော် တောင်ပေါ်ဒေသကို အပန်းဖြေခရီး ထွက်တုန်းက လူအိုကြီး တစ်ယောက်ဆီကနေ ဂီတကိုသုံးပြီး တိရစ္ဆာန်လေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သင်ယူခဲ့တာပါ...

လူအများကြီးက ဒါကို စိတ်ဝင်စားနေကြပုံရတယ်... ကျွန်တော် မနက်ဖြန် မနက် ၁၀ နာရီမှာ နောက်ထပ်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်ပြီး ပြသပေးပါ့မယ်ဗျာ... [ခွေးအီမိုဂျီ]

မှတ်ချက်ပေးသည့်နေရာ :

[ဝါး... သူက တကယ်ပဲ သူ့ရဲ့ သဘာဝလွန်စွမ်းအားကို တိုက်ရိုက်ထုတ်လွှင့်ပြီး ပြသတော့မှာလား...]

[@Haterတွေ... မနက်ဖြန်ကျရင် သေချာပေါက် လာကြည့်ကြဦးနော်... ဟားဟား... ငါတို့ရဲ့ လွေ့လွေ့က ဘာကိုမှ မကြောက်ဘူး... နင်တို့ရဲ့ မျက်နှာတွေ ဖြတ်ရိုက်ခံရမယ့် အချိန်ကို ရောက်လာပြီ...]

[အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတာပဲ... လွေ့လွေ့ရေ... ဖိုက်တင်း...]

[ဆက်ပြီး သရုပ်ဆောင်နေလိုက်... ဒီတစ်ကြိမ်တော့ ငါက ဖုန့်လန်ဘက်ကပဲ... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ထိပ်တန်းမင်းသားကြီး ဖုန့်လန်က ဘာဖြစ်လို့ ဒီလိုမျိုး ကိစ္စအသေးအမွှားလေးထဲမှာ ဝင်ပါရတာလဲ...]

[ဒါက မြည်းလား မြင်းလားဆိုတာ မနက်ဖြန်ကျရင် သိရမှာပေါ့...]

*

Author’s Note: စိတ်မပူကြပါနဲ့... ML က ဒီအတိုင်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး... သူက ထပ်ခါ ထပ်ခါ ပြန်လည်ပေါ်ထွက်လာမှာပါ... ခြုံငုံပြောရရင်တော့ ဒါက အလွန်အမင်း ချိုမြိန်ပြီး ချစ်စရာကောင်းလွန်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာမှာပါ~

🪽🪽🪽

Search Novels