ငါပျိုးထောင်ခဲ့တဲ့သား‌ပေါက်လေးတွေအားလုံးက Big Shot ကြီးတွေဖြစ်လာတယ်
ongoing

ငါပျိုးထောင်ခဲ့တဲ့သား‌ပေါက်လေးတွေအားလုံးက Big Shot ကြီးတွေဖြစ်လာတယ်

viewers
1
Chapters
4

ငါပျိုးထောင်ခဲ့တဲ့သား‌ပေါက်လေးတွေအားလုံးက Big Shot ကြီးတွေဖြစ်လာတယ်

English Title - All the Cubs I Raised Became Big Shots

 

Genre - BL, Showbiz, Fantasy, Supernatural, Romance 


 

🪽 Description

 

မြို့ပြကြီးအတွင်း ရုန်းကန်လှုပ်ရှားနေရရှာသော သာမန်သရုပ်ဆောင်လေး ဖန်ဟွိုက်၏ နေ့စဉ်အချိန်ဇယားက အတော်လေးကို ကျပ်ညပ်လွန်းလှသည်။ သူက မနက်ခင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်ကြမ်းလုပ်ကိုင်ရပြီး၊ ညနေခင်းတွင်မူ အစားအသောက်ပို့ဆောင်သည့် လုပ်ငန်းကို လုပ်ကိုင်ရသည်။ ညဉ့်အချိန်သို့ ရောက်ရှိသောအခါတွင်မူ ဆန်အိုးအလွတ်ကြီးကို ငေးကြည့်ရင်း လက်ထဲမှ အကြွေစေ့လေးများကို တစ်ပြားချင်း ထိုင်၍ ရေတွက်နေရသည့် ဘဝမျိုး ဖြစ်ပေသည်။

 

သို့ရာတွင် တစ်နေ့၌... အရာအားလုံးက ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။

 

သူရရှိထားသော ရုပ်ရှင်ဇာတ်ကောင်နေရာကို နောက်ခံအင်အားရှိသော လူတစ်ဦးက မတရားလုယူသွားသည့်အခါ —

 

CEO တစ်စုံတစ်ယောက်: " ဘယ်ကုမ္ပဏီက အဲဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံမှာလဲ… အဲ့ကုမ္ပဏီကိုဝယ်လိုက်…"

 

သူ ဖန်တီးထားသော သီချင်းကို တစ်ယောက်ယောက်က ခိုးယူသွားသည့်အခါ —

 

ဝေ့ပေါ်မှ စူပါစတားတစ်ယောက်: " ဒါက အတုကြီး… မူရင်းသီချင်းရေးသူက @ဖန်ဟွိုက် ပါ…"

 

သူက အကောင်းဆုံးသရုပ်ဆောင်၏ နာမည်ကို ခုတုံးလုပ်၍ ကျော်ကြားအောင် ပြုလုပ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်လာသည့်အခါ —

 

အကောင်းဆုံးသရုပ်ဆောင် (ဆုပေးပွဲစင်မြင့်ထက်၌): “ဖန်ဟွိုက်သာမရှိရင် ဒီနေ့ ဒီနေရာမှာ ကျွန်တော် ရှိနေမှာမဟုတ်ဘူး…”

 

ဖန်ဟွိုက် : ???

 

ဒီလူတွေက ဘယ်သူတွေလဲ…

 

သူက ဤသို့ ထူးထူးခြားခြား ချောမောလွန်းသော အမျိုးသားများနှင့် တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ဖူးခဲ့ကြောင်း သေချာလှသည်။ ထိုသို့ ဆုံတွေ့ဖူးမည့်အစား သူ့တွင် အိမ်မွေးတိရစ္ဆာန် အနည်းငယ်သာ ရှိခဲ့ဖူးသည်။

 

ပဲငပိအနှစ်ဖြင့် ချက်ရန် စီစဉ်ထားသော ငါးတစ်ကောင်၊ ပေါင်းရန်အတွက် ကြက်တစ်ကောင်၊ စပ်စပ်လေးချက်မည့် ယုန်သားနှင့် မြွေစွပ်ပြုတ်... အားလုံးကို သူ အစီအစဉ်တကျ ပြင်ဆင်ထားခဲ့သည်။ 

 

သို့ရာတွင် ၎င်းတို့အားလုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။

 

ဖန်ဟွိုက်: "အမ်... ကျွန်တော်တို့ အရင်က တွေ့ဖူးလို့လား…"

 

Big Shot: "မင်း ကိုယ့်ကို ကယ်ခဲ့ပြီးတော့ ပြုစုပျိုးထောင်ပေးခဲ့တာလေ… မေ့သွားပြီလား…"

 

ဖန်ဟွိုက်: …

 

သူ့စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ရုတ်ချည်းဖြစ်ပေါ်လာသည်။

 

Big Shotကြီးက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“မင်း ကိုယ့်ကို ပြုစုပျိုးထောင်ပေးတုန်းက ကိုယ်က လူအသွင်မပြောင်းရသေးဘူးလေ… မင်း ကိုယ့်ဆီနေ့တိုင်းလာတယ်… ကိုယ့်ကို ကိုင်တွယ်ပွတ်သပ်တယ်… ကိုယ့်ကို စကားတွေပြောတယ်...  အဲဒါ မင်း ကိုယ့်ကို သဘောကျလို့မဟုတ်ဘူးလား… ဟင်…"

 

ဖန်ဟွိုက်: ………

 

သူ၏ အသားမာတက်နေသောလက်များက အနည်းငယ် တုန်ယင်သွားတော့သည်။

 

-----------

 

ဖတ်ရှု့ရန်လမ်းညွှန်

 

1 Vs.1 ပါပဲ…

 

အဓိကဇာတ်လိုက်အပေါ် ထားရှိတဲ့ Big Shotတွေရဲ့  ခံစားချက်တွေက မိသားစုဝင်လို သံယောဇဉ်မျိုးကနေ အချစ်ဇာတ်လမ်းဆန်တဲ့ ခံစားချက်မျိုးအထိ အဆင့်ဆင့် ကွဲပြားကြပါတယ်…

 

Harem မဟုတ်ပါဘူး။ MLက ယဲ့ယွီယွမ်ပါ။ ဂရုစိုက်ခံရဖို့အတွက် ရုန်းရင်းဆန်ခတ် တိုက်ပွဲတစ်ခုအဖြစ် စတင်ခဲ့ရာကနေ စနစ်တကျ ရိုမန့်အချစ်ဇာတ်လမ်းတစ်ခုဆီကို ပြောင်းလဲသွားတာမျိုးပါ…  ဇာတ်လမ်းရဲ့ ၈၀ ရာခိုင်နှုန်းက အဓိက CP အကြောင်းဖြစ်ပြီး၊ ၂၀ ရာခိုင်နှုန်းက အခြား Big Shotတွေအကြောင်း ဖြစ်ပါတယ်။ သတိထား၍ ဖတ်ရှုပေးပါရန်။

 

Gongရဲ့ အသွင်အစစ်က နဂါးပါ၊ အရမ်းကိုမိုက်ပါတယ်…

 

🪽🪽🪽

Reviews

User Avatar
No comments yet. Be the first to share your thoughts.
Ch 1-5

27 Oct, 2026

Ch 6-10

27 Oct, 2026

Ch 11-15

27 Oct, 2026

Ch 16-20

27 Oct, 2026

Related Novels

ဗီလိန်၏ယုန်ဖြူရှစ်စွမ်းအဖြစ်ကူးပြောင်းခြင်း

IQ Team (BL)

Ch: 9 4

Black List ခံရပြီးနောက် ငါလူသားမဟုတ်တော့ဘူး

IQ Team (BL)

Ch: 3 1

Testing

Admin

Ch: 1 1
Search Novels