🪽 Chapter 6

ကုန်စုံဆိုင်မှ ထွက်လာပြီးနောက် ဖန်ဟွိုက်က မြို့ဟောင်းဧရိယာ၏ ကွေ့ကောက်နေသော လမ်းကြားများအတိုင်း လျှောက်လှမ်းရင်း သာမန်တည်းခိုခန်းအသေးလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

တည်းခိုခန်း၏ အခြေအနေက အလွန်ရိုးရှင်းလှသော်လည်း အနည်းဆုံး စျေးနှုန်းချိုသာလှသည်။ ဖန်ဟွိုက် လမ်းဘေးဖျော်ဖြေမှုမှ ရရှိထားသော ငွေများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ရရှိထားသော လုပ်အားခများက တစ်ညတာ တည်းခိုခအတွက် လုံလောက်ရုံမျှ ဖြစ်၏။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် ဖန်ဟွိုက်က အခန်းခပေးချေပြီးသည်နှင့် ကုတင်ပေါ်သို့ လဲလျောင်းကာ မိုးလင်းသည်ထိတိုင်အောင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

သူက အလွန်အမင်း နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သဖြင့် ဖန်ကျန့်ကော မသေဆုံးမီက ပေးခဲ့သော ကျောက်စိမ်းဆွဲပြားလေးက သူ၏အင်္ကျီကော်လံအောက်မှ လျှောကျလာသည်ကိုပင် သတိမပြုမိခဲ့ချေ။

တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းတွင် ထိုကျောက်စိမ်းဆွဲပြားလေးမှ ဖျော့တော့၍ တောက်ပသော အလင်းရောင်အချို့ ထွက်ပေါ်နေခဲ့သည်။

၎င်းက သာမန် ကျောက်စိမ်းဖြူဆွဲပြားလေးတစ်ခုမျှသာ ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်က ကြမ်းတမ်းကာ အနည်းငယ် ညစ်ပေနေသည့်အပြင် ထုဆစ်ထားပုံကလည်း သေသပ်ခြင်းမရှိချေ။ ၎င်း၏ ပုံသဏ္ဌာန်ကလည်း ထူးဆန်းလှပြီး အရာဝတ္ထုအချို့ ပေါင်းစပ်ထားသကဲ့သို့ မရေမရာဖြစ်နေကာ ခန့်မှန်းရန် ခက်ခဲလှသည်။ ထိုနူးညံ့သောအလင်းရောင်လေးက အချိန်အတော်ကြာ တည်ရှိနေခဲ့ပြီး မိုးလင်းခါနီးအချိန်သို့ ရောက်မှသာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့၏။

နံနက် ၇ နာရီအချိန်၌ ဖန်ဟွိုက် မျက်လုံးပွင့်လာခဲ့သည်။

သူက သူ့လက်ဖဝါးထဲရှိ ဆွဲပြားလေးကို ကြည့်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေမိ၏။ ၎င်းကို ဖန်ကျန့်ကောက သူ့အား ပေးခဲ့ခြင်းဖြစ်ပြီး သူသည် အနီရောင်ကြိုးလေးဖြင့် အမြဲတမ်း ဆွဲထားလေ့ရှိသည်။ သို့သော် ယခုတွင် ထိုကြိုးလေးက အကြောင်းပြချက် မသိရဘဲ ပြတ်တောက်နေခဲ့သည်။

အိပ်နေရင်း ခန္ဓာကိုယ်အလှည့်တွင် ဖိမိသွားခြင်း ဖြစ်ပေလိမ့်မည်။ သူက ခေါင်းကို ခါယမ်းလိုက်ရင်း ၎င်းကို ဆက်လက်တွေးတောခြင်း မပြုခဲ့ပေ။

နံနက် ၈ နာရီတွင် သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလုပ်သွားရပေမည်။

ဖန်ဟွိုက်က ဝတ်ဆင်ရလွယ်ကူသော အနက်ရောင် တီရှပ်ပွပွတစ်ထည်ကို ဝတ်ဆင်လိုက်ပြီး သူ့ထံ၌ ဘောင်းဘီ အနည်းငယ်သာ ရှိသဖြင့် ယမန်နေ့က ဝတ်ဆင်ခဲ့သော လုပ်ငန်းခွင်သုံးဘောင်းဘီကိုသာ ထပ်မံဝတ်ဆင်လိုက်၏။

ထို့နောက် တည်းခိုခန်းမှ ထွက်ခွာခဲ့ပြီး ဘတ်စ်ကားတစ်စီးပေါ်သို့ တက်ခဲ့သည်။

ဘတ်စ်ကားလမ်းကြောင်းက မြို့ပြင်ဘက်သို့ ဦးတည်နေသဖြင့် ခရီးသည် အများအပြား မရှိချေ။ 

လွတ်နေသော ထိုင်ခုံများစွာ ရှိနေသဖြင့် ဖန်ဟွိုက်က အနောက်ဘက်နားရှိ ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်၏။ ကားက ဖြည်းညင်းစွာ လှုပ်ခါမောင်းနှင်နေစဉ်အတွင်း ယမန်နေ့ညက ပင်ပန်းနွမ်းနယ်မှုများ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် သူ့မျက်ခွံများက လေးလံလာခဲ့ပြီး မကြာမီ၌ပင် ဖြည်းညင်းစွာ အိပ်ပျော်သွားခဲ့သည်။

ရုတ်တရက် ဘတ်စ်ကားက ရပ်တန့်သွားခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဖန်ဟွိုက်မှလွဲ၍ ကျန်ရှိနေသော နောက်ဆုံးခရီးသည်က ကားပေါ်မှ ဆင်းသွားခဲ့ပြီ ဖြစ်သည်။ 

ယခုတွင် ကားပေါ်၌ ယာဉ်မောင်းနှင့် ဖန်ဟွိုက် နှစ်ဦးတည်းသာ ကျန်ရှိနေသည်။

ယာဉ်မောင်းက ရှေ့တွင် လမ်းပိတ်ရပ်ထားသည့် ဇိမ်ခံကားကြီးဖြစ်သော ပြောင်လက်နေသည့် အနက်ရောင် Maybachကားကြီးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိကာ သူ့ဘာသာ ရေရွတ်လိုက်၏။

“ဒီသူဌေးက ဘယ်ကနေ ရောက်လာတာလဲ... ဒီလိုမျိုး အိုဟောင်းနေတဲ့နေရာကို ဒီလောက်အဆင့်မြင့်တဲ့ကားကြီး မောင်းလာတာ ခြစ်မိမှာ မကြောက်ဘူးလား မသိဘူး...”

နောက်တစ်စက္ကန့်တွင် သူ၏မျက်ဝန်းများက အံ့သြလွန်း၍ ပြူးကျယ်သွားခဲ့ရသည်။

ဝတ်စုံပြည့် သေသပ်စွာဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက Maybach ကားကြီးအတွင်းမှ လှမ်းထွက်လာခဲ့၏။ 

သူက စနစ်တကျ ချုပ်လုပ်ထားသော အဆင့်မြင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာထားက တည်ငြိမ်နေသော်လည်း ဖျော့တော့သော မောက်မာမှုအရိပ်အယောင်အချို့ ရှိနေသည်။ 

သူ၏နှုတ်ခမ်းလွှာများက တင်းတင်းစေ့ထားလျက် သူ၏ထူးကဲလှပသော မျက်နှာသွင်ပြင်က လူအများ၏အာရုံကို ဖမ်းစားနိုင်စွမ်းရှိသည့်အပြင် ပိုမို၍ လွှမ်းမိုးနိုင်စွမ်းရှိသည်မှာ သူ၏အကြွင်းမဲ့ အာဏာရှိလှသော အရှိန်အဝါပင် ဖြစ်သည်။

ယာဉ်မောင်း၏ ဦးနှောက်က ခဏမျှ အလုပ်မလုပ်တော့ဘဲ ဖြစ်သွားရ၏။
“ယဲ့... ယဲ့...”

သူက မယုံနိုင်စရာကောင်းလှသော လမ်းလျှောက်နေသည့် ငွေပုံကြီးကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေမိပြီး “အဖေ” ဟူသည့်စကားလုံးပင် သူ၏နှုတ်ခမ်းဖျားမှ ထွက်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
“ဥက္ကဌယဲ့...”

ယဲ့ယွီယွမ်တွင် တင်းကျပ်လှသော အချိန်ဇယားများ ရှိနေသည်မှာ သိသာလှသည်။ သူက ရှေ့သို့ လျှောက်လှမ်းလာစဉ် သူ့အတွင်းရေးမှူးက ဘေးမှ လိုက်ပါလာရင်း အချက်အလက်များကို မပြတ်တမ်း တင်ပြနေ၏။

ထိုအရပ်ရှည်ရှည်နှင့် အမျိုးသားက တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး သူ့မျက်နှာထားက ခန့်မှန်းရ ခက်ခဲနေသည်။

သူ ဘတ်စ်ကား၏ ရှေ့တံခါးသို့ ရောက်ရှိလာသောအခါ တုန်လှုပ်နေဆဲဖြစ်သော ယာဉ်မောင်းက အလျင်အမြန်ပင် တံခါးကို ဖွင့်ပေးလိုက်၏။

ယဲ့ယွီယွမ်က သိရှိကြောင်း အရိပ်အယောင်ဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အေးစက်တည်ငြိမ်သော အမူအရာအတိုင်း ကားအတွင်းသို့ လှမ်းဝင်ခဲ့ကာ အနောက်ဘက်ဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။

ယာဉ်မောင်းအနေဖြင့် ယခုကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်မျိုးကို အနီးကပ် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ယမန်နေ့က နွေရာသီဒါးဗို့စ်ဖိုရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ယဲ့ယွီယွမ်ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရခြင်းမရှိပါက ယခု မြင်တွေ့နေရသည့် သူ၏မျက်လုံးများကို ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

လူကိုယ်တိုင် မြင်တွေ့ရခြင်းက ဖန်သားပြင်မှတစ်ဆင့် မြင်တွေ့ရခြင်းနှင့် လုံးဝကွဲပြားခြားနားလှသည်။

ယဲ့ယွီယွမ်က ပို၍ အရပ်ရှည်ပြီး ပိုမိုချောမောသည့်အပြင် သူ၏အလွန်အမင်း ကြီးမားလှသော အရှိန်အဝါက အပြင်တွင် ပိုမို၍ ကြောက်ရွံ့ဖွယ် ကောင်းလှသည်။

ယာဉ်မောင်းတစ်ယောက် အခြေအနေကို သဘောမပေါက်သေးမီ၌ပင် အမြဲတမ်း ပြုံးနေတတ်သော အတွင်းရေးမှူးက အနားသို့ ချဉ်းကပ်လာခဲ့၏။

“မင်္ဂလာပါ ဆရာ... ကျွန်တော်တို့ ကိစ္စလေးတစ်ခု ဆွေးနွေးရအောင်... စိတ်မပူပါနဲ့... စည်းကမ်းနဲ့ ငြိစွန်းတာမျိုး မဟုတ်ပါဘူး...”

တစ်ချိန်တည်းမှာပင် ဘတ်စ်ကား၏ အနောက်ဘက်တွင် ယဲ့ယွီယွမ်၏ နက်မှောင်ပြီး အေးစက်လှသော မျက်ဝန်းအစုံက အိပ်ပျော်နေသော လူငယ်လေးအပေါ်သို့ ကျရောက်သွားခဲ့၏။

ဖန်ဟွိုက်က အေးချမ်းစွာဖြင့် ကွေးကွေးလေး အိပ်ပျော်နေပြီး သူ၏အသက်ရှူသံက တည်ငြိမ်နေ၏။

သူ၏ရှည်လျားသော မျက်တောင်လေးများက ပါးပြင်ပေါ်သို့ ညင်သာစွာ ကျရောက်နေပြီး သူ၏နှုတ်ခမ်းလွှာများ၌ ဖျော့တော့သော အပြုံးအရိပ်အယောင်အချို့ ရှိနေသည်။

အနည်းငယ်ချွန်နေသော နှာခေါင်းထိပ်လေးက ပန်းရောင်သန်းနေသဖြင့် အလွန်အမင်း ချစ်စဖွယ် ကောင်းလှသည်။ တီရှပ်အင်္ကျီပွပွက အနည်းငယ် လည်ပင်းဟိုက်နေသဖြင့် သူ၏လှပသော ညှပ်ရိုးကို ပေါ်နေစေကာ ၎င်း၏အောက်ဘက်တွင် အနီရောင်ကြိုးလေးဖြင့် ဆွဲထားသော ကျောက်စိမ်းဆွဲပြားလေး ရှိနေသည်။

ယဲ့ယွီယွမ်၏ အကြည့်များက ကျောက်စိမ်းဆွဲပြားလေးပေါ်သို့ ဖြတ်သန်းသွားခဲ့၏။

ပြီးနောက် သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကိုယ်ကိုကိုင်းကာ ဖန်ဟွိုက်ကို သူ့ရင်ခွင်အတွင်းသို့ အလွယ်တကူပင် ပွေ့ချီလိုက်သည်။

သူ၏မျက်နှာထားက အေးစက်ကာ ခန့်မှန်းရခက်နေဆဲ ဖြစ်သော်လည်း သူ၏လှုပ်ရှားမှုများက အလွန်အမင်း ညင်သာလွန်းလှသည်မှာ လူငယ်လေး နိုးသွားမည်ကို စိုးရိမ်နေသည့်အလားပင် ဖြစ်၏။ သူ၏အသက်ရှူသံကပင် သိသိသာသာ တိတ်ဆိတ်သွားခဲ့ရသည်။

သူတို့၏ ခန္ဓာကိုယ်ချင်း ထိတွေ့မိလိုက်သည့် ခဏ၌ပင် ကျောက်စိမ်းဆွဲပြားလေးမှ နူးညံ့သောအလင်းရောင် တစ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

“မစ္စတာယဲ့...”
AI၏ စက်ရုပ်ဆန်သောအသံက ထွက်ပေါ်လာခဲ့၏။
“အချက်အလက် စုဆောင်းမှု ပြီးဆုံးပါပြီ... စစ်ဆေးချက်အရ မစ္စတာဖန်က ၁၄ နာရီကြာအောင် အစားအစာ မစားရသေးကြောင်း ပြသနေပါတယ်...”

ဆီးနှင်းများကဲ့သို့ အေးစက်လှသော နက်မှောင်နေသည့် မျက်ဝန်းအစုံက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ရသည်။

သူ့ရင်ခွင်အတွင်းရှိ လူငယ်လေးက အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သော်လည်း မွေးကင်းစကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ပိန်လှီနေပြီး မယုံနိုင်လောက်အောင်ပင် ပေါ့ပါးလွန်းနေသည်။

ယဲ့ယွီယွမ်၏အကြည့်များက ပိုမို၍ နက်မှောင်သွားခဲ့ပြီး နှုတ်ခမ်းပါးများကို ပိုမိုတင်းကြပ်စွာ စေ့လိုက်မိသည်။

သူ... ဒီနှစ်တွေမှာ ဘယ်လိုများ အသက်ရှင်ခဲ့တာလဲ...

ဖန်ဟွိုက်ကို လုံခြုံစွာ ပွေ့ချီထားရင်း ယဲ့ယွီယွမ်က ဘတ်စကားပေါ်မှ လှမ်းဆင်းခဲ့ပြီး Maybach ကားကြီး၏ နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။

ကားက လမ်းမအတိုင်း ဖြည်းညင်းချောမွေ့စွာ မောင်းနှင်သွားခဲ့၏။

ယဲ့ယွီယွမ်က မျက်လွှာချလိုက်ရင်း အိပ်ပျော်နေသော လူငယ်လေးကို အချိန်အကြာကြီး စိုက်ကြည့်နေမိ၏။

တဖြည်းဖြည်းနှင့် သူ့မျက်ဝန်းများအတွင်းရှိ အကြည့်များက နူးညံ့ပျော့ပျောင်းသွားခဲ့ရ၏။

သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ဖန်ဟွိုက်၏ မျက်ဝန်းများပေါ်သို့ ကျရောက်နေသော ဆံပင်အချို့ကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

သူ၏ရှည်လျားသော လက်ညှိုးက အနည်းငယ် ကွေးသွားပြီး ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ်၌ လူငယ်လေး၏ ပါးပြင်ပေါ်ရှိ ဖုန်မှုန့်ပေကျံနေသော အစက်အပြောက်လေးတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့၏။

သူက ၎င်းကို သုတ်ဖယ်ပေးရန်အတွက် လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူ၏လက်ဖဝါးအလယ်တွင် ရုတ်တရက် နူးညံ့ပြီး စိုစွတ်သော ယားကျိကျိ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ယဲ့ယွီယွမ်၏ အသက်ရှူသံက ခဏတာ ရပ်တန့်သွားခဲ့ရပြီး သူ့ကျောပြင်က ချက်ချင်းပင် တောင့်တင်းသွားခဲ့ရသည်။

သူ ငုံ့ကြည့်လိုက်သောအခါ အိပ်ပျော်နေသော ဖန်ဟွိုက်က အိပ်မက်မက်နေသည်။ သူက တိုးညင်းစွာ ရေရွတ်လိုက်ပြီး သူ့လက်ဖဝါးအလယ်ကို လျှာဖြင့် လျက်လိုက်ကာ နှုတ်ခမ်းကို သပ်ရင်း မရေမရာ ပြောလိုက်၏။

"အရသာ မရှိဘူး..."

ယဲ့ယွီယွမ် : “…”

သူ၏နက်မှောင်နေသော မျက်ဝန်းများအတွင်း၌ သဘောကျနှစ်ခြိုက်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရ၏။

သူ့နှုတ်ခမ်းအစုံက အနည်းငယ် ကော့တက်သွားခဲ့သော်လည်း ထိုအပြုံးက ခဏမျှသာဖြစ်ပြီး အမြဲတမ်းရှိနေတတ်သည့် တည်ငြိမ်သောအသွင်သို့ အလျင်အမြန်ပင် ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ...

ဖန်ဟွိုက်က အိမ်မက်ထဲတွင် တွေးတောနေမိသည်။

ဒီနံရိုးကြော်က ဘယ်လိုဖြစ်လို့ အသားလုံးဝ မပါရတာလဲ...

နောက်တစ်စက္ကန့်တွင် သူက ပါးစပ်ကို ဟလိုက်ရင်း ယဲ့ယွီယွမ်၏ လက်ဖဝါးကို ကိုက်ချလိုက်သည်။

သူ၏အနည်းငယ် ချွန်ထက်နေသော သွားစွယ်လေးနှစ်ချောင်းက အရေပြားပေါ်သို့ ကျရောက်သွားခဲ့ပြီး ပေါ့ပေါ့ပါးပါး ကိုက်ခဲနေခဲ့သည်။ ကိုက်လိုက်စဉ် အတွင်း သူ၏မျက်မှောင်များက ဖြည်းညင်းစွာ ကြုတ်သွားခဲ့ရပြီး ပန်းရောင်သန်းနေသော နှာခေါင်းထိပ်လေးကလည်း လှုပ်ရှားသွားခဲ့ရ၏။

ယဲ့ယွီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရပြီး သူ၏အသက်ရှူသံကလည်း ခဏတာမျှ လေးလံသွားခဲ့ရသဖြင့် ၎င်းကို ပြန်လည်ထိန်းချုပ်ရန် အတင်းအကျပ် ကြိုးစားလိုက်ရသည်။

သူ့မျက်နှာထားက မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏အကြည့်များက အတိုင်းအဆမရှိ နူးညံ့ပျော့ပျောင်းသွားခဲ့ရသည်မှာ အတိုင်းအဆမရှိ အလိုလိုက်ထားသည့်အလားဖြစ်ပြီး လူငယ်လေးအား သူ၏လက်ကို မည်သည့်အတားအဆီးမျှမပြုဘဲ ကိုက်ခဲခွင့် ပြုထားခဲ့သည်။

သူ၏ဘယ်ဘက်လက်ညှိုးတွင် ပတ်တီးတစ်ခု ပတ်ထားခဲ့သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက အခြားလက်တစ်ဖက်ကို မြှောက်လိုက်ရင်း အနည်းငယ် အဆင်မပြေဖြစ်စွာဖြင့် ဖန်ဟွိုက်၏ အနည်းငယ် ကွေးကောက်နေသော ဆံပင်လေးများကို သေသပ်အောင် သပ်တင်ပေးလိုက်သည်။

သူ မျက်လွှာချထားမိ၏။ သူက ယခုကဲ့သို့သော အပြုအမူမျိုးကို အသားမကျသေးသဖြင့် သူ၏လှုပ်ရှားမှုများက ကျွမ်းကျင်ခြင်းမရှိလှဘဲ သူ၏နားရွက်ဖျားများကလည်း အနည်းငယ် ပူနွေးနေခဲ့သည်။

အတွင်းရေးမှူး : “…”
ခေါင်းကို ငုံ့ထားရမယ်... ငါ့ရဲ့ တည်ရှိနေမှုကို သေးသေးလေးဖြစ်အောင် လုပ်ထားရမယ်...

ယဲ့ယွီယွမ်က အမြဲတမ်းကဲ့သို့ပင် ပြီးပြည့်စုံလွန်းသော တည်ငြိမ်မှုမျိုး ရှိနေဆဲဖြစ်ပြီး သူ့ဝတ်စုံကလည်း သေသပ်နေဆဲ ဖြစ်၏။ သို့သော် သူ့ပတ်ဝန်းကျင်ရှိ လေထုက ငြင်းပယ်၍မရအောင်ပင် ပြောင်းလဲသွားခဲ့ရသည်။

အေးစက်လှသော ကျောက်စိမ်းရုပ်တုတစ်ခုက သူ၏အေးစက်သော အခွံကို ခွာချလိုက်ပြီး ပိုမို၍ လူသားဆန်လာကာ နောက်ဆုံးတွင် လူသားများ၏ နွေးထွေးမှုအရသာကို ခံစားလိုက်ရသကဲ့သို့ ဖြစ်နေသည်။

ဆယ်မိနစ်အကြာတွင်—

ဖန်ဟွိုက် နိုးလာခဲ့သည့်အချိန်၌ ဘတ်စ်ကားကြီးက မှတ်တိုင်သို့ ကွက်တိ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ယာဉ်မောင်းက အနည်းငယ် တုန်လှုပ်နေလျက် ကားမှန်ကို ဖွင့်ကာ ဆေးလိပ်သောက်နေခဲ့သည်။

ဖန်ဟွိုက်က မျက်လုံးများကို ပွတ်သပ်လိုက်ရင်း ကားပေါ်မှ ဆင်းခဲ့ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းသို့ လှမ်းဝင်သွားခဲ့သည်။

လူငယ်လေး၏ ကိုယ်ဟန်အမူအရာက အလုပ်သမားထုကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားခဲ့ပြီးနောက်မှသာ မလှမ်းမကမ်းရှိ Maybach ကားကြီးက အင်ဂျင်ကို စတင်နှိုးလိုက်ပြီး ဖြည်းညင်းစွာ မောင်းနှင်ထွက်ခွာသွားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၌ ဖုန်မှုန့်များ ထူထပ်နေပြီး မြေတူးစက်ကြီးများကလည်း ဆူညံစွာ အလုပ်လုပ်နေကြသည်။

ထူးဆန်းသည်က ထမင်းဘူးများကို ပုံမှန်အားဖြင့် နေ့လည်စာအချိန်မှသာ ဝေငှလေ့ရှိသော်လည်း ယနေ့တွင် ဖန်ဟွိုက် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းခွင်ရှိ ထမင်းချက်အမျိုးသမီးက သူ့ကို ထမင်းဘူးတစ်ဘူး ကမ်းပေးလာ၏။ ၎င်း၏အတွင်း၌ နံနက်စာအဖြစ် နံရိုးကြော်များ ပါရှိနေသည်။ 
သူမက ၎င်းကို တစ်နပ်စာ အပိုကျွေးခြင်းဖြစ်ကြောင်း ပြောခဲ့၏။

ဇဝေဇဝါဖြစ်သွားသော်လည်း ဖန်ဟွိုက်က ၎င်းကို လက်ခံလိုက်သည်။

စားသောက်ပြီးနောက် သူက အဝါရောင် အလုပ်သမားဦးထုပ်ကို ဆောင်းလိုက်ပြီး ပုခုံးပေါ်သို့ မျက်နှာသုတ်ပုဝါတစ်ထည်ကို တင်ကာ အုတ်ခဲများ သယ်နေကြသော အခြားအလုပ်သမားများထံသို့ သွားရောက်ပူးပေါင်းလိုက်သည်။

သူတို့ အလုပ်စတင်ရန် ပြင်လိုက်စဉ်၌ပင် အလုပ်သမားခေါင်းဆောင်က မြေတူးစက်ကို ရပ်တန့်ရန် အချက်ပြလိုက်ပြီး သူတို့အားလုံးကို လှမ်းခေါ်လိုက်၏။

“အားလုံးပဲ နားထောင်ကြဦး...”
အလုပ်သမားခေါင်းဆောင်က လက်ခုပ်တီးလိုက်ရင်း တောင်ဘက်ဧရိယာဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“ဟိုဘက်က ကွင်းပြင်ကျယ်ကြီးကို ဒီနေ့ လူတစ်ယောက်က အပိုင်ငှားထားတာ ရှိတယ်... ဒါကြောင့် အဲဒီဘက်ကို မသွားကြနဲ့... ပြီးတော့ ဆူညံသံကိုလည်း တတ်နိုင်သမျှ လျှော့ချထားကြ... ဒီဘက်က အလုပ်တွေ ပြီးသွားရင် ဒီနေ့ အားလုံး စောစောပြန်လို့ရတယ်... နေ့တွက်ခကိုတော့ အပြည့်ပေးမယ်... အဆင်ပြေလား...”

“ဝိုး... ဘယ်သူကများ ဒီလောက်အထိ သြဇာအာဏာရှိရတာလဲ...”
တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

“ကွင်းပြင်ကျယ်ကြီးတစ်ခုလုံးကို ငှားထားရအောင်ထိလေ...”

“မင်းက ဘာဖြစ်လို့ ဒီလောက်အထိ စပ်စုနေရတာလဲ...”

“နာမည်ကြီးတစ်ယောက်ယောက်များ ဖြစ်နေလို့လား... မနေ့က ကျွန်တော့်မိန်းမ ဝေ့ပေါ်ကြည့်ရင်း ပြောနေတာတော့... လင်း... အာ... နာမည်က ဘာပါလိမ့်... သူက နန်မြို့တော်ကို ရောက်နေတယ်ဆိုလား...”

“ကဲ... ကဲ... အလုပ် ဆက်လုပ်ကြပါ...”

🪽🪽🪽

🪽 Chapter 7

လူအုပ်ကြီးက ရယ်မောကာ စကားအနည်းငယ် ပြောဆိုလိုက်ကြပြီးနောက် သူတို့၏ အလုပ်များဆီသို့ လူစုခွဲသွားကြသည်။

ဖန်ဟွိုက် အုတ်ခဲများကို နှစ်နာရီခန့် သယ်ယူပြီးနောက် အိမ်သာသွားချင်စိတ် ပေါ်ပေါက်လာခဲ့၏။ သို့သော် လုပ်ငန်းခွင်အတွင်းရှိ ယာယီအိမ်သာများအားလုံးက လူပြည့်နေခဲ့သည်။ 

အလုပ်သမားတစ်ဦးက တောင်ဘက် ဧရိယာအနီးတွင် စွန့်ပစ်ထားသော အိမ်သာဟောင်းတစ်ခု ရှိကြောင်း တိုးတိုးလေး ပြောပြလာခဲ့၏။

ဖန်ဟွိုက် တုံ့ဆိုင်းသွားခဲ့ရသည်။ အလုပ်သမားခေါင်းဆောင်၏ သတိပေးချက်ကို သတိရမိသွားခြင်း ဖြစ်၏။

သို့သော် အခြေအနေက အရေးကြီးနေသည့်အပြင် စွန့်ပစ်ထားသောအိမ်သာက ကန့်သတ်ထားသော ဧရိယာနှင့် အကွာအဝေးတစ်ခု ရှိနေသည်ဟု ဆိုသဖြင့် သူက ဝေခွဲမရဖြစ်နေသော်လည်း သွားရန် ဆုံးဖြတ်လိုက်သည်။

သူက ဘောင်းဘီဇစ်ကို ဖွင့်လိုက်ရင်း စိတ်ပါလက်ပါမရှိဘဲ သီချင်းတစ်ပုဒ်ကို ညည်းနေမိ၏။

သူက သီချင်းဆိုရသည်ကို အလွန်နှစ်သက်သူဖြစ်ပြီး အားလပ်ချိန်ရတိုင်း အပျော် သီဆိုလေ့ရှိသည်။

သူ့အသံက အလွန်အမင်း ကျယ်လောင်ခြင်းမရှိသော်လည်း ကြည်လင်တောက်ပနေပြီး အဝေးသို့ ပျံ့လွင့်နိုင်စွမ်းရှိရာ ကွင်းပြင်ကျယ်ကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး လေပြေနှင့်အတူ ပို၍ ဝေးကွာသော နေရာသို့ မျောလွင့်သွားခဲ့သည်။

...ကံမကောင်းစွာဖြင့်ပင် မလှမ်းမကမ်းရှိ နေရာတစ်ခုတွင် လင်းလွေ့က သူ့ဖုန်းကို တပ်ဆင်ကာ တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။

ထိုသန့်စင်ကြည်လင်ပြီး ထိုးဖောက်နိုင်စွမ်းရှိသော အသံက လေပြေနှင့်အတူ မိုက်ခရိုဖုန်းအတွင်းသို့ စီးဝင်သွားခဲ့ရာ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်ပေးသည့်နေရာတွင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။

—

မလှမ်းမကမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ ကွင်းပြင်ကျယ်ကြီးအတွင်း၌—

“နေရာတွေအများကြီးထဲကမှ ဘာဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ဘေးနားကို ရွေးရတာလဲ... ဒီမှာ လူတွေက အုတ်ခဲတွေ သယ်နေကြတာ... ဖုန်မှုန့်တွေကလည်း နေရာအနှံ့ ပျံ့နှံ့နေတာပဲ...” 
မန်နေဂျာက ကားရပ်လိုက်သည်နှင့် မကျေမနပ် ညည်းညူလိုက်တော့သည်။

“မင်း ဘာသိလို့လဲ...”
လင်းလွေ့က သူ့ဖုန်းကို ကိုင်ဆောင်လျက် ကားပေါ်မှ ဆင်းလာခဲ့ပြီး အဝေးရှိ မိုးမျှော်တိုက်ကြီးကို တစ်ချက်ကြည့်လိုက်ကာ အသံကိုနှိမ့်၍ ပြောလိုက်၏။ 

“ဒီနေရာက ကျယ်ပြီး လူသူဆိတ်ငြိမ်တယ်... ဘယ်သူမှ ငါ့ကိုလာပြီး မနှောင့်ယှက်နိုင်ဘူး...”

ထို့ပြင် သူသည် ယမန်နေ့က ဆရာသခင်တစ်ဦးနှင့် တိုင်ပင်ခဲ့သေးသည်။ ဤနေရာ၏ ဖုန်းရွှေက အလွန်အမင်း ကောင်းမွန်လှသည်။ အရာအားလုံး အဆင်ပြေ ချောမွေ့ အောင်မြင်လိမ့်မည်ဟု အာမခံထားခဲ့သည်။

လင်းလွေ့က ထိုအရာများကို အလွန်အမင်း ယုံကြည်အလေးထားသူ ဖြစ်၏။

“ကဲပါ... ကဲပါ... ဆောက်လုပ်ရေးလုပ်ငန်းခွင်လည်း ဖြစ်တာပဲ... မြန်မြန်သာ လုပ်စမ်းပါ... အချိန်နီးနေပြီ...”
မန်နေဂျာက တိုက်တွန်းလိုက်သည်။

“အင်း...”
လင်းလွေ့၏အကြည့်က ကားအတွင်းရှိ ငှက်လှောင်အိမ်တန်းများအပေါ်သို့ ကျရောက်သွားခဲ့၏။

၎င်း၏အတွင်း၌ မျိုးစုံလှသော ငှက်များ ရှိနေသည်။ သာလိကာများ၊ စာကလေးများနှင့် ချိုးငှက်များ ဖြစ်ကြ၏။ 

စုစုပေါင်း လှောင်အိမ် ဆယ်ခုကျော် ရှိနေပြီး အရွယ်အစားမျိုးစုံ ရှိကြသည်။

အပြင်ပန်းကြည့်လျှင် ထိုငှက်များက သာမန်အတိုင်း ရှိနေသော်လည်း အမှန်တကယ်၌ ၎င်းတို့က အထူးလေ့ကျင့်ပေးထားခြင်းခံရသော ငှက်များဖြစ်ကြ၏။ 

ထိုနည်းလမ်းက အနည်းငယ် ရက်စက်လှသည်။ ၎င်းတို့ကို သတ်မှတ်ထားသော အစားအစာများသာ ကျွေးမွေးပြီး အချိန်အပိုင်းအခြားအလိုက် ငတ်မွတ်ထားစေခြင်းဖြင့် ထိုငှက်များကို အနည်းငယ် လေးလံထိုင်းမှိုင်းနေခြင်းမှလွဲ၍ သာမန်အတိုင်း ရှိနေစေခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ သက်တမ်းက သိသိသာသာပင် တိုတောင်းသွားခဲ့ရပြီး အချို့ငှက်များက တစ်ပတ်ပင် မခံဘဲ သေဆုံးသွားတတ်ကြသည်။

သို့သော် သူ ယမန်နေ့က စမ်းသပ်ကြည့်ခဲ့သည်မှာ အစစ်အမှန်နှင့် အလွန်အမင်း တူညီလှသည်။ သူ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း သူ၏လက်ဖဝါးပေါ်၌ အကွက်အသေးလေးတစ်ခုကို ကပ်ထားမည်ဖြစ်ပြီး သီချင်းဆိုလိုက်သည့်အချိန်တွင် သူ၏လက်ထောက်က လှောင်အိမ်တံခါးများကို ဖွင့်ပေးမည် ဖြစ်သည်။ ထိုငှက်များက ပျံသန်းထွက်လာကြပြီး သူ၏လက်ဟန်ခြေဟန်များအတိုင်း လိုက်ပါလှုပ်ရှားကြမည်ဖြစ်ရာ ဗီဒီယိုထဲကကဲ့သို့ တိကျသော ရလဒ်မျိုးကို ရရှိစေမည် ဖြစ်၏။

သူ တစ်ညလုံး မအိပ်ဘဲ ကြိုးစားရှာဖွေခဲ့ရသည်မှာ ယခုကဲ့သို့ အစစ်အမှန်ဆန်သော ခံစားချက်မျိုးကို ရရှိစေရန်အတွက် ဖြစ်သည်။

သူ့မန်နေဂျာက ဗီဒီယိုထဲမှ ကောင်လေးကို ရှာမတွေ့ခဲ့သော်လည်း လင်းလွေ့က အလွန်အမင်း ဂရုမစိုက်ချေ။ ထိုသူကလည်း ငှက်များကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့သော နည်းလမ်းမျိုးကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူတို့နှစ်ဦးလုံးတွင် မည်သူကမျှ ပိုပြီး မွန်မြတ်နေခြင်း မရှိကြပေ။

လင်းလွေ့က တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မှတ်ချက်များစွာက ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။

[လွေ့လွေ့ရေ... နောက်ဆုံးတော့ ရောက်လာပြီပဲ... မွ...]

[ရှေ့ဆုံးကနေ ငါတို့ရဲ့ ချစ်လှစွာသော လွေ့လွေ့ကို ဖွင့်ပြောလိုက်ပါပြီ... ဒီနေ့ရော ထပ်ပြီး ဖျော်ဖြေပေးဦးမှာလား... ၂၃၃၃]

[“သဘာဝလွန်စွမ်းအား” ပြသမှုကို စောင့်မျှော်နေပါတယ်... Haterတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ရမယ့် အချိန်ပဲ... ငါတို့ရဲ့ လွေ့လွေ့က တကယ့် ဇာတ်လိုက်မင်းသားပဲ...ဟားဟား...]

[ဒီအတိုင်း ဖြတ်သွားဖြတ်လာ ဝင်ကြည့်တာပါ... ဒါပေမဲ့ လင်းလွေ့က တကယ်ပဲ ရဲရင့်လွန်းတယ်... လူတွေက သူ အတုအယောင်လုပ်နေတာလို့ ပြောကြတာနဲ့ သူက ချက်ချင်း တိုက်ရိုက်လွှင့်ပြတာပဲ... Haterတွေ ရှက်မနေကြဘူးလား... သက်သေပြခိုင်းတာမလား... ရော့... ရပြီလေ...]

[ဆက်ပြီး သရုပ်ဆောင်နေပါဦး...ဟားဟား... ဖန်တွေက ရူးသွားကြပြီလား... “သဘာဝလွန်စွမ်းအား” တွေကို အတုလုပ်လို့ရတယ်ဆိုတာ မသိကြဘူးလား... ငါ နိုင်ငံရပ်ခြားက တိရစ္ဆာန်ဖျော်ဖြေပွဲတွေမှာ မြင်ဖူးတယ်... တိရစ္ဆာန်တွေကို လေ့ကျင့်ပေးဖို့အတွက် တရားမဝင် ဆေးဝါးတွေနဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတွေကို အသုံးပြုကြတာ...]

လူအလုံအလောက် ဝင်ရောက်လာသည်ကို မြင်တွေ့ရသောအခါ လင်းလွေ့က လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း ပြောလိုက်၏။

“ကောင်းပါပြီ... အားလုံးကို အကြာကြီး မစောင့်ခိုင်းတော့ပါဘူး... ကျွန်တော်တို့ အခုပဲ စလိုက်ရအောင် ဒီတစ်ခါမှာတော့ မတူညီတဲ့ သီချင်းတစ်ပုဒ်ကို ပြောင်းဆိုပေးပါ့မယ်... အားလုံး ဘာသီချင်း နားထောင်ချင်ကြလဲမသိဘူး... ကျွန်တော် မှတ်ချက်ပေးတဲ့နေရာကနေ ကျပန်းတစ်ခု ရွေးပေးပါ့မယ်...”

သီချင်းခေါင်းစဉ်များစွာက ချက်ချင်းပင် ဖုံံးလွှမ်းသွားခဲ့၏။

[ခမ်းနားထည်ဝါလှတဲ့ သီချင်းမျိုးကို ကြိုက်ပေမဲ့… ငါကတော့ လွေ့လွေ့ရဲ့ ချစ်စရာကောင်းတဲ့ သီချင်းမျိုးကိုပဲ နားထောင်ချင်တယ်...]

['အရပ်ရှစ်ခွင်က ဆန်းသစ်ခြင်း လေပြေညင်း'...]

[မင်းက တကယ့် ယောက်ျားတစ်ယောက်ဆိုရင် 'မြောင်လို့ အော်သံလေး သင်ယူမယ်' ကို ဆိုပြစမ်းပါ...]

လင်းလွေ့က သီချင်းတောင်းဆိုမှုများကို တစ်ချက်ကြည့်လိုက်ရင်း တမင်တကာပင် ရှက်ရွံ့နေသော အမူအရာကို လုပ်ပြလိုက်ကာ နှာခေါင်းကို ကုတ်ရင်း ပြောလိုက်၏။

“အားလုံးက 'ဆယ်နှစ်တာ' ကို နားထောင်ချင်ကြတာဆိုတော့... ဒါဆိုရင် ကျွန်တော် 'ဆယ်နှစ်တာ'ကိုပဲ ဆိုပေးပါ့မယ်...”

သူက မှတ်ချက်ပေးသူများ၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ လည်ချောင်းကို ရှင်းလိုက်ကာ စတင်သီဆိုလိုက်သည်။

[ဟားဟားဟား... ဒါပေမဲ့ လူအများစုက 'မြောင်လို့ အော်သံလေး သင်ယူမယ်' ကို မဲပေးထားကြတာလေ... ဘယ်သူက 'ဆယ်နှစ်တာ' ကို ပြောလို့လဲ...]

[ငါတို့ရဲ့ လွေ့လွေ့ကို လာပြီး မစကြပါနဲ့... သူ ရှက်နေတာကို မမြင်ဘူးလား... သူက အရမ်း ချစ်ဖို့ကောင်းလွန်းတယ်...]

[နားထောင်လို့ အရမ်းကောင်းတာပဲ...အားးး... ဒီလူငယ်လေးရဲ့ အသံလေးက ငါ့ကို သတ်နေတာပဲ...]

[အမှန်အတိုင်း ပြောရရင် နည်းနည်းထူးဆန်းနေသလိုပဲ... မနေ့က ဗီဒီယိုထဲက အသံနဲ့ နှိုင်းယှဉ်ရင် ဒါက လုံးဝကို ကွဲပြားခြားနားနေတာပဲ...]

[သူ့အသံက နည်းနည်း စူးရှနေတယ်... ပြီးတော့ မိန်းမဆန်နေသလိုပဲ...]

[သူ နည်းနည်း စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ... အဲဒါကြောင့် သူ့ရဲ့ သီဆိုမှုအပေါ် သက်ရောက်မှုရှိသွားတာ... အရမ်းကြီး မဝေဖန်ကြပါနဲ့...]

[လင်းလွေ့ရေ... ငါ့ကို လက်ထပ်ပါ... နင့်ရဲ့ အသံက အံ့သြဖို့ကောင်းလွန်းလို့ ငါငိုချင်လာပြီ... အယ်လ်ဘမ်တစ်ခုလောက် ထုတ်ပေးပါလား... ငါ့ရဲ့ ပိုက်ဆံအိတ်က အဆင်သင့်ပါပဲ...]

တစ်ချိန်တည်း၌ပင်...ဖန်သားပြင်၏ အပြင်ဘက်၌—

လင်းလွေ့၏ လက်ထောက်က ငှက်လှောင်အိမ်များကို အားလုံး တစ်ပြိုင်နက်တည်း မဟုတ်ဘဲ ဖြည်းညင်းစွာဖြင့် ဖျော်ဖြေမှု၏ စည်းချက်နှင့်အညီ စတင်ဖွင့်ပေးလိုက်သည်။

ပထမဆုံး စာကလေးအသေးလေးတစ်ကောင်က ၎င်း၏တောင်ပံများကို ခတ်လိုက်ရင်း ဖန်သားပြင်အတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့ပြီး လင်းလွေ့၏ လက်ညှိုးထိပ်ပေါ်တွင် နားခိုလိုက်၏။

[ဝိုးးး... သဘာဝလွန်စွမ်းအားက တကယ်ကြီး ပေါ်လာပြီဟ...]

[ဆက်သွား...လွေ့လွေ့... ဒါက အရမ်း အံ့သြဖို့ ကောင်းလွန်းတယ်...]

[@Haters... မျက်လုံးဖွင့်ပြီး သေသေချာချာ ကြည့်လိုက်ကြစမ်း... ဒါ နင်တို့ တောင်းဆိုခဲ့တဲ့အရာပဲလေ...ဟားဟားဟား...]

ထိုစာကလေးက အစပိုင်းတွင် အနည်းငယ် ထိုင်းမှိုင်းနေသော်လည်း မကြာမီ၌ပင် ၎င်းက လင်းလွေ့၏ လက်ဟန်ခြေဟန်များနှင့်အညီ စတင်လှုပ်ရှားလာခဲ့သည်။ ခဏအကြာတွင် သာလိကာတစ်ကောင် ဖန်သားပြင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ပြန်၏။ ၎င်း၏ အတောင်ပံလှုပ်ရှားမှုများက အနည်းငယ် အဆင်မပြေဖြစ်နေသော်လည်း သေချာပေါက်ပင် လင်းလွေ့၏ လက်ဟန်ခြေဟန်များအတိုင်း လိုက်ပါလှုပ်ရှားနေဆဲ ဖြစ်သည်။

[ဒါက မယုံနိုင်စရာပဲ... ငါတို့ကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးပါဦး...]

[အရမ်း မိုက်တာပဲ... သဘာဝလွန်စွမ်းအားတွေ...]

[နေပါဦး... တစ်ခုခုတော့ မှားနေသလိုပဲ...]

ထိုမှတ်ချက် ပေါ်ထွက်လာပြီးနောက် အခြားလူများကလည်း ၎င်းကို စတင်၍ သတိပြုမိလာကြသည်။

လင်းလွေ့က ပြုံးလျက် သီဆိုနေဆဲဖြစ်သော်လည်း ဖန်သားပြင်၏ အပြင်ဘက်တွင် သူ့မျက်ဝန်းများအတွင်း၌ ထိတ်လန့်မှုအရိပ်အယောင်အချို့ ရှိနေခဲ့သည်။

တတိယမြောက်ငှက်က ငှက်ပြာလေးတစ်ကောင်ဖြစ်ပြီး ၎င်းက ယခုအချိန်တွင် ပျံသန်းရောက်ရှိလာရမည် ဖြစ်၏။

သို့သော် ၎င်းက လေထဲတွင် တောင်ပံခတ်နေရင်း ရုတ်တရက် လမ်းကြောင်းကို ပြောင်းလဲလိုက်ကာ ဆန့်ကျင်ဘက်အရပ်သို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။

အစပိုင်းတွင် လင်းလွေ့ထံသို့ ပျံသန်းလာခဲ့စဉ်က အားနည်းထိုင်းမှိုင်းနေသည့်ပုံစံ ရှိနေခဲ့သော်လည်း ယခု အခြားလမ်းကြောင်းတစ်ခုသို့ ပျံသန်းသွားသည့်အချိန်၌ အားအင်အသစ်များ ရရှိလာသည့်အလား ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားသက်ဝင်နေပြီး ၎င်း၏ မျက်ဝန်းအစုံကလည်း ပြန်လည်တောက်ပလာခဲ့သည်။

[ဟမ်...]

[အဲဒီငှက်ပြာလေးက စည်းချက်အတိုင်း မလုပ်ဘူးပဲ... လွေ့လွေ့ရေ... မနေ့က ခရီးပန်းလာလို့ ပင်ပန်းနေတာလား... အဲဒါကြောင့် နင့်ရဲ့ သဘာဝလွန်စွမ်းအားအပေါ် သက်ရောက်မှုရှိသွားတာလား...]

[ရယ်ရလို့သေတော့မယ်... နိုးထကြစမ်းပါ...ဖန်လေးတွေရယ်... ဒါက သိသာထင်ရှားတဲ့ အမှားအယွင်းတစ်ခုပဲဟာ...]

[အဆင်ပြေပါတယ်... လွေ့လွေ့ရေ...နင် မနေ့ကမှ နန်မြို့တော်ကို ရောက်တာ...မနားရသေးရုံတင်မကဘဲ Haterတွေရဲ့ တိုက်ခိုက်မှုကိုပါ ခံနေရတာလေ... သဘာဝကျကျပဲ ဖျော်ဖြေမှုအပေါ် သက်ရောက်မှုရှိမှာပေါ့... ကိုယ်ချင်းစာပါတယ်... လွေ့လွေ့ကို ဖက်ထားပေးမယ်နော်...]

[နေပါဦး... သေသေချာချာ နားထောင်ကြည့်ကြစမ်းပါ...ငါနားကြပ်အသံကို အဆုံးအထိ မြှင့်လိုက်တာ... မြောက်ဘက်ကနေ တခြားလူတစ်ယောက် သီချင်းဆိုနေတဲ့အသံကို ကြားနေရသလိုပဲ...]

[အို... ဟုတ်တယ်ဟ... နင်ပြောတာ မှန်တယ်... အဲဒီဘက်မှာ တကယ်ပဲ လူတစ်ယောက် သီချင်းဆိုနေတာ...]

မြောက်ဘက်—၎င်းမှာ ငှက်ပြာလေး ပျံသန်းသွားခဲ့သည့် နေရာအတိအကျပင် ဖြစ်သည်။

လင်းလွေ့၏လက်ထောက်က အံကိုတင်းတင်းကြိတ်ထားရင်း အခြားစာကလေးတစ်ကောင်ကို ထပ်မံလွှတ်ပေးလိုက်ပြန်သည်။

သို့သော် ယခုအကြိမ်တွင် ၎င်းက လင်းလွေ့ရှိရာဘက်သို့ ဦးတည်မလာတော့ဘဲ မြောက်ဘက်ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့၏။

ထိုမျှတင်မကသေးဘဲ လင်းလွေ့၏ လက်ညှိုးထိပ်တွင် လိမ္မာစွာ ဝဲပျံနေကြသော စာကလေးနှင့် သာလိကာတို့ကလည်း တဖြည်းဖြည်းနှင့် လွတ်မြောက်ရန် အရိပ်အယောင်များ ပြသလာကြသည်။

လင်းလွေ့၏ မျက်နှာက လုံးဝကို မည်းမှောင်သွားခဲ့ရ၏။

×××××

[တစ်ခုခုတော့ အကြီးအကျယ် ဖြစ်ပျက်နေပြီ... ငါတော့ ဒရာမာအနံ့တွေ ရနေပြီဟေ့]

[ငါ အသံကို အဆုံးထိ မြှင့်ထားတာ... အဲဒီ နောက်ထပ်ထွက်လာတဲ့ အသံက... မနေ့က လူသိများသွားတဲ့ ဗီဒီယိုထဲက အသံနဲ့ တစ်ထပ်တည်းပဲ]

[ဘာတွေဖြစ်ကုန်တာလဲဟ... လင်းလွေ့ကိုယ်တိုင် အဲဒီဗီဒီယိုထဲကလူက သူပါလို့ ပြောထားတာ မဟုတ်ဘူးလား... ဒါဆိုရင် နောက်ထပ်ထွက်လာတဲ့အသံကို ဘယ်လိုရှင်းမလဲ... ပြီးတော့ ဒီငှက်တွေကလည်း...]

ဖန်သားပြင်ပေါ်တွင် လင်းလွေ့၏ အပြုံးက ခဏမျှ တောင့်ခဲသွားရ၏။

ယခင်က လိမ္မာပါးနပ်စွာဖြင့် စည်းချက်ညီညီ ဝဲပျံနေကြသော စာကလေးနှင့် သာလိကာများက ယခု၌ လည်ပတ်ပျံသန်းခြင်းကို ရပ်တန့်လိုက်ကြသည်။

၎င်းတို့က လေထဲတွင် ဝဲပျံနေရင်း ခေါင်းလေးများကို အခြားလမ်းကြောင်းတစ်ခုဆီသို့ စောင်းငဲ့ကာ တစ်စုံတစ်ခုကို စိုက်ကြည့်နေကြသကဲ့သို့ ရှိနေသည်။

လင်းလွေ့၏ သီချင်းသံက တဖြည်းဖြည်း တိုးညှင်းသွားခဲ့ရ၏။

သူက ချက်ချင်းပင် သဘောပေါက်လိုက်မိသည်။

ထိုလူသိများသွားသော ဗီဒီယိုထဲမှလူက မလှမ်းမကမ်းတွင် ရှိနေပြီး ယခုအချိန်၌ သီချင်းဆိုနေခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ငှက်များက ယခုကဲ့သို့ တုံ့ပြန်ကြလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူကိုယ်တိုင်လည်း ဖျော့တော့သောသီချင်းသံကို ကြားနေရသည်။

လင်းလွေ့၏ ဦးနှောက်က ဖြေရှင်းနည်းရှာရန် အပြင်းအထန် အလုပ်လုပ်နေခဲ့ပြီး သူ့နဖူးပြင်၌ ချွေးစေးများ ထွက်ပေါ်လာခဲ့၏။

ခဏအကြာ၌ သူက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရင်း တိတ်တဆိတ် ရေရွတ်လိုက်သည်။
“ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားမိခဲ့ဘူး...”

[??? ဘာကို မျှော်လင့်မထားတာလဲ???]

[လွေ့လွေ့ရေ... စိတ်မပူပါနဲ့... ငါတို့ မသိသေးတဲ့ အကြောင်းအရာတစ်ခုခု ရှိနေလို့လား...]

[...နိုးထကြစမ်းပါ... ရူးသွပ်နေတဲ့ ဖန်တွေရယ်...နင်တို့ idolရဲ့ 'သဘာဝလွန်စွမ်းအား' က သိသိသာသာကြီးကို အတုအယောင်ကြီး ဖြစ်နေခဲ့ပြီး အခုတော့ အစစ်အမှန်နဲ့ တိုးနေပြီလေ...]

[ဒါက တခြားလူတစ်ယောက်ရဲ့ အသံထွက်လာရုံလေးတင်ပဲ... ဘာဖြစ်လို့ ဒီHaterတွေက လာပြီး ဝေဖန်နေကြတာလဲ... သနားစရာကောင်းလိုက်တဲ့ လွေ့လွေ့လေး...]

[ဒါဆိုရင်လည်း ကျေးဇူးပြုပြီး မစ္စတာလင်း... အဲဒီအသံက ဗီဒီယိုထဲကအသံနဲ့ ဘာဖြစ်လို့ ဒီလောက်အထိ တူညီနေရတာလဲဆိုတာ ရှင်းပြစမ်းပါ...]

လင်းလွေ့က ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားပြောလိုက်ရာ သူ့မျက်နှာတွင် စိတ်မသက်မသာဖြစ်မှုများနှင့် ဝမ်းနည်းမှုများ ရောပြွမ်းနေခဲ့သည်။

“မနေ့က ကျွန်တော့်မန်နေဂျာက ပြောတယ်... ကျွန်တော့်ရဲ့ လမ်းဘေးဖျော်ဖြေပွဲ ဗီဒီယိုက လူသိများသွားပြီးနောက်မှာ တစ်ယောက်ယောက်က ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့ သီချင်းကိုသုံးပြီး Stellar Light မှာ လူတွေ့ဖြေခဲ့တယ်တဲ့... သူက အဲဒီသီချင်းကို သိပ်ပြီး ကောင်းကောင်းမဆိုနိုင်ခဲ့ပေမဲ့ပေါ့... ဒါပေမဲ့ သေချာပေါက် ကျွန်တော် အာမခံနိုင်တာကတော့ အဲဒီဗီဒီယိုထဲမှာ ဖျော်ဖြေခဲ့တာ ကျွန်တော်ဖြစ်ပြီး အဲဒီသီချင်းကို ရေးခဲ့တာကလည်း ကျွန်တော်ပါပဲ... သူက ဘာဖြစ်လို့ အဲဒီသီချင်းကို လိုက်ဆိုနေရတာလဲဆိုရင်တော့...”

သူက စကားပြောရင်း ဘေးဘက်သို့ သာမန်မျှ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာ မလှမ်းမကမ်းမှ ထွက်ပေါ်နေသော သီချင်းသံက ပိုမို၍ ဖျော့တော့သွားခဲ့ပြီး အသံကို အဆုံးထိ မြှင့်ထားလျှင်ပင် သဲသဲကွဲကွဲ မကြားရတော့ချေ။

သူ၏ မရေမရာဖြစ်နေသော စကားလုံးများနှင့် ဝမ်းနည်းပူဆွေးနေသော မျက်နှာအမူအရာများက ပရိသတ်များ၏ စိတ်ကူးစိတ်သန်းများကို ချက်ချင်းပင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး သူတို့က သူတို့ဘာသာ ကွက်လပ်များကို ဖြည့်စွက်တွေးတောလိုက်ကြသည်။

[ငါ သဘောပေါက်သွားပြီ... အဲဒီလူက လွေ့လွေ့ကို လိုက်ပြီး ကော်ပီကူးနေတာပဲ...လွေ့လွေ့ လူသိများသွားလို့ မနာလိုဖြစ်နေတာ ဖြစ်ရမယ်...]

[ငါတို့ရဲ့ လွေ့လွေ့လေးကို ဖက်ထားပေးမယ်နော်... အဲဒီလူက အနောက်မှာ ရှိနေတာလား... နင် တိုက်ရိုက်ထုတ်လွှင့်မယ်ဆိုတာ သိလို့ တမင်တကာ လာပြီး နှောင့်ယှက်တာပဲ ဖြစ်ရမယ်... တကယ်ကို ကြောက်စရာကောင်းတာပဲ... လွေ့လွေ့ရေ... သတိထားဦးနော်... အဲဒီလိုမျိုး စိတ်ဝေဒနာရှင်က နင့်ကို လာပြီး မထိခိုက်စေနဲ့ဦး...]

[လွေ့လွေ့က တကယ်ကို တအားကြင်နာလွန်းတယ်... ဒီလိုမျိုး ရွံဖို့ကောင်းတဲ့ ကပ်ပါးကောင်က နင့်ကို လိုက်ပြီး အတုခိုးရုံတင်မကဘဲ နင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပါ လာပြီး ဖျက်ဆီးဖို့ ကြိုးစားနေတယ်...ငါတော့ အန်မိတော့မယ်...]

[လင်းလွေ့ရဲ့ဖန်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်အရှက်ခွဲနေတာ ရပ်သင့်နေပြီ... ငါ တစ်ခုလုံးကို မှတ်တမ်းဗီဒီယို ရိုက်ယူထားတယ်... အခု ငါ အသံခွဲခြမ်းစိတ်ဖြာမှုကို လုပ်နေပြီ... အထောက်အထားတွေ ထွက်လာတဲ့အထိ ငြိမ်ငြိမ်လေး စောင့်နေကြစမ်းပါ...]

[ငါလည်း အသံကို အဆုံးထိ မြှင့်ထားတာပဲ... သီဆိုပုံက တကယ်ကို သိပ်ပြီး မကောင်းလှပါဘူး... အတတ်နိုင်ဆုံး အတုခိုးထားရုံလောက်ပဲရှိတာ...]

[ဒါဆိုရင် ငှက်တွေရဲ့ တုံ့ပြန်မှုကိုကျတော့ နင်တို့ ဘယ်လိုရှင်းပြမလဲ...]

🪽🪽🪽

🪽 Chapter 8

အဘယ်ကြောင့်ဆိုသော် အမှန်တရားက ယခုလေးတင် ငှက်အချို့ စိတ်ဖောက်ပြန်သွားခဲ့ကြခြင်း ဖြစ်၏။ လင်းလွေ့၏ လက်ပေါ်တွင် နားနေဆဲဖြစ်သော စာကလေးနှင့် သာလိကာများပင် သိသိသာသာ စိတ်မသက်မသာ ဖြစ်နေကြသည်။

“သူက ကျွန်တော် ရေးထားတဲ့ သီချင်းကို တကယ်ပဲ သဘောကျလို့ နေမှာပါ...”

လင်းလွေ့က ငှက်များ၏ကိစ္စကို လုံးဝ ရှောင်လွှဲလိုက်ရင်း အတင်းအကျပ် ပြုံးကာ အဓိပ္ပာယ်ပါပါဖြင့် ဖြည့်စွက်ပြောကြားလိုက်သည်။

“ဒါပေမဲ့ သူ အခုလိုမျိုး လုပ်နေတဲ့ နည်းလမ်းကိုတော့ ကျွန်တော် သဘောမတူနိုင်ပါဘူး... ပြီးတော့ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ငယ်ငယ်ကတည်းက အသံကို လေ့ကျင့်လာခဲ့တာပါ... ကျွန်တော့်ရဲ့ ဆရာတွေက အမြဲတမ်း ပြောကြတယ်... ကျွန်တော့်မှာ သဘာဝကပေးတဲ့ ပါရမီရှိတယ်တဲ့... ဒါကြောင့် တခြားလူတစ်ယောက်က ဒီသီချင်းကို လိုက်ဆိုရင်တောင်မှ ဒါက တူညီတဲ့အသံ ထွက်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...”

[ဒါက အခြေခံအားဖြင့်တော့ အဲဒီလူက စျေးပေါတဲ့ အတုအယောင်တစ်ခုသာသာပဲပေါ့လေ... ဟားဟားဟား]

[တကယ်ပဲ... သူ့ရဲ့ သီဆိုပုံက လွေ့လွေ့ရဲ့ တစ်သောင်းပုံ တစ်ပုံလောက်တောင် မကောင်းပါဘူး...]

[နေပါဦး... အားလုံးပဲ... သူ့ရဲ့ အနောက်ဘက်ကို ကြည့်လိုက်ကြဦး... အဲဒီမှာ လူတစ်ယောက် ရှိနေတယ်...]

ဖန်ဟွိုက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပြန်ရန် ထွက်ခွာလာခြင်းဖြစ်ပြီး ဤလမ်းက အတိုဆုံးလမ်းကြောင်း ဖြစ်သည်။ သူ မြေပုံပေါ်သို့ တက်လှမ်းလာစဉ် သူ့ဘာသာ သီချင်းညည်းဆိုနေဆဲဖြစ်ပြီး ငှက်အုပ်ကြီးတစ်အုပ်က ရုတ်တရက် သူ့ရင်ခွင်အတွင်းသို့ တိုက်ရိုက်ပင် ပျံသန်းဝင်ရောက်လာခဲ့သည်။

သူ ခဏမျှ မှင်တက်သွားခဲ့ရပြီး ၎င်းတို့ ပျံသန်းလာခဲ့သည့် လမ်းကြောင်းဆီသို့ ဗီဇအရ လှမ်းကြည့်လိုက်မိ၏။

ထိုနေရာတွင် အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်သွယ်လျလျ လူငယ်လေးတစ်ဦးက ဖုန်းကို မြှောက်ကိုင်ထားလျက် စကားပြောနေခဲ့သည်။

ဖန်ဟွိုက် : “…?”

ထိုခဏ၌ပင် လင်းလွေ့၏ လက်ထောက်က အခြေအနေက အကြီးအကျယ် မှားယွင်းသွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်မိ၏။ သူက အလျင်အမြန်ပင် ပြေးဝင်လာခဲ့ပြီး ဖန်ဟွိုက်ကို မြင်ကွင်းထဲမှ အလျင်အမြန် ကွယ်လိုက်သည်။

ဖန်ဟွိုက်က ဖန်သားပြင်ပေါ်တွင် ခဏမျှသာ ပေါ်ထွက်လာခဲ့သော်လည်း မကြာမီ၌ လက်ထောက်က ကွယ်လိုက်သည်။ 

တစ်ချိန်တည်း၌ပင် လင်းလွေ့က ကင်မရာ၏ ထောင့်ကို အလျင်အမြန်ပင် ပြောင်းလဲလိုက်ရင်း ဆန့်ကျင်ဘက်အရပ်သို့ ရွှေ့ပြောင်းလိုက်သည်။

[အဲဒီ တစ်စက္ကန့်လောက်ပဲ မြင်လိုက်ရတဲ့ အခိုက်အတန့်လေး... ဘာဖြစ်လို့ အဲဒီလူက တကယ်ပဲ ချောလွန်းနေတယ်လို့ ခံစားလိုက်ရတာလဲ...]

[ငါ အဲဒီလူကို တစ်စက္ကန့်ပဲ မြင်လိုက်ရတာ... ဒါပေမဲ့ အဲဒီဘောင်းဘီကို ငါ မှတ်မိတယ်... မနေ့က လမ်းဘေးဖျော်ဖြေပွဲ ဗီဒီယိုထဲက လူငယ်လေး ဝတ်ထားတဲ့ ဘောင်းဘီနဲ့ တစ်ပုံစံတည်းပဲ...]

[ချောတယ် ဟုတ်လား... နင် စိတ်ကူးယဉ်နေတာပဲ ဖြစ်ရမယ်... ငါလည်း သူ့ကို မြင်လိုက်တယ်...ရုပ်ဆိုးလွန်းတယ်... အရပ်ပုပု ရုပ်ဆိုးဆိုး ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက်ပဲဟာကို... သူက ဘာဖြစ်လို့ လွေ့လွေ့နဲ့ လာပြီး နှိုင်းယှဉ်နိုင်ရမှာလဲ...]

[ငါတော့ ဒေါသအရမ်း ထွက်နေပြီ... ငါတို့ရဲ့ လွေ့လွေ့လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားပေးမယ်...အဲဒီလူက လွေ့လွေ့ရဲ့ သီချင်းကနေ အဝတ်အစားအထိ အရာအားလုံးကို လိုက်ပြီး ကော်ပီကူးနေတာပဲ... အခုလည်း တမင်တကာ လာပြီး ဒုက္ခပေးဖို့ ရောက်လာတာပဲ ဖြစ်ရမယ်...]

[ဘယ်သူက ဘယ်သူ့ကို ကော်ပီကူးနေလဲဆိုတာ အခုထိ မသေချာသေးပါဘူး...]

[လွေ့လွေ့က တကယ်ကို သနားစရာကောင်းလွန်းတယ်... သူ ဒီလောက်အထိ ကြိုးစားခဲ့ရပြီး အခုမှ နာမည်ကြီးလာတာကို... မနာလိုဖြစ်နေတဲ့ လူလိမ်တစ်ယောက်က လာပြီး နာမည်ကြီးအောင် လုပ်နေပြန်ပြီ...]

လင်းလွေ့က မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး တောင့်တင်းနေသော အပြုံးတစ်ခုကို အတင်းအကျပ် ပြုံးပြလိုက်၏။

သူ စကားအများကြီး မပြောသော်လည်း သူ့မျက်ခုံးများနှင့် မျက်ဝန်းများအတွင်းရှိ ဖျော့တော့သော နာကျင်မှု အမူအရာက သူ တည်ငြိမ်မှုကို ထိန်းသိမ်းရန် အပြင်းအထန် ကြိုးစားနေရသည့်အလား ထင်မှတ်နေရသည်။

သူ၏ လက်ချောင်းထိပ်များပေါ်တွင် နားခိုနေသော စာကလေးနှင့် သာလိကာတို့က ဆက်လက်၍ မလှုပ်မရှားဖြစ်နေဆဲဖြစ်ပြီး စိတ်ပါလက်ပါမရှိကြချေ။

“ကောင်းပါပြီ... အဲဒီလိုမျိုး စိတ်ဓာတ်မကောင်းတဲ့ လူတွေကို ဂရုမစိုက်ဘဲ တိုက်ရိုက်ထုတ်လွှင့်တာကိုပဲ ဆက်ကြရအောင်...”
လင်းလွေ့က ပြောလိုက်သည်။

သူ၏ ညာဘက်လက်ကို အနောက်ဘက်သို့ တိတ်တဆိတ် ရွှေ့လိုက်ရင်း ဆေးဝါး၏ ပမာဏကို တိတ်တဆိတ် တိုးမြှင့်လိုက်၏။

ဤနည်းလမ်းဖြင့် သူက ငှက်များကို ပိုမို၍ ထိန်းချုပ်နိုင်စွမ်း ရှိလာမည်ဖြစ်ပြီး မည်သည့်အမှားအယွင်းမျှ ဖြစ်ပေါ်လာရန် စိုးရိမ်စရာ မလိုတော့ချေ။ 

သေချာပေါက်ပင် ဤအပြုအမူက ငှက်များ၏ ကျန်းမာရေးကို ပိုမို၍ ထိခိုက်စေမည် ဖြစ်သော်လည်း ယခုအချိန်၌ ၎င်းမှာ သူ ဂရုစိုက်ရမည့် အရာမဟုတ်ချေ။

[လွေ့လွေ့အတွက် ငါ တကယ်ပဲ ရင်နာမိတယ်... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး...]

[ဒီဒုက္ခပေးတဲ့လူက အနောက်မှာ ရှိနေတုန်းပဲလား... လွေ့လွေ့ရေ... ခဏလောက် တိုက်ရိုက်ထုတ်လွှင့်တာကို ရပ်ထားသင့်တယ်ထင်တယ်...]

လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း လင်းလွေ့က 'ဆယ်နှစ်တာ' သီချင်းကို ဆက်လက်သီဆိုလိုက်သည်။

ဆေးဝါးပမာဏ တိုးမြှင့်လိုက်သဖြင့် စာကလေးနှင့် သာလိကာတို့က ပိုမို၍ လိမ္မာလာကြပြီး သူ၏ လက်ဟန်ခြေဟန်များနှင့်အညီ လှပစွာဖြင့် ထပ်မံ၍ ဝဲပျံလာကြသည်။

[အဲဒီ အတုအယောင်ကောင်က အစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သေသေချာချာ ကြည့်ထားသင့်တယ် ဟီးဟီး...]

[မှတ်ချက်တွေက ငါ့ကို ရယ်ချင်လာအောင် လုပ်နေတာပဲ... လူတချို့က ဘာဖြစ်လို့ အမှန်တရားကို မမြင်နိုင်ကြသေးတာလဲ... လင်းလွေ့ရဲ့ အသံက လမ်းဘေးဖျော်ဖြေပွဲ ဗီဒီယိုထဲက အသံနဲ့ လုံးဝကို ကွဲပြားခြားနားနေတဲ့ဟာကို...]

[ဘယ်သူ မှတ်မိလဲ... အဲဒီ နောက်ထပ်ထွက်လာတဲ့ အသံက ပထမဆုံး ပေါ်လာတဲ့အချိန်မှာ ငှက်အုပ်ကြီးတစ်ခုလုံးကို သက်ရောက်သွားခဲ့တာကို...]

[သူ့ရဲ့'သဘာဝလွန်စွမ်းအား'က အတုပါလို့ ဘယ်သူပြောလဲ... ဒါက အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေတာ မဟုတ်ဘူးလား...]

[အတိအကျပဲ...ငှက်တွေက သူ့စကားကို လုံးဝ နားထောင်နေကြတာပဲ... အဲဒီ လူလိမ်က ဒါမျိုးကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး ခ်ခ်ခ်...]

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ လင်းလွေ့၏ လက်ထောက်က ဖန်ဟွိုက်နှင့် ညှိနှိုင်းနေခဲ့သည်။
“ကော... မင်း လိုချင်တဲ့ စျေးနှုန်းကို ပြောလိုက်ပါ...ဘယ်လောက်ပဲဖြစ်ဖြစ် ပေးပါ့မယ်...”

လက်ထောက်ဖြစ်သူက ဖန်ဟွိုက်၏ လမ်းကြောင်းကို ပိတ်ဆို့ထားရင်း ချွေးစေးများ ထွက်နေလျက် ပြောဆိုနေ၏။

“ကျေးဇူးပြုပြီး ရှေ့ကို ဆက်မသွားပါနဲ့ဦး... လင်းလွေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လာပြီး မဖျက်ဆီးပါနဲ့...”

သို့သော် ဖန်ဟွိုက်က မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ချေ။

ယခုလေးတင် ငှက်များက သူ့ထံသို့ ပျံသန်းလာခဲ့သည့် အခိုက်အတန့်၌ ဖန်ဟွိုက်က ဗီဇအရ တစ်ချက် ကြည့်လိုက်မိခြင်း ဖြစ်၏။ ထိုတစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏မျက်မှောင်များက တင်းတင်းကျပ်ကျပ် ကြုတ်သွားခဲ့ရသည်။

...ငှက်ပြာလေးများ၊ စာကလေးများနှင့် သူ၏ပတ်ဝန်းကျင်ရှိ ငှက်များ အားလုံးက ဆိုးရွားလှသော အခြေအနေ၌ ရှိနေကြသည်။

၎င်းတို့က အသက်ရှင်ရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သည့်အလား ရှိနေကြပြီး သေဆုံးခါနီးအချိန်၏ ဖျော့တော့သောအရှိန်အဝါများဖြင့် ဖုံးလွှမ်းနေကြသည်။

အချို့ငှက်များက တောင်ပံများတွင် ဒဏ်ရာများ ရှိနေကြပြီး ငှက်တစ်ကောင်ကမူ ခြေထောက် ကျိုးနေခဲ့သည်။ 

ထိုဒဏ်ရာများက ပထမဆုံးကြည့်လျှင် ထင်ထင်ရှားရှား မရှိသော်လည်း အနီးကပ်ကြည့်လိုက်လျှင် ဒဏ်ရာများက အလွန်ပြင်းထန်လှကြောင်း သိသာလှသည်။

“မင်းတို့ ဘာဖြစ်ကြတာလဲ...”
ဖန်ဟွိုက်က ဒဏ်ရာရနေသော ရွှေဝါရောင် ငှက်ကလေးကို သူ၏ယ့လက်ဖဝါးအတွင်း၌ အုပ်မိုးထားလိုက်ရာ ၎င်းက သူ့ကို သံယောဇဉ်ကြီးစွာဖြင့် တိုးဝှေ့နေခဲ့သည်။

“ဘယ်သူ မင်းတို့ကို လာပြီး အနိုင်ကျင့်နေတာလဲ...”

စာကလေးက ၎င်း၏ခေါင်းလေးကို စောင်းလိုက်ရင်း နက်မှောင်နေသော မျက်ဝန်းအစုံတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေလျက် တိကျသော လမ်းကြောင်းတစ်ခုဆီသို့ ကြည့်ကာ နှစ်ချက်မျှ အော်ပြလိုက်၏။

ဖန်ဟွိုက် : “ဟမ်...”

သူက စာကလေး၏အကြည့်အတိုင်း လိုက်ကြည့်လိုက်သည့်အခါ အစောပိုင်းက လူငယ်လေးသည် သူ၏ ဖုန်းကို ကိုင်ထားလျက် စကားပြောနေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရ၏။

ယခုမူ ထိုအမျိုးသားက သီချင်းစတင်ဆိုနေပြီး ငှက်နှစ်ကောင်က သူ၏ လက်ဟန်ခြေဟန်များနှင့်အညီ ပျံသန်းနေကြသည်။

သို့သော် ထိုငှက်နှစ်ကောင်က အခြေအနေ ကောင်းမွန်ပုံမရချေ။

အဝေးမှ လှမ်းကြည့်လျှင်ပင် ဖန်ဟွိုက်ပြောနိုင်သည်မှာ စာကလေးငယ်လေး၏ အတောင်ပံလှုပ်ရှားမှုများက တောင့်တင်းနေပြီး သဘာဝမကျလှသည့်အပြင် ၎င်း၏ မျက်ဝန်းငယ်လေးများမှာလည်း နောက်ကျိနေကာ အာရုံစူးစိုက်မှု မရှိချေ။ သာလိကာလေး၌ ၎င်း၏ တောင်ပံအောက်၌ ဒဏ်ရာတစ်ခု ရှိနေပြီး ၎င်းကို အပြင်ပန်းတွင် မမြင်တွေ့ရသော်လည်း ၎င်း၏ ပင်ပန်းနွမ်းနယ်နေသော လှုပ်ရှားမှုများက ဒဏ်ရာမှာ မည်မျှအထိ ပြင်းထန်လှကြောင်း ပြသနေသည်။

ဝဲပျံနေသော ငှက်နှစ်ကောင်အပြင် လှောင်အိမ် ငါးခု သို့မဟုတ် ခြောက်ခုခန့် မလှမ်းမကမ်းတွင် ရှိနေပြီး တစ်ခုချင်းစီအတွင်း၌ အသက်ရှင်ရန် အသည်းအသန် ကြိုးစားနေရသော ငှက်များ ရှိနေကြသည်။

လက်ထောက် : “ကော...  á€™á€„်းကို ခဏလောက် နေရာကနေ ဖယ်ပေးဖို့ တောင်းဆိုလို့ရနိုင်မလား...”

ဖန်ဟွိုက် ခဏမျှ တိတ်ဆိတ်သွားခဲ့ရ၏။

သူက ရုန်းကန်နေရသော ငှက်များကို ကြည့်လိုက်ပြီးနောက် လှောင်အိမ်များကို ကြည့်ကာ လက်ထောက်ဖြစ်သူထံသို့ အကြည့်ကို ပြန်လည်ရွှေ့ပြောင်းလိုက်သည်။

ပြတ်သားလှသော ဆုံးဖြတ်ချက်ဖြင့် သူက ပြောလိုက်သည်။
“ကျွန်တော် လုပ်နိုင်မယ် မထင်ဘူး...”

သူ၏ ပယင်းရောင်မျက်ဝန်းအစုံက ကြည်လင်တောက်ပနေပြီး ငြင်းပယ်လိုသော အရိပ်အယောင်အချို့ ရှိနေခဲ့သည်။

လက်ထောက်က တုံ့ဆိုင်းသွားခဲ့ရ၏။
“ဟမ်...”

ဖန်ဟွိုက်က ရှေ့သို့ ခြေလှမ်းကျဲကြီး နှစ်လှမ်း လှမ်းလိုက်ရင်း စကားပြောလိုက်၏။

လက်ထောက်က အခြေအနေတစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်မိသည်။
“ခဏလေး...”

လင်းလွေ့ရှိရာဘက်၌ သီချင်းသံက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သော်လည်း ငှက်နှစ်ကောင်၏ လှုပ်ရှားမှုများက ပိုမို၍ လေးလံထိုင်းမှိုင်းလာခဲ့သည်။

[ဒီငှက်တွေက တကယ်ပဲ ဖျားနာနေတယ်လို့ ငါ ခံစားနေရတယ်...]

[ပတ်ဝန်းကျင်ကြောင့် ဖြစ်မှာပါ... လေထဲမှာ ဖုန်မှုန့်တွေ အများကြီး ရှိနေတာကိုး...]

[လွေ့လွေ့ရဲ့ အသံလေးက အရမ်းသာယာတာပဲ အားးး သူ ဘယ်တော့မှ အယ်လ်ဘမ် ထုတ်မှာလဲ...]

[အဲဒီလူလိမ်က ဘာဖြစ်သွားတာလဲ... သူ အမြီးကုပ်ပြီး ထွက်ပြေးသွားပြီလား...]

နောက်တစ်စက္ကန့်တွင် စူးရှပြီး ထိုးဖောက်နိုင်စွမ်းရှိသော လေချွန်သံတစ်ခုက လေထုအတွင်းသို့ ဖြတ်သန်းသွားခဲ့သည်။

ဝီ...

လင်းလွေ့၏ စေခိုင်းမှုအောက်တွင် ပျံသန်းနေကြသော စာကလေးနှင့် သာလိကာတို့က လေထဲ၌ပင် တောင့်တင်းသွားခဲ့ကြသည်။

[ဘာတွေဖြစ်ကုန်တာလဲဟ... သီချင်းကို လိုက်ပြီး ကော်ပီမကူးနိုင်တော့လို့ အခုကျတော့ လေချွန်ပြနေတာလား...]

[အား... ဒီလူလိမ်က ထွက်သွားပေးလို့ မရဘူးလား... သူက လွေ့လွေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လာပြီး ဖျက်ဆီးရမှ ကျေနပ်မှာလား...တကယ့်ကို ရွံဖို့ကောင်းလိုက်တာ...]

[နေဦး... စောစောစီးစီး ဆုံးဖြတ်ချက်မချကြပါနဲ့ဦး...စာကလေးနဲ့ သာလိကာကို ကြည့်လိုက်ကြစမ်းပါ...]

ငှက်များ၏ တောင်ပံခတ်သံက ပိုမို၍ နှေးကွေးသွားခဲ့ရပြီး ၎င်းတို့၏ အကြည့်များက လင်းလွေ့ထံမှ လွှဲဖယ်သွားခဲ့ကြသည်။ လင်းလွေ့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထွက်ပေါ်လာခဲ့ပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်မိ၏။

သူက အံကို တင်းတင်းကြိတ်လိုက်ရင်း အနောက်ဘက်သို့ လက်ကို အလျင်အမြန် ရွှေ့ကာ ဆေးဝါးပမာဏကို ထပ်မံ၍ တိုးမြှင့်လိုက်ပြန်သည်။

ဆေးဝါး၏ သက်ရောက်မှု အမြင့်ဆုံးသို့ ရောက်ရှိသွားသည့် အချိန်မှသာ ထိုငှက်များက လေးလံထိုင်းမှိုင်းစွာဖြင့် အကြည့်များကို သူ့ထံသို့ ပြန်လည်၍ အာရုံစိုက်လာကြသည်။

လင်းလွေ့ သက်ပြင်းတစ်ချက် ချရန် ပြင်လိုက်သည်။

ရုတ်တရက်... နောက်တစ်စက္ကန့်အတွင်း၌...

လင်းလွေ့၊ လက်ထောက်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော သောင်းနှင့်ချီသည့် လူများအားလုံးက တစ်ချိန်တည်း၌ပင် ကြားလိုက်ရသည်။

“...ကလေးလေးရေ... မြန်မြန်ကြီးထွားပြီး အရပ်ရှည်လာပါတော့...”


*

တစ်ချိန်တည်း၌ပင် မြို့လယ်ခေါင်ရှိ အဆင့်မြင့် တိုက်ခန်းကျယ်ကြီးတစ်ခုအတွင်း၌...
ဖုန့်လန်က စုပ်လုံးတစ်လုံးကို နှုတ်ခမ်းတွင် ကိုက်ထားလျက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပျင်းရိစွာဖြင့် ကြည့်ရှုနေသည်။

သူ၏ရှည်လျားသော ခြေတံများကို ပေါ့ပေါ့ပါးပါး ချိတ်ထားလျက် လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားကာ လင်းလက်လှသော မျက်ဝန်းအစုံက စိတ်ပါဝင်စားမှုမရှိဘဲ အောက်သို့ စိုက်ကျနေသည်။

သူ၏မျက်နှာသွင်ပြင်များက အလွန်အမင်း ထင်ရှားလှသည်။ ကျား၊ မ လိင်ခွဲခြားမှုကို ကျော်လွန်လှသော အလှမျိုးဖြစ်ပြီး လှပစွာ ထုဆစ်ထားသော မျက်ဝန်းအစုံနှင့် သဘာဝအတိုင်း ကော့ညွတ်နေသော နှုတ်ခမ်းလွှာများ ရှိသည့်အပြင် ဝတ်ဆင်ထားသော အင်္ကျီပွပွက လည်ပင်းဟိုက်နေသဖြင့် သူ၏ညှပ်ရိုးနှင့် ရင်ဘတ်အချို့ကို ပေါ်ထွက်နေစေသည်။ သူက tabletကို အကြာကြီး ကိုင်ထားရသောကြောင့် ပင်ပန်းလာသဖြင့် သမ်းဝေလိုက်မိ၏။

သို့သော် သူက ကိုင်ဆောင်ထားမှုကို ပြောင်းလဲခြင်းမပြုဘဲ နောက်တစ်စက္ကန့် အကြာတွင် မည်သည့်ပြင်ပ အထောက်အပံ့မျှမရှိဘဲ ထိုtabletက လေထဲတွင် ဝဲပျံနေခဲ့သည်။

ဖန်သားပြင်ပေါ်တွင် လင်းလွေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားခဲ့သည်။

သူ့ခြေထောက်အောက်တွင် စက်ရုပ်ဖုန်စုပ်စက်လေးတစ်ခုက လည်ပတ်လှုပ်ရှားနေပြီး ၎င်း၏ပါးစပ်က စက်ရုပ်ဆန်စွာဖြင့် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေလျက် သူ့မန်နေဂျာဖြစ်သူ၏ ညည်းညူ ပြောဆိုနေသော အသံများကို ဖွင့်ပြနေခဲ့သည်။

“ဖုန့်လန်... မင်း ဒီနေ့ နေ့လည်ပိုင်းမှာ အချိန်ဇယားရှိတယ်လို့... အချိန်ဇယား... အချိန်ဇယား...”

“သိပြီ...”
ဖုန့်လန်က လျှာကို တစ်ချက်သပ်လိုက်ပြီး စုပ်လုံးကို ပါးစပ်ထဲမှ ထုတ်ယူလိုက်ကာ စက်ရုပ်၏ ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်သဖြင့် ၎င်းကို ပွင့်လျက်သား ဖြစ်သွားစေသည်။

“ဆူညံလိုက်တာ... ဒီအပိုင်းက အကောင်းဆုံးအပိုင်း ရောက်တော့မှာကို...”

ဤသို့ ပြုလုပ်ပြီးနောက် သူ၏ရွှေဝါရောင် မျက်ဝန်းများအတွင်း၌ နောက်ပြောင်လိုသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ 

သူက လက်ညှိုးကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး လေထဲမှတစ်ဆင့် သူ့ဖုန်းကို လှမ်းယူလိုက်သည်။

“ဟမ်း...”
ဖုန့်လန်၏ ရွှေဝါရောင်မျက်ဝန်းများက သဘောကျစွာဖြင့် လင်းလက်သွားခဲ့၏။

သူက ပြုံးလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
“ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းမျိုးကို လူတွေအများကြီး ပိုပြီး မြင်တွေ့လိုက်ရရင် ပိုမကောင်းဘူးလား...”

သူက စာလုံးအနည်းငယ်ကို ဂရုမစိုက်ဘဲ ရိုက်နှိပ်လိုက်ပြီး ဝေ့ပေါ်၌ တင်လိုက်ပြီးနောက် ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။

စက္ကန့်ဝက်အကြာတွင်—

ရေတွက်၍မရနိုင်သော ဖုန်းများပေါ်၌  á€žá€°á ဝေ့ပေါ် ပို့စ်အသစ်အကြောင်း အသိပေးချက်တစ်ခုပေါ်ထွက်လာခဲ့သည်။

[@ဖုန့်လန် (Verified)]: ”ကျွန်တော် ဒီကောင်လေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာ... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသား... \\ လင်းလွေ့ (Diet ပြုလုပ်နေဆဲ) [Verified]: …”

🪽🪽🪽

🪽 Chapter 9

[ဖုန့်လန်ရေ... ထလာစမ်းပါဦး...နင် ဒီလိုမျိုး နာမည်မရှိသေးတဲ့လူကို နှစ်ရက်အတွင်းမှာ နှစ်ကြိမ်တိုင်တိုင် နာမည်တပ်ပြီး ပြောနေတာ... နင် ဘာကို လိုချင်နေတာလဲ...နင်က ပိုသာတယ်ဆိုပြီး ဘဝင်လာမြင့်ပြမနေပါနဲ့...]

[ဒါက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းလို့လား... ငါလည်း သွားပြီး ကြည့်လိုက်ဦးမယ်...]

[ငါရောပဲ...]

[အာ...]

[အာ……!]

ချက်ချင်းဆိုသလိုပင် ကြည့်ရှုသူအမြောက်အမြားက လင်းလွေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ကြသည်။

သူတို့က ဖြစ်ပျက်နေသည်များကို သဘောမပေါက်သေးခင်၌ ဆန်းကျယ်ပြီး သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံတစ်ခုကို ကြားလိုက်ရသည်။

“ကလေးလေးရေ... မြန်မြန်ကြီးပြင်းလာပါတော့...
မင်း ကြီးလာရင် စွပ်ပြုတ်ကောင်းလေး ချက်စားမယ်... အရမ်းအရသာရှိမှာပဲနော်...”

ဤသီချင်းက ဒေသန္တရဘာသာစကားတစ်ခု ဖြစ်သည်။

မဟုတ်သေး... အတိအကျ မဟုတ်သေးချေ။

၎င်းက ယခုခေတ်တွင် အသုံးပြုနေဆဲဖြစ်သော မည်သည့်ဒေသန္တရ စကားမျိုးနှင့်မျှ မတူညီဘဲ ရှေးဟောင်းဘာသာစကားတစ်ခုနှင့် ပိုမိုတူညီနေကာ ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိသော စည်းချက်မျိုး ရှိနေသည်။

သို့သော် ဘာသာစကားထက် ပို၍ ထင်ရှားသည်မှာ အသံပင် ဖြစ်သည်။

ထိုလူငယ်လေး၏ အသံက ကြည်လင်သော စိမ့်စမ်းရေလေး စီးဆင်းနေသကဲ့သို့ ဖြစ်နေပြီး မိန်းမဆန်ခြင်း လုံးဝမရှိချေ။ ၎င်းက ထူးခြားဆန်းပြားသော သာယာသည့် အသံမျိုးဖြစ်ပြီး တစ်ကြိမ်မျှ သေသေချာချာ ကြားလိုက်ရရုံဖြင့် မည်သည့်အခါမျှ မှားယွင်းခြင်း မရှိနိုင်မည့် အသံမျိုးဖြစ်သည်။

ဖန်ဟွိုက်ကိုယ်တိုင်ကဲ့သို့ပင် ၎င်းက သန့်စင်သော်လည်း ထူးခြားနေပြီး ငြိမ်းချမ်းသော်လည်း သာမန်လောက၏ အနှစ်သာရမျိုး မရှိသဖြင့် လူအများကို  á€‘á€•á€şá€á€Ťá€á€œá€˛á€œá€˛ နားထောင်ချင်စိတ် ပေါ်ပေါက်စေသည်။

သူ့လက်ထဲတွင် ငှက်အနည်းငယ်ကို ပွေ့ပိုက်ထားပြီး ဖန်ဟွိုက်သည် လင်းလွေ့ရှိရာဘက်သို့ စိုက်ကြည့်လိုက်၏။

သူက သီချင်းဆိုပြီး ထိုငှက်နှစ်ကောင် ကြားနိုင်စေရန်အတွက် သူ့အသံကို တမင်တကာ မြှင့်လိုက်ခြင်း ဖြစ်သည်။

လက်ထောက်၏မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရ၏။

လင်းလွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးသည့်နေရာ၌ တစ်စက္ကန့်မျှ ရပ်တန့်သွားခဲ့ပြီးနောက် ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့သည်။

[ငါ့မှာ အတွေးတစ်ခု ရှိတယ်...]

[ငါ ဘာကို ခံစားနေမိတာလဲဆိုရင်...]

[ငါရောပဲ...]

[ငါတော့ အခု လုံးဝကို မှင်တက်သွားရပြီ...]

[နေဦး... ဒါက အစစ်အမှန်ကြီး မဟုတ်ဘူးလား... လင်းလွေ့က ဘယ်ကနေ ဘယ်လို သတ္တိတွေရှိလာပြီး တစ်ယောက်ယောက်က သူ့ကို လိုက်ပြီး ကော်ပီကူးနေပါတယ်လို့ ပြောရဲရတာလဲ...]

[ခဏလေး... ငှက်တွေကို ကြည့်လိုက်ကြစမ်းပါ...]

ယခုလေးတင် စာကလေးနှင့် သာလိကာတို့က ဖျားနာပြီး အားနည်းနေသည့်ပုံစံမျိုး ရှိနေခဲ့သည်။ သို့သော် ၎င်းတို့က ထိုသီချင်းသံကို ကြားလိုက်ရသည့်ခဏ၌ပင် ရုတ်တရက် ပြောင်းလဲသွားခဲ့ကြသည်။

၎င်းတို့၏ ယခင်က နောက်ကျိနေခဲ့သော မျက်ဝန်းငယ်လေးများက ပြန်လည်တောက်ပလာခဲ့ပြီး လေးလံနေသော အတောင်ပံများကို ခတ်လိုက်ပြီး အသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ ဦးတည်ကာ ရုန်းကန်နေခဲ့ကြပြီး  á€•ဟတ်သဏးစွဏဖဟငအ် ပျံသန်းသွားခဲ့ကြသည်။

“နေဦး...”

လင်းလွေ့က ငှက်များကို ပြန်လည်ထိန်းချုပ်ရန် ဗီဇအရ ကြိုးစားလိုက်မိ၏။

သူ လှုပ်ရှားလိုက်သည့်အချိန်၌ ကင်မရာက စောင်းသွားခဲ့ပြီး အနောက်ဘက်ရှိ လူငယ်လေး၏ ကိုယ်ဟန်ကို ကွက်တိ ရိုက်ကူးမိသွားခဲ့သည်။

ဖန်ဟွိုက်က အဝါရောင် အလုပ်သမားဦးထုပ်ကို ဆောင်းထားခဲ့သည်။ ထိုဦးထုပ်က အနည်းငယ် ကြီးနေသဖြင့် သူ့မျက်နှာလေးကို ပိုမို၍ သေးငယ်ပြီး နူးညံ့ပျော့ပျောင်းသွားစေ၏။ သူ၏ နှာတံပေါ်တွင် ဖုန်မှုန့်ပေကျံနေသော အစက်အပြောက်လေးတစ်ခု ရှိနေပြီး သူ၏ ဝတ်စုံတစ်ခုလုံးက ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။

သို့သော် ဤကဲ့သို့သော သာမန်ဝတ်စုံမျိုး ဖြစ်လင့်ကစား သူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံများက သူ့ကို  á€™á€‚ယဂဇင်းမဝက်နသဏဖုလးပ္ဍ်ရသိ အလှအပမျိုးအထိ တိုက်ရိုက်ပင် မြှင့်တင်ပေးနေခဲ့သည်။

ဖုန်ထူနေသော မိုးကောင်းကင်အောက်တွင် သူ၏အနည်းငယ် ကွေးကောက်နေသော ဆံပင်အချို့က ဦးထုပ်အောက်မှ ထွက်ပေါ်နေ၏။ သူ၏ ကြည်လင်သော စိမ့်စမ်းရေကဲ့သို့ ပယင်းရောင် မျက်ဝန်းအစုံက နေအလင်းရောင်ကို တောက်ပစွာဖြင့် ရောင်ပြန်ဟပ်နေသည်။ သူ၏ ဖုန်မှုန့်များ ပေကျံနေသော နှာခေါင်းထိပ်လေးက လေပြေ၏ ကျီစယ်နမ်းရှိုက်ခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ် ချစ်စရာကောင်းစွာဖြင့် ပန်းနုရောင်သန်းနေ၏။ သူ၏ ချယ်ရီရောင် နှုတ်ခမ်းလွှာများက လှပစွာ တည်ရှိနေပြီး သူ့ဖြစ်တည်မှုက ဖြူစင်သော်လည်း အနည်းငယ် မာနကြီးဟန် ပေါ်နေသည်။

ချွေးစက်လေးတစ်စက်က သူ၏မေးရိုးမှတစ်ဆင့် စီးကျသွားခဲ့ပြီး ဖြူဖျော့နေသော လည်ပင်းနှင့် ညှပ်ရိုးပေါ်သို့ လျှောကျသွားခဲ့၏။ သူ၏အရပ်ရှည်ရှည်နှင့် သွယ်လျသော ခန္ဓာကိုယ်က ထူးခြားလှကာ လူငယ်များ၏ ဆွဲဆောင်မှုမျိုး ရှိနေပြီး ထက်မြက်သော်လည်း ညင်သာကာ ထင်ရှားသော်လည်း သဘာဝကျလှသည်။

သူ့လက်ထဲတွင် ငှက်အနည်းငယ်ကို ပွေ့ပိုက်ထားပြီး ပုခုံးပေါ်တွင်လည်း ငှက်တစ်ကောင်က နားနေခဲ့သည်။

လင်းလွေ့နှင့် ရှိနေစဉ်က တောင့်တင်းနေခဲ့သော အမူအရာမျိုးနှင့် မတူညီဘဲ ထိုငှက်များက ဖန်ဟွိုက်ကို အပြည့်အဝ ယုံကြည်ကိုးစားလျက် တိုးဝှေ့နေကြပြီး သိသိသာသာပင် အေးချမ်းနေကြသည်။

သူ၏ ချယ်ရီရောင် နှုတ်ခမ်းလွှာများက အနည်းငယ် ပွင့်ဟသွားခဲ့ပြီး သီချင်းကို ညင်သာစွာ ဆက်လက်သီဆိုလိုက်၏။

ဖန်ဟွိုက်က သူ့လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် စာကလေးနှင့် သာလိကာတို့က မမှန်မကန် ဖြစ်နေသော တောင်ပံခတ်ချက် အနည်းငယ်နှင့်အတူ သူ၏လက်ဖဝါးအတွင်းသို့ ဆင်းသက်လာခဲ့ကြသည်။

ခရီးပန်းလာသော ခရီးသွားများ အိမ်သို့ ပြန်လည်ရောက်ရှိလာကြသကဲ့သို့ပင် ၎င်းတို့၏ မျက်လုံးများကို မှိတ်လိုက်ကြပြီး အေးချမ်းစွာဖြင့် နားခိုလိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ဤကဲ့သို့သော ရုတ်တရက် ပြောင်းလဲသွားသည့် အဖြစ်အပျက်ကြောင့် ကြည့်ရှုသူများက လုံးဝကို ရူးသွပ်သွားခဲ့ကြရပြီး မှတ်ချက်များက လျင်မြန်လွန်းလှသဖြင့် လိုက်ဖတ်ရန်ပင် မဖြစ်နိုင်တော့ချေ။

[အမလေး ဘုရားရေ...]

[ဒီမျက်နှာလေးကတော့... ငါ အသက်ရှူရပ်မတတ်ပဲ...]

[သူက တကယ်ပဲ သာမန်အလုပ်သမားတစ်ယောက် ဟုတ်ရဲ့လား... အုတ်ခဲသယ်တဲ့လူ ဟုတ်လား... သူက တကယ်ကို အစစ်အမှန်မဟုတ်သလိုပဲ... နတ်ဘုရားတစ်ပါး လူ့ပြည်ကို ဆင်းသက်လာတာများလား...???...]

[ငါတော့ အခုပဲ အချစ်နွံထဲ နစ်မြုပ်သွားပြီ...]

[ငါ့ရဲ့ နှလုံးသားထဲမှာတော့ ဒီအမျိုးသားနဲ့ လက်ထပ်ပြီးသွားပါပြီ... ဘယ်လို ကန့်ကွက်မှုကိုမှ လက်မခံပါဘူး...]

[လင်းလွေ့ရဲ့ ဘေးနားမှာ ရပ်နေတာကို ကြည့်လိုက်ရင် နေ့နဲ့ညလို ကွာခြားလွန်းနေတာ... ဒါက တကယ် အမှန်တရားကို ဖော်ထုတ်ပေးတဲ့ မှော်မှန်ကြီးအတိုင်းပဲ...]

[ငါ အသက်ရှူလို့ မရတော့ဘူး... ဒါက ဗီဒီယိုသာ မဟုတ်ရင် ဒီအမျိုးသားက လူသားအစစ် မဟုတ်ဘူးလို့ ငါ ကျိန်ဆိုမိမှာပဲ... ငါက အနုပညာကျောင်းသားတစ်ယောက်ပါ... မျက်နှာတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး သဘာဝအရ အာရုံခံစားနိုင်စွမ်း ရှိတယ်... ဒီကောင်လေးရဲ့ မျက်နှာက သိပ္ပံနည်းကျ ပြောရရင် ချောမောလှပရုံတင်မကဘူး...လုံးဝ နတ်ဘုရားအဆင့်ပဲ...]

[ငါ ဖန်သားပြင်ပေါ်က လင်းလွေ့ကို ဖျောက်ထားလိုက်ချင်တယ်... ဒီချောမောတဲ့ ကောင်လေးကို ကြည့်လိုက်ပြီးမှ လင်းလွေ့ကို ပြန်ကြည့်မိတော့ ငါ့မျက်လုံးတွေတောင် လောင်ကျွမ်းတော့မလိုပဲ...]

[သူ့ရဲ့ သီချင်းဆိုသံကို ပိုပြီး နားထောင်ချင်ပါတယ်...ကျေးဇူးပြုပြီး...]

[အားလုံးပဲ ဆင်ခြင်တုံတရားနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်ကြစမ်းပါ... ငှက်တွေရဲ့ တုံ့ပြန်မှုကို မြင်လိုက်ကြလား...သူတို့က စက္ကန့်ပိုင်းလောက်ကပဲ ဖျားနာနေခဲ့တာ... အခုကျတော့ ရုတ်တရက် အားအင်တွေ ပြည့်နှက်လာကြတာလေ...]

[လင်းလွေ့က တကယ့် လူလိမ်ပဲ ဟုတ်တယ်မလား... လူလိမ်တင်မကဘဲ စျေးပေါတဲ့ အတုအယောင်ကြီးလည်း ဖြစ်နေသေးတယ်... သူက ဘယ်ကနေ ဘယ်လို သတ္တိတွေရှိလာပြီး တခြားလူတစ်ယောက်က သူ့ကိုလိုက်ပြီး ကော်ပီကူးနေပါတယ်လို့ ပြောနိုင်ရတာလဲ... ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ...]

ထိုခဏ၌ လင်းလွေ့၏ လက်များက တုန်ယင်နေခဲ့ပြီး သူ့မျက်နှာကလည်း အိုးမဲသုတ်ထားသည့်အလား မည်းမှောင်နေခဲ့သည်။

ဒီလောက်ထိ တိုက်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါက ဘယ်လိုလုပ် ကြိုသိထားမှာလဲ...

တမင်တကာ ရွေးချယ်ခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မယ့် နေရာက အစစ်အမှန်ကောင်ရှိနေတဲ့နေရာရဲ့ ဘေးနား ဖြစ်နေရုံတင်မကဘဲ အဲဒီ့လူက ကွက်တိ သီချင်းဆိုနေပြီး သူ့ကို ကင်မရာထဲမှာ အပြည့်အစုံ ရိုက်ကူးသွားမိတယ်တဲ့လား...

ပြီးတော့... ပြီးတော့... ကြည့်ရှုသူတွေက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ များနေရတာလဲ...

လင်းလွေ့၏ အကြည့်များက ညာဘက်အပေါ်ထောင့်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ယခုအချိန်၌ ကြည့်ရှုသူဦးရေက ၂၀၀,၀၀၀ အထိ ရှိနေခဲ့သည်။

သူ ထိတ်လန့်လွန်းသဖြင့် ဖုန်းကို လက်ထဲမှ လျှောကျလုနီးပါး ဖြစ်သွားခဲ့ရ၏။ 

ငါ ခုနက သီချင်းဆိုနေတုန်းက ကြည့်ရှုသူ ၆၀,၀၀၀လောက်ပဲ ရှိနေခဲ့တာ မဟုတ်ဘူးလား...
ဘယ်လိုဖြစ်လို့ သုံးဆကျော်လောက်ထိ တိုးသွားရတာလဲ...

ထိုလူငယ်လေး ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာသည့်ခဏ၌ပင် အရေအတွက်က ပေါက်ကွဲထွက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တုန်ယင်နေသော လက်များဖြင့် လင်းလွေ့က တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ရန် ကြိုးစားလိုက်သော်လည်း ကြည့်ရှုသူ များပြားလွန်းသဖြင့် ဖုန်းက ထစ်နေခဲ့သည်။ 

ပို၍ ဆိုးရွားလှသည်မှာ သူက ကင်မရာကို အခြားဘက်သို့ လွှဲဖယ်လိုက်ပြီး မယုံနိုင်လောက်အောင် ချောမောလှပနေသော လူသားနှင့် သူ့ကို ဖန်သားပြင်တစ်ခုတည်း၌ အတူတူ မပေါ်ထွက်လာစေလိုသော်လည်း သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အစွန်းဆုံးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဖယ်ရှားရန် နေရာမရှိတော့ချေ။

ထို့ကြောင့် လူပေါင်း ၂၀၀,၀၀၀ လုံးက လင်းလွေ့နှင့် ဖန်ဟွိုက်တို့ ဘေးချင်းယှဉ်ရပ်နေသည်ကို ကြည့်ရှုနေကြရသည်။

သူတို့က ဆင်တူသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လင်းလွေ့၏ ဝတ်စုံက ပိုမို၍ သန့်စင်ပြီး ကိုယ်လုံးနှင့် ပိုမိုကိုက်ညီနေပါသော်လည်း မျက်စိရှိသော မည်သူမဆို မြင်တွေ့နိုင်သည်မှာ သူတို့၏ ရုပ်ရည်ချင်းက မိုးနှင့်မြေကဲ့သို့ ကွဲပြားခြားနားလှသည်။

လင်းလွေ့က သေချာပေါက်ပင် သာမန်လူထက် ပိုမို၍ ကြည့်ကောင်းသူ ဖြစ်၏။

သို့သော် သူ့အနောက်ရှိ လူငယ်လေးနှင့် နှိုင်းယှဉ်လိုက်သည့်အခါ သူက အမှန်တရားကို ဖော်ထုတ်ပေးသော မှော်မှန်ကြီး၏ ရှေ့တွင် ရပ်နေရသကဲ့သို့ ချက်ချင်းပင် အရှိန်အဝါများ ပျက်ပြယ်သွားခဲ့ရသည်။ သူတို့၏ အသံချင်း မတူညီမှုကိုမူ ပြောစရာပင် မလိုအပ်တော့ချေ။

ကြည့်ရှုသူများက ငြင်းပယ်၍မရသော အမှန်တရားကို မြင်တွေ့လိုက်ရသည့်အခါ လင်းလွေ့ စောနက ပြောဆိုခဲ့သော စကားများအပြင် “အတုအယောင်ကောင်”ဟု ခေါ်ဆိုခြင်းခံခဲ့ရသူအပေါ်သို့ သွယ်ဝိုက်၍ အမျိုးမျိုး တိုက်ခိုက်ခဲ့မှုများကို ပြန်လည်သတိရသွားကြပြီး အရာအားလုံးကို ရုတ်တရက် သဘောပေါက်သွားကြသည်။

မှတ်ချက်ပေးသည့်နေရာက ပေါက်ကွဲထွက်သွားခဲ့ပြီး မှတ်ချက်များက လျင်မြန်လွန်းလှသဖြင့် လိုက်ဖတ်ရန် မဖြစ်နိုင်ချေ။

[နေဦး... လင်းလွေ့က အနုပညာရှင်တစ်ယောက်ရော ဟုတ်ရဲ့လား... ဘာဖြစ်လို့လဲဆိုတော့ အခု အနီးကပ်ကြည့်လိုက်တော့မှ သူ့ရဲ့ အသားအရေက သိပ်ပြီး မကောင်းလှဘူး... မျက်လုံးတွေကလည်း သေးတယ်... နှာခေါင်းကလည်း နည်းနည်းကောက်နေသလိုပဲ... တစ်ခုခုတော့ မှားနေတယ်...]

[ငါ့ရဲ့ ဦးနှောက်ကတော့ အနောက်က ကောင်ချောလေးကို ကြည့်ရင်း လုံးဝကို အလုပ်မလုပ်တော့ဘူး...]

[အချစ်က တကယ့်  á€œá€ąá€†á€„á€şá€”á€žá€Źá€™á€ąá€Źá€„á€şá€¸á€œá€­á€Żá€•á€˛...ငါ အဲဒီလူငယ်လေးကို အခုချက်ချင်းပဲ လက်ထပ်ပစ်လိုက်ချင်တယ်...QAQ...]

[ဒီလောက်ထိ သန့်စင်ကြည်လင်လှတဲ့ အသံမျိုးက... ငါ့ရဲ့ နားတွေ အရည်ပျော်မတတ်ပဲ... လင်းလွေ့ရဲ့ လုထုဆက်ဆံရေးအဖွဲ့က သူ့ကို 'တစ်ဦးတည်းသီးသန့်ရှိတဲ့ အသံပိုင်ရှင် လူငယ်လေး' ပါဆိုပြီး ကြော်ငြာခဲ့ကြတာကို တွေးမိတော့...ဟားဟားဟား...]

[တစ်စုံတစ်ယောက်ကတော့ တကယ်ကို အတ္တကြီးလွန်းတာပဲ... စက္ကန့်ပိုင်းလောက်ကပဲ သူက အဲဒီလူမှာ အရည်အချင်းမရှိဘူး...အသံကလည်း ဆိုးရွားလွန်းတယ်... တူညီတဲ့သီချင်းကို ဆိုရင်တောင်မှ နှိုင်းယှဉ်လို့မရပါဘူးလို့ သွယ်ဝိုက်ပြီး ပြောခဲ့တာလေ... အခု ပြန်ပြီး နားထောင်ကြည့်လိုက်စမ်းပါ... ဘယ်သူက  á€Ąá€›á€Šá€şá€Ąá€á€ťá€„á€şá€¸á€™á€›á€žá€­á€á€Źá€œá€˛á€œá€­á€Żá€ˇá€œá€ą... အဖြေက အသိသာကြီးဟာကို...]

[ငါက သာမန်ကြည့်ရှုသူတစ်ယောက်ပါ... ဒါပေမဲ့ လင်းလွေ့က ငါတို့ကို လုံးဝ လှည့်စားခဲ့တာကို အခုမှ သဘောပေါက်လိုက်ရတယ်... ငါတော့ တကယ်ကို ရွံမိတယ်... မနေ့က လူသိများသွားတဲ့ “လမ်းဘေးဖျော်ဖြေပွဲ ဗီဒီယို” ထဲက လူက တကယ်တော့ ဒီလူငယ်လေး မဟုတ်ဘူးလား... လင်းလွေ့က အစစ် လုံးဝမဟုတ်ဘူး... သူက လှိုင်းကို ခိုစီးပြီး နာမည်ကြီးအောင် လုပ်နေရုံသက်သက်ပဲ...]

[ပြီးတော့ လင်းလွေ့ရဲ့ “သဘာဝလွန်စွမ်းအား” ဆိုတာကြီးကလည်း... တကယ့် ဟာသပဲ... ငှက်တွေက သူ့စကားကို လုံးဝ နားမထောင်ကြရုံတင်မကဘဲ တစ်ချိန်လုံး နေမကောင်းဖြစ်နေတဲ့ပုံစံ ရှိနေတာလေ... တစ်ဖက်မှာကျတော့ မနေ့က "လမ်းဘေးဖျော်ဖြေပွဲ ဗီဒီယိုထဲ"မှာ တိရစ္ဆာန်တွေအားလုံးက လူငယ်လေးရဲ့ စကားကို နားထောင်ကြတာလေ...ငှက်တွေတင်မကဘူး ဟက်စကီးတွေ... ကြောင်တွေ... ရှဥ့်တွေပါ ပါသေးတယ်... အခုတင်ပဲ လင်းလွေ့ ဖျော်ဖြေနေတဲ့အချိန်မှာ သူ့ရဲ့ ပတ်ဝန်းကျင်က လမ်းဘေးကြောင်တွေကတောင် သူ့ကို လုံးဝ ဂရုမစိုက်ကြတဲ့ဟာကို...]

[ဒါဆိုရင် လင်းလွေ့မှာ စွမ်းအားအစစ်မရှိဘူးဆိုရင်... သူက ဒီငှက်တွေကို ဘယ်လိုနည်းနဲ့ ထိန်းချုပ်နေခဲ့တာလဲ...]

လင်းလွေ့က သူ၏ဖုန်းမျက်နှာပြင်ကို အသည်းအသန် နှိပ်နေခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ခွာနိုင်ခြင်း မရှိသေးချေ။ ထိတ်လန့်မှုများက သူ့ဆီသို့ တဟုန်ထိုး ဝင်ရောက်လာခဲ့၏။

သူ့မျက်နှာက ပိုမို၍ မည်းမှောင်လာခဲ့ပြီး နောင်တရမှု ဒေါသထွက်မှုနှင့် မနာလိုဖြစ်မှုများက သူ၏ရင်အတွင်း၌ အပြင်းအထန် လှုပ်ခါနေခဲ့သည်။

နောင်တရသည်မှာ ဗေဒင်ဆရာ၏ စကားကို နားထောင်မိခဲ့ခြင်းဖြစ်သည်။  á€¤á€”္ရဏတွင် တိုက်ရိုက်ထုတ်လွှင့်ရန် ရွေးချယ်မိခဲ့ခြင်းနှင့် ပိုမိုကောင်းမွန်စွာ ပြင်ဆင်မထားမိခဲ့ခြင်းတို့ကို သူ နောင်တရနေမိသည်။ အကယ်၍ သူသာ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားခဲ့ပြီး သူ၏ လူထုဆက်ဆံရေးအဖွဲ့က အနောက်မှ ကူညီပေးလျက် ယခု တိုက်ရိုက်ထုတ်လွှင့်မှုကို သက်သေအဖြစ် အသုံးပြုနိုင်ခဲ့ပါက သူသည် ဤကိစ္စကို အသုံးပြု၍ နာမည်အကြီးအကျယ် ကြီးသွားနိုင်မည် ဖြစ်သည်။

ဒါက ငါ့ရဲ့ ရွှေရောင်အခွင့်အရေးကြီး  á€–ဟစ်သငအ်တဏ မဟုတ်ဘူးလား...

ဒေါသထွက်သည်မှာ လူငယ်လေးကို တားဆီးရန် ပျက်ကွက်ခဲ့သော သူ၏လက်ထောက်အပြင် ဤအချိန်၌ ရုတ်တရက် ပေါ်ထွက်လာကာ သီချင်းဆိုပြီး အရာအားလုံးကို ဖျက်ဆီးခဲ့သော ထိုလူငယ်လေးကိုဖြစ်သည်။

သူက ဘာဖြစ်လို့ ဒီအချိန်မှာမှ ပေါ်လာပြီး သီချင်းထဆိုရတာလဲ...

ထိုကောင်လေး၏ မျက်နှာကို မြင်တွေ့ရခြင်း၊ သူ၏အသံကို ကြားရခြင်းနှင့် ကြည့်ရှုသူများ၏ ချစ်ခင်မြတ်နိုးလှသော မှတ်ချက်များစွာကို မြင်တွေ့ရခြင်းတို့ကြောင့် လင်းလွေ့၏ မျက်နှာက မဲ့ရွဲ့သွားခဲ့ရပြီး သူ၏ရုပ်ရည်က မနာလိုမှုများကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။

လင်းလွေ့က သူ၏အစပိုင်း လိမ်လည်မှုများ သို့မဟုတ် အခြားလူတစ်ဦးအပေါ် စွပ်စွဲခဲ့သည့် အပြုအမူများအတွက် လုံးဝ နောင်တမရခဲ့ဖူးချေ။

🪽🪽🪽

🪽 Chapter 10

သူ့စိတ်ထဲ၌ ကျေးလက်တောရွာမှ နာမည်မရှိသော လူငယ်လေးက တန်ဖိုးမရှိချေ။ ထိုလူငယ်လေးသည် ရေပန်းစားသော စာရင်းထဲသို့ ရောက်ရှိသွားခဲ့လျှင်ပင် ၎င်းက အရေးမကြီးလှချေ။ သူက ဤအခွင့်အရေးကို အသုံးချနိုင်လိမ့်မည် မဟုတ်ပေ။

အဲဒီအာရုံစိုက်မှုတွေကို ငါကိုယ်တိုင် ရယူလိုက်တာက ပိုကောင်းတယ် မဟုတ်ဘူးလား...

ထိုကဲ့သို့သော အတွေးအခေါ်မျိုးဖြင့် လင်းလွေ့က ထိုသဘာဝလွန်စွမ်းအား၊ သာယာလှပသောအသံနှင့် လူအများ၏ ချီးမွမ်းကိုးကွယ်မှုများ အားလုံးသည် သူနှင့်သာ ထိုက်တန်ကြောင်း သူ့ဘာသာ အကြာကြီး ယုံကြည်ခဲ့ခြင်း ဖြစ်သည်။

မှတ်ချက်များစွာကို မြင်တွေ့လိုက်ရသောအခါ သူ ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

နောက်ဆုံး၌ ထစ်နေသော Appက တုံ့ပြန်လာခဲ့ပြီး လင်းလွေ့က တိုက်ရိုက်ထုတ်လွှင့်မှုမှ ချက်ချင်းပင် ထွက်လိုက်သည်။ သို့မဟုတ် သူ ထိုသို့ ထင်မှတ်လိုက်ခြင်း ဖြစ်၏။

အမှန်တရားကမူ သူသည် “တိုက်ရိုက်ထုတ်လွှင့်မှုပိတ်သိမ်းရန်” ခလုတ်ကို နှိပ်ခဲ့မိခြင်း မဟုတ်ချေ။ သူက ဖုန်းlockscreenမျက်နှာပြင်ကိုသာ နှိပ်ခဲ့မိခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လက်လွှင့်နေဆဲဖြစ်ပြီး ကင်မရာနှင့် မိုက်ခရိုဖုန်းတို့က အရာအားလုံးကို ဆက်လက်၍ ရိုက်ကူးမှတ်တမ်းတင်နေဆဲ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်သွားခဲ့ပြီဟု ယုံကြည်လိုက်သဖြင့် လင်းလွေ့၏ အတင်းအကျပ် ထိန်းချုပ်ထားခဲ့ရသော မျက်နှာအမူအရာက ချက်ချင်းပင် ပျက်ပြယ်သွားခဲ့ရပြီး ရုပ်ဆိုးလှကာ ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

သူက တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်လိုက်ပြီး လူငယ်လေး၏မျက်နှာကို တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ... ငါ မင်းကို တရားစွဲလို့ရတယ်ဆိုတာ မင်း သိလား... မင်း ငါဘယ်သူလဲဆိုတာ တကယ်ရော သိရဲ့လား...”

သူ့မျက်နှာက ဒေါသကြောင့် နီမြန်းနေခဲ့ပြီး မယုံနိုင်မှုနှင့် ပြင်းထန်လှသော ဒေါသများဖြင့် ရောပြွမ်းနေခဲ့သည်။

ဒီလိုကောင်ကများ...သူ့မှာ ဘာတွေကများ ဒီလောက်အထိ ကောင်းမွန်နေလို့လဲ...

ကျေးလက်တောရွာက လာတဲ့ သာမန်ကလေးတစ်ယောက်သာသာပဲလေ... သိပ်မဆိုးတဲ့ မျက်နှာတစ်ခုကလွဲလို့ ဘာဆိုဘာမှမရှိတာကို... ယဉ်ကျေးမှုလည်းမရှိ...သူ့ရဲ့ အရည်အချင်းကိုလည်း မသိသလို အလိုက်လည်းမသိဘူး...

တစ်ချိန်တည်း၌ပင် မှတ်ချက်ပေးသည့်နေရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရသည်။

[ဒီလောက်အထိ ရဲတင်းလွန်းနေတာပဲ... ငါ အခု ဒေါသမထွက်တော့ဘူး... ဒီလောက်အထိ ဟာသဆန်တဲ့ လူပြက်ကောင်ရဲ့ အပြုအမူကို လာပြီး သက်သေခံရုံသက်သက်ပဲ...]

[“မင်း ငါဘယ်သူလဲဆိုတာ တကယ်ရော သိရဲ့လား...” ဟားဟားဟား...ဝိုး...တကယ်ကို ဟာသပဲ...2333333]

[စိတ်မကောင်းပါဘူး @လင်းလွေ့ဖန် တို့ရေ... နင်တို့ပဲ သူက နူးညံ့ပြီး ချိုသာတဲ့ ကောင်းကင်တမန်လေးပါလို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား... ကျေးဇူးပြုပြီး ဒီလိုမျိုး လမ်းဘေးစျေးသည်တစ်ယောက်လို ရိုင်းစိုင်းနေတဲ့ အပြုအမူကို လာပြီး ရှင်းပြပေးကြစမ်းပါဦး...ဟားဟားဟားးး...]

[သူ့ရဲ့ ပုံရိပ်ကတော့ လုံးဝကို ပျက်စီးသွားပြီပဲ... လင်းလွေ့က ဘာဖြစ်လို့ ဒီလိုမျိုး စကားပြောနေရတာလဲ...? သူ တိုက်ရိုက်ထုတ်လွှင့်နေတုန်းပဲဆိုတာကို မသိဘူးလား...]

[ ဒီကောင်ရဲ့ ပါးစပ်ကို ပိတ်ခိုင်းလို့ မရဘူးလား... ငါ ဒီကောင်ချောလေးရဲ့ သီချင်းသံကိုပဲ ဆက်ပြီး နားထောင်ချင်တာ... ငါ့ရဲ့ ခံစားချက်ကို လာပြီး မဖျက်ဆီးစမ်းပါနဲ့...]

ဖန်ဟွိုက်က သီချင်း၏ နောက်ဆုံးစာကြောင်းကို သီဆိုပြီးစီးသွားခဲ့ပြီး မှော်အတတ်တစ်ခုကဲ့သို့ပင် သူ့လက်ထဲရှိ ငှက်များက သိသိသာသာပင် အားအင်များ ပြန်လည်ပြည့်နှက်လာခဲ့ကြသည်။  áŽá€„á€şá€¸á€á€­á€Żá€ˇá အခြေအနေက လူတိုင်း၏ မျက်စိရှေ့မှောက်၌ပင် တိုးတက်ကောင်းမွန်လာခဲ့သည်။

ထိုအချိန်မှသာ သူက လင်းလွေ့ထံသို့ ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။

သူ၏ ကြည်လင်သန့်စင်နေသော ပယင်းရောင် မျက်ဝန်းတစ်စုံအတွင်း၌ လင်းလွေ့၏ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာအမူအရာများက ရောင်ပြန်ဟပ်နေခဲ့သည်။

ပြီးတော့ ဒီအကြည့်က...

ဘယ်လို ဖော်ပြရမလဲ...

ထိုလူငယ်လေးက ထူးခြားသောအရာကို ပြုလုပ်နေခြင်း မဟုတ်ချေ။ သူ့ကို တည်ငြိမ်စွာဖြင့် အသေအချာ စိုက်ကြည့်နေရုံမျှသာ ဖြစ်၏။

သို့သော် မည်သို့ကြောင့်မှန်းမသိဘဲ ၎င်းအကြည့်များက သူ့ကို ထွင်းဖောက်မြင်တွေ့နေရသည့်အလား ခံစားရသည်။

လင်းလွေ့၏ စိတ်ဝိညာဉ်အတွင်းရှိ ညစ်ပတ်ပြီး ပုပ်သိုးနေသော အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို အလင်းရောင်အောက်သို့ ဆွဲထုတ်လိုက်ပြီး အဝတ်ဗလာဖြစ်သွားစေကာ မည်သည့်နေရာတွင်မျှ ပုန်းကွယ်ရန် နေရာမရှိတော့သည့်အလား ဖြစ်နေစေသည်။

လင်းလွေ့၏ ကျောပြင်တစ်ခုလုံး အေးစက်သွားခဲ့ရပြီး သူ့ဒေါသများက ပိုမို၍ ပြင်းထန်လာခဲ့၏။

“မင်းက ငါ့ကို ဘာဖြစ်လို့ ဒီလိုမျိုး လာပြီး စိုက်ကြည့်နေရတာလဲ...”
သူက အသံကို မြှင့်လိုက်ရင်း အော်ဟစ်လိုက်သည်။

ထို့နောက် သူက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏နောက်ထပ်စကားလုံးများက အဆိပ်အတောက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ဘာလဲ... မင်းက မိဘရဲ့ သွန်သင်ဆုံးမမှုမရှိဘဲ ကြီးပြင်းလာခဲ့တာမို့လို့လား... ဘာကောင်မှမဟုတ်တဲ့ အကောင်ကများ... မင်းရဲ့ အမေက မင်းကို လူကြားထဲမှာ ဘယ်လိုမျိုး နေထိုင်ပြုမူရမလဲဆိုတာကို မသင်ပေးခဲ့ဘူးလား...”

“ကျွန်တော့်မှာ အမေမရှိဘူး...”
ဖန်ဟွိုက်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

သူ့အသံက ကြည်လင်ပြီး တည်ငြိမ်နေကာ ညင်သာသော စိမ့်စမ်းရေလေးတစ်ခုကဲ့သို့ ဖြည်းညင်းစွာ စီးဆင်းနေလျက် အလျင်စလိုမရှိချေ။

[ဒီမောင်ငယ်လေးက မိဘမဲ့လေးလား...]

[သူ့ရဲ့ အခြေအနေကို အကဲခတ်ကြည့်ရတာ စီးပွားရေးအရ တော်တော်လေး ရုန်းကန်နေရတဲ့ပုံပဲ... ငါ သူ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်...]

“မင်း...!”
လင်းလွေ့က အဓိပ္ပာယ်မရှိမှု၊ အလျင်စလိုဖြစ်မှုနှင့် ပြင်းထန်သော ဒေါသများကို ခံစားလိုက်ရ၏။
“ဒါဆိုရင်ရော ဘာဖြစ်လဲ... မင်းက သာမန်...”

ဖန်ဟွိုက်က သူ့နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

“မင်းရဲ့ လက်ထဲမှာ ဘာရှိနေတာလဲ...” 
သူက ရုတ်တရက် မေးမြန်းလိုက်၏။

လင်းလွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး ခဏမျှ တောင့်တင်းသွားခဲ့ပြီးမှ အလျင်အမြန်ပင် ပြန်လည်၍ အော်ဟစ်လိုက်သည်။
“မင်းနဲ့ ဘာမှမဆိုင်ဘူး...”

သူ၏လက်ဖဝါးအတွင်း၌ ကန့်သတ်ထားသော ဆေးဝါးတစ်မျိုး ရှိနေသည်။

၎င်းမှာ တိရစ္ဆာန်များကို အတင်းအကျပ် ထိန်းချုပ်နိုင်စွမ်းရှိသော ဆေးဝါးဖြစ်၏။ သို့သော် ၎င်းကို အသုံးပြုခြင်းက မှားယွင်းရုံသက်သက်မျှမကဘဲ တရားမဝင်ချေ။ သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်သွားခဲ့ပြီဟု ထင်မှတ်နေသော်လည်း ၎င်းကို အတိအလင်း ဝန်ခံရန် မဝံ့ရဲသေးပေ။

[သူ့ရဲ့ လက်က...]

[နေပါဦး... ငါ စောစောက တွေးနေခဲ့တာ...တကယ်လို့ လင်းလွေ့မှာ သဘာဝလွန်စွမ်းအား တကယ်မရှိဘူးဆိုရင် သူ ဒီငှက်တွေကို ဘယ်လိုနည်းနဲ့ ထိန်းချုပ်နေတာလဲဆိုတာကိုလေ...]

[ဟမ်...???...]

“ငါ မင်းကို သတိပေးလိုက်မယ်...”
လင်းလွေ့က အံကို တင်းတင်းကြိတ်လိုက်၏။
“ဒီကိစ္စထဲကို လာပြီး ဝင်မရှုပ်စမ်းပါနဲ့... ဒီငှက်တွေကို ငါ ပိုက်ဆံပေးပြီး ဝယ်ထားတာ... ငါ သူတို့ကို ကြိုက်သလို လုပ်လို့ရတယ်... ငါ စိတ်ဆိုးလာလို့ တစ်ကောင်ချင်းစီကို သတ်ပစ်လိုက်ရင်တောင်မှ မင်းနဲ့ ဘာမှမဆိုင်ဘူး...”

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ဖန်ဟွိုက်၏ နှုတ်ခမ်းလွှာများက တင်းတင်းစေ့သွားခဲ့ရပြီး သူ၏ ကြည်လင်လှသော ပယင်းရောင် မျက်ဝန်းအစုံကလည်း နက်မှောင်သွားခဲ့ရသည်။

သူက အမြဲတမ်း တည်ငြိမ်အေးဆေးသူဖြစ်ပြီး သူ့ခံစားချက်များက ထူးထူးခြားခြား လှုပ်ရှားလေ့ မရှိချေ။

သို့သော် ဤအခိုက်အတန့်၌ လူတိုင်း ထင်ထင်ရှားရှား ခံစားလိုက်ရသည်မှာ သူ အပြင်းအထန် ဒေါသထွက်နေခဲ့သည်။

မလှမ်းမကမ်းရှိ ကင်မရာ၏ ရိုက်ကွင်းအပြင်ဘက်မှ လှောင်အိမ်အတွင်းရှိ ငှက်မည်းကြီးတစ်ကောင်ထံမှ ဝမ်းနည်းပူဆွေးလှသော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ငြိမ်သက်နေသော ရေပြင်ပေါ်သို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် ထိုအော်သံက ပတ်ဝန်းကျင်သို့ ဂယက်ထရိုက်ခတ်သွားခဲ့သည်။ လှောင်အိမ်အတွင်းရှိ အခြားငှက် ငါးကောင် သို့မဟုတ် ခြောက်ကောင်ခန့်က လှောင်အိမ်ဘားတန်းများကို အပြင်းအထန် ဆောင့်တိုက်ရင်း အသည်းအသန် စတင်ရုန်းကန်လာကြသည်။

ဖန်ဟွိုက်၏ လက်ဖဝါးအတွင်း၌ နားခိုနေကြသော ငှက်များနှင့် သူ့ပုခုံးပေါ်ရှိ ငှက်များပင်လျှင် ၎င်းတို့၏ လည်ပင်းများကို ဆန့်တန်းလိုက်ကြပြီး စူးရှလှသော အော်သံများကို ထုတ်ဖော်လိုက်ကြသည်။

လင်းလွေ့နှင့် သူ့လက်ထောက်က လုံးဝကို ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရသည်။ ဆေးဝါးကျွေးထားပြီး သူတို့ ထိန်းချုပ်ထားသော ငှက်များက ယခုကဲ့သို့ ကြီးမားလှသော အားအင်များကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားခဲ့ကြပေ။

ဖျောက်...

ငှက်တစ်ကောင်က လှောင်အိမ်ဘားတန်းကို ချိုးဖျက်၍ ထွက်လာခဲ့၏။

ထို့နောက် နောက်တစ်ကောင်...

ပြီးတော့ နောက်ထပ်တစ်ကောင်...

၎င်းတို့၏ အတောင်ပံများကို အစွမ်းကုန်ခတ်လိုက်ကြရင်း ဖန်ဟွိုက်ရှိရာဘက်သို့ ပျံသန်းလာကြသည်။ ၎င်းမှာ အလွန်အမင်း ခမ်းနားထည်ဝါလှသဖြင့် အသက်ရှူရပ်မတတ် လှပသည်ဟုပင် ဆိုနိုင်သည်။

ဖန်ဟွိုက်က သူ့လက်နှစ်ဖက်ကို ဖွင့်ပေးလိုက်ရင်း ငှက်တစ်ကောင်ချင်းစီကို အလွယ်တကူ ဖမ်းယူလိုက်ပြီး သူ၏ကြည်လင်လှသော မျက်ဝန်းအစုံက လင်းလွေ့ထံမှ လုံးဝလွှဲဖယ်ခြင်းမရှိချေ။

အကြောင်းပြချက်မရှိဘဲ လင်းလွေ့က သူ့ကျောပြင်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

တစ်ချိန်တည်း၌ပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးသည့်နေရာက လုံးဝပေါက်ကွဲထွက်သွားခဲ့သည်။

[“ငါ ပိုက်ဆံပေးပြီး ဝယ်ထားတာ” ဟုတ်လား... ဒါဆိုရင်ရော ဘာလဲ... အဲဒါက နင့်ကို ကြိုက်သလို သတ်ပစ်လို့ရတဲ့ အခွင့်အရေး ပေးထားလို့လား... ဒီကောင်ရဲ့ ကိုယ်ကျင့်တရားက တကယ်ကို ရွံဖို့ကောင်းလိုက်တာ...]

[အမလေး ဘုရားရေ... ဒီငှက်တွေ တုံ့ပြန်တဲ့ပုံစံကို ကြည့်ရတာ... လင်းလွေ့က သူတို့ကို ၁၀၀ ရာခိုင်နှုန်း ညှင်းပန်းနှိပ်စက်ထားခဲ့တာပဲ... အတည်ပြုလိုက်ပါပြီ...]

[ပထမဆုံး ငှက်ကလေး အော်လိုက်တဲ့အချိန်မှာ ငါပါ လိုက်ပြီး ငိုချင်လာသလိုပဲ...]

[+၁]

[လင်းလွေ့လိုလူစားမျိုးကတော့ ဝဋ်လိုက်တာကို အပြင်းအထန် ခံရမှာပဲ...]

ဖန်ဟွိုက်၏ လက်ဖဝါးအတွင်းရှိ စာကလေးသည် ရုတ်တရက် ခေါင်းကို မော့လိုက်ရင်း ကျယ်လောင်စွာ အော်လိုက်၏။

အခြားငှက်များကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြသဖြင့် ၎င်းတို့၏ အော်သံများက လှိုင်းတံပိုးများကဲ့သို့ ထပ်ခါတလဲလဲ ထွက်ပေါ်လာခဲ့သည်။

ဖန်ဟွိုက်က ခဏမျှ သေသေချာချာ နားထောင်လိုက်ပြီးနောက် လင်းလွေ့ထံသို့ ပြန်လည်လှည့်ကြည့်လိုက်ပြီး သူ့အကြည့်များက တုန်လှုပ်ဖွယ်ကောင်းလောက်အောင် အေးစက်နေခဲ့သည်။

သူ၏ ချယ်ရီရောင် နှုတ်ခမ်းလွှာများက အနည်းငယ် ကော့ညွတ်သွားခဲ့သော်လည်း ထိုအမူအရာက ပေါ်လာပြီး  á€á€ťá€€á€şá€á€ťá€„်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။

သူ၏နှာခေါင်းထိပ်လေးက အေးစက်မှုကြောင့် အနည်းငယ် နီမြန်းနေဆဲဖြစ်သော်လည်း သူ့မျက်ဝန်းများက တောက်ပပြီး မမှိတ်မသုန် ရှိနေဆဲဖြစ်လျက် လင်းလွေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“သူတို့က ပြောတယ်... မင်းက သူတို့ကို နှောင့်ယှက်ခဲ့တယ်တဲ့...”

“ကျေးဇူးပြုပြီး ပြင်ဆင်ထားလိုက်ပါ...”

[ဒါက... သူ တကယ်ပဲ ငှက်တွေရဲ့ ဘာသာစကားကို နားလည်တယ်ဆိုတဲ့ အဓိပ္ပာယ်လား... ဒီမောင်ငယ်လေးမှာ တကယ်ပဲ သဘာဝလွန်စွမ်းအား ရှိနေတာလား...]

[ငါ သူ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်... ငှက်တွေအတွက်လည်း တူတူပဲ...]

[နေဦး... နင်တို့က အခုထိ တွေးနေတုန်းပဲလား... ငါ့ရဲ့ ဦးနှောက်ကတော့ သူ့ရဲ့ မျက်နှာလေးကို ကြည့်နေရင်း လုံးဝကို ရပ်တန့်သွားပြီ...]

လင်းလွေ့က ဒေါသများ ပြည့်နှက်နေပြီး ထွက်ပေါက်မရှိဖြစ်နေသဖြင့် အော်ဟစ်လိုက်သည်။
“ဘာကို ပြင်ဆင်ထားရမှာလဲ...”

ဖန်ဟွိုက်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။
“ပြင်ဆင်... ”

ဖန်ဟွိုက် စကားမဆုံးသေးမီ၌ပင် သူ၏လက်ဖဝါးအတွင်းရှိ စာကလေးသည် ရုတ်တရက် ပျံသန်းထွက်ခွာသွားခဲ့သည်။

ယခုလေးတင် ထိုငှက်များက လင်းလွေ့၏ စေခိုင်းမှုအောက်တွင် လိမ္မာစွာ ရှိနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုတွင် စာကလေးသည် သူ့ထံသို့ တည့်တည့် ပျံသန်းလာခဲ့ပြီး လင်းလွေ့အနေဖြင့် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သဘောမပေါက်သေးမီ၌ပင်—

ဖြောင်း...

စာကလေးက ၎င်း၏အတောင်ပံများဖြင့် လင်းလွေ့၏ မျက်နှာကို အပြင်းအထန် ရိုက်ခတ်လိုက်ပြီးနောက် နှုတ်သီးဖြင့် လင်းလွေ့၏ နှာခေါင်းကို တည့်တည့် ထိုးဆိတ်လိုက်သည်။

လင်းလွေ့၏ နှာခေါင်းက ခွဲစိတ်ပြုပြင်ထားခြင်း ဖြစ်ပြီး ယခုတွင် ၎င်းမှာ သိသိသာသာပင် ပုံပျက်သွားခဲ့ရသည်။ ပြီးနောက် တောက်ပလှသော အနီရောင် နှာခေါင်းသွေးများ စီးကျလာခဲ့သည်။

ထို့နောက်တွင်မူ ငှက်မည်းကြီး၊ သာလိကာ၊ ငှက်ပြာလေးများ အစရှိသဖြင့် ငှက်များအားလုံးက တစ်ပြိုင်နက်တည်း ပြေးဝင်လာကြပြီး ၎င်းတို့၏ အတောင်ပံများကို အပြင်းအထန် ခတ်လိုက်ကြပြီး သူ့ကို ထပ်ခါတလဲလဲ ရိုက်နှက်ကြတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးသည့်နေရာက တိတ်ဆိတ်သွားခဲ့ရသည်။

သို့သော် တစ်စက္ကန့်မျှသာ ဖြစ်၏။

ထို့နောက်တွင်မူ—

ဝုန်း...

မှတ်ချက်ပေးသည့်နေရာက လုံးဝ အပြင်းအထန် ပေါက်ကွဲထွက်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော လူပေါင်း ၂၀၀,၀၀၀ နီးပါးမှာ လုံးဝကို အထိန်းအကွပ်မဲ့သွားခဲ့ကြသည်။

×××××

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတစ်ခုလုံး ရယ်သံများဖြင့် လုံးဝ ပရမ်းပတာ ဖြစ်ကုန်ကြ၏။

[ဟားဟားဟားဟားဟားဟားဟားဟားဟား...]

[သောက်ကျိုးနည်း... သူ့ရဲ့ နှာခေါင်းက တကယ်ကြီး ကောက်သွားတာဟ...တကယ်ကြီး ရွေ့သွားတာပဲ...]

[မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး... နှာခေါင်းအတွက် နှုတ်သီးတစ်ချက်...ရယ်ရတာ သေတော့မယ်...]

[လင်းလွေ့ရဲ့ ဖန်တွေ... မျက်လုံးတွေကို သေသေချာချာ ဖွင့်ထားပြီး နင်တို့ ကိုးကွယ်နေတဲ့လူက ဘယ်လို အမှိုက်မျိုးလဲဆိုတာကို ကြည့်လိုက်ကြစမ်းပါ...]

[ဒီကောင် မျက်လုံးတွေ လန်တက်သွားတာဟ... ဟားဟားဟား... ငါတော့ အသက်ရှူလို့ မရတော့ဘူး...ဒါက တကယ်ကို ရွှေလိုအဖိုးတန်တဲ့ အခိုက်အတန့်လေးပဲ... ငါ အခုချက်ချင်း GIF လုပ်နေပြီ...]

[Meme အသစ်တစ်ခုတော့ ထပ်တိုးပြီဟေ့...]

စာကလေးက ၎င်းအတွက် ကောင်းစွာ ကလဲ့စားချေပြီးနောက် ဖန်ဟွိုက်၏ လက်ဖဝါးအတွင်းသို့ ချက်ချင်းပင် ပြန်၍ ပျံသန်းလာခဲ့သည်။

ဖန်ဟွိုက်က သူ့လက်ချောင်းများကို အနည်းငယ် ကွေးလိုက်ကာ ငှက်များကို စုစည်းပွေ့ပိုက်ထားပြီး မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လှည့်၍ ထွက်ပြေးလိုက်သည်။

သူ၏ လှုပ်ရှားမှုများက လျင်မြန်ပြီး ပြတ်သားလှကာ သူ့ခြေတံရှည်များက သွက်လက်လှသည့်အပြင် သူက ဤနေရာ၏ မြေမျက်နှာသွင်ပြင်ကို ကျွမ်းကျင်လှသည်။

ညင်သာပြီး စည်းချက်ညီလှသော လှုပ်ရှားမှုတစ်ခုနှင့်အတူ သူက မြေသားလျှောစောက်မှတစ်ဆင့် အောက်သို့ ခုန်ဆင်းသွားခဲ့ပြီး စက္ကန့်ပိုင်းအတွင်း၌ပင် ပျောက်ကွယ်သွားခဲ့သည်။

လင်းလွေ့က အလွန်အမင်း ဒေါသထွက်နေသဖြင့် အော်ဟစ်ဆဲဆိုလိုက်ချင်သော်လည်း သူ၏ဒေါသ ပုံချရမည့် ပစ်မှတ်က ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်း၌ပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးသည့်နေရာက ဆက်လက်၍ အရှိန်အဟုန်ပြင်းနေဆဲဖြစ်သော်လည်း မကြာမီတွင် ဖန်သားပြင်က ရုတ်တရက်ကြီး မည်းမှောင်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ကြည့်ရှုသူများလည်း မှင်တက်သွားခဲ့ကြ၏။

ထို့နောက်တွင်မူ အကြောင်းအရင်းကို သဘောပေါက်သွားကြသည်။

လင်းလွေ့၏ ဖုန်းဘက်ထရီ ကုန်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

ခဏမျှ ဆက်လက်စောင့်ဆိုင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှု ပြန်လည်ပွင့်လာရန် အကြောင်းမရှိတော့သည်ကို အတည်ပြုလိုက်ကြပြီးနောက် လူအများက တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြသည်။

လူပေါင်း ၂၀၀,၀၀၀ နီးပါးက ဤဖြစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသော်လည်း နိုင်ငံ၏အတိုင်းအတာနှင့် နှိုင်းယှဉ်လိုက်လျှင် ထိုအရေအတွက်က သေးငယ်သော ပမာဏမျှသာ ရှိနေဆဲဖြစ်သည်။

လင်းလွေ့၏ လူထုဆက်ဆံရေးအဖွဲ့က လျင်မြန်စွာ လှုပ်ရှားလိုက်၏။

အင်တာနက်အသုံးပြုသူများက အကြောင်းအရာတစ်ခုလုံးကို စုစည်းပြီး မဖြန့်နိုင်မီ၌ပင် သူ၏အဖွဲ့က မကောင်းသည့် မှတ်ချက်များကို ဖုံးကွယ်ရန်အတွက် botsများကို အလျင်အမြန် ဝယ်ယူလိုက်ကြသဖြင့် ဝေ့ပေါ် တစ်ခုလုံးတွင် အကြီးအကျယ် ရှုပ်ထွေးသွားခဲ့ရသည်။

လူအချို့မှာ လင်းလွေ့က လိမ်လည်သူတစ်ဦးဖြစ်ကြောင်း ပြောဆိုကြသော်လည်း အခြားလူများက သူသည် တမင်တကာ ထောင်ချောက်ဆင်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုနေကြသည်။

[??? ဘာတွေဖြစ်ကုန်တာလဲဆိုတာ တစ်ယောက်ယောက်က ရှင်းပြပေးလို့ ရမလား...]

[မသိဘူး... ငါလည်း ဒီတိုင်း ရပ်ကြည့်နေရင်း လုံးဝကို ရှုပ်ထွေးနေတာပဲ...]

[လင်းလွေ့က ဒီနေရာမှာ တကယ့် victimစစ်စစ်ပဲ... ဟို အတုအယောင်ကောင်က တကယ်ကို ရွံဖို့ကောင်းလွန်းတယ်...]

[ဟားဟားဟား... လင်းလွေ့ရဲ့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ဖန်တွေက အခုထိ ငြင်းဆန်နေကြတုန်းပဲလား...]

[ငါတို့ရဲ့ သနားစရာ လွေ့လွေ့လေးက အကွက်ဆင်ခံလိုက်ရတာ... သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လာပြီး ဖျက်ဆီးသွားတာလေ... အဲဒီအတုလိုက်ခိုးတဲ့ကောင်က တကယ်ကို အရှက်မရှိတဲ့ ကပ်ပါးကောင်ပဲ...]

[ငါ အဲဒီ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အရည်အသွေးမြင့် ဗီဒီယိုဖိုင်ကို တကယ် လိုချင်တယ်... အဲဒီကောင်လေးက တကယ် တအားချောလွန်းတာ... ငါ ကျိန်ရဲတယ်...]

[ငါလည်း အသံဖိုင်လေး လိုချင်တယ်... အိုးမိုင်ဂေါ့... သူ့ရဲ့ အသံလေးက အရမ်းကို ဆွဲဆောင်မှုရှိလွန်းလို့ ငါ့ရဲ့ ရိုးတွင်းခြင်ဆီအထိ ခံစားမိလိုက်တာ...]

[ငါ အစည်းအဝေးရှိလို့ တိုက်ရိုက်ထုတ်လွှင့်မှုကို လွတ်သွားတယ်... ဘာတွေဖြစ်ကုန်တာလဲဟ... ဘယ်သူက bots ဝယ်ထားတာလဲ... ဘယ်သူက အမှန်တရားကို ပြောနေတာလဲ...တကယ်ပဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ...]

တိုက်ရိုက်ထုတ်လွှင့်မှုက ရုတ်တရက် ပြတ်တောက်သွားခဲ့ခြင်းကြောင့်လည်းကောင်း၊ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သော ထိတ်လန့်ဖွယ်ရာ အလှည့်အပြောင်းများကြောင့်လည်းကောင်း ဝေ့ပေါ်နှင့် အမျိုးမျိုးသော ဖိုရမ်များက ရှုပ်ထွေးပွေလီလှသော ကမောက်ကမဖြစ်မှုများဆီသို့ ဦးတည်သွားခဲ့ရပြီး လူအများစုက ဖြစ်နိုင်ခြေရှိသော ရှုထောင့်ပေါင်းစုံမှ အပြင်းအထန် ငြင်းခုံနေကြသည်။

လင်းလွေ့၏ လူထုဆက်ဆံရေးအဖွဲ့က လျင်မြန်စွာ လှုပ်ရှားခဲ့၏။

သူတို့က တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း၌ သူတို့ဘက်မှ အထိနာခဲ့ရကြောင်း သိရှိသော်လည်း အလွယ်တကူ လက်လျှော့လိုက်ရန် အစီအစဉ်မရှိချေ။

အနည်းဆုံးတော့ ငါတို့ရဲ့ ပြိုင်ဘက်ကကျေးလက်တောရွာက တက်လာတဲ့ ဆင်းရဲတဲ့ ကောင်လေးတစ်ယောက်ပဲလေ...

🪽🪽🪽

Search Novels